မေးကြည့်ချင်ပါတယ်
The Voice Weekly မှာ ဆရာဝန်တွေရဲ့ Ethics ကိစ္စဆောင်းပါးတွေ ဖတ်ရတာ နှစ်ဝက်ရှိပါပြီ။ စိတ်မချမ်းသာလွန်းလို့ ဒီစာကို ရေးမိပါတယ်။ ကျွန်မ အလုပ်သင်ဆရာဝန် ဘ၀တုန်းက ကျွန်မတို့ရဲ့ဆရာကြီး ပါမောက္ခ ဒေါက်တာမောင်မောင်ဝင့်က ဆုံးမဖူးပါတယ်။ "မင်းတို့ ကိုယ့်လောကကို ကိုယ်မထိန်းသိမ်းရင် ပျက်စီးကြမှာပဲ" တဲ့။ ဆရာကြီး ပြောခဲ့တာ ၂၀၀၀ ပြည့်နှစ်ကပါ။ အခုကိုးနှစ်အကြာမှာ ဆရာဝန်တွေအကြောင်း ဟိုးလေးတကျော်ကျော် ဖြစ်နေတာ တွေ့ရတော့ ဆရာကြီးဆုံးမခဲ့တာ ကြာလေသွေးထွက်အောင်မှန်လေ ဆိုတာ သိလာပါတယ်။
ကျွန်မဘွဲ့ရပြီးတော့ ဆေးကုမ္ပဏီမှာ သုံးနှစ် အလုပ်လုပ်ခဲ့ပါတယ်။ ကျောင်းသားဘ၀တုန်းက ကြည်ညိုလေးစားရတဲ့ ဆရာဝန်ကြီးတွေဟာ ဆေးကုမ္ပဏီတွေရဲ့ ရုပ်သေးရုပ် ဖြစ်မှန်းမသိ ဖြစ်နေတာကို မျက်ဝါးထင်ထင် တွေ့ခဲ့ဖူးပါတယ်။ ဘယ်နိုင်ငံကို အလည်သွားမှာမို့လို့ ဟိုကုမ္ပဏီက ဒေါ်လာသုံးထောင်၊ ဒီကုမ္ပဏီက ဒေါ်လာနှစ်ထောင်နဲ့ ဒေါ်လာသောင်းချီ ထောက်ပံ့ငွေကို ပြောင်ပြောင်တင်းတင်း ယူကြတာပါ။
ဆရာကြီးတစ်ယောက်ဆိုရင် အဲဒီကုမ္ပဏီက ထုတ်တဲ့ဆေးကို Prescribe လုပ်ပေးရင် ဆေးတစ်ကတ်ကုန်တိုင်း ဒေါ်လာတစ်ရာ ရပါတယ်။ ဒါကြောင့် သူ့ဆေးခန်းလာပြတဲ့ ဘယ်လူနာမဆို အဲဒီဆေး ထိုင်ရေးတော့တာပဲ။ နယ်ကလာတဲ့ လူနာတွေခင်မျာ နားမလည်ဘဲ ဈေးကြီးတဲ့ဆေးကို ၀ယ်ကြရ။ မ၀ယ်နိုင်လို့ စိတ်ဆင်းရဲကြတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ ကျွန်မတို့ ကုမ္ပဏီရဲ့ Country Manager ကလည်း နိုင်ငံခြားသားပီပီ "မင်းတို့မြန်မာဆရာဝန်တွေက" လို့အစချီပြီး ပျစ်ပျစ်နှစ်နှစ် အထင်သေး ရှုတ်ချတယ်။ အောင့်သက်သက်နဲ့ ခံခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အဲဒီ Country Manager ကပဲ ဆရာဝန်ကြီးတွေ ရှေ့ရောက်တော့ ကျီးကို ဘုတ်မြှောက်၊ ဘုတ်ကို ကျီးမြှောက် ဖြစ်နေပြန်ပါရော။
ဒီနေ့အထိ အဲဒီ Ethics ကို တင်းတင်းကျပ်ကျပ် စောင့်ထိန်းပြီး သမားဆိုတဲ့ဂုဏ်နဲ့ ပြည့်စုံတဲ့ ဆရာဝန်ကြီးတွေဆိုလို့ လက်တစ်ဆုပ်စာလောက်ပဲ ကျန်တော့တာပါ။ ဒီနေ့အထိ ကျွန်မ ကြည်ညိုလေးစားပြီး မိဘလို ကိုးကွယ်နိုင်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေကို မေးကြည့်ချင်ပါတယ်။ "ကျွန်မတို့ရဲ့လောကကို ထိန်းသိမ်းဖို့ ဘယ်နေရာကစပြီး ပြန်ပြင်ကြရင် ကောင်းမလဲ" လို့ပါ။
ဒေါက်တာသန္တာ၀င်း
မှတ်ချက်။ The Voice Weekly - Vol 1.5/No 25 က ဒေါက်တာသန္တာ၀င်းရဲ့ PERSPECTIVE ကို ကူးယူဝေမျှတာ ဖြစ်ပါတယ် ခင်ဗျာ။
13 comments:
ဘယ်နေရာက စပြင်ရမလဲဆိုတာလေးက ဖြစ်နိုင်တာက ပြောရရင် ကိုယ်က စလို့ပဲ ပြောရမှာ။
တစ်လောကလုံးမှာ ကိုယ် ပြင်နိုင်ဆိုလို့ ကိုယ် တစ်ယောက်လေး ရှိတာ။
အဲဒါကိုမှ မပြင်ရင် ဘယ်နေရာက စကြမှာလဲ ?
ဒီပို့စ်ကို ဖတ်ရတာ မြန်မာပြည်က ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ တစိတ်တဒေသကို သိရလို့ မူလပိုင်ရှင် ဒေါက်တာ သန္တာဝင်းကိုရော ဒီမှာ ပြန်တင်ပြပေးတဲ့ July Dream ကိုပါ ကျေးဇူးတင်ပါတယ်။
ကျွန်မထင်တာ အဲဒါ Ethnic ဆိုတာထက် Professional misconduct လို့ထင်တယ်။ကျွန်မထင်တာကို ပြောရရင် ပထမအချက် မြန်မာပြည်မှာ ကျန်းမာရေးပညာရှင်တွေကို ပညာပေးတာ ဆေးအကြောင်း၊ ခန္ဓာကိုယ်အကြောင်း၊နဲ့ ရောဂါပိုးနဲ့ ရောဂါတွေအကြောင်းကိုပဲ အဓိကပေးပြီးံHealth Care Law, Clinical competency, Code of ethic တို့ Code of professional conduct ကို သင်ကြားတာ၊ Tutorial တွေမှာ ဆွေးနွေးတာ သိပ်နည်းနယ်ထင်တယ်။ ဒုတိယအချက်က Health Care Professional တွေကြားမှာ ဘယ်သူက ဘာကိုလုပ်မယ်ဆိုတဲ့ Share တာဝန်ယူမှုအတွက် ပေါ်လစီ ရှိပုံမရဘူး။ နောက်တချက်က ကျန်းမာရေး ပညာရှင် အားလုံးက ဘယ်သူ့ရဲ့ အခန်းကဏ္ဍက ဘာဆိုတာကို လစ်လျူရှုတာ သိပ်များပြီး Background မတူတဲ့ လူနာတွေနဲ့ ပတ်သက်ပြီး စောင့်ရှောက်တဲ့ Holistic care ဆိုတာကို မတွေ့ရဘူး။ ခက်တာက မြန်မာပြည်မှာ ဆေးကို ကြိုက်တဲ့သူရောင်းလို့ရတယ် Pharmacist ဖြစ်ဖို့မလိုဘူး။ ဥပမာ ပြောရရင် ကျွန်မတို့ဆီမှာ ဆေးကို ဆရာဝန်ရေးပေးတာ ဆေးနာမည်ပဲ ရေးပေးတယ်။ ဆိုင်မှာ ဆေးသွားဝယ်မှ Pharmacist က လူနာကို ဆေးအကြောင်း အသေချာ ရှင်းပြပြီး သူ့ဆိုင်မှာ ဒီဆေးနဲ့ ပတ်သက်ပြီး ကုဏ္ပီ တမျိုးထက်ပိုရှိနေရင် အာနိသင်တူပေမယ့် တချို့ကုဏ္ပီက Side effect ပိုများပြီး ဈေးတော်တာ ရှိနိုင်တယ်။ တချို့ကုဏ္ပီက ဈေးသိပ်ကြီးတယ် Side effect နည်းတယ်။ ထိရောက်မှုက အတူတူပဲ သူ့ဆိုင်မှာ ဘယ်နှစ်မျိုးရှိတယ်ဆိုတာကို ရှင်းပြပြီး ဘာကိုယူမလဲဆိုတာ လူနာက သူရွေးရတာ ဖြစ်တယ်။ တကယ်လို့ ဆရာဝန်က ဒီလို တိတိကျကျ ဈေးကြီးတာကို Prescribe လုပ်ထားရင်လည်း Pharmacist က ဒီလူနာအတွက် ဒီဆေးဟာ သိပ်ကို ဈေးကြီးတယ် ထင်ရင် ဘာကြောင့် ဒီဆေးကိုမှ Prescribe လုပ်ရတာလဲ ဆိုတာ Pharmacist ဒါမှမဟုတ် သူနာပြုမှာ လှမ်းမေးပြီး ပြန်သုံးသပ်ဖို့ ပြောပိုင်ခွင့် ရှိတယ်။ ဆရာဝန်က ဒါသူ့ကို ဆရာလုပ်တယ်ပြောလို့ မရဘူး ဒါဟာ သူတို့အလုပ် သူတို့လုပ်ကြတာ ဖြစ်တယ်။ Health Care Professional တွေ အားလုံးမှာ လူနာရဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာဖို့ အတွက် တာဝန်ရှိပါတယ်။ ကျွန်မတို့ဆီမှာ ဆရာဝန်၊ Pharmacist, nurse, Physiotherapist, occupational therapist စတဲ့ ကျန်းမာရေး ပညာရှင်တွေအားလုံးမှာ လုပ်ရမယ့် တာဝန်မတူလို့ Guide line ပဲကွဲတယ်။ ကျန်တဲ့ အထွေထွေနဲ့ဆိုင်တဲ့ Ethnic တို့ conduct တို့ အကုန်လုံး အတူတူပဲ။ အဲဒီအကြောင်းတွေကို ကျွန်မတို့ဆီမှာ ကျောင်းသားဘ၀မှာ ကောင်းကောင်းသင်ရတယ်။ လုပ်ရတဲ့Assignment တွေနဲ့ online ရော အတန်း tutorial တွေမှာ ရေးကြီးခွက်ကျယ်ကို ဆွေးနွေးရတယ်။ ပြန်ချုပ်လိုက်ရင်တော့ မြန်မာပြည်မှာ ပညာရေးမှာ နှိပ်ကျနေလို့ ပညာရေးကို ချက်ချင်းကြီး တိုးတက်အောင် လုပ်ဖို့မဖြစ်နိုင်သေးပေမယ့် အဲဒီ Ethnic တွေ Professional conduct တွေကို ထိန်းချုပ်ဖို့ ပေါ်စလီတခုတော့ လိုအပ်တယ်ထင်တယ်။
မကျွန်း ပြောတာရော၊ မငယ်နိုင် ပြောတာရော မှန်တယ်လို့ မြင်ပါတယ်။
ကိုယ် တနိုင်စဖို့ ဆိုတာက အင်မတန် ကောင်းတဲ့ ၀ါဒ ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဒါကို ခံယူကျင့်သုံးပါတယ်။ အားလည်း ပေးပါတယ်။ သို့သော် ဒီလို လုပ်ဖို့ဆိုတာက ကိုယ့်ကိုကိုယ် သိမှု သတိ (insight/ awareness) ရှိနေရမယ်။ တချို့က အတ္တတွေ ဖုံးပြီး သူများလည်း လုပ်၊ ငါလည်း လုပ်၊ ဘာဖြစ်လဲဆိုတဲ့ ခံယူချက် (attitude) ရှိရင်တော့ အောင်မြင်ဖို့ ခက်ခဲတယ်။ ဘာမှလည်း အရေးယူမှု မရှိဘူးကိုး။ They know that they can get away with it!
လောကကြီးမှာ လူတိုင်းဟာ အသိတရားတွေနဲ့ ပြည့်ဝပြီးသာ နေကြမယ်ဆိုရင် ဘာဥပဒေ စည်းမျဉ်းတွေမှ လိုတော့မှာ မဟုတ်ဘူး။ လူ ဖြစ်နေတဲ့အတွက် အမှားတွေ လုပ်ကြလို့ စည်းတွေ ဘောင်တွေဆိုတာ ရှိလာတယ်။ ရှိနေတယ်။ ရှိလည်း ရှိရမယ်။ မငယ်နိုင် ပြောသလို policies တွေ လိုတယ်ဆိုတာ အမှန်ပဲ။
အမှန်က ဆရာဝန်တွေဖက်ကိုတင် မဟုတ်ပါဘူး။ ဆေးကုမ္ပဏီတွေကိုပါ စည်းကြပ်ရမှာပါ။ သူတို့မှာလည်း professional conduct ဆိုတာ ရှိပါတယ်။ ဒီနိုင်ငံတွေမှာတော့ လူထုမှာ အသံ ရှိတယ်။ လူထုရဲ့အသံကို media တွေက ထင်ဟပ်ပြီး အကြီးအကျယ် ဖြစ်လာရင် policy makers, administrators တွေ မတုံ့ပြန်လို့ကို မရဘူး။
ရန်ကုန်မှာတုံးက ဆေးကုမ္ပဏီက country manager တစ်ယောက် ပြောဖူးတာ သတိရမိတယ်။ 3 marketing Cs: Convince, Confuse or Corrupt တဲ့။ ဒါကို သူတို့ သုံးတယ်ဆိုရင် ပထမ C (Convince) သာလျှင် ဆရာဝန်တွေအတွက် ဆေးတစ်ခုကို ရွေးရခြင်းအကြောင်း ဖြစ်သင့်တယ်။ Confuse အထောက်အထားတွေ ဗြောက်သောက်နဲ့ ခေါင်းရှုပ်သွားတာကြောင့် ဒါမှမဟုတ် Corrupt လာဘ်ပေးတာကို လက်ခံမှုကြောင့် ဆေးတစ်ခုကို ကိုယ့်လူနာအတွက် ရွေးတာမျိုးကတော့ မဖြစ်သင့်တဲ့အရာဆိုတာ လူတိုင်း သိနေတာပဲ။
စည်းကမ်းဥပဒေတွေ ဖြစ်လာဖို့၊ ဖြစ်လာတဲ့ ဥပဒေကို လူတိုင်း (လူတိုင်း) တပြေးညီ လိုက်နာဖို့ (not allowing anyone to be above the law) ဆိုတာ အုပ်ချုပ်သူတွေရဲ့ တာဝန် ဖြစ်တယ်ဆိုတာလည်း လူတိုင်း သိတဲ့ အချက်ပဲ။ ဒါကို မလုပ်နိုင်ရင် ဒီလိုပဲ ဆက်သွားနေဦးမယ်လို့ ထင်တယ်။
အဒီ corrupt ဆိုတာလေးမှာ ဆေးကုမ္ပဏီမှာ အလုပ်ဝင်နေကြတဲ့ လူငယ်ဆရာဝန်တွေက ၀ိုင်းဝန်း ကူညီနေလား၊ မနေလားဆိုတာလေးလဲ စဉ်းစားစရာပါ။
ဖြစ်နေတာတွေက အများကြီး။
ပြောရင် မဆုံးဘူး။
ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးနေလို့လဲ ဘာမှ ပို မကောင်းလာဘူး။
ပြောစရာ ဆွေးနွေးစရာတွေကတော့ ပြောရမှာပေါ့လေ။
တစ်ခါတစ်လေ အားလုံးက မိုးခါးရေသောက်နေတဲ့ ကြားထဲ မသောက်ဘဲ နေတဲ့သူတွေက အရူးလို့ ပြန်အထင်ခံရတာတွေ ရှိတယ်။
ဘယ်သူမှ အပြင်လူ မဖြစ်ချင်ဘူးလေ။
အဲဒီတော့ အရမ်းခက်ပါတယ်။
ကိုယ့်ကိုယ်ကို ပြင်ဆိုလို့လဲ လွယ်လှတဲ့ ကိစ္စတော့ မဟုတ်ဘူး။
သတ္တိနဲ့ စိတ်ဓာတ် ခွန်အားတွေလဲ အများကြီးလိုတယ်။
ဆရာဝန်အလုပ်ကို ၀ါသနာပါပြီး ပိုက်ဆံ လုံးဝမလိုချင်တဲ့ ကျွန်မ သူငယ်ချင်းက မိုးခါးရေ သောက်သူတွေ ၀ိုင်းပြီး ပြဿနာရှာကြတဲ့ ဒဏ်မခံနိုင်လို့ ထွက်ပြေးခဲ့ရတယ်။
နောက်မှပဲ ဆက်ပြောတော့မယ်။
ဘယ်နေရာကစပြင်ရမလဲတဲ့ ..အင်းး..
ခေါင်ကစပြင်ရမယ်ထင်တယ်..
အဲ့ဒါမှ..တစ်အိမ်လုံးမိုးလုံနိုင်မယ်ထင်တယ်ခင်ဗျ။
စရိုက်၊အကျင့်ပျက်ရတာ က င္ဂေမက်တဲ့ လောဘကြောင့်လေ၊င္ဂေဘာလို့မက်လဲဆိုတော့ ရှာရခက်လို့နေမှာပေါ့။ဒီတော့..အစဉ်လိုက် အကျင့်ပျက်နေကြတာပဲ...ခေါင်ကိုပြောင်းမှ.အနှောင်းကောင်းမယ်
post ကောင်း တစ်ခုကို ဖတ်ရတာ ကျေးဇူးတင်မိပါတယ်။
ပြည်တွင်းက အခြေအနေတစ်ခုကို ပြည်တွင်းက ဂျာနယ်မှာ ဖော်ပြထားတာကို ပြန်လည်ဝေမျှတာပါ။ ဘာတွေ လုပ်ရမယ် ဘာတွေ ပြင်ရမယ် ဆိုတာကတော့ ဆေးလောကသားတွေ သိရှိ နားလည်ပြီးသားပါ။ ကျွန်တော်က Third Party အနေနဲ့ ဝေမျှတာကို အခုလို ဂရုတစိုက် ဝေဖန် အကြံပြုတာကို မြင်ရတော့ အားရှိမိပါတယ် ခင်ဗျာ။
PH in Myanmarမှာ ပို့စ်မတင်လို့ လာလာဆူနေတဲ့ မကျွန်းလည်း အခုတော့ ကျွန်တော့်ကို မဆူလောက်တော့ပါဘူးနော်။ =)
စာဖတ်နေရင်း သတိရလာတာလေး တစ်ခု ပြောချင်တာနဲ့ ၀င်လာတာ။
ပြည်တွင်းက ဆရာဝန်တွေက limited resource တွေနဲ့ ၀န်နဲ့အားနဲ့ မမျှအောင် အလုပ်လုပ်နေရတယ် ဆိုတာလေးကိုလဲ သတိရကြစေချင်တယ်။
ဒါက တကယ်ကို appreciate ဖြစ်သင့်တဲ့ အချက်တွေထဲမှာပါတယ်။
မကောင်းတာတွေကို ထောက်တိုင်း ကောင်းတာလေးတွေကိုလဲ ရှာပြီး ကြည့်ဖို့ လိုတယ်လို့ ထင်တယ်။
လူမသိ သူမသိ လူမမြင် သူမမြင်နဲ့ ဆင်းရဲ ဒုက္ခခံပြီး ပေးဆပ်နေတဲ့သူတွေ ရှိဆဲပါပဲ။
ဒီဘလော့ဂ်မှာ စာရေးသူရော စာဖတ်သူပါဖြစ်တဲ့ ကျွန်မ လေ့လာရင်း မြန်မာပြည်တွင်းက ဆရာဝန်တွေ၊ နာ့စ်တွေရဲ့ ဘ၀ကို နားလည်လို့ ရပါတယ်။ မြန်မာပြည်က ဆရာဝန်တွေက ဆေးရုံတွေမှာ Tune တဲ့ Limited resorce တင်မကဘူး တခြား Health Care Professional တွေ လုပ်ရမယ့် အလုပ်တွေပါ သူတို့ပဲ သိမ်းကျုံးပြီး လုပ်နေရတာကိုပါ ဘောပေါက်တယ်။ ဆေးရုံတက်လာတဲ့ လူနာတယောက်ကို ဆေးရုံမဆင်းပြီးရင် ကျန်တဲ့အပိုင်းကို ဆက်လက်တာဝန်ယူဖို့ Refer လုပ်စရာ လူနာမှာ local doctor ဒါမှမဟုတ် Family doctor ဆိုတာ သီးသန့်မရှိတဲ့အပြင် Community Care ဆိုတာလည်း မရှိတဲ့အတွက် တာဝန်ယူ ကုသတဲ့ဆ၀န်ဟာ ဒီလူနာဆေးရုံဆင်းရင် Refer letter ရေးပေးဖို့ ဘယ်သူမှ မရှိနိုင်ဘူး အကုန်လုံးကို သူကပဲရှင်းပြရလိမ့်မယ်။ ပြင်ပ ကိုယ်ပိုင်ဆေးခန်းဖွင့် ထားတဲ့ ဆရာဝန်တွေဆိုလည်း လူနာတွေမှာ မိသားစု ဆရာဝန်ဆိုတာ တိတိကျကျ မရှိတော့ လူနာရာဇ၀င် ကွန်ပြူတာထဲမှာလည်းမရှိ အပြင်ကလည်း ဘာ Document မှ မပါလာပဲ လာပြတဲ့ လူနာတွေကို မှန်ကန်အောင် စမ်းသပ်ပြီး ကုဖို့ဆိုတာ သိပ်ကို ခက်ခဲမယ်ဆိုတာ သဘောပေါက်ပါတယ်။ ကိုယ်က ရောဂါ လက္ခဏာ ကြည့်ပြီးရောဂါ သတ်မှတ်ဖို့ မသေချာလို့ လူနာအတွက် test တခုကို သွားစစ်ခိုင်းပြီး Result ပြန်ကြည့်ပြီးမှ ဆက်ကုဖို့ဆိုတော့လည်း ကျန်းမာရေးကို အစိုးရက တာဝန်ယူတဲ့စနစ်မဟုတ်တော့ အဲဒီ test အတွက် လူနာကပဲ ပိုက်ဆံထုတ်ပေးရမယ်ဆိုတော့ မရှိနွမ်းပါးသမားဆိုရင် quality treatment ဖြစ်အောင် ကုသပေးဖို့ ဆိုတာ သိပ်ခက်ပါလိမ့်မယ်။ ဒါကြောင့် လူနာတယေက်ရဲ့ Biological alternation ကိုပဲ အချိန်အကန့်အသတ်နဲ့ အကောင်းဆုံး ဖြစ်အောင် ဦးစားပေးပြီး ကုပေးနေရတော့ လူနာရဲ့ Social & emotional needs မှာ အားနည်းသွားတာ ဖြစ်နိုင်ပါတယ်။ ကျောင်းသားဘ၀တုန်းကလည်း ဒါတွေကို ဦးစားပေးပြီး မသင်လာခဲ့ရဘူးဆိုတော့ မလိုအပ်ဘူးလို့ ထင်တာတွေလည်း ဖြစ်နိုင်ပါတယ်။ အမှန်ကတော့ Health Care Professional တယောက်ဟာ လူနာအတွက် Biological, social, emotional needs တွေ အားလုံးအတွက် တာဝန်ရှိပါတယ်။ ဒါတွေအားလုံးအတွက် Quality Care, quality treatment ဖြစ်အောင် ကုပေးဖို့ မြန်မာပြည်က ဆရာဝန်တွေဟာ အကန့်အသတ်တွေ အများကြီး ရှိနေပြီး မနိုင်ဝန်ထမ်းနေရတယ်လို့ ခန့်မှန်းမိတယ်။ ကျန်းမာရေး စနစ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာဟာ ဒီဘလော့ဂ်ရဲ့ ရည်ရွယ်ချက်တွေအနက် တခုပါဝင်တဲ့အတွက် အခု ကျွန်မ ပြောထားတဲ့ အကြောင်းအရာတွေဟာ မကောင်းတာတွေကိုပဲ ထောက်ပြတာမဟုတ်ပါဘူး။ အရင်က ဆရာဇိဝက ပို့စ်မှာ မေးခွန်းမေးတုန်းကလည်း မသိတာကို သိချင်လို့ မေးတာသာဖြစ်ပြီး အပြင်ကနေပြီး အတွင်းကအကြောင်း ဘာမှ သိပဲနဲ့ လျှောက်ပြောတဲ့ လေသံနဲ့ မေးခဲ့တာမျိုးမဟုတ်ပါဘူး ပြန်ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ အခုတော်ရုံသိလာတဲ့အခါမှာလည်း သိလာသမျှကို သိတဲ့အတိုင်း appreciate ရှိရှိနဲ့ ပြန်ဆွေးနွေးတာသာ ဖြစ်လို့ မကောင်းတာကိုပဲ ထောက်ပြတာ မဟုတ်ဘူးဆိုတာ အလေးအနက် ပြောပြချင်လို့ မအားတဲ့ကြားက ဒီမှတ်ချက်ကို ရေးဖြစ်ပါတယ်။ ရေးဖြစ်အောင် တွန်းပို့ပေးတဲ့ Tune ကိုလည်း ကျေးဇူးတင်ပါတယ်။
ကျွန်မ ဒီဘလော့ဂ်မှာ ဘယ်သူ့ကိုမှ target ထားပြီး ပြောနေတာ မဟုတ်ပါဘူး။
အဲဒီလို သဘောသက်ရောက်နေတယ်ဆိုရင် ခွင့်လွှတ်စေချင်ပါတယ်။
အားလုံးကို တွေးမိစေချင်တာနဲ့ ကျွန်မ တွေးမိတာတွေ ၀င်ဝင်ပြောဖြစ်နေတာ။
အချိန်ကလဲ နည်းတော့ သိပ်မတွေးဖြစ်ဘဲ ချချရေးဖြစ်နေတယ်။
ပြောချင်တာတွေက အများကြီး ရှိသေးတယ်။
ဒါပေမယ့် တစ်စုံတစ်ယောက်တည်းကို ပြောချင်တာမျိုး မဟုတ်ပါဘူး။
အားလုံးကို ပြောဖြစ် ဆွေးနွေးဖြစ် တွေးဖြစ် စေချင်တာ။
အခု ပြန်လာကြည့်ပြီး တွေးမိတာ "ကိုယ်ပြောမှပဲ အားလုံးက တွေးမိတော့မယ်" ဆိုတာမျိုး ရေးမိပြန်ပြီလို့။
အမှန်က စိတ်ထဲမှာ တွေးမိတာတွေကို ပြန်ပြန်ချပြောနေမိတာ။
သူများတွေကို ပြောဖို့ ထောက်ဖို့ ကိုယ်ကိုယ်တိုင်လဲ အပြစ်ကင်းစင်နေတဲ့သူ တစ်ယောက် မဟုတ်ပါဘူး။
Fair enough!
Thanks
This theme of 'being insider and outsider' has been subtly but repeatedly (may be unknowingly too) implied here and in my opinion, things have got a little ridiculous lately. Hence this attempt to clear the air.
It is only natural and inevitable for people on different sides of a fence to hold different views. This does not necessarily mean that they should be dogmatic and harbour intentions to undermine efforts of the other side. By this, I mean those inside should not be blamed for all the mishaps and deficiencies and those outside should not be labelled as 'ousiders without any insight or empathy'.
I think we should be cautious about the assumptions and over-generalisations. It is not only what is said but also how it is said matter. It is probably best to maintain the respect and boundaries here whilst keeping healthy and well thought-out discussions/comments going.
I trust we do not wish to lose sight of the common goal of this site - for our (Myanmar people's) own good. I would still like to believe that one of the ways of achieving it is by sharing useful experiences and lessons learnt from different corners of the world.
Post a Comment