အရေးပါတဲ့ cultural relativism
(NGO in Myanmar ရဲ့ Forum မှာ တင်ပြီးသား အကြောင်းအရာလေးပါ။ ဒီမှာ ပြန်တင်ပေးပါလို့ ဆရာတစ်ယောက်က ပြောလို့ ပြန်တင်ပေးတာပါ။ စာသား အနည်းငယ် ပြုပြင်ထားပါတယ်။ Female circumcision က ကျွန်မတို့ နိုင်ငံနဲ့ မဆိုင်ပေမယ့် cultural relativism ကတော့ သက်ဆိုင်မယ်လို့ ထင်ပါတယ်။)
လူထုကျန်းမာရေးဆိုင်ရာ အပြုအမူတွေ ပြောင်းလဲဖို့ ဆောင်ရွက်ရာမှာ မနုဿဗေဒက အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာ ရှိနေကြောင်း ယနေ့ခေတ်မှာ အတော်လေး နားလည်သဘောပေါက်လာကြပြီလို့ ထင်ပါတယ်။
လူတွေရဲ့ ယဉ်ကျေးမှုနဲ့ ယုံကြည်သက်ဝင်မှုတွေက သူတို့ရဲ့ အပြုအမူတွေကို ထိန်းချုပ်ထားလေ့ ရှိပါတယ်။
လူတွေက သူတို့ မွေးဖွားရာ ပတ်ဝန်းကျင်က ယုံကြည်သတ်မှတ်ထားတဲ့ အရာတွေကို စွဲမြဲသက်ဝင် လိုက်နာလေ့ ရှိကြပါတယ်။
ဥပမာ- နတ်ကိုးကွယ်တာမျိုးပါ။

ဒါကို မကောင်းဘူးလို့ ဘေးကလူက ဘယ်လောက်ပဲပြောပြော၊ ကိုးကွယ်နေသူတွေကတော့ သူတို့ အဲဒီလို မကိုး ကွယ်တော့ဘူးဆိုရင် သူတို့မှာ မကောင်းတာ တစ်ခုခု ဖြစ်လိမ့်မယ်လို့ ယုံကြည်နေမှာပါပဲ။
အဲဒီလို ယုံကြည်သက်ဝင်မှုတွေကြောင့် အဲဒီလူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ ကျန်းမာရေးတွေကို မထိခိုက်အောင် ဘယ်လို အကူအညီ ပေးရမယ်ဆိုတာက လူထုကျန်းမာရေး လုပ်ငန်းရဲ့ တာဝန် ဖြစ်လာပါတယ်။
အဲဒီမှာ cultural relativism ဆိုတာလေးကို သတိထားမိဖို့ လိုလာပါတယ်။
Cultural relativism ရဲ့ အဓိပ္ပာယ်က လူတစ်ယောက်ရဲ့ သက်ဝင်ယုံကြည်မှုနဲ့ လုပ်ဆောင်မှုတွေကို သူ နေထိုင်ကြီးပြင်းရာ အရပ်ဒေသရဲ့ ယဉ်ကျေးမှု အပေါ်မှာ မူတည်ပြီး နားလည်ပေးရပါမယ်တဲ့။
ကိုယ့်ယုံကြည်မှု၊ ကိုယ့်အနေအထားနဲ့ နှိုင်းယှဉ်ပြီး "ဒါကတော့ မှားနေတယ်၊ ဒါကတော့ မဖြစ်သင့်ဘူး"လို့ တစ်ဖက်သတ် မယူဆသင့်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။
အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြရမယ်ဆိုရင် Bettina Shell-Duncan ဆိုတဲ့ မနုဿဗေဒပညာရှင် အမျိုးသမီးက ကင်ညာနိုင်ငံ မြောက်ပိုင်းဒေသမှာ ရှိတဲ့ Rendille ဆိုတဲ့ လူမျိုးစုမှာ ဗိုက်တာမင်ဓာတ်တွေ ချို့တဲ့နေကြောင်း သိရှိရတဲ့အတွက် အဲဒါကို သုတေသန လုပ်ဖို့ အဲဒီဒေသကို သွားရောက်ခဲ့ပါတယ်။
ဒါပေမယ့် သူ အဲဒီကို ရောက်သွားတော့ အဲဒီမှာ အမှန်တကယ် ကြီးမားနေတဲ့ ပြဿနာက သူမ ကြိုတင် မျှော်လင့် မထားခဲ့တဲ့ အမျိုးသမီး လိင်အင်္ဂါကို ဖြတ်တောက်ခြင်း (female circumcision) ပြဿနာ ဖြစ်နေ ပါတယ်။
သူတို့ရဲ့လုပ်ရပ်တွေကို အပြင်ဘက်က လူတွေ အနေနဲ့ ကြည့်ရင် အမျိုးသမီးလေးတွေကို နှိပ်စက် ညှဉ်းပမ်း နေတယ်လို့ ထင်မြင်ယူဆလို့ ရပေမယ့် သူတို့ကလဲ အပြင်က လူတွေကို ကြည့်ပြီး ဒီလူတွေ အမျိုးသမီး လိင်အင်္ဂါကို မဖြတ်တောက်ဘဲ ဘယ်လို များနေကြပါလိမ့်လို့ တွေးပြီး ပြန်လည် ရွံရှာနေကြကြောင်း သူမ နားလည် သဘောပေါက်ခဲ့ရပါတယ်။
ကင်ညာနိုင်ငံမှာ အဲဒီလို အမျိုသမီး လိင်အင်္ဂါ ဖြတ်တောက်မှုကို တားဆီးဖို့ ကြိုးစားနေပေမယ့် သူတို့ရဲ့ ယုံကြည်မှုက စွဲမြဲနေတော့ သူတို့နည်း၊ သူတို့ဟန်နဲ့ မဖြစ်ဖြစ်အောင် ဆက်ပြီး လုပ်နေကြတာပါပဲ။
ဒါကို ကျန်းမာရေးအတွက် အန္တရာယ် နည်းနိုင်သမျှ နည်းအောင် လုပ်ပေးဖို့က လိင်အင်္ဂါ ဖြတ်တောက်ရာမှာ ပိုးမ၀င်အောင် စနစ်ကျဖို့၊ သန့်ရှင်းမှု ရှိဖို့နဲ့ အင်တီဘိုင်ရောတစ်(Antibiotics)တို့၊ ဂွမ်းတို့လို လိုအပ်တဲ့ ဆေးဝါး ပစ္စည်းတွေကို ထောက်ပံ့ ကူညီပေးဖို့ပဲ ဖြစ်ပါတယ်။
အဲဒီအကြောင်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးကို
http://www.artsci.washington.edu/news/WinterSpring01/ShellDuncan.htm
မှာ ဖတ်ကြည့်လို့ ရပါတယ်။

အလားတူ ဆောင်းပါလေးတစ်ပုဒ်ကိုလဲ
http://www.research.utoronto.ca/edge/fall2002/leaders/boddy.html မှာ ဖတ်ကြည့်လို့ ရပါတယ်။
http://www.research.utoronto.ca/edge/fall2002/leaders/boddy.html မှာ ဖတ်ကြည့်လို့ ရပါတယ်။
5 comments:
စိတ်ဝင်စားစရာဘဲ တစ်ခါမှ မကြားဘူးဘူး
အခု NGO လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ သူတွေကတော့ ဒီconcept ကို တိုက်ရိုက် မဟုတ်ရင်တောင် အထိုက်အလျောက်တော့ သဘောပေါက် နားလည်နေကြပြီလို့ ထင်ပါတယ်။
HIV/AIDS ကြောင့် ကျန်းမာရေးဆိုင်ရာ အပြုအမူ ပြောင်းလဲမှုကို စိတ်ဝင်စားမှု ပိုမိုများပြားလာပြီး၊ ယဉ်ကျေးမှုတွေနဲ့ ယုံကြည်သက်ဝင်မှုတွေရဲ့ လူတွေရဲ့ အပြုအမူတွေအပေါ်မှာ သက်ရောက်မှုတွေကို သတိထားမိလာကြတယ်လို့ ထင်ပါတယ်။
တချိန်က အာဖရိကမှာ ဒီဓလေ့ကို ကျင့်သုံးခဲ့တယ်ဆိုတာနဲ့ အိန္ဒိယမှာ ခင်ပွန်းသည် ဆုံးရင် ဇနီးပါ မြေမြှပ်ခံရတဲ့ ယဉ်ကျေးမှု တွေအကြောင်းကို နည်းနည်းပါးပါး ကြားဖူး၊ ဖတ်ဖူးပါတယ်။ အခုချိန်ထိ ဒီဓလေ့ကို အာဖရိကမှာ ဆက်လက်ယုံကြည် ကျင့်သုံးနေသူ ရှိနေသေးတာကိုတော့ မယုံနိုင်လောက်အောင်ပါပဲ။ မူရင်းဆောင်းပါး နှစ်ပုဒ်ကိုလည်း သွားဖတ်ဖြစ်ပါတယ်။ Public Health ရဲ့ သဘောသဘာဝကို ပေါ်လွင်စေတဲ့ ဒီလိုပို့စ်လေးတွေ များများတင်ပေးနိုင်ရင် ပိုကောင်းလိမ့်မယ်။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့။
comment အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်မလဲ အများကြီး သိတဲ့သူတော့ မဟုတ်ပါဘူး။
သိသလောက်မျှပေးပါမယ်။
စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းကိုတင်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်၊ ပြည်တွင်းက NGO တွေမှာ ဒီconcept ကိုသုံးတယ်ဆိုပေမဲ့ သက်ဆိုင်ရာ ယဉ်ကျေးမူနယ်ပယ်အသီးသီး(ဥပမာ ရန်ကုန်၊မန္တလေး၊ ရှမ်းပြည်၊ရခိုင်ပြည်) ကအမျိုးသမီးတွေရဲ့ ယုံကြည်မူ၊ အလေ့အထ တွေနဲ့ သူတို့ရဲ့ကျန်းမာရေးအပေါ်သက်ရောက်မူတွေကိုစနစ်တကျသုတေသနလုပ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ social science ရဲ့သဘောတရားကိုက generalize (တခြား ယဉ်ကျေးမူ context က case study ကို sample ယူပြီး လုပ်လို့မရတာကြောင့်ပါ။)တဦးတယောက်ထဲလုပ်လို့မ့ရပေမဲ့ တယောက်တလက် ၀ိုင်းဝန်းလုပ်ကြမယ် ဆိုရင်တော့ ဖြစ်နိုင် မယ်လို့တင်ပါတယ်။
Post a Comment