Thursday, February 11, 2010

Healthy Valentine's day


ဒီနှစ် ချစ်သူများနေ့ ရောက်ရင် သင့်အနေနဲ့ ကိုယ်တစ်ယောက်တည်းဖြစ်စေ ကိုယ့်ချစ်သူနဲ့ ဖြစ်စေ အမှတ်တရ ကြည်နူးစရာ နေ့ရက်တစ်ရက်အဖြစ် ဖန်တီးလိုမှာပါ။ အဲဒီလို လုပ်ချင်တယ်ဆိုရင် ချစ်သူအတွက် အကောင်းဆုံးလက်ဆောင်အဖြစ် ကျန်းမာသော ချစ်သူများနေ့ တစ်နေ့ကို ပြုလုပ်ပေးခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒီနှစ်မှာ သင့်ကိုယ်သင့်၊ သင့်မိသားစု နဲ့ သင့်ချစ်သူကို သင်တကယ်ချစ်ကြောင်းကို ပြသဖို့အတွက် မိမိကိုယ်ကို စိန်ခေါ်ဖို့တော့ လိုပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်ကလေးတွေကို လိုက်နာပြီး အကောင်းဆုံး ချစ်သူများနေ့ကို ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

  • ကိုယ့်ချစ်သူ ဒါမှမဟုတ် မိသားစုနဲ့ အမှတ်တရ ညစာ စားကြမယ်ဆိုရင် နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ဟင်းလျာတွေနဲ့ တည့်ခင်းဧည့်ခံသင့် ပါတယ်။ အစားအစာတွေထဲမှာ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပြည့်ဝဆီ ပါဝင်မှုနည်းတဲ့အစာတွေ ပါဝင်သင့်ပါတယ်။ များများပါဝင်လေ ကောင်းလေပါ။
  • နောက်တစ်ချက်ကတော့ ကိုယ်လက်လှုပ်ရှားမှု ပါဝင်တဲ့ ပွဲတစ်ခု ဒါမှမဟုတ် ပျော်ပွဲစားတစ်ခုကို ပြုလုပ်ပါ။ ဥပမာ။ ။ကခြင်း၊ လမ်းလျှောက်ခြင်း၊ bowling ကစားခြင်း။
  • သင့်ကိုယ်သင် ဒါမှ မဟုတ် သင့်ချစ်သူကို လက်ဆောင်ပေးမယ်ဆိုရင် သကြားလုံးဗူး ကဲ့သို့သော နို့ချောကလက်ကဲ့သို့သော အာဟာရမဖြစ်သည့် လက်ဆောင်များ ပေးမည့်အစား သစ်သီးခြင်းကဲ့သို့သော လက်ဆောင်များ ပေးပါ။
  • သင်ဆေးလိပ်သောက်တတ်ပါက ဆေးလိပ်ကို တစ်ခါတည်း ဖြတ်လိုက်ပါ။ ထိုသို့ ပြုလုပ်လိုက်ခြင်းသည် သင်၏ အနားတွင် ရှိသော လူများအားလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။
  • CDC ရဲ့ website မှတဆင့် Valentine's day Health-e-Cards တွေကို သင့်ရဲ့ contacts များ အားလုံးထံ ပေးပို့ပါ။

Reference

http://www.cdc.gov/Features/Valentine/?s_cid=fb237


Related Posts :



No comments: