Thursday, July 28, 2011

Integrated Program For High-Risk Pregnancy

အထူးတကာ့ အထူးဆုံး၊ အကောင်းတကာ့ အကောင်ဆုံး ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု

ကိုယ်ဝန်တိုင်းကို အထူး ဂရုစိုက်သင့်တယ်။ တကယ်လို့ ပုံမှန်ကိုယ်ဝန်ကနေ တခုခု ထူးလာရင်၊ ဒါမှမဟုတ် မိခင်လောင်းမှာ ကျန်းမာရေး ချို့ယွင်းနေရင် အထူး-စပါယ်ရှယ် ဂရုစိုက်ရလိမ့်မယ်။

ဒီသဘောကို အခြေပြုပြီး အမေရိကန် ပြည်ထောင်စု Rhode Island မှာရှိတဲ့ Women & Infants ဆေးရုံကနေ အဲလို High-risk pregnancies အန္တရာယ်ရှိ ကိုယ်ဝန်ဆောင်တွေနဲ့ အထဲက ကလေးအတွက် လိုလေသေးမရှိ ပြည့်စုံတဲ့ ဌာနတခု ပဌမဆုံး တီထွင် ဖွင့်လှစ် လိုက်ပါတယ်။ အရင်က ရှိထားတဲ့ Maternal-Fetal Medicine and Obstetric ကိုယ်ဝန်ဆောင်-သန္ဓေသားနဲ့ သားဖွါး ဌာန နဲ့ Consultative Medicine at Women & Infants Hospital မိခင်နဲ့ မွေးစကလေး အတိုင်ပင်ခံ-ဆေးရုံ အပြင် Warren Alpert Medical School of Brown University ဘရောင်း-တက္ကသိုလ်-ဝါရင်း-အဲလပတ် ဆေးပညာသင်ကျောင်းတွေကို စုစည်းလိုက်တာ ဖြစ်တယ်။ ဒါဟာ ကျယ်ပြန့်တဲ့ အတွေ့အကြုံနဲ့ အထူးကုဆေးပညာတွေကို ပေါင်းစပ်ပြီး မိခင်ရော ကလေးအတွက် အကောင်းဆုံး ရလဒ်တွေ ရစေအောင် လုပ်ပေးမှာ ဖြစ်တယ်။

"ဒါဟာ တခြားနဲ့ မယှဉ်နိုင်တဲ့ စိတ်ချသေခြာမှုကို ရစေမဲ့ စုဝေးမှုကြီးကနေ အဲဒီလို အန္တရာယ်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ အသေးဆုံး လူနာကလေးတွေ အတွက် လူနာရော ဆရာဝန်တွေအတွက်ပါ ထိုက်တန်တဲ့ ညွှန်ပြဦးစီးမှုတွေ ရစေမှာပါ" လို့ Raymond O. Powrie, MD က ပြောလိုက်တယ်။ သူဟာ ဆေးပညာဆောင် အကြီးအကဲ နဲ့ Quality and Clinical Effectiveness at Women & Infants Hospital ရဲ့ အကြီးတန်း ဒု-ဥက္ကဌဖြစ်ပြီး၊ စုဝေးမှု ဌာနသစ်ရဲ့ တွဲဖက် ညှိနှိုင်းရေးမှူးလဲ ဖြစ်တယ်။

ဒီအစီအစဉ်ကနေ တခြား ကွန်မြူနတီ သားဖွါးပေးသူတွေ၊ ကျန်းမာရေး စောင့်ရှောက်ပေးသူတွေ၊ ဝမ်းဆွဲ-သူနာပြုတွေနဲ့ ဆေးပညာ၊ သားဖွါးပညာ၊ မွေးစကလေး-ကျန်းမာရေး၊ မျိုးဗီဇရေးရာတွေကို မမွေးခင်၊ မွေးနေတုံးနဲ့ မွေးပြီး အခြေအနေတွေ အားလုံးမှာ လက်တွဲ လုပ်ဆောင်ပေးပါလိမ့်မယ်။

Division of Maternal-Fetal Medicine ဌာနက ဒါရိုက်တာ နဲ့ အစီအစဉ်သစ်ရဲ့ ညှိနှိုင်းရေးမှူးဖြစ်တဲ့ Katharine D. Wenstrom, MA, MD က "ကျမတို့ ရည်ရွယ်ချက်က (ကွန်မြူနတီ) အခြေပြု သားဖွါးပေးသူတွေကို အကောင်းဆုံးအဆင့် စောင့်ရှောက်မှုပေးဘို့ပါ" လို့ ပြောတယ်။ "စုစည်းမှုကြီးဟာ အကောင်းဆုံး ဦးနှောက်တွေ လက်တွဲ လုပ်ကြပြီး အကောင်းဆုံး ရလဒ်တွေ ရစေဘို့ ဖြစ်ပါတယ်။"

အစုအစည်းကြီးထဲမှာ Maternal-fetal medicine မိခင်-သန္ဓေ-ဆေးပညာ၊ Obstetric internal medicine မီးဖွါးဆေးပညာ၊ Internal Medicine ဆေးပညာ၊ Obstetric Anesthesiology မီးဖွါး-မေ့ဆေးပညာ၊ Cardiology နှလုံး-အထူးကု၊ Pulmonology အဆုပ်-အထူးကု၊ Hematology သွေး-အထူးကု၊ Gastroenterology အစာလမ်း-အထူးကု၊ Rheumatology လေးဘက်နာ-အထူးကု၊ Endocrinology ဟော်မုန်း-အထူးကု၊ Infectious disease ကူးစက်ရောဂါ-အထူးကု၊ Clinical genetics မျိုးဗီဇ-အထူးကု၊ Laboratory medicine ဓါတ်ခွဲခန်း-ဆေးပညာ၊ Radiology ဓါတ်မှန်၊ Nursing သူနာပြု၊ Pharmacy ဆေးဝါး၊ နဲ့ Respiratory therapy အသက်ရှူ-ကုသရေးတွေ ပါဝင်တယ်။ တခြားဟာတွေလဲ ပါပါသေးတယ်။

Prenatal Diagnosis Center အပြင်လူနာဌာနကနေ ကိုယ်ဝန်ဆောင် မိခင်နဲ့ အထဲကကလေးအတွက် ရှုတ်ထွေး ဆန်းပြားတဲ့ ရောဂါ-ရှာဖွေ-စစ်ဆေးရေး-အကဲဖြတ်ရေးတွေ လုပ်ပေးတယ်။

Diagnostic services ရောဂါရှာဖွေရေးတွေထဲက Ultrasound exams (အာလ်ထွာဆောင်း)၊ Genetic amniocentesis ရေမြွာရည်စုပ်-မျိုးဗီဇ စစ်ဆေးမှု၊ Chorionic villus sampling အချင်း-နမူနာယူတာ၊ Division of Maternal-Fetal Medicine ကနေ လုပ်ပေးမယ်။ လူနာရဲ့ သီးသန့် ဆရာဝန်ကနေ ညှိနှိုင်းပေးတာတွေ လုပ်ပေးမှာပါ။

ဒီအထဲက Division of Maternal-Fetal Medicine faculty ဟာ Women & Infants and Hasbro Children's/Rhode Island hospital ရယ် Tufts Medical Center in Boston ရယ်နဲ့ စပ်တူဖြစ်နေတဲ့ Women & Infants and the Fetal Treatment Program နဲ့ပါ တွဲဆက်လုပ်မှာ ဖြစ်ပါတယ်။

Fetal Treatment Program မွေးစကလေး ကုသရေးဌာနကနေ အသက်ကို အန္တရာယ် ပေးနိုင်တဲ့ ရောဂါအခြေအနေ မှန်သမျှကို အကောင်းဆုံး-နောက်ဆုံးပေါ် နည်းတွေနဲ့ ကုသပေးမှာ ဖြစ်တယ်။

Diabetes in Pregnancy Program ကိုယ်ဝန်-ဆီးချို အစီအစဉ်ကနေ အမျိုးအစား ၁ ရော ၂ ရော၊ Gestational Diabetes ကိုယ်ဝန်ဆောင်မှ ဆီးချို ရှိလာရသူတွေ အတွက်ပါ အမျိုးမျိုးသော ဆောင်ရွက်ပေးမှုတွေ ရစေပါမယ်။

Genetic testing and counseling မျိုးဗီဇ စစ်ဆေးခြင်းနဲ့ တိုင်ပင်မှုကို ဖြစ်နိုင်ခြေ ရှိသူတွေအတွက် ကိုယ်ဝန် မယူခင်ကာလကတည်း ဆောင်ရွက် ပေးနိုင်ပါတယ်။ လူနာဟာ အသက်ကြီးနေလို့၊ ဒါမှမဟုတ် မိသားစုထဲမှာဖြစ်ဖြစ် ကိုယ်တိုင်ဖြစ်ဖြစ် မျိုးဗီဇ ချို့ယွင်းတာ ရှိသူဖြစ်ဖြစ်၊ လုပ်ရိုးလုပ်စဉ် စမ်းတော့ သံသယရှိသူ ဖြစ်ဖြစ် မျိုးဗီဇဌာနကို လွှတ်ပေးလိမ့်မယ်။ ဒီလို စစ်ဆေးမှုတွေက အများဆုံး သေခြာတယ်။ တကယ်လို့ ကိုယ်ဝန်မှာ တခုခုရှိနေတာတွေ့ရင် ညှိနှိုင်းဆွေးနွေးမှု အကူအညီပေးပြီး ပြဿနာကိုရှင်းပြတာ၊ နောက်ပြီး ဖြစ်နိုင်ရင် မမွေးခင် ကုသပေးတာတွေ လုပ်ပေးမယ်။ ဒီအဖွဲ့ထဲမှာ Genetic counselors မျိုးဗီဇ-ကောင်ဆယ်လာ နဲ့ မျိုးဗီဇ နဲ့ မိခင်-သန္ဓေသား-ဆေးပညာ အထူးကု ၂ ဦးတို့ ပါတယ်။ ဒါမျိုးဆိုတာ ဒီတိုင်းပြည်ထဲမှာတောင် ခပ်ရှားရှားသာ ရှိတာပါ။

Dr. တင့်ဆွေ


Related Posts :



No comments: