Showing posts with label Liver. Show all posts
Showing posts with label Liver. Show all posts

Tuesday, November 2, 2010

အသည်းသမားတို့အတွက် သင့်တင့်သော LifeStyle

အသည်းရောင် အသားဝါရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နာတာရှည် အသည်းရောဂါတစ်ခုပါ။ ဘီပိုးဝင်တိုင်း နာတာရှည် အသည်းရောင်တဲ့အဆင့်ကို မရောက်ပေမယ့် အသည်းရောင် အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ပြီး သေဆုံးသူတွေလည်း မနည်းပါဘူး။ အသည်းရောင်အသားဝါဘီ ရောဂါဟာ သူ့ကြောင့် မသေအောင် ထိန်းသိမ်းကုသနိုင်တဲ့အဆင့်ကို ရောက်လို့နေပါပြီ။ သို့သော်လည်း ဆေးကုသ ကုန်ကျစရိတ်တွေက များပြားတာကြောင့် မြန်မာပြည်သူ အများစုကတော့ လက်လှမ်းမမှီနိုင်သေးပါ။ ဒါ့ကြောင့် ဆေးမကုနိုင်ရင်လည်း အတတ်နိုင်ဆုံး ကျန်းမာအောင် နေနည်းတွေနဲ့ ဆေးသောက်သူတွေမှာ လိုက်နာသင့်တဲ့အချက်များကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

(၁) အစားအသောက်။ အသည်းရောင်ဝေဒနာသည်အတွက် အထူးတလည် diet မလိုအပ်ပါဘူး။ အာဟာရပြည့်ဝအောင် စားဖို့တော့ လိုပါတယ်။ အာဟာရပြည့်ဝတယ်ဆိုတာက လိုအပ်တဲ့ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ အသီးအရွက်၊ သတ္တုဓာတ်တွေကို မျှတအောင် စားသောက်ဖို့ လိုအပ်ပါတယ်။ အာဟာရပြည့်ဝအောင် စားမယ်ဆိုရင် ပျက်စီးသွားတဲ့ အသည်းဆဲလ်တွေကို ပြန်လည် အစားထိုးနိုင်မယ်။ လုံလောက်တဲ့ အားအင်ရမယ်။ လန်းလန်းဆန်းဆန်းရှိမယ်။ ကိုယ်ခံအားကောင်းလာမယ်။ မြန်မာတွေချက်တဲ့ဟင်းတွေဟာ ဆီများတတ်တယ်။ ဆားများတတ်တယ်။ မလိုအပ်တဲ့ အမှုန့်တွေများတတ်တယ်။ အဲဒါတွေက ကြည့်လို့ပဲကောင်းတာ။ အာဟာရတန်ဖိုးမရှိဘူး။ ဒီတော့ ဟင်းချက်တဲ့နေရာမှာ ဆီကို အနည်းဆုံးထည့် ဆားကို အနည်းဆုံးသုံးပြီး ချက်ဖို့လိုတယ်။ တချို့ကပြောတယ်။ အဲဒီလို ဆီမပါ ဆားမပါဟင်းချက်ရင် ဘယ်စားလို့ကောင်းမှာလဲတဲ့။ ဟုတ်ပါတယ်။ စားလို့မကောင်းပါဘူး။ လူအများစုကလည်း မကြိုက်ကြပါဘူး။ အဲဒါကြောင့်လည်း လူတွေရောဂါထူပြောနေတာပါ။ မကျန်းမာကြတာပါ။ အရေးကြီးတာက လျှာကို အလိုမလိုက်ဖို့ လိုပါတယ်။ ကိုယ်သုံးမှာထက်ပိုစားရင် ကိုယ်အလေးချိန်တိုးလာမယ်။ တနည်းအားဖြင့် ၀လာမယ်ပေါ့ဗျာ။ အဆီများရင် အသည်းမ နဂိုကတည်းက မကောင်းတော့ အသည်းအဆီဖုံးတတ်တယ်။ အဲဒီကနေတဆင့် အသည်းဟာ လျင်မြန်စွာ ပျက်စီးလာနိုင်ပါတယ်။ ၀ပြီး အသည်းအဆီဖုံးသူတွေဟာ ဘီပိုးအတွက် ပိုးသတ်ဆေးသောက်မယ်ဆိုရင်တောင် မ၀သူတွေထက် ဆေးကို တုံ့ပြန်အားနည်းပါတယ်။ တနည်းဆိုသော် ဆေးသိပ်ပြီး မတိုးဘူးပေါ့။ ဒါဆိုရင် သောက်ထားတဲ့ ဆေးတွေ အလဟသတ် ဖြစ်ကုန်မှာပါ။ နောက်ပြီး လိုတာထက် ပိုစားရင် ဆီးချိုဖြစ်လာပါမယ်။ ဘီပိုးကြောင့် အသည်းမကောင်းသူတွေဟာ သာမန်လူတွေထက် ဆီးချိုဖြစ်နိုင်ချေ ပိုမိုများပြားပါတယ်။ အောက်ပါအစားအသောက်များကို လုံးဝရှောင်ကြဉ်ရပါမည်။
  • ဆိုးဆေးပါ အစာများ (ငါးချဉ်၊ ပုစွန်ချဉ်၊ အရောင်ဆိုး ထားသော ငရုတ်ချဉ်၊ အရောင်ဆိုးထားသော သီးနှံများ)
  • အကင်များ
  • အရက်
  • ကြာရှည်ခံအောင်ပြုလုပ်ထားသော ချဉ်ဖတ်အစရှိသည့်အစာများ
  • ဗိုက်တာမင်စီပါဝင်သော ချဉ်သည့်အစားအစာများကို အလွန်အကြူးစားခြင်း
  • သံဓာတ်များစွာ ပါဝင်သည့် အစိမ်းရင့်ရောင်အရွက်များ ကို အလွန်အမင်းစားခြင်း

ဗိုက်တာမင်စီဟာ လူအတွက်လိုအပ်တယ်။ အသည်းအတွက်လည်း လိုအပ်တယ်။ သို့သော် တစ်နေ့တာတွင် ၂၀၀ မီလီဂရမ်ထက် ပိုစားခြင်းဟာ အသည်းကို လိုတာထက် ပိုအလုပ်ပေးမိသလိုဖြစ်ပြီး ဆိုးကျိုးကိုဖြစ်စေတယ်။ ဒါ့ကြောင့် ဈေးကွက်ထဲမှာ ရောင်းနေကြတဲ့ စိတ်ဖိစီးမှုပျောက်စေ ဆေးတွေဟာ ဗိုက်တာမင်စီ ၅၀၀ မီလီဂရမ်ပါဝင်ပါတယ်။ ဒ့ါကြောင့် မသောက်ရပါဘူး။ သံဓာတ်ဟာလည်း ဒီလိုပဲ။ အသည်းကို အနားပေးချင်ရင် သံဓာတ်ကို အများကြီး မစားဖို့လိုတယ်။ ထမင်းစားရင် အသားနဲ့ချည်းပဲ မစားသင့်သလို အရွက်နဲ့ချည်းပဲလည်း မစားသင့်ပါဘူး။ ရောဂါပျံ့တာ ပိုမြန်လာပါမယ်။

(၂) လေ့ကျင့်ခန်း။ အသည်းရောင်ဝေဒနာရှင်တွေ အတွက် ပုံမှန် ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းဟာ အလွန်ပင် အရေးကြီးလှပါတယ်။ ပင်ပင်ပန်းပန်း လုပ်စရာမလိုပါဘူး။ တစ်နေ့ကို သွေးလည်ပတ်မှု ကောင်းရုံလောက် လမ်းလျှောက်တာတို့၊ ရေကူးခြင်းတို့ဟာ အလွန်ကောင်းလှပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပုံမှန် ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းဖြင့်
  • အ၀လွန်ခြင်းကို ထိန်းသိမ်းနိုင်ပါတယ်။
  • ချွေးထွက်ပြီး နေလို့ထိုင်လို့ကောင်းတယ်။
  • ကိုယ်ခံအားစနစ်ကို ကောင်းစေတယ်။
  • ဆေးသောက်ခြင်းကြောင့် ညောင်းခြင်းညာခြင်းကို သက်သာစေသည်။
လမ်းလျှောက်မည်ဆိုပါက တစ်နေ့လျှင် မိနစ်၃၀ လောက်အထိ လျှောက်သင့်သည်။ နေ့စဉ်လျှောက်ရမည်ဖြစ်သည်။ ချက်ချင်း နာရီဝက်ခန့် မလျှောက်နိုင်ပါက ၁၀ မိနစ်မှ စတင်လျှောက်ပြီး တဖြည်းဖြည်း တိုးသွားနိုင်သည်။ ချက်ချင်း ကိုယ်အလေးချိန်ကျသွားမည် မဟုတ်ပါ။ သို့သော် တဖြည်းဖြည်းချင်းကျလာပြီး နေလို့ကောင်းလာမှာ ဖြစ်ပါတယ်။

Read More...

Tuesday, September 28, 2010

အသက်ရှည်လိုလျှင် အသည်းကို ညှာတာပါ

Liver

အသည်းဟာ လူ့ခန္ဓာကိုယ်မှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ဇီဝဖြစ်စဉ် တော်တော်များများမှာ သူပါဝင်ပါတယ်။ အညစ်အကြေးတွေ စွန့်ပစ်ခြင်းနဲ့ အဆိပ်အတောက်တွေကို ဓာတ်ပြယ်အောင်လည်း သူကပဲ လုပ်ပေးပါတယ်။ အစာခြေဖို့အတွက် အစာခြေရည်တွေကိုလည်း သူကပဲ ထုတ်ပေးတယ်။ ကိုယ်စားလိုက်တဲ့ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေကို လိုရင်သုံး မလိုရင် သိုလှောင်ဖို့အတွက်လည်း အသည်းကပဲ အဓိက လုပ်ဆောင်ပေးတာပါ။ ဒါ့ကြောင့် တသက်လုံး သုံးရမယ့် အသည်းကို မလိုအပ်ဘဲ အလွန်အကျွံ မခိုင်းမိစေဖို့ အရေးကြီးပါတယ်။ နောက်ပြီး လူတွေက နှလုံးရောဂါ၊ သွေးတိုးရောဂါတွေနဲ့ ဆီးချိုရောဂါတွေ အကြောင်းက သိသင့်သလောက် သိလာတော့ ရှောင်တာဆောင်တာတွေ လုပ်လာကြတယ်။ သွေးတိုးတို့ ဆီးချိုတို့ ကြောက်စရာကောင်းသလို အသည်းကလည်း မမေ့သင့်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အသည်းကျန်းမာရေးကို ကောင်းအောင် မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

နံပါတ်(၁)။ ။အစားအသောက်စားတဲ့အခါမှာ ကိုယ့်ခန္ဓာကို ကိုယ်နားထောင်ပါ။ ဗိုက်မဆာလျှင်မစားပါနှင့်။ ဆာတယ်မဆာဘူးဆိုတာက ကိုယ့်ရဲ့ စိတ်နဲ့လည်း ဆိုင်သေးတယ်။ ဒါ့ကြောင့် တကယ်မလိုအပ်လျှင် ငါမစားဘူးဟု စိတ်ကို တင်းထားရမည်။ ဥပမာ။ နေ့လည် ၁၂ နာရီလောက်က နေ့လည်စာ စားထားလျှင် ညနေ ၄ နာရီလောက်အထိတော့ နေနိုင်မည်ဖြစ်သည်။ အဲဒါကို ၂ နာရီလောက်မှာ မိတ်ကောင်းလို့ အပြင်မှာ တစ်ခုခုစားလိုက်တာမျိုးဖြစ်သည်။ ဒါမှ မဟုတ် အသုတ်သည်ကိုတွေ့လို့ ၀ယ်စားတာမျိုးဖြစ်သည်။ လိုတာထက် ပိုစားတော့ ဘာဖြစ်ပါသလဲ။ အသည်းက ကိုယ်စားလိုက်တဲ့အစာထဲမှာ ပါဝင်တဲ့ အစာအာဟာရတွေကို စီမံခန့်ခွဲနေရတယ်။ ကိုယ်က အများကြီးစားရင် အသည်းမှာ တာဝန်ပိလာတယ်။ ကြာလာတော့ metabolism လို့ခေါ်တဲ့ ဇီဝဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်လာတယ်။ စားလိုက်တဲ့ ကစီဓာတ် တွေကို သွေးထဲမှာ မများလာအောင် pancreas အကူအညီနဲ့ အင်ဆူလင် ဟော်မုန်းတွေကို အများကြီးထွက်စေတယ်။ ကြလာတော့ pancreas က ပင်ပန်းပြီး အင်ဆူလင်မထုတ်နိုင်တော့ဘူး။ အဲဒီမှာ အမျိုးအစား- ၂ ဆီးချိုက ၀င်လာပါရော။ စားလိုက်တဲ့ အဆီတွေကို ကောင်းကောင်းမခြေဖျက်နိုင်တော့ဘဲ အသည်းမှာ အဆီတွေ စုလာမယ်။ တခြားနေရာတွေမှာ အဆီတွေ စုလာမယ်။ အသည်းမှာ အဆီစုတာကို fatty liver လို့ခေါ်ပါတယ်။ အသည်းရောင်ခြင်း မရှိဘဲနဲ့ အသည်းခြောက်တဲ့ အဆင့်ကို ကူးသွားနိုင်တဲ့အတွက် ကြောက်စရာ ကောင်းလှပါတယ်။ ဒါ့ကြောင့် အစားအသောက်ကို လိုအပ်သလောက်သာ စားသုံးဖို့လိုပါတယ်။ စားတဲ့အခါမှာလည်း ကောင်းမွန်စာ ချက်ပြုပ်ထားတဲ့ ဟင်းလျာတွေကို စားသုံးဖို့ လိုပါတယ်။


Liver

နံပါတ်(၂)။ ။ရေကို နေ့စဉ် လုံလောက်စွာ သောက်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့တာမှာ သောက်ရည် ၂ လီတာ ခွဲစာလောက် သောက်ရပါမယ်။ အဲဒီလောက်မှာ မသောက်ရင် ကျောက်ကပ်ဟာ အညစ်အကြေးများ စွန့်ပစ်ဖို့ အလုပ်ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျောက်ကပ်က မနိုင်ရင် အသည်းက ကူပေးရတဲ့အတွက် မလိုအပ်ဘဲ အလုပ်ရှုပ်တာပေါ့။ ဒါ့ကြောင့် တနေ့တာကာလမှာ ရေကို နည်းနည်း နဲ့ ခဏခဏသောက်ပေးခြင်းအားဖြင့် အသည်းအတွက်ကောင်းသလို ကျောက်ကပ်ကိုပါ ဆေးပြီးသား ဖြစ်သွားမှာပါ။ ဗမာတွေက ဆီးခဏခဏသွားရင် မကြိုက်ကြဘူး။ ဆီးသွားတာနဲ့ ကျောက်ကပ်ကစစ်ထုတ်တာနဲ့ က တိုက်ရိုက်တော့လည်း မဆိုင်ပါဘူး။ ရေများများသောက်ပြီး ခဏခဏ မသွားချင်ရင် အောင့်ထားတတ်အောင် ကျင့်ထားခြင်းက အသုံးဝင်မှာ ဖြစ်ပါတယ်။

နံပါတ်(၃)။ ။တတိယမြောက်အချက်ကတော့ အရမ်းချိုတဲ့ အစားအသောက်တွေကို မစားဖို့ပါပဲ။ သဘာဝအတိုင်းချိုတဲ့ အသီးအနှံတွေကိုတော့ စားလို့ရပါတယ်။ မစားသင့်တာကတော့ junk food လို့ခေါ်တဲ့ အသင့်စားအချိုစာတွေ၊ သကြားလုံးတွေ၊ အရမ်းချိုတဲ့ ပေါင်မုန့် ကိတ်မုန့်တွေ ဖြစ်ပါတယ်။ သူတို့ဆီမှာ ပါဝင်တဲ့ သကြားတွေဟာ သွေးထဲကို ရောက်သွားတာနဲ့ သွေးထဲက သကြား level ကို အရမ်းမြှင့်တင်လိုက်တယ်။ ဒီအခါမှာ အသည်းဟာ အင်ဆူလင် ဟော်မုန်းရဲ့ အကူအညီနဲ့ သွေးထဲက ပိုလျှံနေတဲ့ သကြားတွေကို လျော့နည်းသွားအောင် လုပ်ရပါတယ်။ ခဏခဏ လုပ်နေရရင် အသည်းဟာ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ဆီချိုရောဂါ အ၀လွန်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကိုယ်က အချိုဓာတ်ကို ကြိုက်သူဆိုရင် အကောင်းဆုံးနည်းလမ်းက သဘာဝအသီးအနှံ၊ ပျားရည် အစရှိတဲ့ green product တွေကိုသာ စားသုံးသင့်ပါတယ်။

နံပါတ်(၄)။ ။စတုထ္တအချက်ကတော့ အစာလမ်းကြောင်းကို ကျန်းမာအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ စားလိုက်သမျှကို အူတွေထဲမှာ ခြေဖျက်ပြီးရင် အသည်းဆီ အရင်ဆုံးရောက်တာပါ။ ကိုယ်စားတဲ့အစာတွေက မသန့်ရှင်းတဲ့ အစာတွေ ဖြစ်နေရင် ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ၊ သန်ကောင်ဥတွေ ပါလာတတ်ပါတယ်။ အူတွေထဲမှာ ရှိတဲ့ ခုခံတဲ့ စနစ်တွေက ဒီကောင်တွေကို နှိမ်နင်းနိုင်တယ်ဆိုပေမယ့် အရည်အတွက်နဲ့လည်း ဆိုင်ပါသေးတယ်။ ကာလ၀မ်းရောဂါပိုးဟာ အကောင်အရေအတွက် နည်းနည်း စားမိရင် လူကို ဘာမှ ဒုက္ခမပေးနိုင်ပေမယ့် လုံလောက်တဲ့ အရေအတွက်ကို စားမိရင် ကာလ၀မ်းရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ အသည်းကို အဓိက ဒုက္ခပေးနိုင်တာက သန်ကောင်ဥတွေပါပဲ။ အချို့သော သန်ကောင်တွေက အူထဲမှာ အကောင်ပေါက်ပြီးရင် အသည်းထဲ အထိရောက်အောင် သွားပါတယ်။ မြန်မာပြည်မှာ သန်ကောင်ပိတ်လို့ သည်းခြေပြွန်လမ်းကြောင်းရောင်ရမ်းပြီး ဆေးရုံရောက်တဲ့ လူနာအရေအတွက်လည်း မနည်းလှပါဘူး။ ရောဂါဖြစ်တဲ့သူတွေကို ရောဂါရာဇ၀င်မေးကြည့်ရင် ဆင်းရဲနွမ်းပါးသူတွေ အဖြစ်များပြီး လမ်းဘေးစာတွေ အသုတ်တွေ ၀က်သားဒုတ်ထိုးတွေ ပုံမှန်စားသူတွေ ဖြစ်ကြပါတယ်။ ကိုယ်က လုံလောက်တဲ့ ၀င်ငွေမရှိလို့ အဆင်ပြေသလိုစားရတာကို အပြစ်မပြောလိုပေမယ့် လမ်းဘေးမှာ ဖုန်တောထဲမှာ ရောင်းတဲ့ အစာတွေ ကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေကိုတော့ တားမြစ်ချင်ပါတယ်။ အစားအသောက်ကို သန့်ရှင်းလတ်ဆတ်တာကို စားပါ။ မှိုတက်နေသော အစားအသောက်များသည်လည်း လူကို ဒုက္ခပေးနိုင်ပါတယ်။ မှိုရှိမရှိကို အရောင်ပြောင်းလဲခြင်းနှင့် အနံ့တို့ အပေါ် မူတည်၍ ခွဲခြားနိုင်ပါတယ်။ မှိုသည် အသည်းခြောက်စေနိုင်သည်။ အသည်းကင်ဆာဖြစ်စေနိုင်သည်။

နံပါတ်(၅)။ ။အသည်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ တွဲဖက်ပြီး အလုပ်လုပ်ရတဲ့အတွက် အူလမ်းကြောင်းမကောင်းရင် သူလည်း ဖောက်တတ်ပါတယ်။ အထူးသဖြင့် ၀မ်းချုပ်တဲ့ အခါတွေမှာ အူတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားလာတတ်တယ်။ သာမန်လူတွေမှာတော့ သိပ်ပြီး မသိသာလှပေမယ့် အစကတည်းက အသည်းကောင်းစွာ အလုပ်မလုပ်သူတွေ၊ အသည်းခြောက်ရောဂါရှိသူတွေအတွက် အသက်အန္တာရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ထို့ကြောင် မူလက အသည်းမကောင်းရင် ၀မ်းမချုပ်အောင် သတိထားဖို့လိုပါတယ်။

နံပါတ်(၆)။ ။သဘာဝအရောင်မဟုတ်တဲ့ ဆိုးဆေးပါတဲ့ အစားအသောက်တွေ၊ ကြာရှည်ခံအောင် ထည့်တဲ့ ယမ်းစိမ်းတွေဟာ အသည်းရဲ့ ရန်သူတွေ ဖြစ်ပါတယ်။ အလွယ်ဆုံး မှတ်တဲ့ နည်းလမ်းကတော့ အဲဒါတွေ ပါတဲ့ အစာများများစားလေလေ အသည်းက မြန်မြန်ပျက်စီးလေ ဆိုတာပါပဲ။ အသည်းမကောင်းရင် အသက်တိုပါလိမ့်မယ်။ ဒါ့ကြောင့် အသက်ကို ဥာဏ်စောင့်သည့် သဘောရှိသောကြောင့် ရှောင်ကြရှားကြပါ။

နံပါတ်(၇)။ ။နောက်ဆုံးအချက်ကတော့ လူအများသိကြသည့် အရက်နှင့် ဆေးလိပ်ပင် ဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်လို့ကတော့ ထပ်မံမပြောလိုတော့ပါဘူး။ အရက်ထဲမှာတောင်မှ အရက်အတု၊ အရက်အပြင်းသောက်သူက ပိုထိတယ်။ အကောင်းစားအရက် သောက်တဲ့သူက သိပ်ပြီး မထိဘူး။ သောက်ပုံသောက်နည်းမှာလည်း ခွေးသောက်သောက်သူက သူဌေးသောက်သောက်သူထက် ပိုထိတယ်။ အမြည်းမပါဘဲ သောက်သူက အမြည်းစားပြီး သောက်သူထက် ပိုဆိုးပါတယ်။



Read More...

Sunday, September 26, 2010

အသည်းနှင့် အသည်းကင်ဆာ

ကျွန်မ မိတ်ဆွေတွေအထဲမှာ အသည်းမကောင်းသူတွေ များစွာ ရှိပြီး အမေရိကားကို ရောက်နေတဲ့ တချိန်က ရင်းနှီးတဲ့ လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေဟောင်း တဦးလည်း အသည်းကင်ဆာ ဖြစ်ကြောင်း စမ်းသပ်တွေ့ရှိရတယ်လို့ လတ်တလော ကြားသိလိုက်ရလို့ ဒီပို့စ်ကို တင်ဖြစ်ပါတယ်။ အဓိကက အသည်းနဲ့ အသည်းကင်ဆာ အကြောင်းကို တင်ပြဖို့ဖြစ်ပါတယ်။ သို့သော်လည်း အသည်းနှင့် အသည်းကင်ဆာအကြောင်းကို မစခင် ကင်ဆာရောဂါရဲ့ အခြေခံ သဘောသဘာဝ အနည်းငယ်ကို အရင်တင်ပြထားပါတယ်။ ကင်ဆာကို ရှာဖွေတွေ့ရှိပုံ (Dignosis) နဲ့ ကုသမှုအပိုင်းကို ဒီပို့စ်မှာ တင်ပြထားခြင်း မရှိဘဲ နောက်ပိုင်း အလျဉ်းသင့်ရင် သီးသန့်ဖေါ်ပြဖို့ အစီစဉ် ရှိပါတယ်။ ဒီပို့စ်မှာ ကင်ဆာရောဂါ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာပုံကို မိတ်ဆက်ပေးပြီး အသည်းကင်ဆာ အမျိုးအစားနှင့် ရောဂါ အဆင့်သတ်မှတ်ပုံကို အဓိက တင်ပြထားပါတယ်။


ကင်ဆာရဲ့ အခြေခံသဘောသဘာဝ


ပုံမှန်ဆဲလ်ပွားပုံနှင့် ကင်ဆာဆဲလ် ပွားပုံ (ဓါတ်ပုံတွေကို နှိပ်ပြီး ပုံကြီးကို ကြည့်နိုင်ပါတယ်)

ကင်ဆာဆိုတာ ဆဲလ်တွေမှာ ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆဲလ်ဆိုတာကတော့ အနုကြည့်မှန်ပြောင်း (Microscope) ဖြင့် ကြည့်မှသာ မြင်နိုင်တဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ အသေးငယ်ဆုံးသော အဖွဲ့အစည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကြီးထွားစေဖို့၊ သက်တမ်းကုန်ဆုံးတဲ့ ဆဲလ်တွေ (သို့) ဒါဏ်ရာ ဒါဏ်ချက် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံး သွားတဲ့ ဆဲလ်တွေကို ပြန်လည် အစားထိုးဖို့အတွက် သက်ရှိတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တွေဟာ အဆက်မပြတ် ပွား (Multiply) လျက် ရှိပါတယ်။ ဒီလို ပွားတဲ့နေရာမှာ ပုံမှန်အားဖြင့်တော့ ဆဲလ်တွေဟာ သူ့အစီစဉ်နှင့်သူ လမ်းကြောင်းအမှန်အတိုင်း ထိန်းချုပ်မှု အောက်မှာပဲ ပွားလေ့ရှိပါတယ်။ သို့သော်လည်း တခါတရံမှာ အကြောင်းမညီညွတ်ပါက အခန့်မသင့်ဘဲ လမ်းကြောင်းပြောင်းကာ ထိန်းချုပ်လို့မရ ဖြစ်သွားတတ်ပါတယ်။ ဒီလိုဖြစ်သွားရင် ကျူမာ (Tumour) လို့ ခေါ်တဲ့ အစေ့လေးကို စဖြစ်တဲ့နေရာမှာ ဖြစ်ပေါ်စေပါတယ်။

ကျူမာမှာ Benign Tumour နှင့် Malignant Tumour ဆိုပြီး နှစ်မျိုး နှစ်စားရှိပါတယ်။ ဘီနိုင်းကျူမာက မိမိ စတင်ဖြစ်ပေါ်တဲ့ နေရာမှာပဲ ရှိနေတတ်ပြီး တခြားကို လွင့်သွားခြင်းမရှိပါ။ သို့သော်လည်း ကျူမာအလုံးကြီးလာပါက ပတ်ဝန်းကျင်မှာ ရှိတဲ့ တစ်သျှူးတွေ၊ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မကူးစက်မပြန့်နှံ့သော်လည်း သွားပြီးဖိအားပေးကာ နာကျင်ထိခိုက်စေနိုင်ပါတယ်။ ဘီနိုင်းကျူမာကို ကင်ဆာဆဲလ်ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်တဲ့အတွက် ဘီနိုင်းကျူမာကို ခန္ဓာကိုယ်ထဲမှာ တွေ့ခြင်းဟာ ကင်ဆာတွေ့ခြင်းမဟုတ်ပါ။ သို့သော်လည်း တချို့ဘီနိုင်းကျူမာများကို မကုသဘဲ ထားပါက ကင်ဆာဆဲလ်များ ဆင့်ပွားဖြစ်လာနိုင်ပါတယ်။

မူလကင်ဆာဆဲလ် စတင်ဖြစ်ပေါ်သည့် နေရာမှ တခြားနေရာသို့ ကင်ဆာဆဲလ် ပြန့်နှံ့ရောက်ရှိပုံ

Malignant Tumour က ကင်ဆာဆဲလ်ဖြင့် ဖွဲ့စည်းထားပြီး ၎င်းစတင်ဖြစ်ပွားတဲ့နေရာကို Carcinoma (ကင်ဆာစတင်ဖြစ်ပေါ်ခြင်း) လို့ ခေါ်ပါတယ်။ စတင်ဖြစ်ပွားရာကနေ တဖြည်းဖြည်း ကြီးထွားလာ၊ ပွားလာပြီး အနီးပတ်ဝန်းကျင် တစ်သျှူးတွေအထိ ပြန့်နှံ့သွားနိုင်ပါတယ်။ ၎င်းအဆင့်ကိုတော့ အစဦးကင်ဆာ (Primary Cancer) လို့ခေါ်ပါတယ်။ အချိန်ကြာမြင့်လာတဲ့ အခါမှာ အနီးအနား ပတ်ဝန်းကျင် တစ်သျှူးမှာတင်မကပဲ ကင်ဆာဆဲလ် တချို့ဟာ အဝေးကို လွင့်သွားပြီး အဝေးမှာရှိတဲ့ အရိုးအပါအ၀င် တခြား အင်္ဂါအစိတ်အပိုင်း တခုခုမှာ သွားပြီးတွယ်ကပ်ကာ ဆက်ပွားပါတယ်။ ၎င်းကို Secondary Cancer/Matastasis (ဆင့်ပွားကင်ဆာ) လို့ခေါ်ပါတယ်။ ဒါကတော့ အသည်းကင်ဆာအပါအ၀င် ကင်ဆာအများစုရဲ့ အခြေခံ ဖြစ်ပါတယ်။

အသည်း၏လုပ်ဆောင်ချက် အကျဉ်း

အသည်း၏ တည်နေရာနှင့် အနီးနားတ၀ိုက် အင်္ဂါအစိတ်အပိုင်းများပုံ

အသည်းကင်ဆာ အကြောင်းကို မပြောခင် အသည်းအကြောင်းကို အနည်းငယ် ဖေါ်ပြသင့်ပါတယ်။ အသည်းက ခန္ဓာကိုယ်မှာ ရှိတဲ့ အတွင်းအင်္ဂါအစိတ်မပိုင်းများအနက် အကြီးဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်း နံရိုးတွေ အောက်နား၊ ညာဘက်အဆုပ်နှင့် ကန့်လန့်ကာကြွက်သား (Diaphragm) ရဲ့ အောက်တည့်တည့်မှာ ရှိပါတယ်။ ပိရမစ်ပုံ ရှိပြီး ဘယ်ဘက်နဲ့ ညာဘက် စိတ်အပိုင်းနှစ်ခုအဖြစ် တွယ်ဆက်လျက် ရှိပါတယ်။ အသည်းဟာ အရွယ်အစားကြီးသလောက် ခန္ဓာကိုယ်အတွက် လုပ်ပေးရတဲ့ အလုပ်ကလည်း အင်မတန် များပါတယ်။ အသည်းဟာ နှလုံးမှ အောက်စီဂျင် သယ်လာသော သွေးကိုလက်ခံပြီး နှလုံးမှတဆင့် ခန္ဓာကိုယ်တခုလုံးသို့ ပြန်ဖြန့်ဖြူးရန် နှလုံးသို့ ပြန်လည်ပို့ပေးပါတယ်။ အသည်းက ပို့ပေးတဲ့ အာဟာရကြောင့် ခန္ဓာကိုယ်တခုလုံးအတွက် လည်ပတ်ဖို့ စွမ်းအင်ကို ရရှိပါတယ်။

အသည်းဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ များစွာကို ဆောင်ရွက်ပါတယ်။
(၁) စားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်က အဆင်သင့်အသုံးပြုနိုင်စေရန် သကြားဓါတ်နဲ့ အဆီဓါတ်ဖြစ်အောင် ပြောင်းလဲပေးခြင်း၊
(၂) အာဟာရကို သိုလှောင်ပေးခြင်း
(၃) အဆီကို ခြေဖျက်ရန်အတွက် အသည်းခြေရည်ကို ထုတ်ပေးခြင်း
(၄) ပိုလျှံသော အစားအစာများကို အဆီနှင့် ဂလိုင်ကိုဂျင်ကို သကြားဓါတ်အဖြစ် ပြောင်းလဲကာ သိုလှောင်ထားပေးခြင်း၊
(5) အဆီတွင် ပျော်ဝင်နိုင်သော ဗီတာမင်တချို့နဲ့ သတ္တုဓါတ်တချို့ကို သိုလှောင်ပေးခြင်း
(၆) သွေးအတွက် အသားဓါတ် ထုတ်လုပ်ပေးခြင်း
(၇) သွေးပျစ်ခြင်းနှင့် ကျဲခြင်းကို ခန္ဓာကိုယ်မှာ လိုရင်လိုသလို ပြုပြင်ပေးခြင်း
(၈) ခန္ဓာကိုယ်လည်ပတ်ရန်အတွက် လိုအပ်တဲ့ တခြားဓါတ်ပေါင်းတချို့ကို ထုတ်လုပ်ပေးခြင်း
(၉) အရက်လို ခန္ဓာကိုယ်အတွက် ဒုက္ခပေးတဲ့ အရာတွေကို အဆိပ်မဖြစ်အောင် ခြေဖျက်ပေးခြင်းနှင့် အညစ်ကြေးတွေကို ဖယ်ရှားပေးခြင်း စသည်တို့အပါအ၀င် အသည်းဟာ ခန္ဓာကိုယ်အတွက် လုပ်ငန်းများစွာကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါကြောင့်မို့ အသည်းမကောင်းသော သူတဦးမှာ ဒီလုပ်ငန်းစဉ်တွေအတွက် မထိခိုက်အောင် ဂရုပြုဖို့ အထူးလိုအပ်ပါတယ်။

အသည်းကင်ဆာ
အသည်းကင်ဆာဆိုတာ အသည်းမှာ Malignant Tumour ရှိနေခြင်းဖြစ်ပါတယ်။ အသည်းကင်ဆာမှာ အစဦး အသည်းကင်ဆာ (Primary cancer) နှင့် နောက်ဆက်တွဲ ကင်ဆာ (Secondary cancer) ဆိုပြီး နှစ်မျိုးရှိပါတယ်။

Primary Liver Cancer (အစဦး အသည်းကင်ဆာ)
အစဦးအသည်းကင်ဆာမှာလည်း Cholangio Carcinoma ခေါ် သည်းခြေပြွန်တ၀ိုက်မှာ စတင်ဖြစ်ပေါ်တဲ့ အသည်းကင်ဆာနှင့် hepatocellular carcinoma ခေါ် အသည်းထဲက ဆဲတွေမှာ စတင်ဖြစ်ပွားတဲ့ အသည်းကင်ဆာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီအမျိုးအစားက အသည်းခြောက်ရောဂါ (Cirrhosis) သမားတွေမှာ အများဆုံး ဖြစ်ပေါ်တတ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ Primary Liver Cancer က Secondary Liver Cancer ထက် အဖြစ်နည်းသည်ကို တွေ့ရှိရပါတယ်။

မူလအသည်းကင်ဆာ ဖြစ်ရခြင်းအကြောင်းအရင်း
ဖြစ်ရခြင်း အကြောင်းအရင်းကို အတိအကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။ သို့သော် ၎င်းအသည်းကင်ဆာ ဖြစ်သောသူ အများစုမှာ အောက်ပါအချက်များနှင့် ပတ်သက်သူများဖြစ်ပါတယ်။
(၁) အသည်းရောင် အသားဝါ (B) or (C) ကြောင့် ရောဂါဖြစ်နေသည့် လူနာ
(၂) အရက် သေစာကို အချိန်ကြာမြင့်စွာ သောက်သုံးလာသူ
(၃) အသည်းခြောက်ခြင်းနှင့် တခြားအသည်းရောဂါ တခုခု ရှိနေသောသူများတွင် Pramary Liver Cancer ကို အများဆုံး တွေ့ရပါတယ်။ သို့သော်လည်း မူလအသည်းကင်ဆာက တဆင့်ခံ အသည်းကင်ဆာထက် အဖြစ်နည်းပါတယ်။

Secondary Liver Cancer (နောက်ဆက်တွဲ အသည်းကင်ဆာ)
တခြားနေရာတွေမှာ အစဦး ဖြစ်ပွားတဲ့ ကင်ဆာဆဲလ်တွေက အသည်းကို ပြန့်နှံ့ရောက်ရှိလာလို့ တဆင့်ခံ ဖြစ်ပွားတဲ့ အသည်းကင်ဆာ ဖြစ်ပါတယ်။ အသည်းဟာ တခြားအင်္ဂါအစိတ်ပိုင်း အားလုံးနီးပါးနဲ့ ဆက်စပ် ပတ်သက်နေတဲ့အတွက်ကြောင့် တခြားအင်္ဂါ အစိတ်ပိုင်းမှာ ကင်ဆာဖြစ်ပါက အသည်းကို အလွယ်တကူ ပြန်နှံ့နိုင်ပြီး အသည်းကင်ဆာရသူ အများစုမှာ Secondary Liver Cancer ရသည့် ဦးရေက မူလအစဦးကင်ဆာ ရသူထက် အဆနှစ်ဆယ် ပိုများပါတယ်။ ထို့အတူ Secondary Liver Cancer ကိုလည်း မူလရောဂါ စဖြစ်တဲ့ နေရာနှင့်ပဲ အမည်ပေးလေ့ရှိပါတယ်။ ဥပမာ စအိုကင်ဆာက ပြန့်နှံ့လာတဲ့ အသည်းကင်ဆာဖြစ်ရင် Metastatic bowel cancer လို့ ခေါ်လေ့ရှိပါတယ်။ မူလဖြစ်တဲ့နေရာမှာ ကင်ဆာကို စတွေ့တဲ့အချိန်မှာ နောက်ဆက်တွဲ ပြန့်နှံ့လာလို့ ဖြစ်လာတဲ့ အသည်းကင်ဆာကိုပါ တခါတည်းတွေ့တာ ရှိသလို နောက်မှ ထပ်တွေ့တာလည်း ရှိနိုင်ပါတယ်။

အသည်းကင်ဆာရဲ့ လက္ခဏာများ
မူလ အသည်းကင်ဆာ၌ အစပိုင်းမှာ ထူးခြားသည့် လက္ခများကို မတွေ့ရပါ။ နောက်ပိုင်း အခြေအနေ ဆိုးလာမှ သိရှိရတဲ့ အသည်းကင်ဆာရဲ့ လက္ခဏာ များကတော့…
(၁) အားနည်းပြီး မောပမ်းနွမ်းနယ်နေခြင်း
(၂) အသည်းတည်ရှိရာ နေရာဖြစ်တဲ့ နံရိုးတွေရဲ့ အောက်ဘက်ရှိ ၀မ်းဗိုက်ရဲ့ ညာဘက်အပေါ်ဒေါင့်မှာ နာကျင်ခြင်း၊
(၃) ကိုယ်အလေးချိန် ကျဆင်းခြင်း
(၄) အစားအသောက်ပျက်ခြင်း
(၅) မျက်လုံးနဲ့ အသားရောင်များ ၀ါလာခြင်း
(၆) ပျို့ချင်အန်ချင်ခြင်း
(၇) ၀မ်းဗိုက်ဖေါင်းပွလာခြင်း
(၈) အဖျားဝင်ခြင်း စတဲ့လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

အသည်းကင်ဆာကို အဆင့် သတ်မှတ်ခြင်း
ကင်ဆာရောဂါ ရှိကြောင်း စတင်စမ်းသပ်တွေ့ရှိသည်နှင့် ပြန့်နှံ့မှု ရှိမရှိဆိုတာကိုပါ တခါတည်း တွေ့ရှိရပါတယ်။ မူလစတင်ဖြစ်ပွားတဲ့ နေရာကနေ ပြန့်နှံ့မှု ရှိမရှိနှင့် ပြန့်နှံ့မှု ရှိသော်လည်း ဘယ်အတိုင်းအတာထိ ပြန့်နှံ့နေပြီဆိုတဲ့အပေါ် မူတည်ပြီး ရောဂါအဆင့်ကို သတ်မှတ်ပါတယ်။
အဆင့် (၁) ကင်ဆာရဲ့ အရွယ်အစား ၂ ဆင်တီမီတာထက် မပိုသေးခြင်းနှင့် စတင်ဖြစ်ပွားတဲ့နေရာကလွဲပြီး တခြားဘယ်မှ မပြန့်နှံ့သေးသည့်အဆင့်။
အဆင့် (၂) ကင်ဆာက အသည်းထဲရှိ သွေးကြောများအထိ ပြန့်နှံ့နေခြင်း (သို့) ကျူမာအရေအတွက် တခုထက်ပိုရှိနေခြင်း
အဆင့် (၃) A: ကင်ဆာ အရွယ်အစား ၅ ဆင်တီမီတာထက် ပိုကြီးနေခြင်း (သို့) အသည်းရဲ့ အနီးတ၀ိုက် သွေးကြောများအထိ ပြန့်နှံ့နေခြင်း
အဆင့် (၃) B: ကင်ဆာက အသည်းအနီးအနားရှိ တခြားအင်္ဂါအစိတ်အပိုင်း အထိ ပြန့်နှံ့နေခြင်း။ သို့သော်လည်း ပြန်ရည်ကြော အဖုထိ မရောက်သေးခြင်း။
အဆင့် (၃) C: ကင်ဆာက အနီးအနားတ၀ိုက် အင်္ဂါအစိတ်အပိုင်း တခုခု အပြင် ပြန်ရည်ကြောဖုအထိ ပြန့်နှံ့နေခြင်း
အဆင့် (၄) ကင်ဆာက အနီးအနားရှိ အင်္ဂါအစိတ်မပိုင်းများ၊ ပြန်ရည်ကြောဖုအတွင်းနှင့် အဝေးထိ တခြားအင်္ဂါအစိတ်အပိုင်းအထိ ပြန့်နှံ့နေခြင်း စသည်ဖြင့် ၆ ဆင့်ခွဲခြားထားပါတယ်။

Progranosis ကုသနိုင်သည့် အခွင့်အလမ်း
အခြေအနေအပေါ် မူတည်ပြီး Primary Cancer ကို စောစွာ တွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်သည့် အခွင့်အလမ်း ရှိနိုင်ပါတယ်။ Secondary Cancer ကိုတော့ ပြန့်နှံ့နေပြီ ဖြစ်တဲ့အတွက် ကုသမှုဖြင့် လုံးဝ အမြစ်မပြတ်နိုင်တော့သော်လည်း အသက်ဆက်လက် ရှင်သန်နိုင်သည့်ကာလကို အတတ်နိုင်ဆုံး ပိုမိုရှည်လျားစေရန်နှင့် နာကျင်ခြင်းကို သက်တောင့်သက်သာ ရှိစေရန် ကုသမှုကို ခံယူနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနေသည်ကို စမ်းသပ်တွေ့ရှိရတဲ့ ဆရာဝန်က ကလေးနှင့်စိတ်ပုံမှန် မဟုတ်သော လူနာမဟုတ်ရင် လူနာရဲ့ ရောဂါနဲ့ အခြေအနေ (ကင်ဆာရောဂါ ရောက်ရှိနေသည့်အဆင့်) ကို ထိန်ချန် ဖုံးကွယ်ထားပိုင်ခွင့် မရှိပါ။ ကုသနိုင်သည့် လမ်းကြောင်း ဘယ်နှစ်ခုရှိပြီး လမ်းကြောင်းတခုစီရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို ဆရာဝန်က လူနာ နားလည်အောင် ရှင်းပြရပါတယ်။ ဆက်လက်ကုသမှုအတွက် ဆရာဝန်ရှင်းပြတဲ့ လမ်းကြောင်းတွေအထဲက မိမိအတွက် အကောင်းဆုံး ထင်တဲ့လမ်းကြောင်းကို လူနာက ရွေးချယ်ရပါတယ်။ မိမိရွေးချယ်တဲ့ ကုသမှု လမ်းကြောင်းရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို မိမိသိဖို့လိုပါတယ်။
အသည်းကင်ဆာကို ကုသရာမှာ အသည်းပြင်ပသို့ ကင်ဆာဆဲလ် မပြန့်နှံ့သေးတဲ့ Primary အဆင့်မှာ ကုသပါက ခွဲစိတ်ကုသပြီး အသည်းအစိတ်အပိုင်းကို ဖြတ်ထုတ်ခြင်းမှသည် အသည်းအစားထိုး ကုသခြင်းအထိရှိပြီး လုံးဝပျောက်ကင်းအောင် ကုလို့ နိုင်ပါတယ်။ အသည်းကို ခွဲစိတ်ကုသရာမှာ တခြားအင်္ဂါအဖွဲ့အစည်းတွေကို ခွဲစိတ်ကုသထာထက် အားကောင်းသည့် အချက်မှာ အသည်းဟာ သုံးပုံနှစ်ပုံခန့် ဖြတ်ထုတ်ခံရသည့်တိုင်အောင် ဖြတ်ထုတ်ခံရသည့် အစိတ်အပိုင်းနေရာမှာ ဆဲလ်တွေ ပြန်ပွားပြီး နှစ်ပတ်မှ တလနှစ်လ ကာလအတွင်း မူလအသည်း ဖွဲ့စည်းပုံနှင့် အရွယ်အစားအတိုင်း သူ့အလိုလို ပြန်ဖြည့်စွက်ပေးခြင်း ဖြစ်ပါတယ်။

မိမိ (သို့) မိမိ မိသားစုအဖွဲ့ဝင် တဦးဦးမှာ ကင်ဆာ ရှိပြီဆိုတာ သိတာနဲ့ Dignosis လုပ်ပေးတဲ့ ဆရာဝန်ကို ကင်ဆာ အမျိုအစားနှင့် အဆင့်အပါအ၀င် ကုသာရန်အတွက် မိမိသိချင်တာ သိသင့်တာ အကုန်မေးဖို့ တကယ်လိုအပ်ပါတယ်။ ရောဂါ ကုသမှုကို တိုင်ပင်ရန် ဆရာဝန်က အဓိကဖြစ်သော်လည်း ကင်ဆာရောဂါကို ကုသရာမှာ Health Care Team တခုလုံးက တာဝန်ယူပါတယ်။ ကျန်းမာရေးကို အစိုးရတာဝန်ယူသည့် နိုင်ငံများတွင် ကင်ဆာ ရရှိသည့် လူနာများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုအတွက် ဆက်သွယ်ရန် ဌာနတွေ၊ Services တွေ များစွာ ရှိပါတယ်။ လူနာအနေနှင့် ဘယ်လို Services ကို ရရှိနိုင်ပြီး အဲဒီ Service တွေအတွက် ကုန်ကျစာရိတ်ကို အစိုးရက တာဝန်ယူမှု ရှိမရှိ၊ မရှိပါက မိမိအနေနှင့် စိုက်ထုတ်နိုင်ဖို့ ကုန်ကျနိုင်သည့် ခန့်မှန်းခြေစာရိတ် စတာတွေကို ဆရာဝန်နှင့် အကုန်လုံး မေးမြန်းတိုင်ပင်သင့် ပါတယ်။

ဆရာဝန်ကို မေးမြန်းသင့်သည့် မေးခွန်းများ
(၁) မိမိမှာ diagnosis လုပ်ထားတဲ့ အသည်းကင်ဆာက ဘာအမျိုးအစား အသည်းကင်ဆာလဲ။
(၂) ကင်ဆာက အသည်းရဲ့ အပြင်ကို ပြန့်နှံ့နေပြီလား။ အကယ်၍ ပြန့်နှံ့နေပါက ဘယ်အထိ ရောက်နေပြီလဲ။
(၃) မိမိမှာ ရှိတဲ့ အသည်းကင်ဆာက ဘယ်အဆင့်မှာ ရှိလဲ။
(၄) ကုသနိုင်တဲ့ အခွင့်အလေမ်း အတိုင်းအတာက ဘယ်အထိ ရှိလဲ။
(၅) ဘယ်လို စမ်းသပ်မှုတွေကို ထပ်လုပ်ဖို့လိုလဲ။
(၆) ဘယ်လို ကုသမှုကို အကြံပြုတိုက်တွန်းချင်လဲ။
(၇) ကုသမှု တခုစီမှာ ရှိတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဆက်ပွားပြဿနာတွေက ဘာတွေလဲ။
(၈) တခြား ရွေးချယ်စရာ ဘာများရှိသေးလဲ။ အကယ်၍ မရှိဘူး ပြောပါက ဘာကြောင့်လဲ။
(၉) တခြား ဖြည့်စွက်ကုသနည်း (Complementary Therapy) တွေနဲ့ ကုသလို့ ရတာ ဘာတွေရှိနိုင်လဲ။
(၁၀) ဆေးရုံမှာ ဘယ်လောက် ကြာကြာနေရမလဲ။
(၁၁) ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရမလဲ။
(၁၂) Chemotherapy က ဘာအတွက် အသုံးပြုလဲ။ ဆိုးကျိုးတွေက ဘာရှိလဲ။
(၁၃) ကင်မိုသရဖီအတွက် ကုန်ကျစာရိတ် ဘယ်လောက်ရှိလဲ။
(၁၄) ဒီကုသမှုက မိမိရဲ့ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားခြင်းဆိုင်ရာကို ထိခိုက်နိုင်ပါသလား။
(၁၅) ဘယ်လောက်မှာ ဘယ်နှစ်ကြိမ် တခါ (How ofteen) စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ဖို့ လိုအပ်သလဲ။
(၁၆) ကုသမှု တခု ပြီးဆုံးသွားပြီးနောက် နောက်တကြိမ် ကင်ဆာ ပြန်ထလာရင် ဘယ်လိုဆက်လုပ်ရမလဲ စသည့်တို့ ပါဝင်နိုင်တဲ့ မိမိ သိချင်တဲ့ အချက်တွေအားလုံးကို ဆရာဝန်နှင့် မေးမြန်း တိုင်ပင်ဖို့ လိုအပ်ပြီး ကုသမှုကို ခံယူသင့်ပါတယ်။



Bibliography
Cancer Council NSW. (2007). Understanding liver cancer: A Guide for people with cancer, their families and friends. NSW: Cancer Conucil NSW.


Read More...

Thursday, December 31, 2009

အသည်းအစားထိုးခြင်း........(၂)

အသည်းအစားထိုးခြင်းအကြောင်း နည်းနည်းပြောပြီးသွားတော့ အဘယ့်ကြောင့် ၀မ်းနည်းရတာကို ဆက်လက်ရေးသားလို့ပါသည်။ အဆိုပါ ခွဲစိတ်မှုကို နိုင်ငံတော်က အားလုံးကုန်ကျခံကာ ပြုလုပ်ပေးသောကြောင့် ဖြစ်ပါသည်။ သိန်း ကို ရာနှင့်ချီကာ ကုန်ကျမည် ဖြစ်သည်။ အတိအကျတော့ ကျွန်တော် မတွက်တတ်ပါ။ ဆေးဖိုး၊ infrastructure ဖိုး၊ နိုင်ငံခြားသို့သွားရောက်လေ့လာရသည့် စရိတ်များကို ထည့်တွက်ပါက သိန်း ၅၀၀ အောက်တွင် မရှိပါ။ မြန်မာနိုင်ငံတွင် လူတစ်ယောက်အတွက် ကျန်းမာရေးကုန်ကျစရိတ်သည် ပျမ်းမျှအားဖြစ် ကျပ် ရာဂဏန်းရှိပါသည်။ အခုတော့ လူတစ်ယောက်တည်းအတွက် သိန်း ၅၀၀ အကုန်ခံလိုက်တယ်ဆိုတော့....... အဆိုပါလူသည် ထိုမျှ ကုန်ကျခံရလောက်အောင် တိုင်းပြည်ကို အကျိုးပြုမည့် သူလား၊ ၅၀၀ ရင်းလျင် သိန်းနှင့် ချီ ပြီး ပြန်လည် ပေးဆပ်မည့်သူလား...... ဒါမ မဟုတ် ငါတို့ဆီမှာ ခွဲနိုင်တယ်ကွ ဆိုပြီး လက်မထောင်နိုင်ဖို့ သက်သက်ပဲလား....... အစရှိသည့် မေးခွန်းများအတွက် ကျွန်တော့်ထံတွင် အဖြေမရှိပါ။

သွေးလှည့်စက်မရှိလို့၊ သွေးလှူ ဘဏ်မ ရှိလို့၊ မီးမလာလို့၊ သွေးရည်ကြည်မသွင်းရလို့၊ အပြစ်မဲ့စွာ သွေးလွန်တုတ်ကွေးကြောင့် သေဆုံးသွားတဲ့ ကလေးတွေအတွက်........နယ်စပ်ကနေ ၀င်ချင်တိုင်းဝင်လာတဲ့ ငှက်ဖျားဆေးအတုတွေကြောင့် မသေသင့်ဘဲသေနေရတဲ့ ငှက်ဖျားလူနာတွေအတွက်........ အရည်အသွေး မပြည့်မှီတဲ့ TB ဆေးတွေသောက်ပြီး TB ရောဂါကို အကြိမ်ကြိမ် ကုသခံနေရသူတွေအတွက်........လုံလောက်တဲ့အသိပညာမရှိလို့ ကိုယ်ဝန်ဖျက်ချရင်း အသက်သေဆုံးသွားကျတဲ့ အမျိုးသမီးငယ်တွေအတွက်......လုံလောက်တဲ့ ကျန်းမာရေးပညာပေးမှုတွေ မရှိလို့ HIV ၊ hepatitis B အစရှိတဲ့ ရောဂါတွေ ကူးစက်ခံနေရသူတွေအတွက်သာ အဲဒီ သိန်း ၅၀၀ နှင့် အထက် ကုန်ကျငွေကို အသုံးချခဲ့လို့ ရှိရင်.... ရလဒ်များသည် အများကြီး မဟုတ်တောင် အနည်းငယ်တော့ ပြောင်းလဲလာမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော သတင်းများသည် သတင်းစာ ခေါင်းစဉ်းများ၊ ဂျာနယ်ခေါင်းစဉ်းများတွင် ထည့်ရလောက်အောင် မခမ်းနား၊ မကြီးကျယ်၊ ငါလုပ်လိုက်တာကွ ဆိုပြီးတော့လည်း လက်မထောင်လို့မရ။



ကျွန်တော်တို့ဆီမှာ Resource Allocation နဲ့ပတ်သက်လာရင် Economic based thinking and priority လုပ်တဲ့အကျင့်တွေကို ထားရှိဖို့ လိုလာပါပြီ။ ကျွန်တော်တို့ဟာ ဒီတိုင်းပြည်မှာ နှစ်အကြာဆုံး ပညာရေးနှင့် ထိတွေ့ခဲ့သူတွေပါ။ ဘယ်သူမှ ဆရာဝန်တွေလောက် အကြာကြီး ကျောင်းမတက်ရပါဘူး။ အဲဒီတော့ ဆရာဝန်တွေက သာမန်လူတွေထက်တော့ အကောင်းအဆိုးကို ပိုပြီး ခွဲခြားပိုင်းဖြတ်နိုင်လိမ့်မယ်လို့ ယူဆလို့ရနိုင်ပါတယ်။ (လက်တွေ့တွင် ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ မပြောတော့ပါဘူး) ကျွန်တော်တို့ရဲ့ customer ဟာ ပြည်သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ပြည်သူအများစုရဲ့ ကျန်းမာရေးတိုးတက်မှုကသာ အဓိက ဦးစားပေးဖြစ်သင့်ပါတယ်။ ဒီကိစ္စဟာ စီးပွားရေးကိစ္စတစ်ခုတည်း မဟုတ်ပါ။ ကျင့်ဝတ်ပိုင်း၊ စိတ်ဓာတ်အဆင့်အတန်း နှင့်လည်း သက်ဆိုင်ပါသည်။ ကျွန်တော်တို့မှာ ရွေးချယ်စရာလမ်းနှစ်လမ်းရှိသည်။ လက်ရှိအတိုင်း ငပျင်းကျပြီးနေမလား။ လွယ်သည်။ သက်သာသည်။ ကိုယ်လုပ်ချင်တာလုပ်လို့ရသည်။ သို့သော် ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရမှာက ငါသေသွားရင် ငါ့သမိုင်းကို ဘယ်လိုချန်ခဲ့မှာလဲ။ ငါဟာ လုပ်ပိုင်ခွင့်တွေရှိပါလျက်နဲ့ လူအများအကျိုးယုတ်မည့် လမ်းစဉ်တွေကို ချမှတ်ခဲ့တာလား အစရှိသဖြင့် မေးခွန်းများကို ကိုယ့်ကိုကိုယ် ပြန်မေးကြည့်သင့်သည်။ နောက်ထပ်နည်းလမ်တစ်ခုကတော့ ခက်သည်။ အများကြီး ပြောင်းလဲရမည်။ အောင်မြင်ဖို့တော့ မသေချာ။ အများကြီး ကြိုးစားအားထုတ်ရမည်။ သို့သော် ပြည်သူများအတွက် တဖြည်းဖြည်းချင်း အကျိုးရှိလာမည်ဖြစ်သည်။ ကဲ....ကျွန်တော်တို့ ဘယ်လမ်းရွေးကြမလဲ။


စာကြွင်း။ ။ စာလုံးပေါင်းအမှားများ ပါရှိသည့်အတွက် တောင်းပန်အပ်ပါသည်။

Read More...

အသည်းအစားထိုးခြင်း........(၁)

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် အသည်းအစားထိုးကုသမှုကို ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ ကြားသိရပါတယ်။ အဓိက ခွဲစိတ်ဆရာဝန်ကတော့ ဆရာကြီးဦးနော်မန်လှ ဖြစ်ပြီး လူနာကတော့ အသက် ၄၉ နှစ်ရှိ အမျိုးသားတစ်ဦးလို့ သိရှိရပါတယ်။ ၂၀၀၄ ခုနှစ်တုန်းကလည်း ယခုကဲ့သို့ပင် အသည်းအစားထိုးကုသခြင်းကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဆရာကြီး ဖြစ်ပါတယ်။ ၂၀၀၄ တုန်းက လုပ်တာက လူသေက အသည်းကို လူရှင်မှ အစားထိုးတာ၊ အခုလုပ်တာကတော့ လူနာရဲ့ အသည်းကို ထုတ်ပြီး လူအရှင်ရဲ့ အသည်းတစ်ဝက်ကို အစားထိုးကုသတာ ဖြစ်ပါတယ်။ ထိုသတင်းကို ကြားသောအခါ ၀မ်းလည်း သာသလို ၀မ်းလည်းနည်းမိသည်။ ၀မ်းနည်းတာက ပိုပါသည်။


အဘယ့်ကြောင့် ၀မ်းသာရသလဲဆိုတာကတော့ မပြောတော့ပါ။ ကိုယ့်တိုင်းပြည်မှာ ဆေးပညာ တိုးတက်ဖွံ့ဖြိုးလာတာ ၀မ်းသာစရာပင်ဖြစ်သည်။ ၀မ်းနည်းစရာကတော့ အဆိုပါ တိုးတက်မှုတွေက ပြည်သူတွေကို တကယ်ကော ကောင်းကျိုးပြုမှာ မို့လို့လား ဆိုသည့် မေးခွန်းကြောင့်ပင်ဖြစ်သည်။ ဤ သတင်းဆောင်းပါးကို ဖတ်ပြီး ကိုယ့်ဘာသာကို မေးခွန်းများ မေးကြည့်နေမိသည်။ ရလာတဲ့အဖြေတွေကတော့ အခြေအနေသိပ်မကောင်းလှပါ။

ဆောင်းပါးကို ဆက်လက်မရေးသားမီ အသည်းအစားထိုးခြင်း အကြောင်း အနည်းငယ် ပြောပြလိုပါသည်။ ကျွန်တော်သည် ခွဲစိတ်အထူးကု တစ်ယောက်မဟုတ်သောကြောင့် ကျွန်တော်ပြောပြသည့်အချက်များသည် မှားကောင်း မှားနိုင်ပါသည်။ ထိုသို့ မှားယွင်းခဲ့ပါက တတ်သိနားလည်သူများက ထောက်ပြ ပေးနိုင်လိမ့်မည်ဟုလည်း ယုံကြည်ပါသည်။ အသည်းအစားထိုးသည် ဆိုသည်ကား လူတစ်ယောက်၏ အသည်းသည် အသက်ရှင်ရပ်တည်ရန်အတွက် လုံလောက်သည့် လုပ်ငန်းဆောင်တာများကို မလုပ်ဆောင်နိုင်တော့သောကြောင့် အခြားသော လူ (သို့မဟုတ်) animal ဆီမှ အသည်းကို အစားထိုးကာ အလုပ်လုပ်ခိုင်းရခြင်း ဖြစ်ပါသည်။ လွယ်လွယ်ပြောရရင်တော့ ကားတွေမှာလို တာယာမကောင်းလို့ လဲတဲ့သဘောပါပဲ။ သို့သော် လူ၏ ခန္ဓာကိုယ်သည် သူတစ်ပါး၏ အသည်းကို လွယ်လွယ်ကူကူ လက်မခံပါ။ ကိုယ့်ပစ္စည်း မဟုတ်သောကြောင့် ဖြစ်သည်။ လူ၏ ခုခံအားစနစ်က အဆိုပါ အသည်းကို ပျက်စီးသွားသည်အထိ ပြန်လည်တိုက်ခိုက်ပါသည်။ ထို့ကြောင့် အသည်းအစားထိုးမည်ဆိုပါက လက်ခံမည့်လူနာ၏ ကိုယ်ခံအားစနစ်အား သုညအဆင့်သို့ရောက်အောင် လျှော့ချပစ်ရပါသည်။ သို့မှသာ အလှူရှင်၏ အသည်းကို လူနာ၏ ကိုယ်ခံအားစနစ်မှ လက်ခံနိုင်မည်ဖြစ်သည်။ ထိုသို့ ကိုယ်ခံအားစနစ်ကို လျှော့ချပစ်ရန်အတွက် ဆေးအပြင်းစားများကို အသုံးပြုရပါသည်။ ထိုအခါ လူသည် အလိုလိုနေရင်း ကိုယ်ခံအား မရှိတော့သောကြောင့် ပြင်ပရောဂါပိုးများ အလိုလိုနေရင်း ၀င်ရောက်ကာ ဒုက္ခပေးနိုင်ပါသည်။ ထို့ကြောင့် အဆိုပါ လူနာကဲ့သို့ ကိုယ်ခံအားကို ချထားသူများကို ရောဂါပိုး ကင်းစင်သည့် အခန်းများတွင် သီးသန့်ထားရပါသည်။ ယခုကဲ့သို့ ဆေးများသုံးခြင်းနှင့် ရောဂါပိုးကင်းစင်သည့် အခန်းများပြုလုပ်ရခြင်းနှင့် ထိန်းသိမ်းရခြင်းသည် လွန်စွာမှ ငွေကြေး အကုန်အကျများလှပါသည်။ အကုန်အကျသက်သာအောင် လျော့လျော့ပေါ့ပေါ့လုပ်ပါက လူနာ၏ အသက်အန္တာရယ် ရှိပါသည်။ ကိုယ်ခံအားစနစ်လုံးဝ ပျက်စီးသွားပါက အလှူရှင်၏ အသည်းကို လက်ခံနိုင်ပြီ ဖြစ်ပါသည်။ အသည်း၏ ထူးခြားချက်မှာ ဘယ်ဘက်နှင့် ညာဘက်ဆိုပြီး နှစ်ခြမ်းရှိသည့်အနက် တစ်ခြမ်းရှိပါက လူအသက်ရှင် ရပ်တည်ရန် လုံလောက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် တစ်ခြမ်းမှ နှစ်ခြမ်း ဖြစ်အောင် ပြန်လည်ပွားနိုင်စွမ်း ရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အလှူရှင်တစ်ယောက်သည် မိမိ၏ အသက်ကို မထိခိုက်ဘဲ မိမိ၏ အသည်းတစ်ခြမ်းအား လှူနိုင်ပါသည်။ ထိုသို့ အသည်းတစ်ခြမ်းအား မူလပျက်စီးနေသည့်အသည်းနေရာတွင် အစားထိုးပြီးပါက ခွဲစိတ်မှုပြီးဆုံးပြီ ဖြစ်သည်။ သို့သော် အောင်မြင်လား မအောင်မြင်လားဆိုတာ ဂျာနယ်တွေမှာ ဖော်ပြသလောက် ခန့်မှန်းရ မလွယ်ကူချေ။ ခွဲစိတ်ပြီးသား လူနာနှစ်ယောက်စလုံး( အလှူရှင် နှင့် လက်ခံသူ)ကို အထူးကြပ်မပ် ကုသစောင်တွင် အနည်းဆုံး ၁ ပတ်မှ ၂ ပတ်အထိ စောင့်ကြည့်ရပါမည်။ ထိုအချိန်တွင် ပြဿနာပေါင်းစုံဝင်နိုင်သည်။ အထူးကြပ်မပ်ဆောင်ဆိုသည်ကား ရောဂါပိုးများ အလုံးစုံကင်းစင်သောနေရာမဟုတ်ပါ။ ကိုယ်ခံအား သုညဖြစ်နေသောလူနာအတွက် အန္တာရာယ်များလှပါသည်။ ပြဿနာထဲတွင် အဆိုးဆုံးကား အဆိုပါ အသည်းကို လူနာမှ လက်မခံခြင်း (reject) လုပ်ခြင်းပင် ဖြစ်သည်။ ကိုယ်ခံအားကိုချထားသည့်ဆေးများ အာနိသင်ပျယ်သည်နှင့် ဖြစ်လာနိုင်သည်။ ထိုအခါ ကျောက်ကပ်ပျက်စီးပြီး အသက်ကို သေစေနိုင်သည်အထိဒုက္ခပေးနိုင်ပါသည်။ သို့သော် ဖြစ်နိုင်ချေရာခိုင်နှုန်းတော့ နည်းပါသည်။ တစ်လအတွင်း reject မဖြစ်ပါက တော်တော် အခြေအနေကောင်းလာပြီဖြစ်သည်။ ခွဲစိတ်မှုပြီးသောကြောင့် ကိုယ်ခံအားကို ပြန်တင်ရပါမည်။ သို့ရာတွင် ကိုယ်ခံအားကျဆေးတွေကို ရုတ်တရက် ဖြတ်လိုက်လို့မဖြစ်၊ ဖြည်းဖြည်းချင်း ဖြတ်ရမည်။ သို့မှသာ body က အသည်းကို လက်ခံမည်ဖြစ်သည်။ ဘာနဲ့တူလဲဆိုတော့ အိမ်ကယောကျား အတင်းပေးစားသောကြောင့် မယူချင်ယူချင်ဖြင့် ယူလိုက်ရသည်။ ယူပြီးပြီးချင်း ထိုယောက်ကျားကို အရမ်းမုန်းမိသည်။ ဒါပေမယ့် ကြာလာတော့ သံယောဇဉ် တွယ်မိပြီး ချစ်သွားတာမျိုးဖြစ်သည်။ တဖြည်းဖြည်းဖြင့် လက်ခံလာအောင် လုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ခွဲပြီးရင်လည်း ဆေးတွေ အကြာကြီး ထပ်သောက်ရအုံးမည်ဖြစ်သည်။

အဆိုပါလူနာကို မစွပ်စွဲလိုသော်လည်း မြန်မာပြည်တွင် အသည်းခြောက်ရခြင်း၏ ၉၅ ရာခိုင်နှုန်းလောက်ကို အရက်အလွန်အကျွန် သောက်သူတွေမှာ တွေ့ရပါသည်။ အသည်းရောင် အသားဝါ ဘီ ပိုးရှိသူတွေမှာလည်း ဖြစ်နိုင်ပါသည်။ သို့သော် သူတစ်ခုတည်းကြောင့် ဖြစ်သည်ကားရှား၏။ ဖြစ်ရင်လည်း အသည်းအစားထိုးရလောက်အောင်အထိ ဖြစ်လေ့မရှိပါ။ ဆေးသောက်ပါက မခွဲစိတ်ရအောင် ရှောင်လွဲနိုင်ပါသည်။ အရက်သမားသည် ဘီပိုးပါ ရှိပါက အသည်းပျက်စီးနှုန်း ၂ ဆ မက မြင့်တက်သွားနိုင်ပါသည်။ အသည်းကင်ဆာသို့လည်း ပြောင်းသွားနိုင်သည်။


Read More...

Monday, September 7, 2009

(စီ) ပိုး၊ Hepatitis C


စကားထာဖွက်မယ်။ အေမဟုတ် ဘီမဟုတ်ဆိုတာ ဘာလဲ။

အသဲရောင်အသားဝါရောဂါဟာ ရာဇ၀င်နဲ့ပါ။ လွန်ခဲ့တဲ့ ရာစုနှစ်တ၀က်လောက်က တမျိုးထဲဆိုရလောက်အောင် လူသိလဲ နည်း၊ ဆိုးဝါးတာလဲ မဟုတ်ပါ။ မကြာခင် နောက်တမျိုးပေါ်လာတယ်။ နောက်ပေါ်က အတော် ဆိုးတယ်။ နာမည်တပ်တော့ အလွယ်ဆုံး ရွေးလိုက်တယ်။ အကြီးကောင်က အေ၊ နောက်ပေါက်ကို ဘီ။ မကြာပါဘူး၊ လူဦးရေ တိုးလာတော့ တတိယ အကောင်ကို အေမဟုတ် ဘီမဟုတ်လုပ်လိုက်ကြရော။ ခုဆို မွေးချင်း ၆ ယောက်တောင် ရှိနေပြီ။ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ နဲ့ ဂျီ။ တကယ်လို့ ၂၆ ထက်ကျော်ရင် ကားနံပါတ်ပေးရသလို လုပ်မှာပေါ့။

လူတကိုယ်မှာ အသဲတခုသာရှိပြီး၊ သူ့ကို စက်ရုံတခုလို့ တင်စားကြတယ်။ စားသမျှ၊ သောက်သမျှ၊ ကိုယ်ကနေ ထုတ်သမျှထဲက အဆိပ်အတောက် မှန်သမျှကို ခြေဖျက် သန့်စင်ပေးတယ်။ (ပရိုတင်း) နဲ့ အချို(သကြား)တွေကိုလဲ အသဲကပဲ ခန္ဓာကိုယ်ကနေ အသုံးပြုနိုင်အောင် ပြုပြင်ပေးတယ်။ ဒါတင်မက ဗီတာမင်၊ ဟော်မုန်း၊ (ကိုလက်စတီရော)၊ နဲ့ ဓါတ်ဆားတွေကိုလဲ လိုတဲ့အခါ ထုတ်ပေးဘို့ ဂိုထောင်လုပ်ပေးသေးတယ်။ စက်ရုံရော (၀ဲယားဟောက်စ်)ပါ ဖြစ်ရော။

အသဲရောင်ရတဲ့ အကြောင်းတွေထဲမှာ ဗိုင်းရပ်စ် အပြင် ဆေးတချို့၊ ရောဂါတချို့၊ အဆိတ်အတောက် နဲ့ ဗက်တီးရီးယား တွေလဲပါတယ်။ ဗိုင်းရပ်စ် အသဲရောင်ရောဂါကို ပိုးနာမယ်တွေအတိုင်း A, B, C, D, E, G ဆိုပြီး၊ ၆ မျိုး ခွဲထားတယ်။ (အေ) နဲ့ (အီး)တို့က ပါးစပ်ကနေ၀င်၊ စအိုကနေထွက်တဲ့လမ်းကြောင်းကနေ ကူးစက်တာ။ သိပ်မခံရပါဘူး။ ကုရတာကလည်း အနားယူ၊ ရေနဲ့အရည် များများအသောက်ခိုင်းယုံပါ။ (အီး)က ကုလားဗျ။ နယူးဒေလီမှာ စတွေ့ခဲ့တာ။ (ဘီ) အကြောင်းကိုတော့ ဆိုးလို့ သီးခြားရေးထားပါတယ်။ နောက်မှပေါက်တဲ့ရွှေကြာပင် (ဂျီ)ကတော့ လူမသိ-သူမသိ ရှိပါသေးတယ်။ (အက်ဖ်)ဆိုတာကို လူရာမသွင်းဘူး။

(စီ)က အဆိုးဆုံး။ (ဘီ)လိုဘဲ ဆိုးတာချင်းအတူတူ ကာကွယ်ဆေး မပေါ်သေးဘူး။ (စီ)ပိုးက ဒုတိယကမ္ဘာစစ် လောက်ကတည်းက ရှိခဲ့ပေမဲ့ နာမယ်ပေး ကင်ပွန်းတပ်ခံရတာက အသက် ၅၀ ရှိလို့ ၁၉၈၉ ကြမှပါ။ အရင်ကတော့ သူ့ကို အေမဟုတ်-ဘီမဟုတ်လို့ ခေါ်ခဲ့တဲ့အကောင်ပေါ့။

Hepatitis C virus (HCV) ဗိုင်းရပ်စ် စီ ပိုးဝင်ရင် သာမန်ကာရှန်ကာ ၁ ပါတ် ၂ပါတ်လောက်သာ ခံစားရတာမျိုးနဲ့ အသက်ကိုပါ ရန်ရှာတဲ့အဆင့်မျိုး ဖြစ်နိုင်တယ်။ အဆိုးနှစ်ကောင်ဖြစ်တဲ့ ဘီ နဲ့ စီ မတူတာက ဘီပိုးဟာ အထဲဝင်ပြီး၊ ကင်းစင်သွားနိုင်ပေမဲ့ စီပိုးကတော့ အမြဲ ရှိနေတတ်တယ်။ ဘီပိုးက လိင်ကနေတဆင့် ကူးစက်တာ များပြီး၊ စီပိုးကတော့ သွေးကတဆင့် ကူးတာက အဓိက ဖြစ်တယ်။

(စီ) ဖြစ်ရင် ရောဂါလက္ခဏာမရှိဘဲ နေတတ်လို့၊ အတော်များများက ဆေးစစ်တဲ့အခါ အမှတ်မထင် ပိုးရှိနေတာကို တွေ့ကြရတယ်။ တယောက်ယောက်မှာ (စီ)ပိုး တွေ့တယ်လို့ဆိုရင် သူဟာ ကမ္ဘာပေါ်က လူပေါင်း သန်း ၁၇၀ ထဲက တယောက်ပါ။ အကြောက်မကြီးအောင် ပြောရရင် ၁၀၀ မှာ ၈၀-ဂ၅ ယောက်လောက်က နာတာရှည် မဖြစ်ကြပါ။ နာတာရှည်ကနေ နောက်ဆက်တွဲ ဆိုးဝါးတာတွေဖြစ်တဲ့ ရာနှုန်းကလည်း ၅ ဂဏန်းအောက်မှာပါ။

နာမည်ကြီးလူဆိုး AIDS ဖြစ်စေတဲ့ HIV နဲ့ မတူတာက ပိုးရှိတဲ့မအေကနေ ကလေးကို စီမှာက ၅% လောက်သာ ကူးစေနိုင်ပါတယ်။ ဖအေမှာ စီပိုးရှိနေပေမဲ့ သူ့ကလေးကို (သွေးမထိမချင်း) မကူးဘူး။ လိင်လမ်းကနေ ကူးတာကလဲ HIV နဲ့ B တို့လောက် မဟုတ်ပြန်ဘူး။ (စီ)ကို တလင်တမယား လိင်ကနေကူးတယ်ဆိုတာ ရှားပါတယ်။

သွေး(မစစ်ဘဲ)သွင်းတာ၊ သွေး-သွေးချင်းထိတာ၊ ဆေးထိုးအပ် သီးခြားမသုံးတာ၊ နားကပ် လဲဝတ်တာ၊ မုတ်ဆိပ်ရိတ်ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ (တက်တူး)ထိုးတာ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်တာတွေကနေ ကူးရတာပါ။ ဒါပေမဲ့ ပိုးရှိနေသူ ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲလျောက်တာ၊ နှာခြေ၊ ချောင်းဆိုး၊ တစ်အိမ်တည်း အတူနေတာနဲ့လဲ မကူးဘူး။ ချွေး၊ သွားရည်၊ မျက်ရည်တွေကနေ မကူးပါ။ ပိုးရှိတဲ့မအေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။

(စီ)ပိုး အ၀င်ခံရရင် အစတော့ တုပ်ကွေးလိုပါဘဲ။ မစားချင်မသောက်ချင်၊ အားယုတ်၊ ပျို့ချင်သလိုနေ၊ အဆစ်တွေ အသားတွေနာ၊ သတိထားရင် အသဲရှိရာ ဗိုက်ညာဘက်အထက်နားမှာ နာမယ်။ ကိုယ်ပူတာလဲရှိနိုင်တယ်။ ကြာလာရင် ၀ါလာမယ်။ အများသိကြတဲ့ (ဂျွန်းဒစ်)။ ကြာတယ်ဆိုတာ ဆယ်စုနှစ်နဲ့ချီနိုင်တယ်။ ရောဂါလက္ခဏာမပေါ်ပေမဲ့ ပိုးက အသဲကို ဖျက်နေပြီ၊ သူများကိုလဲ ကိုယ့်သွေးနဲ့ထိရင် ကူးနိုင်နေပြီ။

အသဲက စဖြစ်တော့ မာလာမယ်၊ နောက် အမာရွတ်လိုဖြစ်လာမယ်။ ၁၇% ကနေ ၂၀% လောက်က Cirrhosis အသဲခြောက်တာ ဖြစ်လာနိုင်တယ်။ ဆိုးဝါးလွန်းတဲ့ အဆင့်ရောက်ရင် အသားတွေ ၀ါမယ်၊ စိတ်က တွေးရ-ကြံရတာတွေေ၀၀ါးလာမယ်၊ အရည်တွေများလာလို့ ဗိုက်ဖေါင်းလာမယ်၊ အစာလမ်းကနေ သွေးယိုတာဖြစ်မယ်။ ကံဆိုးသူ ၂% ကတော့ Hepatocellular Carcinoma ခေါ်တဲ့ အသဲကင်ဆာမှာ အဖြစ်အများဆုံးရောဂါ ဖြစ်နိုင်တယ်။

သေခြာအောင်လုပ်ရမှာက သွေးစစ်ပါ။ ပိုးရှိ-မရှိ၊ ပိုးဘယ်လောက်များလဲ၊ Liver biopsy အသဲရဲ့ အသားစ ထုတ်ယူ စစ်ဆေးတာက အသေခြာဆုံးပါ။ နောက် Hepatitis C antibody test နဲ့ PCR test အပြင် အသဲအခြေအနေကို ဆန်းစစ်ဘို့ Liver function tests လုပ်ရတယ်။ တိကျအောင် Hepatitis C Genotype test ဆိုတဲ့ ပိုး အမျိုးအစား ခွဲတာလဲ လုပ်ရပြန်ပါသေးတယ်။ (စီ) ရှိနေရင် HIV ကိုပါ စစ်ပါ။ နှစ်ခုလုံး တွဲရှိသူတွေ ရှိတယ်။ HIV က ပိုဆိုးတာက ကိုယ်ရဲ့ ခုခံအားစနစ်ကြီးကို ဖျက်ပြစ်လို့ပါ။ နဲနဲကောင်းတာက HIV ကို ကုဘို့ ဆေးတွေရှိနေပြီ။ နဲနဲလို့ ပြောရတာက ဆေးက သက်သာစေဘို့သာ ဖြစ်ပြီး၊ အပျောက်မရသေးလို့ပါ။

မကူးအောင် ကာကွယ်နည်းအတိုင်း (စီ)ပိုးရှိသူတွေ ဆင်ခြင်ရပါမယ်။ မူးယစ်ဆေးသုံးတာ၊ (တက်တူး)ထိုးတာ၊ ဟိုကွင်း-ဒီကွင်းတပ်တာ၊ ကွန်ဒွန်းမပါ လိင်ဆက်ဆံတာတွေ ရှောင်ပါ။ အရက်ဖြတ်ပါ။ ကောင်းကောင်းနား၊ ကောင်းကောင်းစားပါ။ အသီးအရွက်၊ အသီးအနှံ၊ အစေ့အဆံ ဆိုရင် တခုလုံးပါတာမျိုး စားပါ။

ပိုးတွေ့ရင် ဆေးကုဘို့လို-မလို ဆရာဝန်ကဆုံးဖြတ်ပါမယ်။ ရောဂါက အန္တရာယ်နည်းနေရင် ဆေးပေးချင်မှ ပေးပါလိမ့်မယ်။ ဆေးက ထိုးဆေးရော စားဆေးပါပေးမှာပါ။ တနည်းက ၄၈ ပါတ်ကြာမှာဖြစ်ပြီး၊ တနည်းက ၂၄ ပါတ်။ လိုရင် နောက် တကြော့။ ဆေးက ၂ မျိုးသုံးနေပါတယ်။ Interferon ထိုးဆေး နဲ့ Ribavirin စားဆေး တွေပါ။ Injection Interferon ကို ၇ ရက် တပါတ်မှာ ၃ ကြိမ်ထိုးတယ်။ နောက်ပေါ်ဆေး Pegylated ကတော့ ၁ ပါတ်မှာ ၁ ကြိမ်နဲ့ရတယ်။ Ribavirin စားဆေးကို ၁ ပြား တနေ့ ၂ ကြိမ်။ ဆေး ၂ မျိုးတွဲကုတာမို့ Combination therapy ခေါ်ကြတယ်။ ပူးတွဲစစ်ဆင်ရေး ပေါ့ဗျာ။ ၆ လ ကနေ ၁၂ လကြာပါမယ်။

ဆေးတွေကတော့ ပြင်းတော့ တုပ်ကွေးခပ်ဆိုးဆိုး ဖြစ်နေသလို ခံစားရမယ်။ မောပန်း၊ ခေါင်းကိုက်၊ အဆစ်အမြစ်နာ၊ ချမ်း၊ အအိပ်ပျက်၊ ကိုယ်ပူ၊ စာကြည့်မရ၊ အာရုံစိုက်မရ၊ စိတ်ဓါတ်ကျတာလဲ ဖြစ်နိုင်တယ်။ နောက်ဆုံးကတော့ အသဲ အစားထိုးပေးရတာပါ။ နားလည်ဘို့က အသဲအစားထိုးပေမဲ့ ပိုးသေအောင် ဆေးလိုနေမှာပါ။ စီပိုးရှိသူတွေကို အေ နဲ့ ဘီ ကာကွယ်ဆေးတွေ ထိုးခိုင်းပါမယ်။

စီပိုးရှိသူများ အကိုက်အခဲ ပျောက်ဆေး Acetaminophen (Tylenol, Panadol) ကို ရှောင်ရမယ်။ Ibuprofen က အသဲမခြောက်သေးရင် သောက်လို့ရတယ်။ Aspirin ကတော့ အစာအိမ်ပြဿနာမရှိသ၍ သောက်နိုင်တယ်။ သံဓါတ်စားဆေး Iron supplements မပေးသင့်ဘူး ပြောကြတယ်။ အစားထဲပါသလောက် သံဓါတ်က ဘာမှမဖြစ်ပါ။

တခြားဆေးကုနည်းတွေလဲ ရှိပါသေးတယ်။ Aromatherapy အနံ့နဲ့ဆေးကုနည်း၊ Massage therapy အနှိပ်ခံနည်း၊ Yoga ရောဂနည်းတွေပါ။ အပန်းလဲမကြီး၊ စခန်းလဲနီးရင် သုံးပါ။ Meditation စိတ်တည်ငြိမ်အောင် ရှုမှတ်နည်းလဲ ပါတယ်။ စိတ်ရဲ့စွမ်းအားကို ကျွန်တော်တို့လူမျိုးတွေက အသိဆုံးမဟုတ်ပါလား။

Dr. တင့်ဆွေ
၇-၉-၀၉

Read More...

Wednesday, February 11, 2009

Answers for C-Box questions (1)

C-Box မေးခွန်းများအတွက် အဖြေများ (၁)


တင်ထားတဲ့ ပို့စ်တွေနဲ့ မဆိုင်ပဲ စာဖတ်သူတွေက C-Box မှာ သီးသန့် လာမေးထားတဲ့ မေးခွန်းတွေထဲက C-Box မှာ ဖြေဖို့ နေရာမဆံ့နိုင်တဲ့ မေးခွန်း တချို့နဲ့ အရင် မဖြေဖြစ်ခဲ့တဲ့ မေးခွန်းဟောင်းတချို့ကို စုပေါင်းပြီး ပို့စ်တစ်ခု အနေဖြင့် မေးခွန်း မေးသူတွေအတွက် တင်ပေးလိုက်ပါတယ်။ ဖြေထားတဲ့ အဖြေတွေက ကျွန်မ လက်လှမ်းမီသလောက် တင်ပြထားတာသာဖြစ်ပြီး ပြည့်စုံလုံလောက်မှု ရှိနိုင်မည် မဟုတ်တဲ့အတွက် မပြည့်စုံမှု (သို့) ချွတ်ယွင်းမှု တစ်ခုခု ရှိနေပါက စာရေးဖော်တွေ အပါအ၀င် မည်သူမဆို ဖြည့်စွက် ဖြေကြားပေးခြင်း၊ ဆွေးနွေးပေးခြင်းကို ပြုလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ မေးခွန်းမေးသူများ အနေဖြင့်လည်း ဖြေထားသည်များကို မရှင်းလင်းပါက ထပ်မေးနိုင်ကြောင်းနှင့် ဒီလို ထပ်မေးလာရင်လဲ
ဝိုင်းဝန်း ဖြေကြားပေးဖို့ကို စာရေးဖော်တွေ အားလုံးကို ဖိတ်ခေါ်ပါတယ်။

ကိုသက် ။ ။ မျက်ကွင်း အရမ်းညိုတာဘာကြောင့်လည်းဆိုတာသိပါရစေဆရာ။

မျက်ကွင်းညို ရခြင်းရဲ့ အကြောင်းတွေက- - မျိုးရိုးကြောင့် - Allergy (ဓာတ်မတည့်မှု ရှိခြင်း)- အိပ်ရေး မ၀ခြင်း- နှာပိတ်ခြင်း- ခန္ဓာကိုယ်မှ ရေဓာတ်ဆုံး ရှုံးခြင်း (ဥပမာ။ ။ဝမ်းလျှောခြင်း ၊ အန်ခြင်း.... စသည်တို့ကြောင့်)- သံဓာတ်ချို့တဲ့၍ သွေးအားနည်းခြင်း- အသက်ကြီးလာခြင်း- စိတ်ဖိစီးမှုများခြင်း- အာဟာရ လုံလောက်စွာ မစားသောက်ခြင်း- ဆေးလိပ်သောက်ခြင်း- အလွန်အကြူး ကိုယ်အလေးချိန်ကျသွားခြင်း- Vitamin –K ဓာတ်ချို့တဲ့ခြင်း- အရမ်း နေရောင် အထိခံခြင်း ကုသမှုကတော့-မိမိမှာ အထက်က ပြဿနာတွေ ရှိနေရင် အဲဒါတွေ ကိုပြုပြင်ဖို့ ၊ ကုသဖို့ လိုပါတယ်။ Hydrating Facial mask ကို တစ်ပတ်နှစ်ကြိမ်ခန့် အသုံးပြုခြင်း ၊ သခွားသီးပါးပါး
အ၀ိုင်းလေးများကို မျက်လုံးနားတွင် ကပ်ခြင်း(တစ်ခါလျှင် ၁၀မိနစ်ခန့်) ၊ မနက်နှင့် ညတွင် ရေအေးအေးဖြင့် မျက်နှာသစ်ခြင်း ၊ အာဟာရပြည့်ဝစွာ စားသောက်ခြင်း ၊ ဂေါ်ဖီ ၊ လိမ္မော် ၊ သခွားသီး၊ စတော်ဘယ်ရီ စသော လတ်ဆတ်သော အသီးအရွက် များများစားခြင်း ၊ ကောင်းကောင်း အနားယူခြင်း ၊ Vitamin–K နှင့် ရှားစောင်းလက်ပတ် ပါဝင်သော Eye cream မျိုးကို လိမ်းခြင်း၊ မသက်သာလျှင် အရေပြား ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ (Dr စိုင်းဝေအောင်)


Khinethin ။ ။ လေဖြတ်တာ အကြောင်း ဆောင်းပါး ရေးပါဦး။ နောက် အေးတဲ့ဒေသမှာ နေရင် ဘယ်လို ကျန်းမာရေး အကာအကွယ် လုပ်ရမလဲ။ ရေချိုးတာတို့ အစားစားတာတို့ နောက်ဘယ်လိုနေသင့်သလဲ။ ကျေးဇူးတင်ပါတယ်။

လေဖြတ်ခြင်းမှာ အဓိကကတော့ ဦးနှောက်ကို ပို့ပေးနေတဲ့ သွေးကြော ပိတ်ဆို့ပြီး ဦးနှောက် တစ်ရှူးတချို့ ပျက်စီးသွားလို့ ဦးနှောက်မှာ အောက်စီဂျင် အထောက်အပံ့ မရတော့တဲ့အတွက် ဦးနှောက် ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ဦးနှောက်ကြား အဆက်အသွယ် ပြတ်သွားတာ ဖြစ်တယ်။ ဒီလို အဆက်အသွယ် ပြတ်သွားတော့ ဦးနှောက်က သက်ဆိုင်ရာ အစိတ်အပိုင်းကို ထိန်းချုပ်လို့ မရဖြစ်သွားပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အလုပ်မလုပ်နိုင် ဖြစ်သွားပါတယ်။ ဘယ်လိုအမျိုးအစား လေဖြတ်တာပဲ ဖြစ်ဖြစ် လေဖြတ်တဲ့သူ အားလုံးကတော့ နွေးနွေးထွေးထွေး ရှိသင့်ပါတယ်။ ဒုတိယအကြိမ် ထပ်မဖြစ်ဖို့ အတွက်နှင့် နောက်ဆက်တွဲ ရောဂါတွေ မ၀င်နိုင်အောင် ကျန်းမာရေးကို ပုံမှန်အတိုင်း ထိန်းသိမ်းနိုင်ဖို့အတွက် အစာအဟာရ မျှတဖို့၊ အ၀မလွန်အောင် ကာကွယ်ဖို့နဲ့ လှုပ်ရှားမှုရှိနေဖို့ အမြဲလိုအပ်ပါတယ်။

ကုသမှုကို ပြန်လည် ပြုစုပျိုးထောင်တဲ့ လေ့ကျင့်ခန်း (Rehabilitations) တွေ လုပ်ရင် ဦးနှောက် တစ်ရှူးပျက်စီး ဆုံးရှုံးမှု အနည်းအများအပေါ် မူတည်ပြီး အနည်းအကျဉ်း ဒါမှမဟုတ် လုံးဝ ပြန်လည် သက်သာ ပျောက်ကင်းနိုင်ပါတယ်။ အလုပ်မလုပ်နိုင် ဖြစ်သွားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအပေါ် မူတည်ပြီး လုပ်ရမည့် လေ့ကျင့်ခန်းက ကွဲပြားတဲ့အတွက် တွေ့ဖို့လိုအပ်တဲ့ ကျန်းမာရေး ပညာရှင်တွေကလည်း ကွဲပြားပါတယ်။ ဥပမာ စကားပြောမရ၊ စကားပြောမပီ ဒါမှမဟုတ် အစာမျိုရခက် ဖြစ်သွားရင် လေ့ကျင့်ခန်းအတွက် Speech Pathologist နဲ့ Dietician ကို တွေ့ရမယ်။ ကိုယ်ကာယ ခန္ဓာကိုယ်အစိတ်အပိုင်း မသန် ဖြစ်သွားရင် Physiotherapist နဲ့ Occupational therapist ကို တွေ့ရမယ်။ လေဖြတ်တဲ့ အမျိုးအစားအပေါ် မူတည်ပြီး သက်ဆိုင်ရာ ကျန်းမာရေး ပညာရှင်တွေနဲ့ တွေ့ပြီးရင် အိမ်မှာ ဆက်လက် ဆောင်ရွက်ဖို့ နေ့စဉ် ကိစ္စတွေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အသေးစိတ်ကို သင်ပြပေးလိမ့်မယ်။ Khinethin က မြန်မာပြည်ထဲက လူနာအတွက် မေးတယ်ဆိုရင်တော့ မြန်မာပြည်မှာ ဒီလို Rehabilitation Services တွေ ရှိမရှိ ကျွန်မ အတိအကျ မသိတဲ့အတွက် အကောင်းဆုံးကတော့ ဆက်လုပ်သင့်တာကို လေဖြတ်လို့ ဆေးရုံတက်တုန်းက အဓိက တာဝန်ယူ ကုသပေးခဲ့တဲ့ ဆရာဝန်နဲ့ ပြန်တိုင်ပင်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ လေဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုကို သီးသန့် မတင်နိုင်သေးတဲ့အတွက် တောင်းပန်ပါတယ်။


Ko Zaw ။ ။သွေးပျစ်တဲ့ ရောဂါကို ဘယ်လို ကုသရပါသလဲ။ ထိုရောဂါအကြောင်း ပြောပြပေးစေလိုပါသည်။


သွေးပျစ်ခဲတာက သွေးထဲမှာ ပါဝင်တဲ့ Chemical တွေ မမျှတလို့ ဖြစ်နိုင်သလို သွေးထွက်လွန်ခြင်း၊ သွေးယိုစီးခြင်းကို ကာကွယ်ပေးတဲ့ Clotting Factor ခေါ် သွေးထဲမှာရှိတဲ့ အင်ဇိုင်းတွေ ပုံမှန်ထက် ပိုများနေလို့လဲ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာကို ခန့်မှန်းရုံနဲ့ မသိနိုင်ပဲ သွေးစစ်ပြီး သွေးထဲမှာ ပါဝင်နေတဲ့ အစိတ်အပိုင်းတွေ အားလုံးကို ရေတွက်ခြင်း (Full blood Count) နှင့် Clotting Factors တွေရဲ့ အခြေအနေကို ကြည့်ပြီးမှ သိနိုင်ပါတယ်။ သွေးထဲမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေ မမျှမတ ဖြစ်နေရင် မျှတအောင် ကုသရမယ်။ Clotting Factor တွေ လွန်ကဲနေခြင်းကြောင့် ဖြစ်တယ်ဆိုရင်တော့ Anticoagulant လို့ ခေါ်တဲ့ သွေးကို မခဲစေနိုင်တဲ့ ဆေးတွေကို ဆရာဝန် ညွန်ကြားချက်အတိုင်း သုံးစွဲနိုင်ပါတယ်။ သွေးပျစ်လွန်းခြင်းနှင့် ကျဲလွန်းခြင်း နှစ်ခုစလုံးက အန္တရာယ်ရှိတဲ့အတွက် ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ လိုက်နာဆောင်ရွက်သင့်ပါတယ်။


Uranusaquarian ။ ။ အမျိုးသမီးတွေအတွက် မီးယပ်ကျန်းမာရေးကိစ္စတွေကိုရော မေးမြန်းလို့ ရပါသလားရှင်။


အမျိုးသမီးတွေ မီးယပ်နဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို Labels အောက်က Reproductive Health ကိုနှိပ်လိုက်ရင် အဲဒီထဲက ပို့စ်တွေထဲမှာ ရှာကြည့်နိုင်ပါတယ်။ သိချင်တဲ့ အကြောင်းအရာ အဲဒီထဲမှာမပါလို့ မေးခွန်းသီးသန့် ထပ်မေးရတော့ မေးတဲ့မေးခွန်းအပေါ် မူတည်ပြီး ဖြေပေးလို့ရပါတယ်။

mr.lupay။ ။ B ပိုးကါကွယ်ဆေးထိုးနည်းနဲ့ မအောင်ရင် ဘာဆက်လုပ်ရလဲ ဆိုတာလေးနဲ့ လိပ်ခေါင်းရောဂါ အကြောင်းတွေကို အပြည့်အစုံ ရှင်းပြပေးပါရန် တောင်းဆိုပါတယ် အစ်မ။ ကျေးဇူးတင်ပါတယ်။

ဒီမေးခွန်းကို မဖြေခင် labels အောက်က Hepatitis ခေါင်းစဉ်ထဲမှာရှိတဲ့ ပို့စ်သုံးခုကို အရင်သွားဖတ်ဖို့ Mr Lupay ကို အကြံပြုချင်ပါတယ်။

Hepatitis B & C (1)
Hepatitis B & C (2)
Hepatitis B

Hepatitis B အတွက် ထိရောက်တဲ့ ကာကွယ်ဆေး ရှိပါတယ်။ ကာကွယ်ဆေးကို စနစ်တကျ ထိုးထားရင် ကူးဖို့ ခဲယဉ်းပါတယ်။

ကာကွယ်ဆေး စနစ်တကျ ထိုးရမယ့် နည်းလမ်းကတော့ အကြမ်းဖျင်းဆိုရင် ၀-၁-၆ လို့ မှတ်သားပါတယ်။ ဆိုလိုတာက ဆေး သုံးကြိမ် ထိုးရမယ်။ ပထမ တစ်ကြိမ်ထိုးပြီးရင် ဒုတိယ တစ်ကြိမ်ကို ၁ လ ခြားပြီး ထိုးရပါမယ်။ တတိယ အကြိမ်ကို ဒုတိယအကြိမ်နဲ့ ၆ လ ခြားပြီး ထိုးရပါမယ်။

ကာကွယ်ဆေး ထိုးပြီးတိုင်း အသည်းရောင် အသားဝါ ဘီပိုးကို ရာနှုန်းပြည့် ကာကွယ်နိုင်တယ်လို့ ပြောလို့ မရပါဘူး။ ၉၀ရာခိုင်နှုန်း လောက်တော့ ကာကွယ်တယ်လို့တော့ ပြောပါတယ်။ တိတိကျကျ သိချင်ရင်တော့ ရောဂါ ကာကွယ်နိုင်တဲ့ အင်အား (Antibody titer) ဘယ်လောက် ရှိသလဲ ဆိုတာကို တိုင်းရပါတယ်။ အဲဒီလို တိုင်းလို့ ဆရာဝန်က စိတ်တိုင်းမကျရင် စတုတ္ထအကြိမ် ကာကွယ်ဆေး တစ်လုံး ထပ်ထိုးရတတ်ပါတယ်။

အသည်းရောင် အသားဝါ B ရုတ်တရက် (Acute) ရရှိပါက ခေါင်းကိုက်ခြင်း၊ အဖျားဝင်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းသွားခြင်း အဆစ်အမြစ်နဲ့ ကိုယ်လက်ကိုက်ခဲခြင်း တစ်ခါတစ်ရံ အရေပြား ယားယံခြင်း စတဲ့ လက္ခဏာတွေကို တွေ့နိုင်ပြီး ဒီလက္ခဏာတွေပဲ ထိန်းချုပ်လို့ရပြီး ရောဂါအတွက် သီးသန့်ဆေး မရှိပါဘူး။ အစာအာဟာရ လက္ခဏာထိန်းချုပ်တဲ့ ဆေးတွေနဲ့ကု အနားယူပြီး နှစ်ပတ်၊ သုံးပတ်အတွင်း သက်သာပျောက်ကင်း သွားနိုင်ပါတယ်။ ဒါပေမယ့် ရောဂါရတဲ့ ဆယ်ယောက်မှာ တစ်ယောက်နှုန်းခန့် နာတာရှည် (Chronic) ဖြစ်သွားနိုင်ပါတယ်။ နာတာရှည် အသည်းအရာင် အသားဝါ ရထားသူဟာ အသည်းနဲ့ပတ်သက်တဲ့ တခြား ဆက်ပွားရောဂါတွေ ၀င်ဖို့ သိပ်ကို နီးစပ်လို့ အထူး ဂရုပြုသင့်ပါတယ်။ အစာအာဟာရကို အသားဓာတ် အလွန်အမင်း မစားဘဲ အရက်ကို လုံးဝ ရှောင်သင့်ပါတယ်။ နေမကောင်းမှ ဆရာဝန်ပြခြင်း မဟုတ်ပဲ ဆရာဝန်နှင့် တစ်နှစ် ဘယ်နှစ်ကြိမ် တွေ့မယ်ဆိုတာ တိုင်ပင်သတ်မှတ်ပြီး အမြဲတမ်း ညွန်ကြားမှုခံယူ၊ အနေအထိုင် အစားအသောက် ဆင်ခြင်ရင် ရောဂါမရှိသူ နီးပါး နေသွားနိုင်ပါတယ်။

လိပ်ခေါင်းရောဂါနဲ့ Hepatitis B တိုက်ရိုက် ပတ်သက်မှုတော့ မရှိပါဘူး။ ဒါပေမယ့် အသည်းက ခန္ဓာကိုယ်ထဲမှာ အကြီးဆုံး အတွင်းအင်္ဂါ အစိတ်အပိုင်း ဖြစ်ပြီး တခြား ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးနီးပါးနဲ့ ဆက်စပ် အလုပ်လုပ်ရတော့ အသည်းနဲ့ ပတ်သက်ပြီး ရောဂါတစ်ခုဖြစ်တိုင်း တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ တစ်နည်းနည်းနဲ့ ထိခိုက်မှု ရှိပါတယ်။ အထူးသဖြင့် အသည်းက အစာအိမ်မှ ပို့လာတဲ့ အာဟာရတွေကို ပြန်လည် စိစစ်ပြုပြင် နေရာချပြီး ခန္ဓာကိုယ်အနှံ့ ပြန်လည်ဖြန့်ဖြူးပေးတဲ့ နှလုံးကို ရောက်အောင် ပို့ပေးရတော့ ရောဂါတခုခုကြောင့် အသည်း အလုပ်လုပ်မှု အားနည်းသွားတာနဲ့ အစာခြေဖျက်မှု စနစ်နဲ့ အစာပို့ဆောင်မှု စနစ်မှာလည်း အားနည်းသွားပါတယ်။ လိပ်ခေါင်းရောဂါ အကြောင်းကို နောက်ပိုင်း အချိန်ရရင် သီးသန့်ပို့စ်တစ်ခု တင်ပေးပါမယ်။


Linn ။ ။ သွား အနည်းငယ်ခေါနေတာကို ပြင်ချင်ပါတယ် သွားပြင်ရင် အကျိုးအပြစ် ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာ သိချင်ပါတယ်ခင်ဗျာ။

သွားနဲ့ ပတ်သက်တဲ့ ကျန်းမာရေးကဏ္ဍကို ၀န်ဆောင်တဲ့ Professionals သီးသန့်ရှိလို့ တခြား Health Care Professionals တွေအနေနဲ့ ဒီမေးခွန်းကို ဖြေနိုင်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ သွားကို ပြုပြင်ပေးနေတဲ့ Dental Surgeon တွေ ကိုယ်တိုင်ကလည်း လူနာကိုယ်တိုင်ကို တွေ့ပြီး ပြုပြင်ရမည့် အခြေအနေ လူနာရဲ့ သွားဖုံးနဲ့ သွားအရင်းရှိ အရိုး တည်ဆောက်ပုံ အနေအထားတွေကို အတိအကျ စစ်ဆေးပြီးမှ သိနိုင်ပါလိမ့်မယ်။ တချို့က သွားကိုပဲ ပြန်တည့်မတ်ပေးဖို့ လိုပြီး တချို့ကျတော့ အရိုးကွင်းကိုပါ ပြုပြင်ရတာ ရှိတယ်ဆိုတာ သိရပါတယ်။ ပြုပြင်ရမည့် အခြေအနေအပေါ်မူတည်ပြီး အချိန်ကာလနဲ့ အကျိုးအပြစ်တွေက ကွာခြားနိုင်ပါတယ်။ အခြေခံ ကျန်းမာရေးကို အစိုးရက တာဝန် ယူတဲ့ နိုင်ငံတွေမှာတောင် Dental Health အတွက် မိမိပိုက်ဆံနဲ့ အိတ်စိုက် အသုံးပြုရပါတယ်။ ပြီးတော့ Dental Health က တခြား ကျန်းမာရေးကိစ္စတွေထက် ပိုပြီး ဈေးကြီးပါတယ် ရိုးရိုး Dentist ကို တခါတွေ့ရင်တောင် အထွေထွေ ဆရာဝန်ကို တခါတွေ့တာထက် ပိုဈေးကြီးတယ်ဆိုတာ သိရတယ်။ ဒါကြောင့် သွားအလှပြုပြင်တဲ့ Dental Surgeon ဆီက Information pack ဒါမှမဟုတ် Leaflet တွေကို အရင် ဖတ်ကြည့်ပြီး မိမိပြုပြင်ရမည့် အခြေအနေကို အကြမ်းဖျင်းတော့ သိအောင် အရင်လုပ်ပါ။ ပြီးတော့မှ Dental surgeon နဲ့တွေ့ ကိုယ် သိချင်တာ မေးပြီး တိုင်ပင်တာ အကောင်းဆုံးပဲလို့ ကျွန်မ အကြံပြုချင်ပါတယ်။


အဖြေများကို ဖတ်ရန် "Read More ..." ကို နှိပ်ပါ။

Read More...

Friday, February 22, 2008

Hepatitis B & C (2)

အသည်းရောင် အသားဝါ



အသည်းရောင်ရင် အသားဝါ ဖြစ်လာတတ်ပေမယ့် အသားဝါတိုင်း အသည်းရောင်ခြင်းကြောင့်မဟုတ်ပါဘူး ။
သည်းခြေရောင်ခြင်း ၊ သည်းခြေပြွန်ရောင် ခြင်း ၊ သွေးပျက်စီးတဲ့ရောဂါရှိ ခြင်း ၊ အ၀ါဓာတ်များ တဲ့ အစားအစာ အစားများ ခြင်း စသည်တို့ ကြောင့် လဲဖြစ်တတ်ပါတယ် ။

အသည်းရောင်
အသည်းရောင်ပုံ ၂ မျိုး ရှိ ပါတယ် ၊၊
(၁) ရုတ်တရက် ပြင်းပြင်း ထန်ထန် ရောင်ခြင်း
မျက်လုံး ၀ါ
အသားဝါ မယ် ၊ အစားအသောက် ပျက် ၊ ပျို့  အန် ၊ မအီ မသာ ဖြစ်မယ် ၊ တငွေ့  ငွေ့  နဲ့  ဖျား မယ်
(၂) နာ တာရှည် တငွေ့  ငွေ့  ရောင် ခြင်း
အသား မ၀ါ ပဲ ၊ အသည် က တငွေ့  ငွေ့  နဲ့  ပျက်စီး တာ မျိုး ပါ ၊၊
လူ မှာ လက္ခဏာ မသိ သာ ဘူး ၊၊


အသည်းရောင်တာဟာ
(၁) အမျိုး အစား ဟာ A ပိုး E ပိုး ကြောင့် 
(၂) အမျိုး အစား ဟာ Bပိုး Cပိုး Dပိုးကြောင့်
တခြား ပိုး တွေကြောင့် လဲ ဖြစ်တတ် ပါသေး တယ် ၊၊
အ ရက် ၊ အသည်းအဆီ ဖုံး ခြင်း ၊ TBဆေး ၊ paracetamol ဆေး လွန်ခြင်း ၊ တကိုယ်ရေ ဓာတ်မတည့်မှု ဖြစ်စေသော မှို ၊ တိုင်း ရင်း ဆေး ၊ မူး ယစ်ဆေး ကြောင့် လဲံ ဖြစ်တတ်ပါတယ် ။
နှလုံး ပျက် လို့  အသည်းသွေး လျှံ ပြီး လဲ ရောင် တတ် ပါ တယ် ။

Read More...

Sunday, February 17, 2008

Hepatitis B & C (1)

အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါ



ယခုအခါ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးကူးစက်ခံရသူဦးရေ တဖြည်းဖြည်း တိုးပွားလာနေ
သည့်အတွက် ရောဂါအကြောင်းနှင့် ကူးစက်ပုံကိုသိရှိရန် များစွာလိုအပ်ပေသည်။ အေဘီစီဟုအလွယ်
တကူ ခေါ်ဝေါ်နေကြသော အေအိုင်ဒီအက်စ်၊ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးများသည်
ယေဘူယျအားဖြင့် ကူးစက်ပုံတူကြသည်။ ကူးစက်လွယ်ပုံခြင်းသာ ကွဲပြားခြားနားပါသည်။ အသည်း
ရောင်အသားဝါဘီရောဂါပိုးသည် အေအိုင်ဒီအက်စ်ဖြစ်စေသော HIV ရောဂါပိုးထက်အဆ(၁၀၀)ပိုမို
ကူးစက်လွယ်ပါသည်။ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးကူးစက်ပုံနည်းလမ်းများကို အောက်
တွင် နှိုင်းယှဉ်ဖော်ပြထားပါသည်။




အသည်းရောင်အသားဝါ ဘီရောဂါပိုးနှင့်
စီရောဂါပိုး ကူးစက်ပုံနည်းလမ်းများ




























































ကူးစက်မှုနည်းလမ်းဘီပိုးစီပိုး
မိသားစုအချင်းချင်း တစ်အိမ်
တည်းအတူတူနေလျှင်
ကူးစက်နိုင်ဖို့
များပါသည်။
မကူးစက်နိုင်ပါ။
ရောဂါပိုးရှိသောသူ
ရဲ့ သွေးနဲ့ထိလျှင်
သေချာပေါက်
ကူးနိုင်ပါသည်။
သေချာပေါက်
ကူးနိုင်ပါသည်။
ရောဂါပိုးရှိသူ သုံးထား
တဲ့ အပ်နဲ့ဆိုလျှင်
သေချာပေါက်
ကူးနိုင်ပါသည်။
သေချာပေါက်
ကူးနိုင်ပါသည်။
မူးယစ်ဆေးဝါး အကြောဆေး
ထိုးပြီးအပ်တွေရောသုံးရင်
သေချာပေါက်
ကူးနိုင်ပါသည်။
သေချာပေါက်
ကူးနိုင်ပါသည်။
ပိုးရှိတဲ့သွေး သွင်းမိရင်သေချာပေါက်
ကူးနိုင်ပါသည်။
သေချာပေါက်
ကူးနိုင်ပါသည်။
ကျောက်ကပ်ဆေးတဲ့
စက်မှာ ပိုးပါသွားရင်
သေချာပေါက်
ကူးနိုင်ပါသည်။
သေချာပေါက်
ကူးနိုင်ပါသည်။
နှုတ်ခမ်းချငိးထိမိရင် (သို့်)
တံတွေးကနေတစ်ဆင့်
ကူးဖို့ခဲယဉ်း
ပါသည်။
ကူးဖို့ခဲယဉ်း
ပါသည်။
လိင်ဆက်ဆံတာကနေသေချာပေါက်
ကူးနိုင်ပါသည်။
ကူးဖို့ခဲယဉ်း
ပါသည်။
မိခင်မှ ကလေးသို့သေချာပေါက်
ကူးနိုင်ပါသည်။
ကူးဖို့ခဲယဉ်း
ပါသည်။
ပိုးပါတဲ့ကိရိယာတွေနဲ့ ခြစ်မိရင်၊
ဖောက်မိရင်(ဥပမာ- နားဖောက်
တာ၊ ဆေးမင်ကြောင်ထိုးတာ၊
သွားနှုတ်တာ၊
ရှားခြစ်ခြင်း၊ရှားဆွဲခြင်း)
သေချာပေါက်
ကူးနိုင်ပါသည်။
သေချာပေါက်
ကူးနိုင်ပါသည်။



အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးရှိသူသည် အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရော
ဂါဖြစ်ပွားမှုနှုန်းများသဖြင့် ရောဂါမဖြစ်မီကာကွယ်ရန်နှင့် အကယ်၍ရောဂါကူးစက်ခံရပါက မည်ကဲ့သို့
ပြုမူနေထိုင်ရမည်ကို တတ်ကျွမ်းသည့်ဆရာဝန်များနှင့် တိုင်ပင်၍ ကုသမှုခံယူရပေမည်။ အသည်း
ရောင်အသားဝါဘီရောဂါကို ကာကွယ်ဆေးထိုး၍ ကာကွယ်နိုင်ပြီး အသည်းရောင်အသားဝါစီရောဂါ
အတွက် ကာကွယ်ဆေးမပေါ်သေးပေ။ သို့သော် အသည်းရောင်အသားဝါစီရောဂါကို ၈၀% ပျောက်
ကင်းအောင် ဆေးကုသနိုင်ပြီဖြစ်သော်လည်း ဆေးကုသမှုစရိတ်ကြီးမြင့်နေသေးပေသည်။
ရှောင်ကြဉ်ရန်များ
အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးရှိသူသည် အရက်၊ သံဓါတ်များစွာပါသော အစာနှင့်အား
ဆေး၊ ဗီတာမင်စီများစွာပါသော ဆေးနှင့်အသီးအနှံများကို အထူးဂရုပြုရှောင်ကြဉ်ရမည်။ စီရောဂါပိုး
ရှိသူသည် အရက်သုံးစွဲပါက အသည်းခြောက်နှုန်း ပိုမြန်ဆန်သည့်အတွက် အရက်၊ ဘီယာ၊ ၀ိုင်၊
ထန်းရည် စသည်တို့ကိုလုံးဝရှောင်ကြဉ်ရမည်။ သံဓါတ်များလျှင် အသည်းတွင် အနာရွတ်ပိုထင်လွယ်
သဖြင့် သံဓါတ်များစွာပါသော အစားအစာ ဥပမာ - အသည်း၊ အမြစ်၊ ကလီစာ၊ သွေးခဲများ၊ သံဓါတ်
များစွာပါသော အားဆေးများကို ရှောင်ကြဉ်ရမည်။ ဗီတာမင်စီသည် သံဓါတ်ကို အူလမ်းကြောင်းမှ
စုပ်ယူမှုများစေသဖြင့် ဗီတာမင်စီများစွာပါသော ဆေးနှင့်အသီးအနှံများ ဥပမာ-ရှောက်သီး၊ သံပရာ
သီး၊ ဂရိတ်ဖရုသီး စသည့်အရည်ရွှမ်းသော အသီးများကို များစွာစားသုံးခြင်းမှ ရှောင်ကြဉ်ရမည်။

Read More...

Thursday, October 11, 2007

Hepatitis B


ယခု သင့်ပတ်ဝန်းကျင်မှာ အသည်းရောင် အသားဝါ ဘီ Hepatitis-B ရောဂါဟာ အရမ်းကို ခေတ်စားပြီး အလွန်လျှင်မြန်စွာ ကူးစက်ပျံ့နှံ့နေတဲ့ ရောဂါပါ။ ဒါကို သင် သိပါရဲ့လား ...



ရောဂါအမျိုးအစားများ ...
အရင်တုန်းက အသည်းရောင် အသားဝါရောဂါဟာ အေနဲ့ ဘီ နှစ်မျိုးပဲရှိပါတယ်။ ယခု နောက်ဆုံး တွေ့ရှိချက်များအရ စီ၊ ဒီ၊ အီးနဲ့ ဂျီ အထိ ရှိသွားပါပြီ။ အဲဒီအထဲမှာ ကူးစက်မှုအလွယ်ဆုံးနဲ့ အသည်း ရောဂါအဖြစ် အများဆုံး ရောဂါပိုးကတော့ ဘီပိုး Hepatitis B Virus ပဲ ဖြစ်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးဟာ အိတ်ခ်ျအိုင်ဗွီပိုး HIV ထက်စာရင် အဆ ၁၀၀ ပိုပြီး ကူးစက်လွယ်ပါတယ်။ ကမ္ဘာ့လူဦးရေ တစ်ဝက်ခန့်ဟာ အသည်းရောင် အသားဝါ ဘီပိုးရောဂါ ကူးစက်ခံထားရပါတယ်။ နှစ်စဉ် ရောဂါဖြစ်တဲ့ လူဦးရေ သန်း ၅၀ တိုးပွါးနေပါတယ်။

ဘီပိုး ဘယ်လိုကူးစက်သလဲ ...
ကူးစက်နိုင်မှု အခွင့်အလမ်းကလည်း အရမ်းများလှပါတယ်။
  • ရောဂါပိုးရှိသော မိခင်မှ သန္ဓေသားသို့ မီးဖွါးစဉ် ရောဂါကူးစက်ခြင်း
  • ရောဂါပိုးရှိသော သွေးကို သွင်းမိခြင်း
  • ရောဂါရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
  • ရောဂါရှိသူရဲ့ ချွေး၊ တံတွေးများနှင့် ထိတွေ့ခြင်း၊ ရောဂါရှိသူများ အသုံးပြုပြီးသော ပစ္စည်းများကို အသုံးပြုခြင်း
ဘီပိုးရောဂါလက္ခဏာများ ...
အသည်းရောင်အသားဝါ ဘီပိုး ၀င်ရောက်ပြီး အစောပိုင်း လေးပတ်ကနေ ခြောက်ပတ်အတွင်းမှာ ပျို့အန်တာ၊ အဆစ်အမြစ် ကိုက်ခဲ့တာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ မောပန်းနွမ်းနယ်တာ၊ အသားဝါတာနဲ့ ဆီးဝါတာတို့ ဖြစ်စေနိုင်ပါတယ်။ တချို့တလေကျတော့ ဘီပိုးရောဂါလက္ခဏာ ပြသမှု လုံးဝမရှိပဲ မြုံနေတတ်ကြပါတယ်။ ဘီပိုး ရှိ ... မရှိကို သွေးစစ်ကြည့်ခြင်းက အကောင်းဆုံးပါပဲ။

အသည်းရောင်အသားဝါ ဘီပိုးဟာ လူ့ခန္ဓာကိုယ်ထဲမှာ ၀င်ရောက် ခိုအောင်းနေတဲ့ကာလ ကြာလာတာနဲ့အမျှ အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာရောဂါ ဖြစ်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ ကလေးမှာ ဘီပိုးဝင်သွားရင် ၈၀% က ပိုးလုံးဝ ပြန်မထွက်တော့ပဲ နာတာရှည်ပိုး သယ်ဆောင်သူ ဖြစ်သွားကြပါတယ်။ လူကြီးမှာဆိုရင် ၂၀% ကသာ နာတာရှည်ပိုး သယ်ဆောင်သူ (Chronic Hepatitis) ဖြစ်သွားပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးရှိတဲ့သူဟာ သာမန်လူတစ်ယောက်ထက် အသည်းကင်ဆာရောဂါနဲ့ အသည်းခြောက်ရောဂါ ဖြစ်ပွါးဖို့ ၂၉၅ ဆ ပိုပြီး အခွင့်အလမ်း ရှိပါတယ်။ ဒါကြောင့် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ တိုင်ပင်ကုသပါ။

ဘီပိုးကို ကုသလို့ ရသလား ...
ဘီပိုးကို ကုသလို့ရတဲ့ ဆေးတွေရှိပါတယ်။ ကုသမှုဆေးတွေက ယခုခေတ်မှာ အများကြီး ပေါ်နေပါပြီ။ ဒါကြောင့် ပူပန်စိုးရိမ် သောကစိတ်တွေ မများကြပါနဲ့။

ဘီပိုးရှိသူများ ရှောင်သင့်သည့်အရာများ ...
အသည်းကို ထိခိုက်စေနိုင်တဲ့
၁။ ဆေးလိပ်၊ ကွမ်းယာ၊ အရက်
၂။ သံဓါတ်ပါဝင်တဲ့ အစာများ (သွေးခဲ၊ အသည်းအမြစ်၊ ကလီစာ)
၃။ အဆီအနှစ်၊ မလိုင်ထောပတ်၊ နို့
၎။ ကြက်ဥ ဘဲဥအနှစ်၊ အဆီကြော်
၅။ ဆိုးဆေးပါသော အစားအသောက်များ
၆။ အချဉ်ဓါတ် (သံပုရာ၊ ရှောက်ချိုသီး)
၇။ နွယ်ချို စတာတွေ ရှောင်သင့်ပါတယ်။

သင့်အနာဂတ်ကို ထိခိုက်စေနိုင်ပါတယ် ...
အသည်းရောင်အသားဝါ ဘီပိုးဟာ ကူးစက်မှုအလွယ်ဆုံးနှင့် အသည်းရောဂါ အဖြစ်အများဆုံး ဖြစ်တဲ့အတွက် ကုမ္ပဏီကြီးတွေ၊ ဟိုတယ်ကြီးတွေမှာ အလုပ်လျှောက်ဖို့ ဒါမှမဟုတ် နိုင်ငံခြားမှာ ပညာသင်သွားဖို့ အလုပ် သွားလုပ်ဖို့ ဆေးစစ်ကြည့်တဲ့အခါ သွေးထဲမှာ ဘီပိုးတွေ့ခဲ့ရင် လုံးဝပယ်ချခြင်း ခံရပါတယ်။ ဒါကြောင့် သင့်မိသားစုမှာ အသည်းရောင် အသားဝါရောဂါပိုး ရှိနေရင် သင့်ရဲ့ အလုပ်အကိုင်၊ စီးပွါးရေးနှင့် ပညာရေး စတာတွေ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ ...
ကမ္ဘာမှာ ဘီပိုးကာကွယ်ဆေး (Vaccine) ပေါ်နေတာ ၁၅ နှစ်လောက် ရှိပါပြီ။ သွေးစစ်ကြည့်လို့ ဘီပိုးရောဂါပိုး မရှိသေးဘူးဆိုရင် ဘီပိုးကာကွယ်ဆေး ထိုးပြီး ကာကွယ်ထားလို့ရပါတယ်။ ဘီပိုးဟာ အချိန်မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ကူးစက်နိုင်တဲ့အတွက် လူတိုင်းလူတိုင်း ကာကွယ်ဆေး ထိုးထားဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ကလေးသူငယ်တွေကို ...
မွေးကင်းစအရွယ်ကတည်းက ဘီပိုးကာကွယ်ဆေးထိုးပြီး ...
အသည်းရောင် အသားဝါ ဘီရောဂါကို လုံးဝ ပပျောက်အောင် တိုက်ဖျက်ကြပါစို့ ...

Read More...

Tuesday, October 9, 2007

About Liver


အသည်းဟာ လူ့ကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ထဲမှာ အဓိက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သလို၊ အံသြဖွယ် စွမ်းရည်များ ပိုင်ဆိုင်ရရှိထားပါတယ်။ အသည်းဟာ လူကိုယ်ရဲ့ဗိုက်ထဲမှာ ညာဘက်တစ်ခြမ်းမှာ အဓိကတည်ရှိနေပြီး ဘယ်ဘက်အထိ တည်ရှိနေပါတယ်။ အသည်းရဲ့ ညာဘက်ခြမ်းဟာ လူရဲ့ ရင်ခေါင်း ညာဘက်အောက်မှာ ရှိနေပြီး ဘယ်ဘက်ကတော့ သေးသေးလေးပါ။



အသည်းဟာ အဓိကအားဖြင့် သည်းခြေရည် ထုတ်လုပ်ပြီး အစာချေဖျက်တဲ့ အင်္ဂါအဖွဲအစည်းတွေကို အထောက်အကူ ပေးပါတယ်။ လူတွေ စားသောက်လိုက်တဲ့ ထောပတ်၊ ကြက်ဥနှစ်စတဲ့ အစာတွေက ပါလာတဲ့ အဆီတွေကို အူသိမ်လမ်းကြောင်းထဲမှာ ချေဖျက်ပြီး သွေးကြောထဲကို စုပ်ယူဖို့အတွက် သည်းခြေရည် Bile လိုအပ်ပါတယ်။ အသည်းဆဲလ်တွေက သည်းခြေရည်ကို ထုတ်ပေးပြီး သည်းခြေပြွန်က တစ်ဆင့် သည်းခြေအိတ်ထဲမှာ သိုလှောင်ထားပါတယ်။ လိုအပ်တဲ့အချိန်မှာ သည်းခြေအိတ်ကို ညှစ်ထုတ်ပြီး သည်းခြေရည်ကို အူသိမ်ဦးပိုင်းထဲကို ပို့ပေးပါတယ်။ သည်းခြေရည်ဟာ အစာခြေဖျက်ပြီးတဲ့အခါ သူ့ဆီမှာ ပါတဲ့ သည်းခြေဆားကို အူသိမ်နှောင်းပိုင်းကနေတဆင့် ပြန်လည် စုပ်ယူပြီး အသည်းကို ပြန်ပို့ပေးပါတယ်။ ဒီလိုနဲ့ သည်းခြေဆားတွေ ဆုံးရှူံးမှု မရှိအောင် ကာကွယ်ပေးပါတယ်။ ဒီသည်းခြေဆားတွေဟာ အဆီဓါတ်၊ အသားဓါတ်၊ ကစီဓါတ်တွေ ချေဖျက်ရာမှာ အရေးပါနေသလို၊ ဗီတာမင် အေ၊ ဒီ၊ အီးနဲ့ ကေဓါတ်တွေ စုပ်ယူရာမှာလည်း အရေးကြီးပါတယ်။

အသည်းရဲ့ နောက်ထပ်လုပ်ငန်းတာဝန်ကတော့ အသားဓါတ်၊ အဆီဓါတ်၊ ကစီဓါတ်တွေရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေမှာ ပါဝင်ခြင်း ဖြစ်ပါတယ်။ သွေးကြောထဲက စုပ်ယူလိုက်တဲ့ သကြားဓါတ်ဟာ အသည်းထဲမှာ အဆင့်ဆင့် ပြောင်းလဲပြုပြင်ပြီး သွေးထဲကို ပို့ပေးပါတယ်။ ဒါကြောင့် အသည်းရောဂါဟာ ဆီးချိုရောဂါနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ အသည်းမကောင်းရင် သွေးချိုတတ်ခြင်း၊ ကျခြင်းများ ဖြစ်တတ်ပါတယ်။ အဆီဓါတ်ဖြစ်တဲ့ ကိုလက်စထရောနဲ့ လစ်ပိုပရိုတင်း တွေကိုလည်း အသည်းထဲမှာ ချေဖျက်ပြီး လိုအပ်တဲ့စွမ်းအင် ရအောင် ပြုပြင်ပြောင်းလဲပေးပါတယ်။ ပိုနေတဲ့ အဆီတွေကို အဆီတစ်သျှူးတွေဆီ ပို့ပြီး သိုလှောင်ထားပါတယ်။ ဒါကြောင့် အဆီများများ စားသူတွေမှာ အဆီပြင်တွေများလာပြီး ၀ဖြိုးလာတာ ဖြစ်ပါတယ်။ အသည်းအဆီဖုံးရောဂါလည်း ဖြစ်လာနိုင်ပါတယ်။

အသည်းရဲ့ နောက်ထပ် အရေးကြီးလုပ်ငန်း တစ်ခုကတော့ ကိုယ်ထဲက မလိုလားအပ်တဲ့ အဆိပ်အတောက်၊ အညစ်အကြေး၊ ဓါတ်ပစ္စည်းတွေ၊ ဆေးဝါးတွေကို ချေဖျက်စွန့်ထုတ်ပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ မော်တော်ကားမှာ ရှိတဲ့ ဖစ်တာလိုပဲ။ အသည်းက ၀င်လာသမျှဒဏ်တွေကို သူက စောင့်ပြီး ခံရပါတယ်။ သွေးထဲမှာရှိတဲ့ သွေးနီဥလေးတွေဟာ သက်တမ်းလေးလပြည့်ရင် အလိုလို ပျက်စီးသွားကြပါတယ်။ ကိုယ်ထဲမှာ နေ့တိုင်း သွေးနီဥလေးတွေ ပျက်စီးနေကြပါတယ်။ အဲဒီလို သွေးနီဥလေးတွေ ပျက်စီးသွားလို့ ထွက်လာတဲ့ အ၀ါဓါတ်ပစ္စည်း Bilirubin ကို အသည်းက ချေဖျက်ပြီး သည်းခြေရည်က တစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ တချို့ ဘီလီရူဗင်တွေဟာ အူသိမ်ကနေ ပြန်လည်စုပ်ယူပြီး ကျောက်ကပ်ကို ရောက်လာပြီး ဆီးထဲမှာ ပါလာပါတယ်။ တချိုကို ၀မ်းကနေတစ်ဆင့် စွန့်ထုတ်တယ်။ ဒါကြောင့် အသည်းမကောင်းရင် ဘီလီရူဗင်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပျက်စီးပြီး ကိုယ်ထဲမှာ အ၀ါဓါတ်တွေ များလာပါတယ်။ အသားဝါ၊ မျက်လုံးဝါ၊ ဆီးတွေဝါ လာပါတယ်။

ကော့ပါးဓါတ်တွေ၊ သံဓါတ်တွေဟာလည်း အသည်းထဲမှာပဲ ချေဖျက်ပြီး စွန့်ထုတ်ရပါတယ်။ ကိုယ်ထဲကထွက်တဲ့ ဟော်မုန်းဓါတ်တွေ၊ အန်ဒရိုချင်တွေကိုလည်း အသည်းကပဲ ချေဖျက်ပေးတာပါ။ နောက်လူတွေ သောက်သုံးလိုက်တဲ့ ဆေးဝါးတွေကိုလည်း ချေဖျက်ပေးပါတယ်။ ပါးစပ်ကနေ ၀င်ရောက်လာတဲ့ ဆေးဝါးတွေဟာ အူလမ်းကြောင်းနံရံကနေ စုပ်ယူပြီးတဲ့အခါ အသည်းကို အရင်ရောက်လာပါတယ်။ အဲဒီကနေတဆင့် သွေးထဲ ပြန်ရောက်ပြီး လိုအပ်တဲ့နေရာကို ရောက်ရှိပြီး အစွမ်းပြကြရပါတယ်။ ဒီနေရာမှာ အသည်းက ပုံမှန်အလုပ်မလုပ်ရင် ဆေးအာနိသင် အပြောင်းအလဲ ဖြစ်တတ်ပါတယ်။ ဆေးဝါးအများစုဟာ အာနိသင်ကုန်ဆုံးသွားတဲ့အခါ အသည်းမှာ ချေဖျက်ပြီး ပြန်လည် စွန့်ထုတ်ခံရပါတယ်။ အရက်တွေကိုလည်း အသည်းကပဲ တာဝန်ယူ ချေဖျက် ပေးနေရတာပါတယ်။

နောက်တာဝန်တစ်ခုကတော့ ပရိုတင်းဓါတ်တွေ၊ စားလိုက်တဲ့ ကြက်ဥတွေ၊ နွားနို့တွေ၊ အသားထဲက ပရိုတင်းဓါတ်တွေကို အူကနေ စုပ်ယူပြီး အသည်းထဲကိုရောက်တော့ အသည်းက ပြန်လည်ဖြန့်ဖြူးပေးပါတဲ့ တာဝန်ဖြစ်ပါတယ်။ ပြီးတော့ အဲလ်ဗြူမင် Albumin ဆိုတဲ့ဓါတ်တစ်မျိုး ထုတ်ပေးပါတယ်။ အဲလ်ဗြူမင် များများရှိမှ ကိုယ်ထဲက သွေးကြောထဲကရေတွေကို အပြင်ကို ထွက်မသွားအောင် အဲလ်ဗြူမင်ဆိုတဲ့ ဓါတ်တွေက ဆွဲထားပါတယ်။ အဲလ်ဗြူမင် တွေ မထုတ်လုပ်နိုင်ရင် ရေတွေ အပြင်ထွက်လာပါမယ်။ အဲဒီအခါ ခြေထောက်ရောင်လာပါတယ်။ ရေဖျဉ်းတွေ စွဲလာပါတယ်။

အသည်းအကြောင်း ကျန်းမာရေး ပညာပေးစာစောင်တွေ စာအုပ်တွေထဲက ဖတ်မိထားသလောက် သိသလောက်လေး ရေးတင်လိုက်တာပါ။ လိုအပ်ချက်လေးတွေတော့ ရှိနိုင်ကောင်းပါတယ်။ ဒါပေမယ့် မသိသေးတဲ့သူတွေအတွက် အကျိုးရှိစေမယ်လို့တော့ ယူဆပါတယ်။

Read More...