Showing posts with label Latest Medical Findings. Show all posts
Showing posts with label Latest Medical Findings. Show all posts

Sunday, August 23, 2009

Clotho (ကလိုသို)

Clotho (ကလိုသို) သည် ရှေးဟောင်း ဂရိ နှင့် ရောမ ဒဏ္ဍာရီ များတွင် ပါသည့် နတ်သမီး တစ်ပါး အမည် ဖြစ်သည်။ ရောမတို့ အဆို အရ (အူရန်နို) နှင့် (ဂီး)တို့၏ သမီး (နိုနို) (နိုနာ)ဟုခေါ်ပြီး၊ ဂရိအလိုအရ (ဇီးယပ်)ဘုရင်ကြီးနှင့် မိဖုရားကြီး (ဿီးမီးစ်)တို့၏ ကံကို စီမံကြကုန်သော သမီးတော် သုံးပါး အနက် အထွေးဆုံး ဖြစ်သည်။ အသက်ရှည်ခြင်း-တိုခြင်းမှာ သူမ၏ အလိုအရ ဖြစ်ရပါသတဲ့။

“အသက်ရှည်စွာ၊ အနာမဲ့ကြောင်း”ဟူသည် ကမ္ဘာဦး အစကပင် လူတို့ ရလို၊ ဖြစ်လိုသည့် အိပ်မက် ဖြစ်ပါသည်။ သိပ္ပံစာရေးဆရာများကလည်း ရေးခဲ့လှပါပြီ။ ဥပမာ (ကွတ်-ဗွန်နဂတ်)၏ နက်ဖြန်-နက်ဖြန်-နက်ဖြန် ၀တ္ထု။ ရှေးဟောင်းဂရိ ၀တ္ထု တစ်ပုဒ်တွင်လည်း (အီယို)နတ်သမီးက (တီသိုနီးယပ်စ်)အား ချစ်ကျွမ်းဝင်ပြီး သကာလ၊ (ဇီးယစ်) ဘုရင်ကြီးအား သူ့ချစ်သူကို အသက်မသေသူ အဖြစ် ဖန်ဆင်း ပေးပါရန် လျှောက်ထားလေရာ၊ (ဇီးယစ်)ကလည်း တစ်လုံး တစ်ဝတည်း ပြည့်ဝစေသတည်း လုပ်ပေးပါသတဲ့။ မေ့သွားလိုက်တာ တစ်ခုကတော့ အစဉ်အမြဲ နုပျိုနေအောင် ဆိုတဲ့ဆု မပါလိုက်လို့ (တီသိုနီးယပ်စ်)ဟာ မသေပေမဲ့ အို-အို-အိုပြီးသကာလ နှံကောင်လောက်သာ အသံထွက်နိုင်တဲ့ဘ၀ ရောက်သွား ရပါတော့တယ်။

တကယ်တမ်း အသက်ရှည်ဖို့ အရေး အတော်ကြီး ဝေးပါသေးသည်။ ကြွက်များတွင် စမ်းသပ်ချက်အရ (ကလိုသို) မျိုးဗီဇသည် ကယ်လ်စီယံ၏ အလုပ်များကို သက်ရောက်စေပြီး၊ (ကလိုသို) မျိုးဗီဇ ပြောင်းလဲ သွားခြင်းကြောင့် ကြွက်မှာ အိုစာသွားရကြောင်း တွေ့ရှိရပေသည်။ ဆက်လက်၍ (ကလိုသို) မျိုးဗီဇသည် ဦးနှောက်၊ ကျောက်ကပ်၊ (ပါရာသိုင်းရွိုက်-ဂလင်း) တို့မှာလည်း ပုံမှန် မဟုတ် ဖြစ်လာကြောင်း တွေ့ရ ပြန်ပါသည်။

ထို့ကြောင့် (ကလိုသို) မျိုးဗီဇကို ဆွပေးခြင်းဖြင့် အသက်ကြီးခြင်း၏ လက္ခဏာများဖြစ်သော အရိုး အားနည်းလာခြင်း၊ သွေးလွှတ်ကြောများအတွင်း သွေးသွားလာမှု နှေးကွေးလာခြင်း၊ ကြွက်သားများ အားယုတ်လာခြင်းတို့ကို သက်ရောက်စေပေသည်။ (ကလိုသို) ကို ပိုမို တက်ကြွအောင် လုပ်ပေးလိုက်သော ကြွက်သည် သာမန်ကြွက်ထက် အသက် ၂၀% မှ ၃၀% ပိုရှည်သည်ကို တွေ့လာသည်။ ကလေး ရတာတော့ နည်းသွားပါသတဲ့။ နောက်ဆိုးတာ တစ်ခုက (အင်ဆူလင်)ကိုလည်း သက်ရောက်လို့ "ဖိုးသက်ရှည် ဆီးချိုသမား" ဖြစ်သွားနိုင်ပါတယ်။

သို့ရာတွင် (ကလိုသို) အပါအ၀င် Life extension drugs နှင့် Anti-aging drugs တို့မှာ စမ်းသပ်ဆဲ အခြေအနေတွင်သာ ရှိပါသေးသည်။ (အွန်လိုင်း) ကြော်ငြာတွေကတော့ များလှပါဘိ။

လူတွေအသက်ကြီးလာသည်နှင့် (ကလိုသို)လျော့နည်းလာသည်။ (ကလိုသို)သည် သွေးတိုးကို ထိန်းရာတွင် အသုံးချနိုင်ပုံရသည်ကို လတ်တလော သုတေသနပြုချက်အရ သိလာရသည်။ (ကလိုသို)ကို ထိုးဆေးတလုံးထိုးသည်နှင့် သွေးတိုးကို ၃ လခန့်ကြာ ထိန်းထားနိုင်သည်ဟုဆိုသည်။ (ကလိုသို)ကို ဆေးမှုံ့အဖြစ် (ပရိုတင်း)အားဆေးအဖြစ်ပါ ရနိုင်သည်။

Read More...

Wednesday, August 12, 2009

အသက်တွေ ဘာကြောင့်ကြီးလာရတယ်?


ဟားဗတ် တက္ကသိုလ်မှာ ရှိတဲ့ သုတေသီတွေဟာ သက်ရှိတွေမှာ ကြွက်က အစ လူ အဆုံး တွေရတဲ့ အသက်ကြီး ရသော၊ တစ်နည်းအားဖြင့် အိုရသော အကြောင်းရင်းခံတွေကို လေ့လာနေကြပြီး တွေ့လုတွေ့ခင် ဖြစ်နေကြပါပြီ။ sirtuins လို့ ခေါ်တဲ့ ဗီဇ ဂျင်း(gene)လေး တွေဟာ ဆဲလ် (cell)နဲ့ ဒီအန်အေ (DNA) တွေ အကြောင်းကြောင်းကြောင့် ပျက်စီးသွားကြရင် ပြန်လည်ပြုပြင်ပေးတဲ့ ဂျင်းလေးတွေ ဖြစ်ကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဆဲလ်တွေနဲ့ ဒီအန်အေတွေ ပျက်စီးတာ များလာတာ သဘာဝပဲလေ။ အဲဒီတော့ သူတို့လည်း မနိုင်ဝန်ပိလာပြီး အကုန်လုံးကို ပြန်ပြီးတော့ မပြုပြင်နိုင်တော့ဘူးပေါ့။ ဒီအခါမှာ အသက်ကြီးတယ် ဆိုတာ ဖြစ်လာပါတယ်တဲ့။ သိပ္ပံပညာရှင်တွေက ဘာလုပ်ကြည့်လဲ ဆိုတော့ အဲဒီ sirtuinsလို့ ခေါ်တဲ့ ဗီဇဂျင်းတွေကို ဓာတ်ခွဲခန်းထဲမှာ တည်ဆောက်ပြီး ကြွက်တွေထဲကို ထိုးကြည့်ပါတယ်။ အဲဒီနောက် ကြွက်တွေကို စောင့်ကြည့်ကြတော့ ဆေးအထိုးခံ ထားရတဲ့ ကြွက်တွေဟာ ၂၄ ကနေ ၄၆ ရာနှုန်းလောက် အထိ အသက် ပိုရှည်လာတာ တွေ့ရပါတယ်။ “ကျွန်တော်တို့ရဲ့ ထင်မြင် ယူဆချက်ကတော့ sirtuins ဗီဇဂျင်းတွေ များလာလေလေ ဒီအန်အေကို ပြုပြင်တဲ့ နေရာမှာ ပိုမို ထိရောက်လာပြီး ကြွက်တွေဟာ အသက်ကြီး လာပေမယ့် ငယ်ရွယ်တဲ့ ကြွက်တွေလို ပြုမူ နေထိုင်နိုင် ကြပါတယ်” လို့ သုတေသီ Philip Oberdoerffer က ပြောပါတယ်။ သုတေသီတွေ ထပ်မံ ပြောကြားချက် အရ သူတို့ရဲ့ တွေ့ရှိချက်ကြောင့် အသက်ကြီးခြင်း ဆိုတာ တစ်နေ့မှာ ပြောင်းပြန် ပြန်လှည့်လို့ ရတော့မှာပါတဲ့။
Ref: Reader's Digest August 2009

Read More...

ကျန်းမာဖို့အတွက် သန်းကြစို့


ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ သိပံ္ပ ပညာရှင်တွေဟာ လူတွေ ဘာကြောင့် သန်းရလဲ ဆိုတာကို သိဖို့ လူရဲ့ ဦးနှောက်ကို လေ့လာ နေခဲ့ ကြပါတယ်။ Albanyမှာ ရှိတဲ့ တက္ကသိုလ် တစ်ခုရဲ့ တွေ့ရှိချက်ကတော့ စိတ်ဝင်စား စရာ ကောင်းလှပါတယ်။ အဲဒါကတော့ "သန်းခြင်းသည် ဦးနှောက်ကို အကူအညီ ပေးနိုင်ပါတယ်"တဲ့။ သုတေသီ Andrew C. Gallup နဲ့ Gordon G. Gallup Jr.တို့ရဲ့ ပြောပြချက် အရ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ကျွန်တော်တို့ စားသုံးလို့ ရလာတဲ့ စွမ်းအင်တွေရဲ့ ၃၃ ရာခိုင်နှုန်း အထိကို အသုံးပြုပြီး အပူဓာတ်ကို ပြန်လည် ထုတ်လွှတ်ပါတယ်။ သန်းခြင်းဟာ ဦးနှောက် ဆဲလ် တွေကို အေးမြစေပြီး အလုပ်လုပ်တဲ့ အခါမှာ ပိုမို ထိရောက် စေပါတယ်။ သုတေသီတွေရဲ့ ထပ်မံ တွေ့ရှိချက်ကတော့ သန်းခြင်း အားဖြင့် ဦးနှောက်ကို သွေးစီးဆင်းမှု များပြားလာပြီး တာဝန်တွေကို ပိုမို ထမ်းဆောင် လာနိုင် စေပါတယ်။ ဒါကြောင့် သုတေသီတို့ အဆို အရ ကျွန်တော်တို့ လူတွေကို အမြဲတမ်း သတိရှိ နေဖို့နဲ့ ဘေးအန္တရာယ်တွေ ကနေ ကာကွယ်ပေးဖို့ အတွက် ဇီဝဗေဒ ဖြစ်စဉ် အရ သန်းခြင်းဆိုတာ မွေးကတည်းက ပါလာခြင်း ဖြစ်ပါတယ်တဲ့။
Ref : Reader’s Digest August 2009

Read More...