Friday, May 18, 2012

Dermaroller မျက်နှာကို လှအောင် လုပ်တဲ့ကရိယာ

May 18, 2012 8:03 AM
ကျွန်မ Roll on သုံးတာနဲ့ပက်သက် ပြီးတော့ နဲနဲမေးချင်ပါတယ်။ ကျွန်မ ၇ တန်း အရွယ်ကနေ သုံးလာတာ ခုဆို တတိယနှစ် ရှိပါပြီ။ ခု ချိုင်းမှာ အကျိတ်လုံးလေး တွေ့လို့ တွေ့ပြီး နာပါတယ်။ အဲ့ဒါဘာကြောင့်လဲ။ ဂျိုင်းလိမ်းဆီတွေ သုံးလို့လား။ အန္တရယ်ဖြစ်နိုင်လား။ ကျေးဇူးပြု၍ ဖြေပေးပါအုံးနော်။

18 Sep 11, 23:52
I would like to know about antibiotics. Which antibiotics cream is suitable for face? I plan to use derma roller on my face. After derma roller, I have to use antibiotics cream. Before derma roller. Can I use 70% alcohol to clean my face? Please suggest me antibiotics cream which suitable for face. Please suggest me antibiotic cream which is suitable for face.

Dermaroller ကို Derma Roller, Scientia Derma Roller လဲခေါ်တယ်။ ဆိုတာ မျက်နှာမှာ ကရိယာသုံးတဲ့ ဆေးကုသနည်းတခုပါ။ Collagen (ကိုလာဂျင်) ကိုနိုးဆွပေးပြီး၊ Elastin (အလက်စတင်း) ထွက်စေအာင်လုပ်ဘို့ ရည်ရွယ်တာဖြစ်တယ်။ ယောက်ျား-မိန်မ သုံးလို့ရတယ်။ ၁၉၉၅ ကတည်းက သုံးခဲ့တာပါ။

ထုတ်လုပ်ရောင်းချသူတွေရဲ့ ကြော်ညာမှာတော့ အတော်ဆွဲဆောင်မှုဖြစ်အောင် ဘာတွေအတွက်သုံးနိုင်သလဲဆိုတာတွေ ဖတ်ရပါမယ်။

Scar Removal အမာရွတ်၊ Acne scar removal ဝက်ခြံအမာရွတ်၊ Stretch Mark အရေးအကြောင်း၊ Anti Ageing အိုလို့ဖြစ်လာတဲ့ အစဉ်းကြောင်း၊ Anti Wrinkle အကြောတွန့်တာ၊ Cellulite Treatment (ဆဲလူလိုက်)၊ Hair Restoration အမွှေးပြန်ပေါက်အောင်၊ Hyper Pigmentation Treatment အမှတ်ပျောက်အောင် တွေပါတယ်။ transdermal drug delivery အရေပြားထဲ ဆေးပေး ကုသရာမှာလဲ သုံးပါသတဲ့။

အများဆုံးသုံ ကရိယာမှာ Fine microneedles သေးငယ်လှတဲ့ အပ်ချောင်းလေးတွေ ၁၉၂ ချောင်းကို ၈ တန်း တပ်ထားတယ်။ 0.5-1.5 mm ရှည်ပြီး၊ 0.1 mm အချင်းရှိကြတယ်။

ဒီကရိယာကို Stratum corneum မျက်နှာပြင်မှာ လိမ့်လိုက်တော Microconduits အလွန်မတန် သေးငယ်လှတဲ့ အပေါက်ကလေးတွေ ဖြစ်စေမယ်။ အရေပြားရဲ့ Epidermis (အပီထားမစ်) အလွှာကို မပျက်စီးစေဘူး။ ၁၅-၂ဝ ကြိမ်လုပ်တဲ့အခါ တစ်စင်တီမီတာကွက်တခုမှာ 250 holes/ cm2 အပေါက်လေးတွေ ဖြစ်လာစေတယ်။ Growth factors လို့ခေါ်တဲ့ အသစ်ကြီးထွားခြင်းမှာ အရေးပါတဲ့ Collagen သဘာဝ (ကိုလာဂျင်) ကို ထွက်လာစေမယ်။ Elastin (အလတ်စ်တင်) ဆိုတာလဲ Papillary dermis အလွှာမှာ ဖြစ်လာစေမယ်။ Capillaries (ကပယ်လရီ) သွေးကြောမျှင်လေးတွေပါ အသစ်ဖြစ်လာမယ်။

မလုပ်ခင်မှာ Topical anesthesia ထုံဆေးကို ၄၅ မိနစ်၊ တနာရီလောက် ကြိုတင်လိမ်းပေးရတယ်။ လှိမ့်တဲ့အခါ Horizontal, Vertical, and Oblique directions အရပ်မျက်နှာ အမျိုးမျိုးလုပ်တယ်။ Pin-point bleeding သွေးနဲနဲလေး အပ်ဖျားကထွက်သလို ထွက်မယ်။ ပြီးရင် Saline pads ဆားရည်ဝတ်နဲ့ အုပ်ထားရတယ်။ အားလုံးပေါင်း ၁၅-၂ဝ မိနစ်သာကြာတယ်။ လိုသေးရင် ထပ်လုပ်မယ်။ ၆ ပါတ်လောက် အနည်းဆုံး တားထားရတယ်။ အဲလို စုစုပေါင်း ၃-၄ ကြိမ်လုပ်ရတာလဲ ရှိတယ်။

လုပ်ပြီးတိုင်း Erythema ဆိုတဲ့ နီ-ဖေါင်းနေတာ ၂-၃ ရက်တော့ ဖြစ်နေမယ်။ Local antibiotic creams လိမ်းရတဲ့ ပဋိဇီဝဆေး တပါတ်လောက် လိမ်းခိုင်းတယ်။

ဝက်ခြံအတွက် ကုသတာမှာ Microneedling with dermaroller နည်းနဲ့အတူ Subcision, Chemical peels, Microdermabrasion နဲ့ Fractional resurfacing ဆိုတဲ့ နည်းတွေနဲ့ပါ တွဲနိုင်သေးတယ်။

Antibiotics Used to Treat Acne ဝက်ခြံအတွက် ပဋိဇီဝ စားဆေးတွေကတော့ Tetracycline, Erythromycin, Minocycline, Doxycycline နဲ့ Clindamycin တွေဖြစ်တယ်။

Topical Antibiotics ပဋိဇီဝ လိမ်းဆေးတွေကတော့ Topical Metronidazole (1%), Metronidazole gel (.75%), Erythromycin (Topical), Erymax®, Erygel®, A/T/S®, Staticin®, Erycette®, Ery-Sol®, Erythra-Derm®, T-Stat® နဲ့ Eryderm® တွေ ဖြစ်တယ်။

Dr. တင့်ဆွေ
၂ဝ-၉-၂ဝ၁၁

Read More...

Monday, May 14, 2012

Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက်

1. Mon, May 14, 2012 at 1:49 PM ကိုယ်ဝန်တားဆေးကို ကြာရှည်စွာထိုးခြင်းကြောင့် ကလေးလိုချင်သောအခါတွင် တားဆေး၏ ဆိုးကျိုးကြောင့် အခက်အခဲရှိပါသလား။ ကလေးရနိုင်ခြေနည်း ပါသလား။ တားဆေးအား အချိန်ဘယ်လောက်ထိသာ သု့းစွဲရန်သင့်ပါသလဲ သိချင်ပါတယ်။

2. Date: 2012/2/15
ကျွန်မက လက်ထပ်ဖို့စီစဉ်ထားသူပါရှင့်။ လက်ထပ်ပြီး ၆ လလောက် အနည်းဆုံး အချိန်ယူပြီးမှ ကလေးယူချင်ပါတယ်။ အဲဒါ လက်မထပ်ခင်မှာ ကလေး ချက်ချင်းမရအောင် ဘယ်လိုနည်းလမ်းတွေနဲ့အဆင်ပြေမလဲ အကြံတောင်းချင်လို့ပါ။ ရက်ရှောင်တဲ့နည်းကလည်း ကျွန်မက ရာသီရက် မမှန်တတ်လို့ပါ။ လတိုင်း တလ နှင့် တလ ရက်လုံးဝမတူပါ။ နောက်သို့ ၂ ရက် ၃ ရက်မှ တပတ်အထိ နောက်ဆုတ်တတ်ပါတယ်။ ရာသီရက်ကတော့ ရက် ၂ဝ ကျော် ပတ်ဝန်းကျင်မှာ ဖြစ်ပါတယ်။ ရာသီကြာချိန်က ၂ ရက် ဖြစ်ပါတယ်။ ၃ လခံဆေးထိုးရင် ရပ်လိုက်တာနဲ့ ကလေးမရဖြစ်မှာလဲ စိုးပါတယ်။ တချို့က ဆေးရပ်ပြီး နှစ်အပိုင်းအခြား ကြာတဲ့အထိ ကလေးမရတတ်ဘူးပြောလို့ စိတ်ပူတာလဲပါပါတယ်ရှင့်။ ဆေးထိုး ဆေးသောက်ခြင်းကို ကျွန်မချစ်သူက မလုပ်စေလိုပါ။ ဘယ်နည်းလမ်းကို ရွေးချယ်ရမှာပါလဲရှင့်။ ဆေးတွေရဲ့ Side effect ကြောင့် ရောဂါတွေဖြစ်မှာကိုလည်း ကြောက်လို့ပါ။ အမေကလည်း ရင်သားကင်ဆာ ဖြစ်ဖူးတာကြောင့်ပါ။ IUD ကလည်း လိင်အတွေ့အကြုံ မရှိဘူးသူနဲ့အဆင် မပြေဘူးသိမှတ်သားရပါတယ်ရှင့်။ Condon ကို သုံးဖို့ရာလည်း ချစ်သူကို ပြောမရမှာ စိုးမိပါတယ်။ လက်မောင်းအောက် ထည့်ပစ္စည်းကလည်း နှစ်အကြာကြီး သားဆက်ခြားချင်သူတွေမှ လုပ်တာ ပိုကောင်းမယ်ဆိုတာ ဟုတ်ပါသလားရှင့်။ Side effect အနဲဆုံးနဲ့ ကိုယ်လိုချင်တဲ့အချိန်မှာ ကလေးပြန်ရဖို့အလွယ်ဆုံးကို အကြံပေးစေလိုပါတယ်ရှင့်။ ကျွန်မကိုယ်တိုင် ဘယ်နည်းလမ်းကို ရွေးချယ်ရမလဲ တကယ်ကို အခက်တွေ့နေလို့ပါ။

(၁) ကိုယ်ဝန်တား ၃ လခံ Depo-Provera ဆေးထိုးခဲ့သူတွေကို လေ့လာတဲ့အခါ ပုံမှန်ပြန်ရောက်အောင် ၃ လကနေ ၆ လအထိ ကြာနိုင်တယ်။ ပုံမှန်ဆိုတာ မ-မျိုးဥ ထွက်တာကို ဆိုလိုတယ်။ တချို့မှာ ၁၂ လကနေ ၁၈ လအထိလဲ အချိန် ယူနိုင်တယ်။

(၂) ကိုယ်ဝန်တား အရေပြားအောက်ထည့်ထားရတဲ့ Contraceptive implant ဆေးချောင်း ထည့်ထားသူတွေ ဆေးကို ပြန်ထုတ်ပြီးနောက် ၁ လ စောင့်ရတယ်လို့ ဆိုပါတယ်။

(၃) ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ IUCD ပစ္စည်းပြန်ထုတ်ရင် ချက်ချင်း ကိုယ်ဝန်ရနိုင်တယ်။ သူက မ-မျိုးဥ ထွက်တာကို တားမပေးခဲ့ဘူး။ ဒီလို IUCD/IUD ထည့်တာက မေးတဲ့သူထင်တာနဲ့ နည်းနည်း ဆင်ပါတယ်။ ထည့်မယ် ဆိုရင် (ဗဂျိုင်းနား) ထဲကို Sims Speculum (Vaginal Retractor) ကရိယာတခု သုံးရတယ်။ တကယ်လို့ Cervix သားအိမ်ဝကလည်း ကျဉ်းနေရင် သားအိမ်ဝကို ကိုယ်တွယ်ဘို့ရာ Vulsellum Forceps ဆိုတာနဲ့ ညှပ်ထားဘို့ လိုနိုင်တယ်။ ဒါကြောင့် မွေးလမ်းကြောင်းကနေ ကလေး မမွေးဘူးသူတွေ အတွက် ရုပ်ပိုင်းရော စိတ်ပိုင်းပါ အဆင်သင့်မဖြစ်သေးသလို နေတတ်တယ်။ လူတိုင်းတော့ မဟုတ်ပါ။ အခြေအနေကို သိထားပြီး၊ ဆရာဝန်ကနေ အသေအခြာ လုပ်ပေးရင် ဖြစ်ပါတယ်။ ကရိယာ အရွယ်အစား အငယ်စားတွေ ရှိတယ်။ လိုမယ်ထင်ရင် ထုံဆေး-အိပ်ဆေး ပေးနိုင်ပါတယ်။ အပျိုစစ်တွေအတွက်တော့ ခက်ခဲတာ မှန်ပါတယ်။

(၄) ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးတွဲပါ Oral Contraceptives စားဆေး သုံးစွဲထားတဲ့ အမျိုးသမီးတွေကို ဆေးဖြတ်ပြီးနောက် ကလေးရနိုင်ခြေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေ အများကြီးလုပ်ထားတယ်။ University of Dusseldorf ဂျာမန် တက္ကသိုလ်က အဖြေထုတ်တာကတော့ ဆေးဖြတ်ပြီးပြီးချင်း ပဌမလတွေမှာ မ-မျိုးဥပြန်ထွက်လာနိုင်သူ ၅၇့၉% ရှိတယ်။ ၁ဝ့၂၄% မှာ အဲလိုမထွက်ဘူး။ အတူတူ စမ်းသပ်ခဲ့တဲ့ ဆေးမသောက်သူထဲက ၃့၄၄% မှာလဲ မထွက်ဘူး။ တားဆေးသောက်ပြီး ဖြတ်လိုက်သူတွေမှာ နောက်ပိုင်း ရာသီစက်ဝန်း ပိုရှည်တတ်တယ်။ အရင်လိုပြန်ဖြစ်ဘို့ ၉ လအထိ ကြာနိုင်တယ်။

တားဆေး သောက်သူတွေထဲမှာ တခါမှ ကလေးမယူသေးသူနဲ့ အရင်ကလေးရှိဘူးသူ၊ နောက်ပြီး အသက်တွေက မတူကြဘူး။ ကလေးရဘူးသူတွေ နဂိုအနေပြန်ရောက်ဘို့ သူများထက် စောနိုင်တယ်။ ကလေးလဲမယူဘူးသေး၊ အသက်လဲ ၃ဝ-၃၅ နှစ်ဆိုသူတွေက ရင်းစားပြန်ရဘို့ သူများတွေထက် ကြာနိုင်တယ်။

WebMD Health News ၂၇-၉-၂ဝဝ၂ သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅့၎% ဟာ နောက် ၆ လအတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ့၅% ကသာ အဲလိုဖြစ်တယ်။ နောက် တနှစ်အထိ စောင့်ရတဲ့ ကိန်းဂဏန်းမှာလဲ အတူတူဖြစ်နေပြန်တယ်။ ဆေးသောက်ခဲ့သူ ၈၉့၅% က ကလေးရပြီး၊ တားဆေးမသောက်ခဲ့သူတွေထဲက ၈၅့၎% သာ ကလေးရလာကြတယ်။

• Birth control pills cause infertility တားဆေးက ကလေးမရစေနိုင်တော့ဘူးဆိုတာ Myth ယုံတမ်းစကားသာ ဖြစ်တယ်။
• တကယ်တန်းပြောရရင် ကလေးမရသေးသူတွေကို ဆေးကုပေးရာမှာပါ သုံးရတဲ့ဆေးလည်း ဖြစ်ပါတယ်။ အပြင်မှာ သန္ဓေတည်ပေးနည်း IVF ကို ရွေးရတော့တဲ့ အမျိုးသမီးတွေကို ဒီနည်းမလုပ်ခင်မှာ ရာသီမှန်အောင် ကိုယ်ဝန်တား စားဆေး အရင်ပေးရတတ်တယ်။
• မျိုးဥထွက်ဆေး Clomid (Clomiphene citrate) နဲ့ မတိုးချင်တဲ့ အမျိုးသမီးတွေကိုလဲ တားဆေးတလပေးမှ ပိုအဆင်ပြောတာတွေ့ရတယ်။
• တားဆေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ သောက်သူတွေလဲရှိတယ်။ သူတို့က တားဆေးဖြတ်လိုက်တဲ့အခါ ရာသီ မမှန်တာဖြစ်ရင် တားဆေးကိုအပြစ်တင်တာ မမှန်ပါ။ တားဆေးမသောက်ခင်ကတည်းက ဒီမိန်းကလေးက ငယ်သေးတော့ ရာသီမမှန်ခဲ့သေးတာမို့ ဖြစ်ရတာပါ။
• အတူတူဘဲ အသက်အတော်ကြီးလာမှ တားဆေးသောက်ရင်လဲ အသက်ကြီးခြင်းဟာ ရာသီမမှန်တာကို ပိုဖြစ်စေနိုင်တာသတိထားရမယ်။
• တားဆေးကို ဘယ်လောက်ကြာကြာသောက်ခဲ့တာနဲ့ ကလေးရနိုင်ခြေပြန်ရှိလာတာ အချိန်ပိုင်းအရ ဆက်စပ်မှု မရှိပါ။ တချို့ဆိုရင် တားဆေးအကြာကြီးသောက်ပြီး ဖြတ်လိုက်တာနဲ့ ကိုယ်ဝန်တန်းရလို့ အံ့သြကြတယ်။

သေခြာတာကတော့ ကိုယ်ဝန်တားဆေး၊ တားနည်းတွေကြောင့် Permanent sterility ကလေးမရတော့တာ မဖြစ်နိုင်ပါ။

Dr. တင့်ဆွေ
၁၆-၂-၂ဝ၁၂

Read More...

Birth Control How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ

1. Birth Control Pill ကိုယ်ဝန်တား စားဆေးများ
2. Birth Control Shot ထိုးဆေး
3. IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
4. Birth Control Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း
5. Birth Control Patch ကိုယ်ဝန်တား ဆေးကပ်ခွါ
6. Male Condom ယောက်ျားသုံး (ကွန်ဒွမ်)
7. Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)
8. Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း
9. Cervical Cap သားအိမ်ဝ အပိတ်
10. Diaphragm သားအိမ်ဝ အဖုံး
11. Birth Control Sponge သုက်ပိုးသတ် ဆေးမြှုပ်
12. Spermicide သုက်ပိုးသတ်ဆေး
13. Fertility Awareness နေ့ကောင်းရက်သာရွေးနည်း
14. Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
15. Tubal Ligation အမျိုးသမီး သားကြောဖြတ်ခြင်း
16. Tubal Implants သားအိမ်ပြွန်ထဲ ကိရိယာထည့်နည်း

IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
• IUD ဆိုတာ T-shaped plastic (တီ) ပုံ သဏ္ဌာန် (ပလပ်စတစ်) ပစ္စည်းလေးဖြစ်တယ်။
• Copper IUD, ParaGard တွေကို ၃-၅-၁ဝ-၁၂ နှစ်အထိ ထည့်ထားနိုင်တယ်။
• ဟော်မုန်းပါတဲ့ Mirena က ၅ နှစ်တခါ လဲပေးရတယ်။

Birth Control Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း
• Implanon ဆိုတာ မီးခြစ်ဆံလောက်သာရှိတယ်။
• ကိုယ်ဝန်တား Depo-Provera ထိုးဆေးလိုဘဲ ဟော်မုန်းကို ထုတ်ပေးနေမယ်။
• ၃ နှစ်အထိထားနိုင်တယ်။

Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း
• NuvaRing (ပလပ်စတစ်) အပြေားစား ကွင်းဝိုင်းလေးဖြစ်တယ်။
• Pill သောက်ဆေး နဲ့ Patch ဆေးကပ်ခွါတွေလို ဟော်မုန်းထုတ်ပေးနေမယ်။
• တလတခါ လဲပေးရမယ်။

Birth Control Patch ကိုယ်ဝန်တား ဆေးကပ်ခွါ
• Ortho Evra patch ဆေးကပ်ခွါကို ကြိုက်တဲ့နေရာ အရေပြားမှာ ကပ်ထားနိုင်တယ်။
• တလ (၄ ပါတ်) မှာ ၃ ပါတ်ကို ကပ်ထားပြီး ၁ ပါတ် နားထားရတယ်။
• Birth control pill သောက်ဆေးတွေလို ဟော်မုန်းထုတ်ပေးနေမယ်။

Cervical Cap သားအိမ်ဝအပိတ်
• Diaphragm နဲ့ သဘောတူပြီး သေးငယ်တယ်။
• FemCap ကို (ဗဂျိုင်းနား) ထဲကနေ အတွင်းနက်နက်မှာရှိတဲ့ သားအိမ်ဝကို ဖုံး-ပိတ်ပေးထားရတယ်။
• Spermicide သုက်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ်။

Diaphragm သားအိမ်ဝအဖုံး
• Rubber dome ရာဘာနဲ့လုပ်ထားတဲ့ ခပ်ခုံးခုံးလေးဖြစ်တယ်။
• Cervix သားအိမ်ဝကို ဆက်ဆံမှု မပြုခင်ဖုံးထားပေးရတယ်။
• Spermicide သုက်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ်။

Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)
• Thin plastic pouch (ပလပ်စတစ်) ပါးပါးလေးနဲ့လုပ်ထားတဲ့ အိတ်ငယ်လေးဖြစ်တယ်။
• Vagina (ဗဂျိုင်းနား) ထဲမှာ အလိုက်သင့်ထည့်ထားရတယ်။
• လိင်ဆက်ဆံမှုမပြုခင် ၈ နာရီကတည်းက ထည့်ထားနိုင်တယ်။

Birth Control Sponge သုက်ပိုးသတ် ဆေးမြှုပ်
• Today Sponge ထဲမှာ spermicide foam သုက်ပိုးသတ်ဆေးပါတယ်။
• 24 hours before sex လိင်ဆက်ဆံမှုမပြုခင် ၂၄ နာရီကတည်းက ထည့်ထားနိုင်တယ်။
Spermicide သုက်ပိုးသတ်ဆေး
• Spermicide foam အမြှုပ်၊ Jelly (ဂျယ်လီ)၊ Cream (ခရင်မ်) နဲ့ Film (ဖလင်) သုက်ပိုးသတ်ဆေးတွေ ရှိတယ်။
• (ဗဂျိုင်းနား) ထဲမှာ လိင်ဆက်ဆံမှုမပြုခင် ထည့်-လိမ်း-သုတ်ထားရတယ်။
• တချို့အမျိုးအစားကို မတိုင်ခင် ၃ဝ မိနစ်ကြိုတင်သုံးရတယ်။ တချို့က အဲလောက်စောင့်ဘို့မလိုဘူး။

Fertility Awareness နေ့ကောင်းရက်သာရွေးနည်း
• Calendar ပြက္ခဒိန်နည်းထက် ပိုတိကျတယ်။
• မျိုးဥထွက်မဲ့ရက်ကို ကိုယ်အပူချိန် နေ့တိုင်း မနက်အိပ်ယာထမှာ တိုင်းပြီးသိမယ်။
• ဘယ်လိုလုပ်ရမယ်ဆိုတဲ့ သင်တန်းသဘောမျိုး လိုမယ်။

Fertility Awareness Method မျိုးပွါးနိုင်စွမ်းကို လေ့လာစောင့်ကြည့်နည်း
အမျိုးသမီးကိုယ်တိုင် လုပ်နိုင်တဲ့နည်း (၃) နည်းရှိတယ်။ ဒါပေမဲ့ အတန်အသင့် စိတ်ချရတာမို့ လိုအပ်ရင်သုံးနိုင်တဲ့ အရံအတားနည်း၊ အရေးပေါ်နည်းက အဆင်သင့်ရှိနေရမယ်။

၁။ Basal body temperature အပူချိန်မှတ်သားခြင်း
မနက်အိပ်ရာက နိုးရင် ဘာတခုမှ မလုပ်သေးချိန်မှာ ကိုယ်အပူချိန် တိုင်းရတယ်။ လလည်ရက်မှာ မျိုးဥထွက်လို့ ကိုယ်အပူချိန် တက်တာက ဝ့၃ ကနေ ဝ့၆ ဒီဂရီ (ဆဲလ်စီးယပ်စ်) ရှိမယ်။ မျိုးဥမထွက်ခင်မှာ ကိုယ်အပူချိန်က 97° F (36.1° C) ကနေ 97.5°F (36.38° C) အထိ ရှိနေမယ်။ မျိုးဥထွက်လို့ တက်လာရင် 97.6° F (36.4 C) ကနေ 98.6° F (37° C) အထိ ဖြစ်လာမယ်။ မျိုးဥထွက်ပြီး ၁-၂ ရက်မှာ တက်လာတယ်။ မျိုးဥက သုက်ပိုးနဲ့ မတွေ့ရရင် ၂၄ နာရီသာ ရှင်နေလို့ အပူချိန်တက်ပြီး ၃ ရက်နောက်ပိုင်းမှာ ကိုယ်ဝန်ရဘို့မဖြစ်နိုင်တော့ဘူး။
၂။ Cervical mucus သားအိမ်ဝက အချွဲကိုစစ်ဆေးနည်း
Cervix သားအိမ်ဝကို ကိုယ့်လက်ချောင်းနဲ့ စစ်ရတယ်။ ရာသီလာနေချိန်မှာ အကျိအချွဲ အနည်းဆုံးရက်တွေ ဖြစ်တယ်။ နောက်မှာ (အီစထိုဂျင်) ဟော်မုန်းကြောင့် သားအိမ်ဝက အချွဲပိုများလာတယ်။ ပိုပြီး ဆွဲဆန့်လို့ ရလာတယ်။ မျိုးဥထွက်ပြီး နောက်မှာ ထွက်လာတဲ့ (ပရိုဂျင်စတီရုံး) ဟော်မုန်းကြောင့် ခြောက်သွေ့လာမယ်။ ဒါ့ကြောင့် သားအိမ်ဝက အချွဲအများဆုံး အချိန်ရဲ့နောက် ၄ ရက်ကစပြီး ကိုယ်ဝန်မရစေနိုင်ဘူး။
၃။ Cervical position သားအိမ်ဝအခြေအနေ
Cervix သားအိမ်ဝဟာ မျိုးဥထွက်ခါနီးရင် ပိုပျော့လာမယ်။ ပိုပွင့်လာမယ်။

Options for Older Women အသက်မငယ်သူများအတွက် ရွေးချယ်နည်း
• အသက် ၃၅ နှစ်ကျော်လာရင် သတိထားပြီး အကောင်းဆုံးနည်းကို ရွေးရမယ်။
• လူနေမှုပုံစံလဲ ပြောင်းသင့်တယ်။ ကိုယ်အလေးချိန် ထိန်း-လျှော့ပါ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ အစားအသောက် ဂရုစိုက်ပါ။ အရက်-ဆေးလိပ် လျှော့ပါ-ဖြတ်ပါ။
• ဆရာဝန်နဲ့တိုင်ပင်ပြီးမှ အကောင်းဆုံး သန္ဓေတားနည်းကို ရွေးချယ်ပါ။

Combination injection နောက်ပေါ်ထိုးဆေးနည်း
• Medroxyprogesterone acetate (ပရိုဂျက်စတီရုံး) နဲ့ Estradiol cypionate (အီစထိုဂျင်) ရောထားတဲ့ထိုးဆေးကို တလတခါထိုးရတယ်။ Lunelle ခေါ်တယ်။
• ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးပါ စားဆေးတွေလိုဘဲ သတ္တိရှိတယ်။
• ဆေးမထိုးတဲ့လမှာ ကလေးပြန်ရနိုင်တယ်။ တချို့က ချက်ချင်းဆိုသလို ကိုယ်ဝန်ရစေပြီး တချို့မှာ ၂-၃ လ စောင်ရတယ်။
• ၉၉့၈% ထိရောက်တယ်။ အမေရိကားမှာ ဒီဆေး တနှစ်ထိုးတဲ့ အမျိုးသမီး ၇၈၂ ယောက်မှာ ကိုယ်ဝန် မရတာတွေ့ရတယ်။
• တခါထိုးပြီး နောက်တခါကို ၂၈-၃ဝ ရက်အကြာမှာထပ်ထိုးရမယ်။ ၃၃ ရက်ထက်တော့ နောက်မကျရဘူး။ ရာသီလာတဲ့ရက်ကို ကြည့်ရတာ မဟုတ်ဘူး။
• Lunelle ဆေးစထိုးရင်
o ရာသီသွေးစဆင်းတဲ့ရက်နောက် ၅ ရက်အတွင်း၊
o ကိုယ်ဝန်ပျက်ပြီး၊ ဖျက်ပြီးတဲ့နောက် ၅ ရက်အတွင်း၊
o ကလေးမွေးပြီးတဲ့နောက် ၄ ပါတ်အတွင်း၊
o ကလေးနို့တိုက်ရင် မွေးပြီးတဲ့နောက် ၆ ပါတ်အတွင်း၊

How to Decide ဘယ်လိုဆုံးဖြတ်မလဲ
၁။ Most Effective Methods ထိရောက်မှု အများဆုံးနည်းတွေ
• Implant အရေပြားအောက် ဆေးချောင်း၊ IUD သားအိမ်ထဲထည့် ပစ္စည်း၊ Vasectomy, Tubal methods သားကြောဖြတ်ခြင်းများ၊ = 99%
• Birth Control shot ထိုးဆေး၊ = 97%
• Birth Comtrol Pill စားဆေး၊ Vaginal Ring (ဗဂျိုင်းနား) ကွင်း၊ = 92-95%
• Condom (ကွန်ဒွမ်)၊ Diaphragm, Cervical Cap သားအိမ်ဝအဖုံး-အပိတ်၊ Sponge ဆေးမြှုပ်၊ = 84-89%
• Abstinence ဝေရာမဏိ = ၁ဝဝ%

၂။ Least Effective Methods ထိရောက်မှု အနည်းဆုံးနည်းတွေ
• No Birth Control အကာအကွယ် လုံးဝမသုံးခြင်း = 85% Pregnant
• Spermicide only သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• Fertility Awareness နေ့ကောင်းရက်သာ ရွေးနည်း = 25%
• Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• Withdrawal သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%

Male Condom ယောက်ျားသုံး (ကွန်ဒွမ်)
အရေးပေါ်စားဆေး၊
Tubal Ligation အမျိုးသမီး သားကြောဖြတ်ခြင်း
Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
Birth Control Shot ထိုးဆေး

Dr. တင့်ဆွေ
၂၆-၂-၂ဝ၁၂
- http://dts-medicaleducation.blogspot.in/
- http://yamuna-online-clinic.blogspot.in/
- http://dts-political-page.blogspot.in/
- http://yamunaclinic.org/

Read More...

Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ

1. Depo Provera Injection (ဒီပို) ထိုးဆေး
2. Depo-subQ Provera 104 Injection (ဒီပို-ဆပ်ကျူ) ထိုးဆေး
3. Combined Contraceptive Injection ဟော်မုန်း ၂ မျိုးတွဲပါ ထိုးဆေး
4. Noristerat injection (နော်ရစ်တားရက်) ထိုးဆေး

Depo Provera Injection (ဒီပို) ထိုးဆေး
• DMPA လို့လဲခေါ်တယ်။
• Progestin medroxyprogesterone acetate 150 mg ဟော်မုန်းပါတယ်။
• IM အသားဆေးဖြစ်တယ်။ တင်ပါး၊ ပေါင်နဲ့ လက်မောင်းမှာ ထိုးနိုင်တယ်။
• တနှစ် ၄ ခါ၊ ၃ လ (၁၁-၁၄ ပါတ်) တခါထိုးရတယ်။
• 50 mg ပါတာက တလခံဖြစ်တယ်။
• ဆေးမထိုးခင်က ကိုယ်ဝန်မရှိတာ သေခြာရင် ဆေးထိုးပြီးတာနဲ့ ကာကွယ်ပြီးသားဖြစ်မယ်။

Depo-subQ Provera 104 Injection (ဒီပို-ဆပ်ကျူ)
• နောက်ထပ်ပေါ်တဲ့ အလားတူ ၃ လခံ ထိုးဆေးဖြစ်တယ်။
• သူ့ထဲမှာ Medroxyprogesterone acetate 104 mg သာပါလို့ ဟော်မုန်းက ၃၁% ဘဲပါတယ်။
• ဒါကြောင့် Progestin နဲ့ပတ်သက်တဲ့ဘေးထွက်-ဆိုးကျိုးတွေကို နည်းစေတယ်။
• subQ လို့ အသေအခြာရေးတာက Subcutaneous S/C အရေပြားအောက်မှာဆေးထိုးရလို့ ဖြစ်တယ်။ ဆေးထိုးအပ်သေးသေးသာသုံးဘို့လိုတာမို့ နာတာသက်သာမယ်။

• ဗိုက်နဲ့ ပေါင်က အရေပြားမှာထိုးသင့်တယ်။
• တနှစ် ၄ ခါ၊ ၁၂-၁၄ ပါတ် တခါ ထိုးပါ။

Combined Contraceptive Injection ဟော်မုန်း ၂ မျိုးတွဲပါ ထိုးဆေးနည်း
• Mesigyna နာမည်နဲ့ ထိုးဆေးထဲမှာ Estradiol valerate နဲ့ Norethisterone enantate ပါတယ်။
• (ပရိုဂျက်စတီရုံး) နဲ့ (အီစထိုဂျင်) ရောထားတဲ့ထိုးဆေးဖြစ်တယ်၊
• တလတခါထိုးရတယ်။ Lunelle ခေါ်တယ်။
• Depo-Provera (၃) လခံထိုးဆေးလိုဘဲ ဟော်မုန်း ၂ မျိုးပါတယ်။ ဆေးစွမ်းရော သတိထားစရာတွေပါ တူတယ်။
• တလတခါ ထိုးရတယ်။
• အမေရိကားမှာ ၂ဝဝဝ မှာစသုံးနေတယ်။ ဆေးတခါတည်းထည့်ပြီးသား ဆေးထိုးအပ်တွေကို စိတ်မချရလို့ ၂ဝဝ၂ မှာ ပြန်သိမ်းခဲ့သေးတယ်။ ၂ဝဝ၃ ကထုတ်တာတွေကို စိတ်ချလက်ချသုံးနေတယ်။
• Lunelle နဲ့တူတဲ့ တခြားထိုးဆေးနာမည်တွေက Cyclofem, Cyclofemina, Feminena, Novafem, Lunella, and Cyclo-Provera ဖြစ်တယ်။
• Mesigyna နဲ့တူတဲ့ တခြားထိုးဆေးနာမည်တွေက Norigynon, Mesigyna Instayect, Mesygest, and No 3 injectable Norigynon တွေဖြစ်တယ်။• ဆေးမထိုးတဲ့လမှာ ကလေးပြန်ရနိုင်တယ်။ တချို့က ချက်ချင်းဆိုသလို ကိုယ်ဝန်ရစေပြီး တချို့မှာ ၂-၃ လ စောင့်ရတယ်။
• ၉၉့၈% ထိရောက်တယ်။ အမေရိကားမှာ ဒီဆေး တနှစ်ထိုးတဲ့ အမျိုးသမီး ၇၈၂ ယောက်မှာ ကိုယ်ဝန် မရတာတွေ့ရတယ်။
• တခါထိုးပြီး နောက်တခါကို ၂၈-၃ဝ ရက်အကြာမှာ ထပ်ထိုးရမယ်။ ၃၃ ရက်ထက်တော့ နောက်မကျရဘူး။ ရာသီလာတဲ့ရက်ကို ကြည့်ရတာ မဟုတ်ဘူး။
• Lunelle ဆေးစထိုးရင်
o ရာသီသွေး စဆင်းတဲ့ရက်နောက် ၅ ရက်အတွင်း၊
o ကိုယ်ဝန်ပျက်ပြီး၊ ဖျက်ပြီးတဲ့နောက် ၅ ရက်အတွင်း၊
o ကလေးမွေးပြီးတဲ့နောက် ၄ ပါတ်အတွင်း၊
o ကလေးနို့တိုက်ရင် မွေးပြီးတဲ့နောက် ၆ ပါတ်အတွင်း၊
Noristerat injection (နော်ရစ်တားရက်) ထိုးဆေးက တမျိုးဖြစ်တယ်။ အမေရိကားမှာ မရဘူး။
• Synthetic progestin နဲ့ Norethisterone enantate တွေပါတယ်။ • (၈) ပါတ် ၂ လ ခံတယ်။ ထပ်ထိုးလို့လဲ ရပါတယ်။
• ရေတို ကိုယ်ဝန်တားဘို့သာ သုံးကြတယ်။ ဥပမာ -
o Vasectomy ယောက်ျားကို သားကြောဖြတ်ထားတုံး စိတ်မချရသေးခင်မှာ မိန်းမကို ထိုးပေးတယ်။
o Rubella ဂျာမန်-ဝက်သက်ရောဂါတွေဖြစ်နေချိန်မှာ ကိုယ်ဝန်မယူသင့်သေးလို့ မိန်းမကိုထိုးပေးတယ်။
• မျိုးဥထွက်မှာကိုတားပေးတယ်။ ဆေးထိုးပြီး ၈ ပါတ်နေရင် သားအိမ်အဝက အချွဲတွေစေပျစ်လာစေတယ်။
• Doryxas, Norethisterone injectable, Norigest, Nur-Isterate, Syngestal နဲ့ Unidepo နာမည်တွေနဲ့လဲ လာတယ်။

Dr. တင့်ဆွေ
၂၆-၂-၂ဝ၁၂
- http://dts-medicaleducation.blogspot.in/
- http://yamuna-online-clinic.blogspot.in/
- http://dts-political-page.blogspot.in/
- http://yamunaclinic.org/

Read More...

Sunday, May 13, 2012

Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း

Fri, May 11, 2012 at 11:32 AM
(1) Could it be possible the Hepatitis B result negative after one year the person was infected? During one year the patient was taking medicine course which instructed by doctor.
(2) Could it be consider that negative result the patient is fully recover as 100 percent and other people will not be infected from him?

• အသဲရောင် (ဘီ) ပိုးရှိနေသူကို ဆေးကုသတာရဲ့ရည်ရွယ်ချက်ကတော့ ဗိုင်းရပ်စ်ပိုးတွေ တက်ကြွမနေအောင်၊ အသဲထဲမှာ ပွါးများ မလာစေအောင် လုပ်တာ ဖြစ်တယ်။ ဆေးကနေ အဲလိုလုပ်ပေးတဲ့နောက်မှာ ကိုယ့်ခုခံအားကနေ ပိုးတွေကို နှိမ်နိုင်လာမယ်။ အသဲကိုလဲ ဆက်ပြီး ပျက်စီးတာ မဖြစ်အောက် ကာကွယ်ပေးနိုင်မယ်။ အသဲခြောက်တာ၊ အသဲကင်ဆာ ဖြစ်မလာစေဘူး။
• အသဲရောင် (ဘီ) ပိုးကူးစက်ခံရသူတွေထဲက ၉၅% မှာ သူ့အလိုလို ရောဂါပိုးတွေ ရှင်းသွားနိုင်တယ်။ ဆေး မလိုဘဲ ရှင်းသွားတာကို ဆိုလိုတယ်။ တချို့မှာတော့ နာတာရှည် အသဲရောင် ဖြစ်နိုင်တယ်။ ၆ လနေလို့မှ ပိုးကင်းရှင်း မသွားရင် အဲလိုဖြစ်လာနိုင်တယ်။ အသဲရောဂါဖြစ်လာမယ် အသဲထဲမှာ ပိုးတွေက ပွါးများလာမယ်။ ဆေးကုသဘို့ လိုနိုင်တယ်။
• နာတာရှည် အသဲရောင်အတွက် လောလောဆယ် ဆေး ၃ မျိုးသုံးနေတယ်။ (၁) Pegylated Interferon (Peginterferon) (၂) Lamivudine နဲ့ (၃) Adefovir (ADV) တွေဖြစ်တယ်။ တတိယဆေးက ဒုတိယဆေး မတိုးသူတွေကို ပေးတယ်။ Lamivudine ကို အများဆုံး သုံးနေတယ်။
• ဆေးမပေးခင် HIV နဲ့ Hepatitis C ရှိ-မရှိ စစ်မယ်။ Hepatitis A vaccine ကာကွယ်ဆေးလဲ ထိုးပေးမယ်။

1. Peginterferon ဆေးဆိုတာ ဗိုင်းရပ်စ်ကို ခံတိုက်ဘို့ရာ လူ့ကိုယ်ထဲကနေ အလိုလိုထုတ်ပေးတာမျိုး ဖြစ်တယ်။ ဒီဆေးကြောင့် ဗိုင်းရပ်စ်တွေ ပွါးများလာမှာကို တားဆီးမယ်။ ဒီဆေးကို အရေပြားအောက်မှာ တပါတ်တခါ၊ ၆-၁၂ လကြာထိုးပေးရတယ်။
• နာတာရှည် အသဲရောင်လို့ ဒီဆေးထိုးသူတွေထဲက ၃၅% မှာ ရေရှည်အကျိုးရတာ တွေ့ရတယ်။ ဆေးစစ်ရင် ဗိုင်းရပ်စ်တွေ များလာတာက ရပ်သွားတာတွေ့ရမယ်။ အသဲအလုပ်လဲ ပုံမှန်ဖြစ်နေမယ်။
• ဆေးရပ်ပြီးနောက် ပိုကောင်းလာမျိုးလဲ ရှိတယ်။
• တချို့မှာ ဆေးကုသမှုခံယူနေရင်း အခိုက်အတန့်လောက် အသဲရောင်တာ ပိုဆိုးလာတတ်တယ်။ ဒီလို ဖြစ်တာကို Hepatitis B flare လို့ခေါ်တယ်။ တခါတလေ ပိုးတွေရှင်းသွားပြီး၊ အသဲလဲ အလုပ် ပုံမှန် လုပ်နိုင်လာကြတယ်။
• ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ အများအားဖြင့် တုပ်ကွေးမိသလို ဖြစ်တာပါဘဲ။ ကိုယ်ပူ၊ ချွေးထွက်၊ အဆစ်တွေနာ၊ ခေါင်းကိုက်။ Paracetamol ပါရာစီတမောကို ၄ နာရီတခါသောက်ရင် သက်သာမယ်။ ဖြစ်ကာစသာဆိုးတယ်။ တချို့မှာ စိတ်ဓါတ်ကျမယ်၊ စိတ်မူပြောင်းတယ်။ ဆံပင်ကျွတ်တာ၊ ကိုယ်အလေးချိန် ကျတာတွေလဲ ဖြစ်နိုင်တယ်။ ဆိုးကျိုးက ဆိုးတာဖြစ်နေရင် ဆေးလျှော့ပေးတာ၊ ဆေး ခဏနားထားတာလဲ လုပ်နိုင်တယ်။

2. Lamivudine ဆေးဆိုတာ၊ သောက်ဆေးဖြစ်တယ်။ ဗိုင်းရပ်စ်ကို ပျက်စီးစေမယ်။ ပွါးများတာကို တားပေးမယ်။
• တနေ့ ၁ လုံး၊ ၁ နှစ် အနည်းဆုံး သောက်စေတယ်။
• နာတာရှည် အသဲရောင်လို့ ဒီဆေးသောက်ရသူထဲက ၂ဝ-၃ဝ% မှာ ရေရှည် အကျိုးများစေတာ တွေ့ရတယ်။
• ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ မဆိုးပါ။ ခေါင်းကိုက်၊ ဗိုက်နာ၊ ဝမ်းပျက်၊ မောပန်း၊ အားယုတ်။ ဆေးကို စောပြီး မသောက်ဘဲရပ်လိုက်တာ မကောင်းဘူး။ တချို့မှာ ဆေးယဉ်လာတတ်တယ်။

3. Adefovir ဆေးဆိုကို Lamivudine ဆေးယဉ်သူတွေအတွက် သုံးတယ်။ တနေ့ ၁ လုံးသောက်ရတဲ့ဆေး ဖြစ်တယ်။

Dr. တင့်ဆွေ
၁၃-၅-၂ဝ၁၂
- http://dts-medicaleducation.blogspot.in/
- http://yamuna-online-clinic.blogspot.in/
- http://dts-political-page.blogspot.in/
- http://yamunaclinic.org/

Read More...

Thursday, May 3, 2012

Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်

သည်းခြေကြိုက် ခေါင်းစဉ်ဆိုတာ ကျန်းမာရေး နယ်ပယ်မှာလဲ ခေတ်စားပါတယ်။ “(ကီးဂယ်လ်) လေ့ကျင့်ခန်းဖြင့် ကျား-အင်္ဂါ ကျန်းမာရေး နှင့် ကြီးထွားနည်း”။ “အမျိုးသမီးများအကြား ရေပန်းစားပေမဲ့ ယောက်ျားလေးများ မသိသူ ကျော်သွား၊ သိသူ ဖေါ်စားနည်း” လဲပါတယ်။

ကိုယ်ဝန်ဆောင် နဲ့ ကလေးဖွါးပြီးသူ အမျိုးသမီးတွေ မ-အင်္ဂါအတွင်းမှာ ရင်းစားပြန်ရဘို့ Pelvic Floor exercise တင်ပါးဆုံတွင်း ကြွက်သား လေ့ကျင့်ခန်းကို ဆရာဝန်တွေက ထောက်ခံချက် ပေးယုံသာမကာ လုပ်ခိုင်းတဲ့နည်းလဲ ဖြစ်ပါတယ်။ အမျိုးသားအတွက် ဆိုတာတော့ ဆရာဝန်တွေက မညွှန်းဘဲ၊ “ကျွမ်းကျင်သူ” ဆိုသူ များကသာ ရေးကြတာပါ။ “ကျွမ်းကျင်သူ” လို့ ဘယ်သူက ဘွဲ့ပေးသလဲ။ “ဗမာ့အရေး ကျွမ်းကျင်သူ” ဆိုတာတော့ ရေဒီယိုတွေကနေ ပေးတယ်။

ဘာဘဲဖြစ်ဖြစ် ဗဟုသုတ ရလိုသူများ၊ ဆန္ဒပို အလိုရှိသူများ သိစေဘို့ ရေးပါရစေ။ လေ့ကျင့်ပေးရမဲ့ ကြွက်သားကို သိအောင် အရင်လုပ်ရတယ်။ “ဆီးသွားနေတုံး ဆီးမကုန်ခင် ရပ်အောင် ကြိုးစားတဲ့အခါ ကြုံ့ပေးရမဲ့ ကြွက်သားတွေ” ဖြစ်ပါတယ်။ Pubococcygeus muscle ခေါ်တယ်။ ဆီးစပ်ရိုး နောက်ကနေ ဟိုနောက်ဆုံးက အမြီးပိုင်း နေရာအထိ ဆက်နေတဲ့အရာ ဖြစ်ပါတယ်။

(ပြူဘို-ကောက်ဆီဂျီယပ်စ်) ကြွက်သားဟာ Levator ani ဆိုတဲ့ တင်ပါးဆုံတွင်းမှာ Pelvic floor အခင်းသဘော ဖြစ်နေတဲ့ ကြွက်သားကြီးရဲ့ အစိတ်အပိုင်းပါ။ ဒီကြွက်သားကြီးကနေ စအို နဲ့ (ဗဂျိုင်းနား) တွေကို ထိန်း-မ-ပင့်တင် ပေးထားတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကိုသာ ဆေးနည်းပေးတာ ဖြစ်ပါတယ်။ ကျားအင်္ဂါနဲ့ အဆက် အစပ်က အတော်ကြီး အမျိုးလိုက်စပ်မှ ရတယ်။

“သူ့ကို လေ့ကျင့်ရင်း Cremaster muscle ဆိုတဲ့ ကျား-ကပ်ပဲ့အိတ်၊ ကျား-အစိနဲ့ ဆိုင်တဲ့ ကြွက်သားကိုပါ လေ့ကျင့်ရာ ရောက်တယ်၊ ယောက်ျားတိုင်းတော့ မလုပ်နိုင်ကြဘူး” တဲ့။ အပြောကတော့ ချောသလား မမေးနဲ့။ “အင်္ဂါ သန်မာစေမယ်၊ သုတ်လွှတ်စောတာ ထိန်းနိုင်မယ်” တဲ့။ ကြွက်သား မှန်သမျှ လေ့ကျင့်ပေးရင် သန်လာစေတာတော့ မှန်ပါတယ်။

ကျား-လိင်အင်္ဂါ Penis မှာ Corpora Cavernosa ဆိုတာက လိုအပ်ချိန်မှာ သန်မာလာစေဘို့ ဆောင်ရွက်ပါတယ်။ သူ့မှာ အနုစား-ကြွက်သားတွေ ပါတယ်။ အနုစား-ကြွက်သားကို စိတ်ကနေ ထိန်းမရသလို၊ သန်မာအောင် လေ့ကျင့်ပေးလို့လဲ မရဘူး။ Sexual stimulation လိင်စိတ် နိုးထလာမှသာ အဖြစ်အပျက်တွေ တလှေကြီး ဖြစ်လာတယ်။ သွေးလျှောက်တာ ပိုများလာမယ်၊ ဝင်လာတဲ့ သွေးတွေကို စုပေးထားမယ်၊ သွေးပြန်ထွက်မှာကိုလဲ ထိန်းထားအုံးမယ်၊ အတွင်းဖိအား ဆိုတာ တက်လာမယ်၊ Ischiocavernosus ဆိုတဲ့ ကြွက်သားက ရှုံ့-ကြုံ့လာမယ်။ Kegel exercise ဆိုတာ ဒီ (မာဆယ်လ်) ကို လေ့ကျင့်ပေးရတာပါ။ ဒါကတော့ ဖြစ်နိုင်ပါတယ်။ ခန္ဓာဗေဒကို ခပ်ပေါ့ပေါ့ ရေးသူတွေက ဒီကြွက်သားလို့ တည့်တည့် မပြောကြဘူး။

လိင်အင်္ဂါ နှစ်မျိုး မသုံးဘဲ အာသာဖြေခြင်း (မာစတာဘေးရှင်း) ကြောင့် ကျား-လိင်အင်္ဂါ ပိုမို ကြီးထွား-သန်မာ စေသလား။ ကျွမ်းကျင်သူ ဆိုသူများက စနစ်ကျဘို့ လိုကြောင်း၊ (မာစတာဘေးရှင်း) လုပ်ရတာနဲ့ နဲနဲ မတူကြောင်း၊ ဖါသာ အာသာ-ဖြေဖျောက်မှုက ကျားအင်္ဂါကို အင်ပြည့်-အားပြည့် အနေအထားမှာ ဆောင်ရွက်ရတာ ဖြစ်ပြီး၊ လေ့ကျင့်တာက သန်းမာမှု တဝက် အနေအထားမှာ လုပ်ပါတဲ့။ ပဌမ-ရည်မှန်းချက်အတွက် ပြီးပြီးရော လုပ်တာများပေမဲ့ ဒုတိယ-ပန်းတိုင် အတွက်တော့ စိတ်ရှည်ပါ။ အချိန် (တနေ့ ၁ဝ မိနစ်) ပေးပါတဲ့။

(မာစတာဘေးရှင်း) လုပ်ရတဲ့သူတွေ ဘာအကျိုး-အပြစ်တွေ သက်ရောက်သလဲ။ ပြောကြတယ် “ထိခိုက်စေတယ်။ သုတ်လွှတ် မြန်စေမယ်။ အားယုတ်တယ်။ ဘာ-ညာ”။ တကယ်လို့ တယောက်ထဲ စခန်းသွားတဲ့ အကျင့်မှာ မြန်တဲ့အလေ့ ရှိရင် နှစ်ယောက်တွဲလဲ မြန်တတ်တာ ဖြစ်နိုင်တယ်။ ဒါမျိုး မဖြစ်အောင် အချိန်ယူ နည်းလုပ်ခြင်းဟာ အင်္ဂါ-လေ့ကျင့်ခန်း လုပ်ရာလဲ ကြာစေမယ်လို့ ယူဆနိုင်တယ်။ စိတ်အလိုကို မလိုက်သေးဘဲ Climax မဖြစ်ခင် နားထားရမှာ ပြောတာပါ။ ဆေးပညာအရ (မာစတာဘေးရှင်း) ခဏခဏလုပ်လို့ သုတ်ရည် များမယ်၊ နည်းမယ်၊ ဆီးကြိတ်-ကင်ဆာ ဖြစ်မယ်-မဖြစ်ဘူး၊ ဆိုတာ ကံသေကံမ မပြောနိုင်ပါ။

“စိတ်ကို အားပေးတဲ့ အစားအစာများ နဲ့ သုတ်ပိုးကို အားပေးတဲ့အစာများ” ဆိုတာတွေ ပြောစမှတ်ရှိတယ်။ ဆေးပညာ အရတော့ သတ်မှတ်ထားတာမျိုး မရှိသလောက်ပါ။ ဒီစိတ်ကို အားပေးတဲ့ အစား-အစာတွေကို ဗဟုသုတအတွက် ရေးပါရစေ။

• Celery တရုတ်-နံနံကြီး။ ပြောသူတွေကတော့ “ဒီအရေးအရာ သာမက (ကိုလက်စထော) ပါ နည်းစေတယ်၊ ကင်ဆာကို ကာကွယ်နိုင်တယ်” တဲ့။ (ဟိုးမား) ရဲ့ ခရီးရှည် ကဗျာရှည်ကြီးထဲမှာလဲ Celery ပါခဲ့သေးတယ်။ ဆေးပညာအရ ထောက်ခံချက် ပေးနိုင်တာက ဗီတာမင် K နဲ့ C တွေပါတာ သေခြာတယ်။
• Oysters မုတ်ကောင်ကလဲ နာမယ်ကြီးပါတယ်။ စိတ်ကိုသာမက သုတ်လဲ ပွါးများပါသတဲ့။ အစိမ်းစားရင် ပိုသိသာတယ်၊ သန့်ရှင်းဘို့တော့ မမေ့ပါနဲ့။ စားနည်းလဲ သူများကို မေးပါတဲ့။
• Bananas ငှက်ပျောသီး၊ သူများတိုင်းပြည်တွေမှာက ငှက်ပျောသီးဆို သီးမွှေး အမျိုးအစားသာ သိတာများတယ်။ ဗမာတွေက ကျန်းမာရေးအတွက် ဖီးကြမ်းငှက်ပျောဘဲ ညွှန်းတယ်။ ဂျပန်မှာ ငှက်ပျောသီး Crazy ဖြစ်နေတာ မကြာခင်က ရေးရသေးတယ်။
• Avocado ထောပတ်သီး၊ လိင်စိတ်ကို အားပေးစေချင်သူ ယောက်ျားတွေသာမက အမျိုးသမီးတွေလဲ စားပါတဲ့။ Vitamin K, Potassium, Vitamin B6, Vitamin C တွေ ပါတာ သေခြာတယ်။
• Almonds ဗာဒံစေ့၊ အစေ့-အဆံတွေရဲ့ အစွမ်းကို နှလုံးရောဂါအတွက်ပါ ရေးကြ-ပြောကြတယ်။ ကျား-ဟော်မုန်း ကိုလဲ အားပေးလို့ ဒီအနံ့ပါတဲ့ ဖရောင်းတိုင်းထွန်းပြီး၊ ကုတင်ဘေးမှာ Almonds ပန်းကန် ထားပါတဲ့။
• Mangoes သရက်သီး၊ ဒီအရေး အားပေတာ သေခြာတယ် ပြောတယ်။ LDL (ကိုလက်စထော) ကျစေတယ်။ Manganese, Copper နဲ့ ဗီတာမင် ဘီ ၂ တွေ ပါတယ်။
• Eggs ကြက်ဥ။ ဗမာတွေလဲ ယုံကြ-လက်ခံကြတယ်။ မတူတာက အစိမ်းသောက်တာ ထူးတယ်လို့ သူများတွေက သိပ်မယုံဘူး။ Libido ဒီစိတ်မှာ အရေးပါတဲ့ ဗီတာမင် B5 and B6 တွေ ပါတယ်။
• Liver အသဲ။ ဒီကိစ္စအတွက်တော့ ကျွမ်းကျင်သူများလို ဟုတ်-မဟုတ် မပြောတတ်ဘူး၊ Glutamine ဆိုတဲ့ ခုခံအား၊ သွေးအား ကောင်းတာတွေ ပါတယ်။ ဂေါက်ရောဂါရှိသူအတွက်တော့ မကောင်းဘူး။
• Chocolate ချော့ကလက်။ အကောင်းစားက ကောင်းစေပါသတဲ့။

Q: ဆရာခင်ဗျား Masters and Johnson method ဂျွန်ဆင်နည်းစနစ်၊ Kegel exercises ကြွက်သား လေ့ကျင့်ခန်းများ ဆောင်းပါးထဲက လေ့ကျင့်ခန်းဟာ လိုသလောက် ဆွဲထားနိုင်တဲ့အတွက် သုတ်တွေကို ထိန်းထားသလို ဖြစ်မနေဘူးလား။ သုတ်တွေ အတွင်းမှာ ခဲတာ (သို့) အခြားအန္တရာယ်များ ရှိနိုင်မလား။ သုတ် မထွက်အောင် လက်နဲ့ ဖြစ်ဖြစ် အကြောကို ထောက်ပြီး ပိတ်ထားမိရင်ရော ရောဂါရနိုင်ပါသလား။

A: သုတ်ရည်က အထဲမှာ မခဲနိုင်ပါ။ လက်နဲ့ ပိတ်ထားလို့ မရနိုင်ပါ။ စိတ်နဲ့သာ ထိန်းနိုင်ပါတယ်။ တကယ် လွှတ်ချင်လာရင် အဲဒီစိတ်ကို ထိန်းမရတော့ပါ။ Spinal reflex အလိုအလျှောက်-တုံ့ပြန်မှုကနေ ဖြစ်တာမို့ပါ။ မလွှတ်သေးအောင်တော့ ထိန်းနိုင်ပါတယ်။ ဒါပေမဲ့ ထိန်းတဲ့ကြားက တစက်လောက် ထွက်ရင် ကိုယ်ဝန် ရစေတာမို့ မိသားစု စီမံကိန်းနည်းတွေထဲက သုတ်ရည် ပြင်ပစွန့် ထုတ်နည်းဟာ ၁၅-၂၈% ကိုယ်ဝန်ရတယ်။ လဖက်ရည်ဇွန်း တဝက် (၂့၅ စီစီ) မှာ သုတ် ကောင်ရေ သန်း ၅ဝ ပါတယ်။

သင်ရ-လေ့လာရတဲ့ ဆေးပညာအလိုအရ Professional advice ပေးပါ့မယ်။ ကြိုက်ရင် ယူပေါ့။ လေ့ကျင့်ခန်းရော အစာအာဟာရပါ အန္တရာယ် ဖြစ်စရာ မတွေ့ပါ။ ဒါလုပ်လို့၊ ဒါစားလို့ ပိုကောင်းမယ်လို့ ယုံကြည်မှုကိုနှိုက်က တဝက် ကောင်းနေပြီ မဟုတ်ပါလား။

Dr. တင့်ဆွေ
၂၉-၉-၂ဝ၁ဝ

Read More...

Pelvic floor exercises အမျိုးသမီးတိုင်းအတွက် လေ့ကျင့်ခန်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၇)

“တသားမွေး တသွေးလှ” ဆိုတာ အပေါ်ယံကြည့် ပြောကြတာများတယ်။ အတွင်းအင်္ဂါတွေပါ ကျန်းမာ သန်စွမ်းဘို့ လိုသေးတယ်။ အမျိုးသမီး ကြီး-ငယ်မဟူ၊ အပျိုရော အအိုပါ၊ တဒ်ါလာမှ မကုန်ဘဲ၊ အထဲက အင်္ဂါမှန်သမျှ ပြန်ကောင်းအောင် လုပ်လို့ရတဲ့နည်း၊ အသုံးများပေမဲ့ အသစ်နဲ့မခြား အားကောင်းနေစေမဲ့ နည်းကို ရေးပါမယ်။ Kegel exercises လို့ပိုပြီး လူသိများတယ်။

ကိုယ်ဝန် တခါဆောင်ရင် တခါ အတွင်းအင်္ဂါတွေ အားနဲစေတယ်။ ကြာရင် အိမ်ထောင်ရေးကိုပါ ထိခိုက်နိုင်တယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ဝင်နိုင်တယ်။ စားဆေး-ထိုးဆေးနဲ့ မရပါ။ နတ်ရေကန်ထဲလဲ ဆင်းမရ၊ Pelvic floor exercises လုပ်မှ ကောင်းတယ်။ အိမ်ထောင် မကျသေးသူတွေလဲ တချို့ ဖြစ်တတ်လို့ ငါန်းဇွန်နယ်မှာ တယောက် ခွဲတောင် ပေးရသေးတယ်။ Prolapse uterus သားအိမ်ကျ၊ Cystocele ဆီးအိမ်ကျ၊ Rectocele အစာဟောင်းအိမ်ကျ၊ Urinary incontinence ဆီးမထိန်းနိုင်တာ။ ဒီလို ရောဂါတွေသာမက (ဗဂျိုင်းနား) ကြွက်သားတွေ အားပြော့နေတာလဲ ကျန်းမာရေး-လူမှုရေး ပြဿနာဘဲ။

တင်ပါးဆုံ-အရိုးကွင်းထဲမှာ အင်္ဂါတွေ အများကြီး ရှိတယ်။ ယောက်ျား-မိန်းမ နဲနဲမတူကြဘူး။ လူတယောက်ကို တဖက် မျက်နှာမူ ခိုင်းပြီး ဘေးတည့်တည့်ကနေ ကြည့်ရင် ရှေ့ဆုံးမှာ Pubis ဆီးစပ်ရိုး၊ နောက်မှာ Bladder ဆီးအိမ်၊ နောက်မှာ မိန်းမတွေမှာသာရှိတဲ့ Uterus သားအိမ်၊ နောက်ဆုံးမှာ Rectum အစာဟောင်းအိမ် ရှိတယ်။ ယောက်ျားတွေမှာသာ ဆီးအိမ် အောက်ကပ်နေတဲ့ Prostate ဆီးကြိတ် ရှိတယ်။ မိန်းမတွေမှာ သားအိမ် အောက်က တဆက်ထဲ Vagina မွေးလမ်းကြောင်း ရှိတယ်။ အစာဟောင်းအိမ် အောက်က ဆက်နေတာက Anus စအို။

ဒီအင်္ဂါတွေကို သူ့နေရာသူ ပုံမှန်ရှိနေအောင် Muscles ကြွက်သား၊ Fascia အရွတ်ပြားတွေကနေ ထိန်းပေး-တည့်ပေး-မ ပေးထားတယ်။ ထိန်း-တည့်-မ လုပ်ပေးတာတွေ အားနဲလာရင် ပြောခဲ့သလို အမျိုးမျိုး ဖြစ်လာစေနိုင်တယ်။ သိတဲ့အတိုင်း ကြွက်သားဆိုတာ လေ့ကျင့်ပေးရင် သန်မာစေနိုင်လို့ လေ့ကျင့်ပေးရမယ်။

အရင်ဆုံး ဘယ်ကြွက်သားတွေကို လေ့ကျင့်ရမလဲ သိအောင်လုပ်ရတယ်။ ဆွဲကိုင် မပြနိုင်လို့ သင်ပြပေးရတယ်။ လွယ်ပါတယ်။ ကိုယ့်ဖါသာ ဆီးသွားနေရင်း ဆီးမကုန်ခင် ဆီးသွားတာ ရပ်သွားအောင် ကြိုးစားကြည့်ပါ။ ဘယ်နေရာကို Squeeze and lift ညှစ်၊ မ-တင်ပေးရင် ဆီးရပ်မလဲဆိုတာ ကိုယ်တိုင် သိလာလိမ့်မယ်။ စအိုနဲ့ မွေးလမ်းပေါက်တွေကို ပိတ်ပြီး ဆွဲတင်သလို လုပ်ရတယ် မဟုတ်လား။ Upward and inward အထက် နဲ့ အတွင်းထဲဆီကိုပါ။

သေခြာအောင် စစ်မယ်။ လေ့ကျင့်နေတုံးမှာ တင်ပါးကို ဆွဲတင်တာ လှုတ်တာ မဖြစ်စေပါနဲ့။ ပေါင်-ခြေတွေလဲ ညှစ်တာမျိုး မလုပ်ရပါ။ အသက် အောင့်စရာ မလိုပါ။ သိပြီဆိုရင် သက်တောင့် သက်သာ အနေအထား (လှဲနေရင်း) စလုပ်ပါ။ အဆင်ပြေလာတဲ့အခါ ထိုင်ရင်း လုပ်ပါ။ နောက်ဆိုရင် အလုပ် လုပ်နေရင်းလဲ လုပ်ပါ။ အချိန်မရွေး လုပ်နိုင်ပါတယ်။ ကြွက်သားတွေကို ညှစ်ထိန်းထာတာကို အစမှာ ၂ စက္ကန့်၊ နောက် ၁ဝ စက္ကန့်ကြာအောင် ကြိုးစားပါ။

ကျွမ်းကျင်လာပြီဆိုရင် ဗိုလ်သင်တန်း တက်ရအောင်။ အသက် မှန်မှန် ရှူပါ။ ကြွက်သားတွေကို ဆွဲတင်ပြီးနောက် ပြန်လျှော့ချတာကို ဇတ်ကနဲ လုပ်လိုက်ပါ။ တင်းတာထက် ချတာက မြန်ပါစေ။ ၁ဝ ကြိမ် ဆက်တိုက် လုပ်ပါ။ တခါလုပ် ၈-၁ဝ ကြိမ်၊ တနေ့မှာ ၃ ခါလုပ်ပါ။ တကယ်လို့ ကိုယ့်က ချို့ယွင်းနေလို့ ပြုပြင်ရသူဆိုရင် ပိုလုပ်ရပါမယ်။ ချို့ယွင်းနေတယ် ဆိုတာ၊ သားအိမ် ကျချင်နေတာ၊ ဆီး အထိန်းရခက်တာ၊ (ဗဂျိုင်းနား)မှာ တစ်ဆို့ဆို့ ဖြစ်နေတာ၊ (ဗဂျိုင်းနား) တင်းအား လျှော့နေတာ။

ပွင့်ပွင့်လင်းလင်း ရေးပါရစေ။ အဲလိုမျိုး လုပ်တာကို ကိုယ့်ခင်ပွန်းနဲ့ အတူနေတုံးမှာ ကိုယ်က လုပ်တာကို သူက ခံစားပြီး သိပါလိမ့်မယ်။ အိမ်ထောင်မရှိသူတွေလဲ သေခြာအောင် (ဗဂျိုင်းနား) ထဲ လက်ချောင်း ၂ ချောင်းထည့်ပြီး လေ့ကျင့်တဲ့အခါ လက်ကို ဖိအား သက်ရောက်လာတာကို သိနိုင်တယ်။

ဒီလေ့ကျင့်ခန်းဟာ ဆီးမထိန်းနိုင်တဲ့ရောဂါ Stress urinary incontinence ကိုပါ ကုနိုင်တယ်။ ပိုဆိုးတဲ့ Urge urinary incontinence ကိုတော့ မရနိုင်ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာပါ လုပ်သင့်တယ်။

အမျိုးသမီးတိုင်းမှာ သတိထားစရာတွေ ရှိတယ်။ ဝမ်းချုပ်လို့ ညှစ်ရတာ၊ အလေးအပင် မ-တာ၊ ချောင်းဆိုး၊ နှာချေ၊ ရီမောတဲ့ အခါမျိုးတိုင်းမှာပါ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို ထိန်းပေးထားရမယ်။ လက်လွတ်စပယ် မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ဆောင့်ကြောင့် မထိုင်ပါနဲ့။ Toilet သုံးတာမှာ ဒူးကို ၉ဝ ဒီ၈ရီ ထားလို့ရတာမျိုးသာ သုံးပါ။ ပက်လက် အိပ်နေရင်း ခြေထောက် မြှောက်တာကို ၂ ဖက်လုံး တပြိုင်နက် မလုပ်ပါနဲ့။ လုပ်ရရင်လဲ သတိရှိပါ။ မတ်တပ်ရပ်နဲ့ ခြေ ၂ ဖက် ဆန့်ပြီး ခါးကုံးတာမျိုး ဆင်ခြင်ပါ။ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို တွန်းထုတ်သလို မဖြစ်စေနဲ့။ ဆီးသွားတာကို တကယ် ဆီးအိမ်တင်းနေမှသာ သွားပါ။ ဝမ်း မချုပ်ပါစေနဲ့။ ဒါပေမဲ့ ဝမ်းနုတ်ဆေး ခဏခဏ မသောက်ပါနဲ့။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်နဲ့ ဝမ်းသွားအောင် လုပ်ပါ။ ဝမ်း-ဆီး များများ သွားရရင် ORS ဓါတ်ဆားရည် သောက်ပါ။ ရေနွေးကြမ်း သောက်ပါ။ အုန်းရည် သောက်ပါ။ ငှက်ပျောသီး၊ လိမ်မော်သီး စားပါ။

စိတ်လဲ လှပါစေ၊ ကိုယ်လဲ အပြင်ကရော အတွင်းထဲကပါ လှကြပါစေ။

Dr. တင့်ဆွေ
၂၂-၉-၂ဝ၁ဝ

Read More...

Pregnancy and Ultrasound ကိုယ်ဝန်ဆောင် နှင့် (အာလ်ထွာ-ဆောင်း)

May 3, 2012 3:26 PM
Q 1: သမီးက အခု ကိုယ်ဝန် ၇ လ (၂၈ ပတ်) ရှိပါပြီ။ ဒီနေ့ (အာလ်ထွာ-ဆောင်း) ရိုက်ဖို့ ချိန်းလို့ (့) က ဒေသန္တရ ဆေးခန်း တစ်ခုမှာ အက်ထရာဆောင်း သွားရိုက်ခဲ့ပါတယ် ဒါပေမယ့် ရိုက်ပေးတဲ့ ဆရာဝန်က ဘာမှလည်း ပြောမပြဘူး။ ကလေး အနေအထားတို့ ဘာတို့ တစ်ခုမှ ပြောမပြဘူး။ နှစ်ခွန်းပဲ ပြောတယ်။ အဲတာ ကလေးရဲ့ နှလုံးဆိုပြီး၊ မော်နီတာကို နည်းနည်းလှည့်ပြတယ်။ သေချာလည်း မမြင်ရဘူး။ သမီးကမေးမှ ကလေးက မိန်းကလေးလား ယောက်ျားလေးလား ဆိုတော့ (Baby boy I think) ဆိုပြီး မရောမရာ ပြောပါတယ်။ အဲတာ (အာလ်ထွာ-ဆောင်း) ဓါတ်ပုံပေးပါဆိုတော့ သူတို့ဆီမှာ အဲတာ ထုတ်တဲ့စာရွက် မရှိဘူးဆိုပြီး ပြန်ဖြေတယ်။ တော်တော် စိတ်ညစ်သွားပါတယ်။ ၃ လတုန်းက တစ်ခါ ရိုက်တယ်။ အခု ဒုတိယတစ်ခါ ရိုက်တာပါ။ အခုရိုက်တာမှာ ပြည့်ပြည့်စုံစုံ သိရမယ်ထင်ပြီး ပျော်နေခဲ့တာ အခုကျတော့ ဘာမှလည်း သေချာ မသိရသေးတော့၊ ဒီတပတ်အတွင်း ထပ်ရိုက်ကြည့်ချင်တာ။ အရမ်း သိချင်လွန်းလို့ပါ။ (အာလ်ထွာ-ဆောင်း) ခဏခဏရိုက်ရင် ကလေးကို ထိခိုက်နိုင်ပါသလား။ အပြင်ဆေးခန်းမှာ ထပ်ရိုက်ကြည့်ရင် ကောင်းမလားလို့ တိုင်ပင်တာပါ။

12 Sep 10, 20:29
Q 2: ကိုယ်ဝန်ဆောင်ရင် ၃ လလောက်မှာဆို Ultrasound ရိုက်လို့ရပြီလား။ ဘယ်အချိန်လောက်ဆိုရင် ပေါ်ပြီလဲ။

Thu, May 3, 2012 at 2:26 PM
Q 3: သမီး နောက်ထပ် ကိုယ်ဝန် ထပ်ရပါပြီရှင့်။ အခု ၇ ပတ်နဲ့ ၂ ရက်ရောက်ပါပြီ။ Ultrasound ရိုက်လို့ရပြီလား ဆရာ။ ပြီးတော့ Kegels Exercise ဆိုတာ ဘာပါလဲ။ လုပ်နည်းတော့ သိပါတယ်ရှင့်။ Google မှာ ပုံတွေနဲ့ ရှာထားလို့ပါ။ Obimin နဲ့ Dumex Mamil Mama သောက်နေပါတယ်။ Dumex နဲ့ ရိုးရိုးနို့နဲ့ ဘာကွာပါသလဲရှင့်။ အိမ်က သောက်ဆိုလို့သာ သောက်နေတာပါ၊ သေသေချာချာ ဘာမှမသိပါဘူး။

Ultrasound ရိုက်ရင် Report ကို Print ထုတ်ပေးရတယ်။ Sex of the baby ကိုတော့ သူ့နိုင်ငံ ဥပဒေအရ မပြောရတာ-ပြောရတာရှိတယ်။ Ultrasound ကြောင့် ကလေးကို မထိခိုက်ဘူးလို့ ယေဘူယျပြောနိုင်ပါတယ်။ ကလေးရဲ့နှလုံးကို ပြတယ်ဆိုတော့ ကလေးကောင်းနေတယ်လို့ မှန်းနိုင်တယ်။ အဓိကအချက်တခုက အချင်းအနေအထား သိဘို့လိုတယ်။ အချင်းအောက်ကျမနေရဘူး။ အောက်ကျနေရင် ခွဲမွေးရမယ်။ ကလေးရဲ့ Position (Cephalic or Breech) ခေါင်းနဲ့လား၊ တင်ပါးလား သိရမယ်။ ကလေးမှာ Abnormality တခုခုရှိရင်လည်း ပြောပြလိမ့်မယ်။ အဲဒါတွေ ကောင်းနေလို့၊ မလိုလို့ မပြောတာ ဖြစ်နိုင်ပါတယ်။ Print-out ထက် Report ရသင့်တယ်။ အကုန်လုံး ရေးထားလိမ့်မယ်။ ကလေးရဲ့ ကိုယ်ဝန် ဘယ်လောက်ရင့်နေသလဲဆိုတာ Weeks and Days နဲ့ ရေးလိမ့်မယ်။ မွေးမဲ့ရက် ခန့်မှန်းခြေပါ ပါလိမ့်မယ်။

Ultrasound scan (အာလ်ထွာ-ဆောင်း) ရိုက်စစ်ဆေးနည်းဟာ စိတ်ချရတယ်၊ အကုန်အကျ မများဘူး၊ တိကျတယ်လို့ လက်ခံထားကြတာမို့ ကိုယ်ဝန်ဆောင်များအတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးကြတယ်။ ဘာတွေ သိချင်လို့ပါလဲ။

၁။ ကိုယ်ဝန်ရှိစမှာ ကိုယ်ဝန်ရှိတာ သေခြာအောင်၊
၂။ ကိုယ်ဝန်ရှိတုံး သွေးဆင်းတာ၊
၃။ ကိုယ်ဝန်ဘယ်လောက် ရင့်နေပြီလဲ၊ သန္ဓေသား အရွယ်အစား၊
၎။ သန္ဓေသားမှာ အင်္ဂါချို့ယွင်းတာ ရှိ-မရှိ၊
၅။ အချင်း တည်နေရာ၊
၆။ အမွှာ ဟုတ်-မဟုတ်၊
၇။ ရေမြွှာရည် အနည်း-အများ၊
၈။ တခြားသိချင်တာ။

၁။ ကိုယ်ဝန်ရှိစမှာ ကိုယ်ဝန်ရှိတာ သေခြာသိမယ်။ သန္ဓေကိုဖုံးထားတဲ့ အိတ်ကလေး Gestational sac ကို ရက်သတ္ကပါတ် ၄ ပါတ်ခွဲမှာ စမြင်ရပြီ။ သန္ဓေဟာ သားအိမ်ထဲမှာ ရှိနေတာ ဟုတ်-မဟုတ်လဲ သေခြာသိနိုင်တယ်။

၂။ ကိုယ်ဝန်ရှိတုံး သွေးဆင်းရင် ပျက်လေမလား သိနိုင်တယ်။ ၆-၇ ပါတ်ဆိုရင် Doppler ultrasound နဲ့ ကလေး နှလုံးခုန်သံကို သိနိုင်ပြီ။ ဒါဆို ၉၅% မက ကိုယ်ဝန်က ကောင်းတယ်။ ကလေးနှလုံးခုန်သံဟာ ကိုယ်ဝန် အနု-အရင့် လိုက် ပြောင်းတယ်။ ၁ လခွဲတုံးက ၁ မိနစ်မှာ ၉ဝ-၁၁ဝ ရှိတယ်။ ၉ ပါတ်ကစပြီး မွေးတဲ့အထိ ၁၄ဝ-၁၇ဝ ရှိလာတယ်။

၃။ ကိုယ်ဝန် ဘယ်လောက် ရင့်နေပြီလဲသိမယ်။ သန္ဓေသား အရွယ်အစားဟာ ရင့်လေ ကြီးလေဖြစ်တယ်။
(က) Crown-rump length (CRL) ခေါင်းထိပ်ကနေ အောက်ခြေအထိ ဘယ်လောက် ရှည်သလဲဆိုတာ ၇-၁၃ ပါတ်မှာ အတိအကျ သိရပြီ။
(ခ) Biparietal diameter (BPD) ခေါင်းဘေးနှစ်ဘက် အကွာအဝေး၊ ၁၁ ပါတ် မှာ ၂ဝ ကနေ မွေးတော့မယ်ဆိုရင် ၉ဝ-၁ဝဝ မီလီမီတာ ရှိတယ်။
(ဂ) Femur length (FL) ပေါင်အရှည် ၁၁ ပါတ်မှာ ၁၊ မွေးခါနီးရင် ၇၉-၈ဝ မီလီမီတာ ရှိတယ်။
(ဃ) Abdominal circumference (AC) ကိုယ်ဝန်ရင့်ချိန်မှာ အရေးကြီးတဲ့ တိုင်းထွာချက်ဖြစ်တယ်။ ၁၁ ပါတ်မှာ ၅၊ မွေးခါနီးရင် ၃၅ဝ မီလီမီတာ ရှိတယ်။

၎။ သန္ဓေသားမှာ အင်္ဂါချို့ယွင်းတာ ရှိ-မရှသိဘို့၊ ကိုယ်ဝန် ၂ဝ ပါတ်မတိုင်ခင် စမ်းတာကောင်းတယ်။ ခေါင်းထဲက အရည်တွေ များနေတာ၊ ဦးနှောက် မပါတာ၊ ဦးနှောက်မြှေး အိတ်ဖြစ်နေတာ၊ ခါးရိုးဆစ်ကနေ အာရုံကြော ကျွံထွက် နေတာတွေကို သိနိုင်တယ်။ နောက်ပေါ် ကရိယာကနေ အာခေါင်ကွဲ၊ နှလုံးရာဂါ၊ စတာတွေပါ သိရစေတယ်။

၅။ အချင်းတည်နေရာကို သိရတာ အလွန်မတန် အကျိုးများတယ်။ အချင်းရဲ့ အောက်ဖျားက ဘယ်နားမှာလဲ သိရင် ခွဲမွေးဘို့ မလွဲမသွေလိုတဲ့ အချက်ကြီးတခု ကြိုသိရတယ်။ အချင်းက အောက်ကျပြီး၊ သားအိမ်အဝအနား ရောက်နေရင် ခွဲမွေးရမယ်။ ဒါ့အပြင် အချင်းရောဂါတွေကို ပါရှိရင် သိရတယ်။

၆။ အမွှာ ဟုတ်-မဟုတ်၊
၇။ ရေမြွှာရည် အနည်း-အများ၊
၈။ ဗိုက်ထဲမှာ ကလေး သေမနေတာသိမယ်။ ကလေးက Head/Cephalic ခေါင်းနဲ့ မဟုတ်ဘဲ Breech တင်ပါးဆုံပြုနေတာ၊ သားအိမ် ပုံမှန်ဟုတ်-မဟုတ်၊ Myoma သားအိမ်အလုံးရှိတာ၊ Overian cyst မျိုးဥအိမ်အလုံး ရှိတာတွေပါ သိနိုင်တယ်။

အမျိုးသမီးတိုင်းက ရာသီလလယ်မှာ မ-မျိုးဥ ထွက်ကြတာ မဟုတ်လို့၊ Ultrasound ကို တခါရိုက်တာနဲ့ အပြတ်ပြောလို့ မရတတ်ဘူး။ ၂ ခါ ရိုက်သင့်တယ်လို့ အကြမ်းပြောလို့ ရတယ်။ စောစောရိုက်တာကတော့ ကိုယ်ဝန်ရှိတာ သေခြာမယ်၊ သားအိမ်ပြင်ပ တည်တာဆိုရင် ကွဲမထွက်ခင် ခွဲဘို့ ပြင်နိုင်တယ်။ အချင်း အောက်ကျနေတာ၊ ကလေးက ခေါင်းကြီး နေတာ၊ မိခင် တင်ပါးဆုံအရိုးကွင်းနဲ့ မဆံ့တာ၊ ရင်ခြင်းဆက်ဆိုတာမျိုး အထူးအဆန်းတွေ ရှိနေတာ သိရင် ခွဲမွေးဘို့ ပြင်ထားနိုင်တယ်။ ဥပဒေက ခွင့်ပြုရင် မွေးရာပါ ချို့ယွင်းချက်တွေ သိရလို့ ကိုယ်ဝန်ကို စောစော အဆုံးသတ် ပြစ်နိုင်တယ်။

ကလေးမလှုတ်တော့ဘူး ထင်ရင်လည်း ထပ်ရိုက်သင့်တယ်။ စောစော ရိုက်တုံးကရှိတဲ့ ကလေးခေါင်း အနေအထားဟာ နောက်မှာ ပြောင်းတတ်လို့ Breech ခြေကဖွါး ဖြစ်-မဖြစ် သိရအောင် ရင့်မှ (၈ လနောက်မှာ) နောက်တခါ ထပ်ရိုက်တာ ကောင်းတယ်။ ခြေကဖွါး ဆိုရင် ပိုပြီးဂရုစိုက် မွေးပေးရတယ်။

Ultrasound ရိုက်ရင်သိတဲ့ Sex of the baby ကလေး ကျား-မ ဆိုတာကို သူ့နိုင်ငံ ဥပဒေအရ မပြောရတာ-ပြောရတာ ရှိတယ်။ ကလေးရဲ့ ကိုယ်ဝန် ဘယ်လောက် ရင့်နေသလဲဆိုတာ Weeks and Days နဲ့ ရေးလိမ့်မယ်။ မွေးမဲ့ရက် ခန့်မှန်းခြေပါ သိရလိမ့်မယ်။

နဲနဲ “အောက်တာ” တခု ရှိတယ်။ ကိုယ်ဝန်ကို တွက်ချက်ရင် ရက်သတ္ကပါတ်နဲ့သာ တွက်တာ။ ၁ လမှာ ၄ ပါတ်၊ ၁ လမှာ ၃ဝ ရက်ထားရတယ်။ ဗိုက်အပ်လာသူကို အရင်ဆုံး မေးတာက LMP ရာသီ နောက်ဆုံးလာတဲ့ရက်။ ပြောလိမ့်မယ်။ ရက်-လ-ခုနှစ်။ အဲဒီအထဲကို ၉ လ နဲ့ ၇ ရက် ပေါင်းထည့်တာနဲ့ ခန့်မှန်း-မွေးမဲ့ရက် EDD ရသွားပြီ။ Ultrasound Report မှာက Weeks and Days နဲ့ ရေးတယ်။ ဂဏန်းတွက် ပျင်းသူတွေ ခေါင်းစားရတယ်။ Weeks ကို လဖွဲ့ဘို့ ၄ နဲ့စား၊ ကျန်တာကို ၇ နဲ့ မြှောက်မှ ရက်ရ၊ Days နဲ့ ထပ်ပေါင်းပါမှ ကိစ္စပြီးမယ်။ မရိုက်ခင်က တွက်ထားတာနဲ့ လွဲတတ်တယ်။ ပြဿနာ မဟုတ်ပါ။ ဘယ်ရက် ဖြစ်ဖြစ် မှန်းရက်နဲ့ ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲနိုင်တယ်။ ယမုန်နာ-ဆေးခန်းမှာ မွေးတာ ၁၄၇ ယောက် ထဲက အတိအကျ မွေးတာ ၅ ယောက်နဲ့၊ ၁ ရက်လွဲ ၉ ယောက်ဘဲ ရှိပါတယ်။

ကျန်းမာ-သန်စွမ်းတဲ့ သားသမီးကောင်း ရတနာများ ထွန်းကားကြပါစေ။

Dr. တင့်ဆွေ
၁၄-၇-၂ဝ၁ဝ
၁၃-၉-၂ဝ၁ဝ
၃-၅-၂ဝ၁၂

Read More...

Wednesday, April 11, 2012

Men's Cancer Symptoms ယောက်ျား-ကင်ဆာ

ယောက်ျားတွေမှာ ကင်ဆာ ဖြစ်နေတာ စောစောသိဘို့ လိုအပ်တာ (၁၅) ချက် ရှိပါတယ်။ တချို့ရောဂါလက္စဏာတွေက ယောက်ျားတွေမှာသာ သီးသန့် ခံစားရတာတွေ ဖြစ်တယ်။ No.1 - Breast Mass ရင်သား အကျိတ် စမ်းမိသလား ယောက်ျားတွေမှာ ရင်သား-ကင်ဆာ မဖြစ်ပါဘူးထင်တာ မမှန်ပါ။ အဖြစ်တော့ မများပါ။ အကျိတ်သာမက အပေါ်ယံ အရေပြား ခွက်နေ-ချိုင့်နေတာ၊ နို့ထိပ်ဖျား အထဲဝင်နေတာ၊ နီရဲပြီး အရေပြား ခြောက်ကွာနေတာ၊ ထိပ်ဖျားက တခုခု ထွက်တာတွေ ရှိနေရင် ဆရာဝန်ပြပါ။ No. 2 - Persistent Pain or Discomfort in Any Body Area ကိုယ်ခန္ခာ တနေရာရာမှာ မပြတ်တမ်း နာနေသလား လူတိုင်း အသက်ကြီးလာရင် ဟိုကဒီက နာကြမယ်။ နာနေတာ ကြာပြီ၊ ဘာမှန်းမသိဘဲ နာနေရင် ကင်ဆာလား စစ်ပါ။ ကင်ဆာက နာတယ်ဆိုတာ ရှားတော့ ရှားပါတယ်။ No 3. - Changes in the Testicles or Scrotum ကျားအစိ၊ ကပ်ပယ်အိတ်မှာ အပြောင်းအလဲ ရှိလာသလား Testicular cancer ကျားအစိ-ကင်ဆာက အသက် ၂ဝ နဲ့ ၄ဝ ကြား အဖြစ်များတယ်။ American Cancer Society အမေရိကန် ကင်ဆာ အသင်းက ယောက်ျားတိုင်း ပုံမှန်ဆေးစစ်တာထဲမှာ ဒီနေရာကိုပါ စစ်ဘို့ အကြံပေးထားတယ်။ တချို့ဆရာဝန်တွေကတော့ လတိုင်း ကိုယ့်ဖါသာ စမ်းကြည့်သင့်တယ်လို့ ဆိုပါတယ်။ အရွယ်အစား၊ အကျိတ်၊ လေးလံနေတယ်ထင်တာ သံသယရှိရင် ဆရာဝန်ပြပါ။ No. 4 - Changes in the Lymph Nodes တက်စေ့တွေ ကြီးနေ-ရောင်နေသလား လည်ပင်းနဲ့ ချိုင်းအောက်က တက်စေ့တွေ ကြီး-နာ-နီ-ပူနေသလား။ တခြားနေရာတွေမှာလဲ အဲလိုဖြစ်နေသလား။ အရင် ရှိနေတာက ပိုကြီးကြီးလာရင်၊ တလနေလို့မှ ပျောက်မသွားရင် ဆရာဝန်ပြပါ။ No. 5 - High Fever ကိုယ်သိပ်ပူပြီး ဖျားသလား အပူချိန် > 103 F ကျော်ဖျားတာနဲ့ အဖျား တော်တော်နဲ့ မပျောက်ဖြစ်နေသလား။ ဘာလို့ ဖျားမှန်းမသိ ဖြစ်နေသလား။ တချို့ကင်ဆာတွေက ဖျားတတ်တယ်။ ဥပမာ Lymphoma (လင်ဖိုးမား) နဲ့ Leukemia (လူကီးမိးယား) တွေဖြစ်တယ်။ တနေရာမှာဖြစ်နေတဲ့ ကင်ဆာ နောက်တနေရာကို ပြန့်ရင် ဖျားတတ်တယ်။ No. 6 - Weight Loss Without Trying ကိုယ်အလေးချိန် ကျလာသလား တမင်တကာ ပိန်အောင် လုပ်တာမဟုတ်ဘဲ ကိုယ်အလေးချိန် ကျလာတယ်ဆိုရင် သတိထားပါ။ No. 7 - Gnawing Abdominal Pain and Depression ဗိုက်နာပြီး စိတ်ဓါတ်ပါ ကျလာသလား ဒါဆိုရင် ဆေးစစ်ပါ။ Jaundice အသားဝါတာကော ရှိသလား။ No. 8 - Fatigue (Physical or Mental) စိတ်ရော လူပါ အားကုန်နေသလား ယောက်ျားတွေမှာ အဲလိုဖြစ်တာဆိုရင် ကင်ဆာ နဲ့ ဆိုင်နေတတ်တယ်။ ဥပမာ Leukemia (လူကီးမီးယား)၊ Colon cancer အူမကြီး-ကင်ဆာ၊ Stomach cancer အစာအိမ်-ကင်ဆာ။ No. 9 - Persistent Cough ချောင်းဆိုးနေတာ မပျောက်နိုင်ဖြစ်နေသလား ရက် ၃ ပါတ်ကြာတဲ့အထိ ချောင်းဆိုး မပျောက်ရင် ဆရာဝန်ပြပါ။ အအေးမိတာ၊ တုပ်ကွေးစတဲ့ ဗိုင်းရပ်စစ် ဝင်တာ၊ တချို့ဆေးတွေ သောက်ရလို့ ချောင်းဆိုးနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေကြောင့်က မကြာခင် ပျောက်သွားမယ်။ Chronic bronchitis နာတာရှည် လေပြွန်ရောင်တာ၊ Acid reflux အက်စစ်ရည် အထက်ဆန်တာ မဟုတ်ရင် ကင်ဆာ မဟုတ်တာ ဖယ်ထုတ်ဘို့ ဆေးစစ်ရမယ်။ No. 10 - Difficulty Swallowing အစာမျိုချတာ ခက်လာသလား အစာမာဖြစ်ဖြစ် အရည်ဖြစ်ဖြစ် မျိုချဘို့ ခက်လာတာ ကင်ဆာမဟုတ်တာ သိအောင်လုပ်ရမယ်။ Dysphagia ခေါ်တယ်။ Cancer of the esophagus အစာမျိုပြွန်-ကင်ဆာဖြစ်ရင် အဲလိုဖြစ်လာတယ်။ No. 11 - Changes in the Skin အရေပြား အပြောင်းအလဲတွေ သတိထားပါ အရောင် ကွဲပြား၊၊ အပါး-အထူ မတူဖြစ်လာသလား။ သွေးထွက်လွယ်လာသလား။ ငယ်ကတည်းကရှိနေတဲ့ မှဲ့က တမျိုးတမည် ဖြစ်လာသလား။ No. 12 - Blood in Sputum, Stool or Urine သလိပ်ထဲ၊ ဆီးထဲ သွေးပါလာသလား ချောင်းဆိုးရင်း သွေးပါသလား။ သွေးက တခါတလေ ချောင်းဆိုးရဖန်များလို့ မဆိုစလောက်ပါတာမျိုးက မဆိုးပါ။ သလိပ်နဲ့ ရောပါနေရင် TB တီဘီ မှ မဟုတ်ပါ Lung cancer အဆုပ်-ကင်ဆာကနေလဲ လာနိုင်တယ်။ ဆီးသွားတဲ့ထဲမှာ သွေးပါနေတာဟာ ကျောက်တည်တာကနေသာ မဟုတ် ကင်ဆာကနေလဲ လာနိုင်တယ်။ No. 13 - Mouth Changes ခံတွင်းအပြောင်းအလဲတွေ ရှိနေသလား ပါးစပ်မှာ အနာပေါက်တာ တော်တော်နဲ့ မပျောက်ဖြစ်နေသလား။ ဆေးလိပ်သောက်သူ၊ ဆေးငုံသူတွေဆိုရင် ပိုသတိထားပါ။ ပါးစောင်နေရာ လျှာတွေမျာ ထူးခြားတာ ရှိလာရင် ဆရာဝန်ပြပါ။ ဖြူလာတာမျိုးကို Leukoplakia ခေါ်တယ်။ ကင်ဆာ မဖြစ်ခင်အဆင့်လို့ သတ်မှတ်တယ်။ No. 14 - Urinary Problems ဆီးပြဿနာရှိ ပါသလား ဆီးခဏခဏသွားလာရတယ်။ ဆီးထွက်ဘို့ ကြာနေတယ်။ ဆီးသွားရတာ အားမရဖြစ်သလို ထင်နေမယ် စတာတွေရှိရင် ဆရာဝန်ပြပါ။ “မိန်းမ မီး၊ ယောက်ျား ဆီး” ဆိုသလို အသက်ရလာတာနဲ့ ယောက်ျားတွေမှာ ဆီးပြဿနာ ရှိလာတတ်တယ်။ အများဆုံးဖြစ်တတ်တဲ့ Benign prostatic hyperplasia (BPH) ဆီးကျိတ်ကြီးတာက ကင်ဆာ မဟုတ်ပါ။ No. 15 - Indigestion အစာမကျေတာ ဖြစ်ပါသလား တခါတလေဖြစ်တာကိစ္စမရှိပါ။ ဆက်တိုက်ဖြစ်နေရင် ဆင်ခြင်ရတော့မယ်။ အစာမကျေတာကို တချို့က Heart attack နှလုံး (အတက်ခ်) ရတယ် ထင်ကြတယ်။ အစာမကျေတာက ဆက်တိုက်လိုဖြစ်လာရင် အစာမျိုပြွန်၊ လည်ချောင်း နဲ့ အစာအိမ် ကင်ဆာတွေကနေလဲ ဖြစ်နိုင်တယ်။ Dr. တင့်ဆွေ ၁၁-၄-၂ဝ၁၂

Read More...

Drug Abuse ဆေးဝါးတလွဲသုံးခြင်း

Cocaine (ကိုကင်း) နဲ့ Marijuana ဆေးခြောက်လို တရားမဝင်ဆေးတွေကိုသာ မဟုတ်ပါ ဆေးဆိုင်တွေမှာ အလွယ် ဝယ်လို့ရတာတွေရော ဆရာဝန် လက်မှတ်နဲ့သာ ဝယ်လို့ရတဲ့ဆေးတွေကိုပါ တလွဲနေရာတွေမှာ သုံးနေကြတယ်။ နေရာအမျိုးမျိုးမှာ ဆေးတွေကလဲ ပုံစံမတူတာတွေ၊ အရောင်နဲ့ အရွယ်အစား ကွဲပြားတာတွေ ရှိတယ်။ 1. Barbiturates (ဘာဘီကျူရိတ်) Depressant စိတ်မကျဆေး အမျိုးအစားဖြစ်တယ်။ စိုးရိမ်စိတ်နည်းစေတယ်။ အိပ်စေတယ်၊ စိတ်ကျတာလဲ နှေးစေတယ်။ ဦးနှောက် အလုပ်တွေကို နှေးကွေးစေတယ်။ Phenobarbital, Mebaral, Seconal, and Nembutal တွေဖြစ်ကြတယ်။ ဆရာဝန်ညွှန်တာ ရောဂါသက်သာစေတယ်။ ဒါပေမဲ့ ဆေးစွဲစေနိုင်တယ်။ အရက်နဲ့တွဲရင် နှလုံးနဲ့ အဆုပ် အလုပ်တွေကိုပါ နှေးစေတယ်။ လွန်သွားတာနဲ့ အသက်သေစေနိုင်တယ်။ အရပ်သုံးအခေါ်တွေကတော့ Barbs, Reds, Red birds, Phennies, Tooies, Yellows, Yellow jackets တွေဖြစ်တယ်။ 2. Benzodiazepines (ဘင်ဇိုဒိုင်ယာပင်း) Valium (ဗေလီယမ်) နဲ့ Xanax (ဇာနက်စ်) ကို လူသိများတယ်။ Depressant စိတ်မကျဆေး အမျိုးဆေးဘဲဖြစ်တယ်။ Anxiety စိုးရိမ်စိတ် များတာ၊ Acute stress reactions ရုတ်တရက် စိတ်ဖိအား တုံ့ပြန်မှုလွန်ကဲတာ၊ Panic attacks ဆောက်တည်ရာမရ ဖြစ်တာ၊ Convulsions တက်တာ နဲ့ Sleep disorders အိပ်မပျော်တာတွေအတွက် ပေးတယ်။ ဆေးစွဲနိုင်သလို ဆေးဖြတ်တဲ့အခါ ခံစားရမှာတွေလဲ ရှိတယ်။ အသက်ကိုတော့ ရန်မရှာပါ။ 3. Sleep Medicines အိပ်ဆေး အိပ်ဆေးဆိုတာလဲ Depressants စိတ်မကျဆေးမျိုးဘဲဖြစ်တယ်။ Ambien, Sonata, and Lunesta တွေက နောက်ပေါ် အိပ်ဆေး Nonbenzodiazepines လို့ခေါ်တယ်။ ဆေးစွဲတာ မဖြစ်တတ်ပါ။ 4. Codeine and Morphine (ကိုဒင်း) နဲ့ (မော်ဖင်း) Pain relievers အနာသက်သာဆေး အပြင်းစားတွေဖြစ်တယ်။ Morphine ကို Avinza, Kadian, MS Contin, Oramorph, and Roxanol နာမည်တွေနဲ့ ရောင်းတယ်။ Miss Emma အတိုကောက် M လို့ ခေါ်ကြတယ်။ Codeine ကို Captain Cody နဲ့ Cody ခေါ်တယ်။ 5. OxyContin (အောက်စီ-ကိုတင်) OxyContin, Percocet, Percodan, Roxicodone ဆေးတွေထဲမှာ Oxycodone ပါတယ်။ ဘိန်းကနေထုတ်တာ ဖြစ်တယ်။ Pain reliever အနာသက်သာဆေး အပြင်းစားဖြစ်တယ်။ Percocet ထဲမှာ Acetaminophen (ပါရာစီတမော) လဲပါတယ်။ Percodan ထဲမှာ Aspirin (အက်စ်ပရင်) လဲပါတယ်။ OxyContin ကို Oxy, O.C ခေါ်တယ်။ Percocet or Percodan ကို Percs စသဖြင့် ခေါ်ကြတယ်။ 6. Vicodin (ဗီကိုဒင်) Vicodin, Lortab နဲ့ Lorcet တွေထဲမှာ Opioid hydrocodone ဘိန်းနဲ့တူတာ နဲ့ Acetaminophen (ပါရာစီတမော) တွေပါတယ်။ Drowsiness အိပ်ချင်မယ်၊ Constipation ဝမ်းချုပ်မယ်၊ Depress breathing အသက်ရှူတာကို ဆန့်ကျင်တယ်။ Vike, Watson-387 စသဖြင့်ခေါ်ကြတယ်။ 7. Amphetamines (အင်ဖတမင်း) Stimulants စိတ်ကြွဆေးဖြစ်တယ်။ သတိ-အသိ ပိုကဲနေမယ်၊ အားအင်ပိုသုံးနိုင်မယ်။ Narcolepsy (နာကိုပလက်စီ) ရောဂါ နဲ့ Attention deficit hyperactivity disorder (ADHD) ပတ်ဝန်းကျင် သတိမမူ ရောဂါတွေမှာ ပေးတယ်။ Depression စိတ်ကျနေသူတွေကို တခြားဆေးနဲ့ မရရင်လဲ ပေးတယ်။ ADHD ဆေးတွေဖြစ်တဲ့ Dexedrine နဲ့ Adderall တွေကို Euphoria ပီတိစိတ်၊ ကောင်းတာတွေချည်း ထင်မြင်နေစိတ်ရစေဘို့ တလွဲသုံးကြတယ်။ Fast or irregular heartbeat နှလုံးခုန်ုတာ အတင်းမြန်မယ်။ မမှန်ဖြစ်မယ်။ Reduced appetite စားချင်စိတ်မရှိဖြစ်မယ်။ Heart failure နှလုံး အလုပ်မလုပ်ဖြစ်မယ်။ Nervousness ဂနာမငြိမ်ဖြစ်မယ်။ Insomnia အိပ်မပျော်ဖြစ်မယ်။ Addiction ဆေးစွဲမယ်။ Bennies, Black beauties, Speed လို့ ခေါ်ကြတယ်။ 8. Methylphenidate (မီသိုင်းလ်-ဖင်နီဒိတ်) Stimulants စိတ်ကြွဆေးဖြစ်တယ်။ ADHD ရောဂါဆေး Ritalin, Concerta, Metadate, and Methylin တွေမှာပါတယ်။ MPH, R-ball, Skippy, The smart drug, Vitamin R လို့ ခေါ်ကြတယ်။ ကိုယ်အပူချိန် အများကြီး တက်လာစေမယ်။ နှလုံးခုန် မမှန်ဖြစ်မယ်။ သေစေနိုင်တဲ့အထိ တက်နိုင်တယ်။ 9. Dextromethorphan (DXM) (ဒီ-အိတ်စ်-အင်မ်) Cough and cold medicines အအေးမိနဲ့ ချောင်းဆိုးပျောက်ဆေးတွေထဲမှာပါတယ်။ ဆရာဝန် ပေးသလောက်သုံးတာ ကိစ္စမရှိပါ။ များသွားရင် Impaired judgment ဆုံးဖြတ်ချက်ချ မမှန်တာ ဖြစ်မယ်။ Euphoria ပီတိစိတ်၊ ကောင်းတာတွေချည်း ထင်မြင်နေစိတ်ဖြစ်မယ်။ ပျို့-အန်မယ်။ Loss of coordination ထိန်းညှိမှုမရတာ ဖြစ်မယ်။ နှလုံးခုန်မြန်မယ်။ ဒီဆေးကို Orange Crush, Triple Cs, Dex, Robo, Skittles လို့ ခေါ်တယ်။ 10. Pseudoephedrine (ဆူဒို-အဖက်ဒရင်း) Cold medicines အအေးမိ သက်သာဆေးတွေထဲမှာ ပါတယ်။ တရားမဝင်ဆေး Methamphetamine (Meth) (ရာဘ-ယာဘ-ရာမ-ယာမ) ထုတ်လုပ်တဲ့အခါမှာ ဒါသုံးတယ်။ 11. Spasmo-Proxyvon (စပတ်စမို-ပရောက်စီဗွန်) Dicyclomine hydrochloride (10 mg) + Acetaminophen (400 mg) + Propoxyphene Napsylate (100 mg) ပါတယ်။ အနာသက်သာဆေး ဖြစ်တယ်။ သိပ်အပြင်းစားတော့ မဟုတ်ဘူး။ ဘိန်းသဘောပါလို့ သုံးစွဲတာ များသူတွေမှာ ဖြတ်ရတာ ခက်တယ်။ သူများနိုင်ငံတွေမှာ ဒီဆေး အပြား-အတောင့်ကို တနေ့မှာ ဘယ်နှစ်တောင့် သောက်တယ်။ နှစ်ဘယ်လောက်ကြာပြီ စသဖြင့် သိရတယ်။ ကိုယ့်ဆီမှာတော့ “ရွှေ” တွေက အနောက်နိုင်ငံသားတွေထက် ထူးခြားတယ်။ ဆေးတောင့်ကိုဖေါက်၊ အမှုံ့ကိုထုတ်၊ ရေ-ဆေးထိုးမိုးရေနဲ့ ဖျော်ပြီး အသားထဲ၊ သွေးကြောထဲ၊ အရေပြားထဲ ထိုးကြတယ်။ ဆေးထိုးတဲ့နေရာ အနာတွေဖြစ်လို့၊ သွေးပြန်ကြောတွေ ရောင်လို့ ဆေးခန်း လာကြတယ်။ ဆေးဖျော်တာက (ခိုင်နီး) ဗူးခွံကို သုံးသတဲ့။ ဒူးကောက်ကွေး၊ ပေါင်ခြံနေရာတွေမှာ ထိုးတယ်။ ဆရာဝန်ကို ပညာပေးသူတွေ ဖြစ်ပါတယ်။ Dr. တင့်ဆွေ ၁ဝ-၄-၂ဝ၁၂

Read More...