Showing posts with label Health Information Management. Show all posts
Showing posts with label Health Information Management. Show all posts

Wednesday, June 8, 2011

ပျားရည်၏ ကောင်းကျိုးများ

ပျားရည်၏ ကောင်းကျိုးများ




ပျားရည်မှာကျန်းမာရေးဆိုင်ရာ ကောင်းကျိုးအချက်အလက်တွေ မြောက်များစွာ ရှိနေတယ်ဆိုတာကို ကျွန်တော် တို့ လေ့လာကြည့်ရအောင် ။ သူ့ရဲ့ကောင်းကျိုးတွေနဲ့ သင့်ရဲ့ လူနေမှု ဘ၀ကျန်းမာရေး မှာ လွန်စွာ အသုံးဝင် ပါတယ်တဲ့ ။ ပျားရည်ရဲ့ ချိုမြတဲ့ အရသာဟာ သင့်ရဲ့ အရသာ အာရုံခံ အဖုလေးတွေကို လှုံ့ဆော်ပေး ယုံသာ မကပဲ အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ် ။ ဒါ့အပြင် အစားအစာများ ချက်ပြုတ်ရာမှာလည်း မွှေးပျံ့ သင်း ကြိုင်နေအောင် အသုံးပြုနိုင်ပြီး ပျားရည်နဲ့ မုန့်အမျိုးမျိုး ကို ပြုလုပ်စားသုံးနိုင်ပါသေးတယ် ။ ကယ်လို ရီ မြောက်များ စွာပါဝင်ပြီး လည်ချောင်းယားယံပြီး မသက်မသာ ဖြစ်တာတွေကိုလည်း ဖုံးအုပ်ကာ ကွယ်ပေး ထားနိုင်ပါတယ် ။ ယခုဆိုရင်စမ်းသပ်လေ့လာသူတွေဟာ ပျားရည်ရဲ့ ဆေးပညာဆိုင်ရာ ကောင်းကျိုး (medical benefits ) တွေကို ရှုထောင့်ပေါင်းစုံကနေ နည်းလမ်းပေါင်းများစွာနဲ့ စမ်းသပ်အဖြေထုတ်နေကြပြီဖြစ်ပါတယ် ။

ပျားရည်ဟာ သင့်ရဲ့ အာခံတွင်းထဲမှာ စိတ်ကျေနပ်မှု ဖြစ်စေယုံသာမကပဲ ပိုးသန့်စင်စေခြင်း ( Antiseptic) ၊ ဓါတ်တိုး ဆန့်ကျင်ပစ္စည်း (Antioxidant) ၊ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်စေခြင်းစတာတွေကို လုပ်ဆောင်ပေး ပါတယ် ။ အမျိုးသမီးတွေမှာဆိုရင်လည်း အရေပြားနဲ့ အသားအရည်ကို ၀င်းပစိုပြည်စေပြီး ခြုံငုံပြီးကြည့် မယ်ဆို ရင် အနာကျက်မြန်ခြင်း ။မျက်ခမ်းစပ်ရောဂါကို ကာကွယ်ပေးနိုင်ခြင်းစတဲ့ ဦးခေါင်း ကနေ ခြေထောက် အထိ ကျောင်းကျိုးများစွာကို ပေးစေပါတယ် ။ ပျားရည်ရဲ့ အနာကျက်မြန် တဲ့ ကောင်းကျိုး ကို ရှေးနှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပြီး အထူးသဖြင့် ပြတ်ရှနာများမှားပိုအသုံးဝင်ပါတယ် ။ သာမန်ဖျား နာမှုနဲ့ ရောဂါတွေမှာလည်း ကုသမှု အဖြစ်အသုံးပြုနိုင်ပြီး မျိုးဆက်တစ်ခုမှနေ၍ နောက်တစ်ခုကို ကျန်း မာရေးကောင်း ကျိုးတွေကို ဆင့်ကဲပေးစေပါတယ် ။ UMF Manuka Honey လို့ခေါ်တဲ့ပျားရည်ဟာဆိုရင် ယနေ့ပျား ရည်ရဲ့ကျန်းမာေ၇းဆိုင်ရာ ဆွေးနွေးမှုတွေမှာ အရသာအရှိဆုံး ပျားရည်ဆေးအဖြစ် ထည့်သွင်းပြော ဆိုနေကြပြီဖြစ်ပါတယ် ။ ဒီပျားရည်ဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ယုံတင်မကပဲ တစ်ရှူးများ အနာ ကျက်မြန်ခြင်းကို ကာကွယ်ပေးခြင်း ၊ အမာရွတ်ဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့နည်းစေခြင်း စတဲ့အချက်တွေ ရရှိပါတယ် ။ ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ၀မ်းသွားခြင်း ၊ အစာမကြေခြင်း ၊ အစာအိမ်အနာများနဲ့ ၀မ်းပျက်ဝမ်းလျှောခြင်း ( GE) ကိုပါ ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ် ။

ပျားရည်ကို အစားအစာတွေမှာ အသုံးပြုခြင်းနဲ့ ကောင်းကျိုးတွေကတော့ ပျားရည်ကို ရရှိတဲပင် ရင်း နဲ့ နေရာဒေသအပေါ် မူတည်ပါတယ် ။ ပျားတွေကနေရရှိတဲ့ပျားရည်ကို အသုံးပြုပြီးတော့ propolis , royal jelly , beewax ( ပျားဖယောင်း ) စတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ပြီး အသက်ရှုမ၀ခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အဆင်အမြစ်နာခြင်း ၊ ၀က်ခြံနဲ့ မှိုပိုးဝင်ခြင်းစတာတွေမှာပါ အသုံးပြုတာကြောင့် ပျားရည်ကို ရိုးရာဆေး ( Traditional medicine) အဖြစ်နေရာအတော်များများမှာ အသုံးပြုနေကြပါပြီ ။ ဆက်လက်ပြီး ကျန်း မာရေး ဆိုင်ရာကောင်းကျိုးတွေကို အသေးစိတ်လေ့လာကြည့်ရအောင် ။



၁ ။ Natures's Energy Booster

အရသာ ကောင်းလွန်းတယ်ဆိုတဲ့ အပြင်ပျားရည်ရဲ့ကောင်းကျိုးတွေအများကြီး ရှိပါသေးတယ် ။ သဘာဝ ကစီဓါတ် ပင်ရင်း ( Natural source of carbohydrate) ဖြစ်ပြီး လူတွေရဲ့ ခန္ဓာကိုယ် ကို ခွန်အားနဲ့ စွမ်း အင်တွေကို ပေးစေပါတယ် ။ ဒါကြောင့် ပျားရည်ကို စွမ်းဆောင်ရည်မြင့်မားစေဖို့ အကူပစ္စည်း (Booster) အဖြစ်အပြင် ကြွက်သားများညောင်းညာခြင်း ၊ မောပမ်းနွမ်းနယ်ခြင်းတွေကိုလည်း လျော့နည်းစေပါတယ် ။ သဘာဝ သကြားအချိုအရသာဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းောကာင့် ဖြစ်ပေါ်လာတဲ့ မောပန်းခြင်းတွေကို ကာကွယ်ပေးနိုင် ပါတယ် ။ ပျားရည်ထဲမှာပါတဲ့ ဂလူးကို့စ်ကို ခန္ဓာကိုယ်က လျှင်မြန်စွာ စုပ်ယူပြီး စွမ်းအင်ကိုတိုး တက်စေပါတယ် ။ အဲဒီအချိန်မှာ fructose ကိုတော့ ဖြေးညှင်းစွာ စုပ်ယူပြီ့း energy ကို ပုံမှန်ပဲပေးစေ ပါတယ် ။ သွေးတွင်း သကြားဓါတ်ကိုလည်း တခြားသကြားဓါတ် များနှင့်ယှဉ်လျှင်ထိမ်း ညှိပေးနိုင်ပါတယ် ။ ဒါကြောင့် ပျားရည်ရဲ့ကျန်းမာရေးကောင်းကျိုးတွေကိုသိစေဖိုပအတွက်

- သင်အလုပ်သွားခါနီးတိုင်းပျားရည်တစ်ဇွန်းခန့် သောက်သုံးသွားနိုင်ပါတယ် ။
- မနက်ပိုင်းတွေမှာ မကြည်မလင်နိုးထတတ်ပြီး စွမ်းအားမပြည့်သလိုခံစားနေရရင် ပျားရည် ကို သောက် သုံး ကြည့်နိုင်ပါတယ် ။
- သင့်ကလေးငယ်တွေဟာ ပင်ပင်ပန်းပန်းဆော့ကစားပြီး ကျောင်းသွားဖို့ ငြင်းဆန်နေပါသလား ။ ပျားရည်နဲ့ sandwiches ကိုပြင်ဆင်ပေးလိုက်ပါ ။ ဒါဆို တစ်နေ့လုံး စွမ်းအားပြည့်ပြီး လန်းဆန်းတက်ကြွနေပါလိမ့်မယ် ။

၂ ။ Immunity System Builder

ပျားရည်ရဲ့ကောင်းကျိုးအများကြီးထဲကမှ အဖိုးတန်တဲ့အရာတစ်ခုကတော့ immune system booster အဖြစ်ဆောင်ရွက်ပေးခြင်းပါပဲ ။ ပျားရည်ရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို သတ်နိုင် တဲ့ အစွမ်းက အစာအိမ်နဲ့အူလမ်းကြောင်းကို တိုးတက်ကောင်းမွန်စေပြီး သင့်ကို ကျန်းမာပျော် ရွင်စေနိုင် ပါတယ် ။ ပြင်ပပိုးမွှားတွေကို တိုက်ထုတ်နိုင်ပါတယ် ။ ဒါကြောင့် မနက်စာမစားခင်လေးမှာ ပျားရည် တစ်ဇွန်းနဲ့ lemon တစ်ဇွန်းလောက်နဲ့ ရောပြီး ရေနွေးနွေးနဲ့ ဖျော်စပ်သောက်သုံးခြင်းအားဖြင့် ပျားရည် ရဲ့ကောင်းကျိုးတွေကို သိနိုင်ပါတယ် ။

၃ ။ Honey is Anti-Cancer !!

ပျားရည်ဟာ ကင်ဆာကို ကာကွယ်ပေးနိုင်သလား ဆိုတာ မသေချာပေမယ့် လူအများစုကတော့ ပျားရည်ရဲ့ ကင်ဆာ ကာကွယ်ခြင်း ( Carcinogen preventing) နဲ့ ကင်ဆာကာကွယ်ခြင်းဂုဏ်သတ္တိ ( Anti-tumour properties) တွေကို စူးစမ်းလေ့လာနေကြဆဲဖြစ်ပါတယ် ။

၎ ။ အိမ်တွင်းအသုံးဝင်မှုများ

- မီးလောင်နာနှင့် ပြတ်ရှနာများ

ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက ပျားရည်ကို အိမ်တွင်းသုံးဆေး ၀ါးတစ်လက်အဖြစ် များစွာ သော ရော ဂါတွေနဲ့ yeast ပိုးဝင်ခြင်းတွေမှာ သုံးလာခဲ့ကြပါတယ် ။ အဆစ်အမြစ်နာခြင်း မှာလည်းအသုံး ၀င်ပြီး သူ့ရဲ့ ပိုးသတ်နိုင်တဲ့စွမ်းရည်ကြောင့် အချို့သော ဘတ်တီးရီးယားတွေရဲ့ကြီးထွားနိုင်မှု ကို တားဆီးပေးပြီး အနာသန့် ရှင်းစေခြင်းနဲ့ ပိုးမ၀င်ခြင်းကို ဖြစ်စေပါတယ် ။ အရေးပေါ် သဘာဝ ဆေးစွမ်းတစ်လက်အနေနဲ့လည်း ပြည်တည်နာများ ၊ အပူလောင်ခြင်း ၊ ဓါးရှခြင်း ကို လည်းသက်သာစေပါတယ် ။ပျားရည်ဟာ လေထဲက စွတ်စိုထိုင်း မှိုင်းမှုကို စုပ်ယူနိုင်စွမ်းရှိပြီး အနာကျက်ခြင်းကို အားပေးပါတယ် ။ ရောင်ရမ်း နာကျင်မှုများ ကိုလည်း လျော့နည်းစေပြီး အမာရွတ်တည်ခြင်းကို နည်းစေပါတယ် ။ Anitbacterial property များစွာပါဝင်တဲ့ UMF Manuka ကို wound dressing အတွက် အသုံးများကြပါ့တယ် ။

-အရက်သောက်သူများအတွက်
သင်ဟာ တခါတရံမှာ အများကြီး သောက်မိတယ်ဆိုရင် ပျား၇ည်ကို သုံးစွဲကြည့်ပါ ။ ပျားရည်ဟာ အစာအိမ်ကို သိမ်မွေ့စေပြီး fructose ပါဝင်တဲ့အတွက် အသည်းကနေ အရက်ကို oxidation ဖြစ်စေတဲ့အရှိန်ကို မြင့်တက်စေပါတယ် ။ ဒါကို sobering agent လို့လည်းခေါ်ပါတယ် ။ လိမ္မော်ရည် 80ml မှာ ပျားရည် 15ml နှင့် ဒိန်ချဉ် 70ml ရောစပ် မွှေနှောက်ကာ အရက်နာကျခြင်းကို ဖြေပေးနိုင်ပါတယ် ။

-ချောင်းဆိုး အာသီးရောင်ခြင်း
အာသီးရောင်ချောင်းဆိုးခြင်းကိုလည်း ပျားရည်က နိုင်စေပါတယ် ။ Professional singer တွေဟာ sore throats ကိုကာ ကွယ်ပေးနိုင်ဖို့အတွက် သီချင်းမဆိုခင်မှာ ပျား၇ည်ကို သောက်သုံးလေ့ရှိကြပါတယ် ။ တ ရုတ်တွေ ကတော့ အပူများရင်အာသီးရောင်တယ်လို့ ယုံကြည်ကြပြီး ပျားရည်ကို သောက်သုံးကြပါတယ် ။ ပျားရည်နှစ် ဇွန်းခန့်နဲ့ lemon လေးဇွန်း ကိုရောစပ် ဆားအနည်းငယ်ထည့်ပြီး အာသီးရောင်နေ စဉ်အ တွင်း သောက် သုံးကြည့်ပါ ။

- အိပ်မပျော်ခြင်း
သင်အိပ်မပျော်ဘူးလား ။ နို့နဲ့ပျားရည်ကို သောက်သုံးကြည့်ပါ ။ နို့ပူပူလေး တစ်ခွက်ကို ပျားရည်တစ် ဇွန်းခန့်ရော စပ်ပြီး အအေးခံသောက်သုံးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ် ။

Ref : Internet ( Benefits of honey )

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Read More...

Thursday, March 10, 2011

နွေရာသီ ၊ ကျန်းမာရေးနှင့် သင်္ကြန်

နွေရာသီ ၊ ကျန်းမာရေးနှင့် သင်္ကြန်

နွေဥတုထဲ သိသိသာသာ ရောက်ပြီမို့ ရာသီဥတုက တစ်စထက်တစ်စ ပူပြင်းကာနေ၏ ။ နေ့လည်ပိုင်း အချိန်များ တွင် အပူ ချိန်များပြီး ညလယ်ပိုင်းအချိန်များတွင်မူ အေးမြနေတတ်၏ ။ရာသီ ဥတု ပြောင်း လဲနေသော ကာ လဖြစ်သောကြောင့် ကျန်းမာရေးကို အထူးဂရုပြုရန်လိုပေသည် ။ မကြာခင်လည်း မဟာသင်္ကြန် ကျရောက်တော့ မည်ဖြစ်သောကြောင့်ကျန်းမာပျော်ရွှင်စွာ ရေကစားနိုင်ရန်နှင့် နေပူရှိန်ထဲတွင် ဆောင်ရန်ရှောင်ရန်များကိုလည်း သိရှိရန်လိုအပ်ပေသည် ။ မိုးဥတုတွင်သာ တုပ်ကွေးဖျားနာများ များတတ်သည်မဟုတ် ။ နွေရာသီ တွင်လည်း သတိမမူပဲ ကျန်းမာရေးကို ဂရုမစိုက်ပါက ရောဂါပေါင်းစုံဝင်ရောက်တတ်ပေသည် ။ ထို့ကြောင့် နွေရာ သီနှင့် ကျန်းရေးဆိုင်ရာ ဆက်နွယ်နေသော အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည် ။

၁ ။ နွေရာသီနှင့် အာဟာရ


နွေရာသီမှာ အာဟာရဓါတ်ကို ညီညွှတ်မျှတစွာ စားသုံးဖို့လိုအပ်ပါတယ် ။ အထူးသဖြင့်ရေ ဓါတ်အမြဲ ဖြည့် တင်းပေး ရန် လိုပါတယ်။ နွေအပူရှိန်ထဲမှာ ချွေးထွက်များတဲ့အတွက် ရေဓါတ်နဲ့ဓါတ်ဆား ( electrolyte) များဆုံး ရှုံးပြီး ရေဓါတ်ခမ်းခြောက်ခြင်း (Dehydration) ကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် နေအပူရှိန်ထဲမှ ပြန် လာပြီး ချွေးထွက်များသောသူများ (ဥပမာ ဂေါက်ရိုက်သများများ ၊ ဘောလုံးသမားများ ) ဓါတ်ဆား ၊ အချိုရည် ၊ ရေနဲ့အရည်ရွှမ်းသော သစ်သီးများကိုစားသုံးရန်လိုအပ်ပါတယ် ။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေနဲ့ ပန်းသီး ၊ လိမ္မော်သီး ၊ သစ်တော်သီး ၊ ရှောက်ချိုသီး ၊ စသည်တို့ကို သင့်တင့်မျှတစွာ စားသုံးပေးရန်လိုအပ်ပါတယ် ။

၂ ။ နွေရာသီနှင့်အားကစား


နေအရမ်းပူတဲ့ နေ့လည်နေ့ခင်းအချိန်များမှာ အားကစားပြင်းထန်စွာလုပ်ခြင်းမှ ရှောင်ရှားသင့်ပါတယ် ။ နေ့ လည်နေ့ ခင်းအချိန်များမှာ ထီး ၊ ဦးထုပ်မပါပဲ နေပူထဲကိုမထွက်သင့်ပါဘူး ။ အပူချိန်လျော့နည်းတဲ့ နံနက်ခင်း နဲ့ ညနေစောင်း အချိန်များတွင်သာကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်သင့်ပြီး နေ့လည်အချိန်များမှာတော့ အရိပ် ရ တဲ့ သစ်ရိပ် ၊ ၀ါးရိပ်နဲ့ အိမ်အတွင်းပိုင်းနဲ့အေးမြသောနေရာများတွင်သာ အေးအေးလူလူ အနားယူရန် လိုအပ် ပါ တယ် ။ မဖြစ်မနေ ကိုယ်လုပ်လှုပ်ရှားဖို့ လိုရင်လည်း ရေကို ခဏခဏသောက်ဖို့မမေ့ပါနဲ့ ။

၃ ။ နွေရာသီနှင့် နေထိုင်မှုပုံစံ


နေ့လည်နေ့ခင်း အပြင်ကိုထွက်တဲ့အခါတိုင်း ချည်ထည်ပွပွ လက်ရှည်နဲ့ အဖြူဖျော့ဖျော့များကိုသာ ၀တ်ဆင် သင့်ပါတယ် ။ အဖြူရောင်ဟာ အပူချိန်ကို တန်ပြန်နိုင်စွမ်းရှိပြီး အမည်းရောင်ကတော့အပူချိန်ကို စုပ်ယူထား တဲ့အတွက် ခန္ဓာကိုယ်အပူချိန်တက်စေပြီး ချွေးထွက်များစေပါတယ် ။ အပြင်ကိုထွက်တဲ့အခါတိုင်း ထီး၊ဦး ထုပ်ဆောင်းပါ ။ နိုင်လွန်ကဲ့သို့အကျီင်္များ ကိုယ်ကြပ်အကျီင်္များ ဘောင်းဘီများ ၀တ်ဆင်ခြင်း ကိုတတ်နိုင် သမျှ ရှောင်ကြဉ်ပါ ။ နေပူထဲမှပြန်လာပြီးရေချက်ချင်းချိုးတတ်တဲ့အကျင့်ကို ရှောင်ပါ ။ ရေတ၀သောက် ပြီး ချွေးတိတ် မှသာ ရေချိုးသင့်ပါတယ် ။ ချွေးမတိတ်သေးခင် နေပူထဲမှ ချက်ချင်းပြန်လာပြီး ချက်ချင်းရေချိုးပါက အပူရှပ်ပြီး heat stroke ရနိုင်ပါတယ် ။ အသားအရည်ထိမ်းသိမ်းဖို့အတွက်နေပူထဲထွက်တော့မယ်ဆိုရင် Ultraviolent Ray (UV) ကိုကာကွယ်ပေးနိုင်တဲ့ cream တစ်မျိုးမျိုးလိမ်းထားနိုင်ပါတယ် ။ နေပူထဲမှ ပြန် လာပြီး ရေခဲရေနှင့် မျက်နှာသစ်ခြင်း ၊ ရေခဲရေနှင့် ရေချိုးခြင်းတို့ကိုမှု လုံးဝရှောင်ရှားရပါမယ် ။

၎ ။ နွေရာသီနှင့်သင်္ကြန်



မကြာခင် သင်္ကြန်ကျရောက်တော့မှာဖြစ်တဲ့အတွက် ကျန်းမာရေးဆိုင်ရာ ဂရုစိုက်စရာအချက်အလက်တွေ အ များကြီး ရှိနေပါတယ် ။ နေပူကြီးထဲမှာ တစ်နေကုန်ရေပက်သူတွေ ၊ ရေပက်ခံထွက်သူတွေအတွက် အပူအအေး မမျှ တပဲ ဖျားနာဖို့လွယ်ကူပါတယ် ။ နေပူထဲ ရေပက်ခံထွက်တော့မယ်ဆိုရင်တော့ တစ်နေ ကုန် ရေစိုပြီး ချမ်းအေးခြင်းကို ကာကွယ်နိုင်ဖို့အတွက် အကျီင်္ထူထူ ၀တ်ဆင်ပါ ။ Sun block cream များလိမ်းပါ ။ ဘီယာ အရက်တို့ကို တတ်နိုင်သမျှ သောက်ခြင်းမှ ရှောင်ကြဉ်ပါ ။ ဘီယာသောက်မှ အရက်သောက် မှမူးပြီးပျော် စရာကောင်း တာမဟုတ်ပါဘူး ။ မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ ဒီအတိုင်း ကြည်ကြည် လင်လင်လေးနဲ့လည်း ချမ်းမြေ့ကြည်နူးဖွယ် ပျော်ရွှင်ဖွယ်ကောင်းလှပါတယ် ။ သင်္ကြန်မျာဖြစ်တဲ့ ရန်ပွဲတော်တော် များများရဲ့ အစဟာ အရက်သေစာသောက်စားခြင်းကြောင့်ဖြစ်ရတာပါဆိုရင် သင်ငြင်းနိုင်ပါသလား ။ ဒါကြောင့် သင်္ကြန်အ တွင်းမှာ အရက်ကို အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ရှားစေလိုပါတယ် ။

ဒါ့အပြင်လမ်းဘေး စာတွေဖြစ်တဲ့ အချဉ်ပေါင်းထုပ်များနဲ့ သရက်သီး ၊ မရမ်းသီး စတာတွေကိုလည်း မစားသင့်ပါဘူး ။ လူထူထပ် တဲ့အတွက် ရောဂါပိုးပေါင်းစုံပျံ့နှံ့ပြီး ၀မ်းရောဂါဖြစ်ပွားနိုင်ပါတယ် ။ စားချင် တယ်ဆိုရင် မိမိအိမ်မှာ လတ်လတ် ဆတ်ဆတ် ပြုလုပ်ပြီး ယူဆောင်သွားခြင်းက ပိုပြီးသင့်တော်ပါတယ် ။ ယခုနောက်ပိုင်းသင်္ကြန်တွေမှာ သိမ်မွေ့နူးညံ့မှုတွေပျောက်ဆုံး နေပြီဆိုတာ သင်လည်းသတိထားမိမှာပါ ။အနောက် တိုင်းဆန်ဆန် ပူလောင်တဲ့ ၀တ်စားဆင်ယင်မှု (ခါးပေါ် ၊ ရင်ပေါ် ၊ တင်ပေါ် ) နဲ့ မိန်းကလေးတွေ သရုပ်ပျက် ကခုန်နေခြင်းဟာလည်း ကမ္ဘာ့အလယ်မှာ ဒါငါတို့ရိုးရာမဟာသင်္ကြန်လို့ ၀င့်ကြွားရမှာတောင် ရှက်ဖွယ်အတိဖြစ်နေပါတယ်။အချိန်မှီမပြင်ဆင်ကြရင်ဖြင့် နောင်နှစ်တွေနှစ်တွေမှာ နောင်လာနောက်သားတွေ
အဖို့ သင်္ကြန်ဆိုတာ ဒီလိုဝတ်ရစားရ ဒီလိုကခုန်ရ ဒီလိုမူးရူးရတဲ့ ပွဲပါလားလို့ ထင်မှတ်သွားရင်ဖြင့် တစ်မျိုးသား လုံး အတွက် ရင်လေး စရာဖြစ် ရပ်ကြီးပဲဖြစ်ပါတယ် ။ သပြေခက်နဲ့ငွေဖလားနဲ့ နံ့သာ ရည်နဲ့ ရေမ ပက်နိုင် ရင်တောင် ခွက်စောင်းခုတ်ခြင်း ၊ ကြမ်းတမ်း စွာ ရေကစားခြင်းနဲ့ နှမသားချင်း မကြားဝံ့မ နာသာ စနောက်ခြင်း များကို တို့မြန်မာတွေ ရှောင်ရှားဖို့ လိုလာပါပြီ ။

ယနေ့ခေတ်ကြီးဟာ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ စီးဆင်းနေတာနဲ့အမျှ မဟာသင်္ကြန်ရဲ့ ပုံရိပ်တွေဟာ လည်း အချိန်နဲ့တပြေးညီ အင်တာနက်ပေါ် ၊ ဘလော့တွေအပေါ် ၊ Social network တွေအပေါ်နဲ့ Facebook အစရှိတဲ့ လူသုံးများ Network တွေအပေါ် ရောက်ရှိမှာအမှန်ပါပဲ ။ ရှက်ဖွယ်အတိဖြစ်တဲ့ အနောက် တိုင်းဆန်ဆန် မလုံမခြုံ ၀တ်ဆင်ခြင်းများ နဲ့ လမ်းသရဲပုံစံများကိုရှောင်ရှားပြီး မြန်မာဆန်တဲ့ အမျိုးသား အမျိုးသမီးလေးများ ပုံစံ ယဉ်ကျေးသိမ်မွေ့စွာ ၀တ်ဆင်ြ့ပြီး အတာသင်္ကြန်ကို ဆင်နွှဲကြမယ်ဆိုရင်ဇြင့် “ ကမ္ဘာ့ အလယ်မှာ ဒါတို့ရိုးရာ မဟာသင်္ကြန်ဟေ့ ” လို့ ဂုဏ်ယူဝင့်ကြွား သံတွေညံနေမှာဖြစ်ကြောင်း တင်ပြ ရင်း နွေရာသီ ၊ ကျန်းမာရေးနှင့် သင်္ကြန် ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ် ။

စာဖတ်သူပရိတ်သတ်များ နှစ်သစ်အခါသမယမှာ စိတ်၏ ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံ ပြီး အေး ချမ်းသာယာ ရှိကြပါစေ ။

သက်တန့်ချို
10th March 2011

(ပုံများအား Google Image Search မှယူပါသည်)


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Read More...

Thursday, September 16, 2010

Google Health



အခုရေးချင်တာကတော့ Internet Search Giant ကြီး Google ကနေ တင်ပေးထားတဲ့ Google Health အကြောင်းပါ။ ၂၀၀၆ ခုနှစ် နှစ်လယ်လောက်မှ စတင်ကာ ရေးသားခဲ့ပြီး အခုလောလောဆယ် public beta test အနေနဲ့ သုံးခွင့်ပြုထားပါတယ်။ Google Health ကို Gmail Account(Google Account) ရှိရုံနဲ့ သုံးလို့ရပါတယ်။ Google Health ဟာ အဓိက အားဖြင့် Personal Health Information Management System တစ်ခုအနေဲ့ အလုပ်လုပ်တာပါ။ Health information management(HIM) ဟာ ဆေးပညာလောက မှာ အရမ်း hot လာတဲ့ topic တစ်ခုပါ။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံတိုင်းဟာ သူတို့ ရဲ့ ကျန်းမာရေးစနစ်တွေကို e-Healthcare System ဆီသို့ အရောက်လှမ်းနေကြချိန်မှာ Health information management speciality ဟာ အဓိက အခန်းကဏ္ဍ ကနေပါဝင်ပါတယ်။ လမ်းကြုံလို့HIM အကြောင်းလေးကို နည်းနည်းရေးချင်ပါတယ်။

အင်္ဂါပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုမှာ လူနာရယ် ဆရာဝန်ရယ် ဆေးရုံရယ် ၃ ပွင့်ဆိုင်ရှိရုံနဲ့ မရတော့ပါဘူး။ လူနာကို care ပေးသူတွေ၊ အာမခံလုပ်ငန်း၊ ဆေးဝါးပညာရှင်တွေ၊ ဆေး ထုတ်လုပ်သူတွေ၊ သုတေသန ပညာရှင်၊ ဆေးရုံအုပ်ချုပ်သူတွေ၊ policy maker တွေ၊ ကျန်းမာရေးကိရိယာများ ထုတ်လုပ်သူတွေနဲ့ အခြားသော အထောက်အပံပေးသူတွေ ပါဝင်လာပါတယ်။ ဒူးပြဲတာ၊ ၀မ်းလျောတာလောက်က ဆေးခန်းမှာ ရက်အနည်းငယ်ကုသရုံနဲ့ ပျောက်ကင်းမှာ ဖြစ်ပေမယ့် နာတာရှည် ရောဂါအများစုဟာ စုပေါင်းကုသမှု (multi-displinary approach) နဲ့ ကုသဖို့ လိုအပ်လာပါတယ်။ အဲဒီအခါမှာ လူနာနဲ့ ပတ်သက်တဲ့ health information တွေကို သိသင့်သိထိုက်သူတွေက သင့်သိတဲ့ အချိန်မှာ သိရဖို့က အရမ်းအရေးကြီးလာပါတယ်။ နောက်တစ်ချက်က paper based healthcare ကနေ electronic healthcare အဖြစ်ကို ပြောင်းတဲ့နေရာမှာ အဆင်ပြေစေဖို့ရာ HIM ကောင်းမှသာ လူနာတွေကော စောင့်ရှောက်မှု ပေးသူတွေအနေနဲ့ အကျိုးရှိမှာပါ။ HIM concept တွေဟာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အနည်းငယ် စိမ်းနေသေးတဲ့အတွက် နောက်မှ အသေးစိတ်ရေးပါတော့မယ်။



Google Health မှာ မိမိရဲ့ ကျန်းမာရေးရာဇ၀င်တွေကို တင်ထားလို့ရပါတယ်။ ကိုယ်အလေးချိန်၊အရပ်၊ ကာကွယ်ဆေးရာဇ၀င်၊ allergy history တွေကို မှတ်တမ်းတင်ထားလို့ရပါတယ်။ မိမိမှာ နာတာရှည် ရောဂါတစ်ခုခုရှိနေရင် ရောဂါနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ တင်ထားလို့ရတယ်။ ကိုယ်က မတင်နိုင်ရင်တောင် Google health API ကို support လုပ်တဲ့ ကျန်းမာရေး တိုင်းတာတဲ့ ကိရိယာများမှ တဆင့်တင်ထားလို့ရပါတယ်။ ဆီးချိုရောဂါသည်တစ်ယောက် ဆိုပါစို့။ မိမိနေ့စဉ် ခံစားရတဲ့ ဆီးချိုလက္ခဏာတွေကို မှတ်တမ်းတင်ထားနိုင်သလို လက်ထိပ်ကနေ ဖောက်ပြီး ဆီးချို စစ်ချက်တွေကိုလည်း စက်မှတဆင့် တင်လို့ရတယ်။ Internet connection တော့ရှိဖို့လိုပါလိမ့်မယ်။ ဆီးချိုဆေး သောက်နေတဲ့ ရာဇ၀င်တွေကိုလည်း မှတ်တမ်းတင်ထားနိုင်ပါတယ်။ လောလောဆယ်မှာတော့ USA မှာရှိတဲ့ ဆေးရုံအချို့နဲ့ပဲ တရားဝင် ဆက်သွယ်ထားသေးတယ်။ အဲဒီဆေးရုံတွေမှာ သွားပြီး ကုသမှုခံယူရင် လူနာမှတ်တမ်းအဖြစ် တိုက်ရိုက်အသုံးပြုလို့ရပါတယ်။ private clinic တွေမှာတော့ အချိန်မရွေး သုံးလို့ရမှာပါ။



Google Health ရဲ့ နောက်ထပ် feature တစ်ခုကတော့ ဓာတ်မှန်ပုံတွေ၊ ultrasound အဖြေတွေ၊ နဲ့ အခြားသော စစ်ဆေးဖူးတဲ့ ဆေးမှတ်တမ်းတွေအားလုံးကို store လုပ်ထားနိုင်တယ်။ အချိန်မရွေး ပြန်ကြည့်လို့ရတာပေါ့။ ကိုယ်က ခရီးသွားနေတုန်း နေမကောင်းဖြစ်လို့ ဆ၇ာဝန်နဲ့ပြချင်ရင် ဆေးမှတ်တမ်းစာရွက်တွေကို ယူသွားစရာ မလိုတော့ပါ။


နောက်တစ်ချက်ကတော့ Google Health မှာ ကျန်းမာရေးအချက်အလက်တွေကို A to Z List လုပ်ပေးထားပါတယ်။ ကိုယ်သိချင်တာကို အလွယ်တကူ ရှာနိုင်သွားတာပေါ့။ ရောဂါတစ်ခုခုနဲ့ ပတ်သက်ပြီး နောက်ဆုံးပေါ် တွေ့ရှိချက်တွေ သုတေသနစာတမ်းတွေကိုပါ ပူးတွဲပြသထားပါတယ်။



အထက်ပါ အချက်အလက်တွေဟာ တကယ်တော့ Google Health တစ်ခုတည်းက ထောက်ပံ့ ပေးနိုင်တာမဟုတ်ပါ။ Microsoft ကထုတ်တဲ့ HealthVault ဟာလည်း အလားတူ free health service မျိုး ပေးနိုင်ပါတယ်။ Google Health ကို စမ်းချင်တယ်ဆိုရင်တော့ အောက်ပါ link မှဆင့် စမ်းသပ်နိုင်ပါတယ်။

Read More...