Friday, March 28, 2008

Cervical Spondylosis !

ကျီးပေါင်းတက်ခြင်း

ပို့စ် မတင်ဖြစ်တာ ကြာသွားတာ တစ်ကြောင်း ... ယုယ မြတ်နိုး က ဒေါက်တာ တို့ရေ ... ကျီးပေါင်းတက်တာ ဖြစ်စေနိုင်တဲ့ အကြောင်း လေး သိချင်ပါတယ် ... ဆိုပြီး စီဘောက်ခ်စ် မှာ လာအော် သွားလို့ ရေးလိုက်ပါတယ် ...

တစ်ကယ်ရေးရမှာ က အပြည့် အစုံ ဖြစ်ပေမယ့် ... မြန်မြန် တင်ဖြစ်အောင် ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းလေး .. အရင် ရေးလိုက် ပါမယ် :D



လည်ပင်း ကျောရိုးဆစ် အရိုးနဲ့ အရိုးနုလေးတွေ ပွန်းပဲ့ စုတ်ပြဲရာက စပြီး အဲဒီ နေရာ တွေမှာ စုတ်ပြဲရာက ထွက်လာတဲ့ အစတွေနဲ့ ပုံမှန် မဟုတ်တဲ့ သတ္တု ဓါတ်တွေ လာရောက် စုပုံပါတယ် ... အများဆုံး စုတာ ကတော့ လည်ပင်း ရိုးဆစ် တွေ အကြားမှာ ရှိတဲ့ အရွတ်တွေ ကြားထဲမှာပါ ... အဲဒီ စုတ်ပြဲတာတွေ နဲ့ စုပုံတက်လာတဲ့ သတ္ထု တွေ များလာတာနဲ့ အရိုး အတက် ကလေးတွေလို ဖြစ်ပြီး ဘေးနဲ့ အထဲမှာ ရှိနေတဲ့ အာရုံကြော မျှင် ထွက် လာရာ အရင်း အမြစ် တွေကို တဖြည်းဖြည်း ဖိမိလာပါမယ် ... ဖိခံရတဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ နေရာတွေမှာ အားနည်းခြင်း၊ နာကျင် ကိုက်ခဲခြင်း နဲ့ အာရု ခံစားမှု ပြောင်းလာခြင်းတွေ ခံစားရပါမယ် ... သိပ်ဆိုးဆိုး ၀ါးဝါး ဆိုရင် အတွင်း အာရုံကြောမကြီး ပါ ဖိမိ တတ်လို့ ခြေထောက် အထိပါ အထက်ပါ လက္ခဏာတွေ ခံစား သွားရနိုင်ပါတယ် ...

အကြောင်းရင်း

ရောဂါ ဖြစ်ရခြင်း အကြောင်းရင်းတွေက ...
၁။ အသက်
အသက် အရွယ် ကြီးလာတာနဲ့ အမျှ ခံစားရတဲ့ ရာနှုန်း ပိုနေတာကို တွေ့ရပါတယ် ... ဒဏ်တွေ ပိုများတာ ကြောင့်ပါ ...

၂၊ ထိခိုက် ဒဏ်ရာရခြင်း
ကျောရိုးဆစ် တွေမှာ တိုက်ရိုက် ထိခိုက်ခြင်း ဒါမှမဟုတ် မကြာခဏ ဒဏ်ရာ အသေးစားများ ရရှိခဲ့ ဖူးခြင်းတွေ က အဆစ်တွေ ကြားမှာ ရှိတဲ့ အရွတ်တွေကို စုတ်ပြဲစေလို့ပါ ...

၃။ ကျောရိုး အနေအထား
မွေးရာပါပဲ ဖြစ်ဖြစ် အကျင့်ကြောင့်ပဲ ဖြစ်ဖြစ် ပုံမှန်တဲ့ ကျောရိုး အနေအထား အတိုင်း မရှိခဲ့ရင် အရိုးအဆစ်တွေနဲ့ အရွတ်တွေ ရဲ့ စုတ်ပြဲမှုကို ဖြစ်စေပါတယ် ... (ခေါင်း ရှေ့ ကို အရမ်း ငုံ့နေ မော့နေတတ်တာ၊ လက်ပြင် ကုန်းနေတာတွေ၊ အစရှိသဖြင့်ပေါ့)

၎။ အလုပ်ဒါဏ်
အလုပ်ခွင် အတွင်းမှာ နာရီ များစွာ နေရတဲ့အကျိုးဆက် အနေနဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ဖိစီးမှု များပြား လွန်းရင်လည်း အလုပ်ဒါဏ် ဖြစ်ပေါ်ပြီး အရိုးဆစ်တွေ အရွတ်တွေ စုတ်ပြဲစေပါတယ် ...

၅။ နေထိုင်မှုပုံစံ
အဓိက ကတော့ ထူးဆန်းတဲ့ ပုံမှန်မဟုတ်တဲ့ ပုံစံနဲ့ အိပ်စက် လေ့ ရှိသူတွေမှာပါ ... ခေါင်းအုံး အမြင့် ကြီးနဲ့ အိပ်သူတွေ နဲ့ ခေါင်းအုံး လုံးဝ မပါပဲ အိပ်တတ်သူတွေပေါ့ ...

၆။ ခန္ဓာကိုယ် အမျိုး အစား
ကျောလျားရှည်သူတွေနဲ့ ကျောကုန်းမှာ ဘုကြီး ပါသူတွေမှာ ... အရွတ်တွေ စုတ်ပြဲဖို့ ပို လွယ်တဲ့ ပုံစံ မို့လို့ပါ ...


နောက်မှ ရောဂါ လက္ခဏာ၊ ရောဂါ ရှာဖွေ ဖေါ်နည်းနဲ့ ကုသနည်းတွေ ရေးတင်ပါမယ် ...


Read More...

Saturday, March 15, 2008

Breast Cancer

ရင်သားကင်ဆာ



ကင်ဆာရောဂါအကြောင်း သိကောင်းစရာ (၂)


အမှန်ကတော့ ကျွန်တော်ရင်သားကင်ဆာအကြောင်းရေးဖို့ စိတ်ကူးမရှိသေးပါဘူး။ Suewann က တင်ပေးဖို့  ပြောလို့ ပါ။ ရင်သားကင်ဆာက သိထားသင့်တဲ့အကြောင်းတစ်ခုပါ။ အမျိုးသမီးတွေကို အဓိကခြိမ်းခြောက်နေ တဲ့ ရောဂါတစ်ခုဆိုလဲ မမှားပါဘူး။ ဒါပေမယ့် စောစောစီးစီး သိရှိရင် ထိထိရောက်ရောက် ကုသနိုင်တဲ့အတွက်

ဘယ်လိုသူတွေမှာ ရင်သားကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်းပိုများသလဲ?

ဘယ်လိုရောဂါလက္ခဏာတွေနဲ့ လာမှာလဲ?

စောစောစီးစီးသိအောင်ဘာတွေလုပ်နိုင်မလဲ?

ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ? ဆိုတာတွေ သိထားဖို့ လိုပါတယ်။

(၁) ဘယ်လိုသူတွေမှာ ရင်သားကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်းပိုများသလဲ?

- အပျိုဖော်ဝင်စောခြင်း (ရာသီဦးစောခြင်း) (Early menarche)

- သွေးဆုံးနောက်ကျခြင်း (ရာသီကုန် နောက်ကျခြင်း) (Late menopause)

- သားသမီးမထွန်းကားခြင်း

- သားဦးကို အသက် (၃၀) ကျော်မှ မွေးဖွားခြင်း

- ရာသီကုန်ပြီးနောက်ဟော်မုန်းအစားထိုးသုံးစွဲခြင်း

- ဓါတ်ရောင်ခြည်ထိတွေ့ ခဲ့ဖူးခြင်း

- မိသားစုဝင်ထဲ၊ ဒါမှမဟုတ်ဆွေမျိုးထဲတွင် ရင်သားကင်ဆာ၊သားဥအိမ်ကင်ဆာများဖြစ်ဖူးခြင်း




စတာတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများစေတဲ့ အချက်တွေပါ။ အဲဒီအချက်တွေ မိမိမှာရှိတယ်ဆိုရင် မိမိရင်သားကို အစဉ်ဂရုပြု စစ်ဆေးနေဖို့  လိုပါလိမ့်မယ်။

(၂) ဘယ်လိုရောဂါလက္ခဏာတွေနဲ့ လာမှာလဲ?

- ရင်သားအကျိတ်။ ဂျိုင်းပြန်ရည်ကျိတ်ကြီးခြင်း။

- ရင်သားအရေပြား ချိုင့်ဝင်ခြင်း၊ ထူထဲပြီး လိမ္မော်ခွံကဲ့သို့ ဖြစ်နေခြင်း၊

- နို့ သီးခေါင်းချိုင့်ဝင်နေခြင်း၊ နို့ သီးတ၀ိုက်မှိုစွဲသကဲ့သို့ ဖြစ်ခြင်း၊ နို့ သီးမှသွေးထွက်ခြင်း စတာတွေအပြင် ကင်ဆာဆဲလ်များအမြစ်ပွားခြင်း (Metastasis) ကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ လဲလာနိုင်ပါတယ်။

(၃) စောစောစီးစီးသိအောင်ဘာတွေလုပ်နိုင်မလဲ?

- မိမိရင်သားကိုရေချိုးစဉ်မှာဖြစ်ဖြစ် တစ်ပါတ်တစ်ခါလောက် စမ်းကြည့်သင့်ပါတယ်။ (အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်နဲ့ ကိုယ်ဝန်ဆောင်ပြီးစအချိန်များ)စမ်းတဲ့အခါမှာလည်း နို့  သီးအောက်မှအစ၊ ရင်သား တစ်ခုလုံး၊ ဂျိုင်းအထိ စမ်းသင့်ပါတယ်။

- အထက်မှာပြောထားတဲ့ ရောဂါဖြစ်နိုင်ခြေရှိတဲ့သူမျိုးဆို၇င်တော့ လိုအပ်သလို ရင်သားဓါတ်မှန် (Mammogram) ကို ၁-၂နှစ်တစ်ကြိမ်ထိ ရိုက်ပြီး စစ်ဆေးသင့်ပါတယ်၊(လိုအပ်သလိုဆိုတဲ့နေ၇ာမှာ သက်ဆိုင်ရာပါရကူက မည်သည်အသက်အရွယ်ကစရိုက်၇မယ် ဆိုတာကို risk factor တွေအပေါ် မူတည်ပြီး confirm လုပ်သင့်တာတွေကို လုပ်ပြီး ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဖွံ့ ဖြိုးပြီးနိုင်ငံတွေမှာတော့ screening program တွေနဲ့ လုပ်နေပါတယ်။ National Cancer Institute (U.S) guideline အ၇ အသက် ၄၀-၇၀ ကြားကို ၁-၂နှစ်တစ်ကြိမ် screening လုပ်ဖို့ recommend လုပ်ပါတယ်။ NHS Breast Screening Programme (UK) ကတော့ ၅၀-၇၀နှစ်ကြားကိုလုပ်ပါတယ်။ )

- တစ်ကယ်လို့ မသင်္ကာဖွယ်ရာအကျိတ် (သို့ ) ရင်သားဓါတ်မှန်ရလဒ်မျိုးတွေ့ ရင်တော့ ရင်သားအသားစယူစစ်ဆေးခြင်း (FNA, Core biopsy, Excisional biopsy)၊ ပြန်ရည်ကျိတ်စစ်ဆေးမှုများ အပြင် အဆုတ်၊အသည်း၊အရိုးအစရှိသောအစိတ်အပိုင်းများသို့  ကင်ဆာပွားခြင်းရှိမရှိစမ်းသပ်မှုတွေကို ဆက်လုပ်မှာဖြစ်ပါတယ်။

(၄) ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ?

- ခွဲစိတ်မှုကတော့မဖြစ်မနေလုပ်ရမှာပါ (အသားစအဖြေကကင်ဆာဖြစ်နေရင်)။ ရောဂါက အစောပိုင်းအဆင့်မှာရှိသေးရင်တော့ ရင်သားထိန်းသိမ်းခွဲစိတ်ခြင်း (Breast Conservative Treatment) လုပ်နိုင်တဲ့အတွက်ရင်သားကိုထိန်းသိမ်းနိုင်မှာပါ။ ရောဂါအဆင့်မြင့်နေရင်တော့ ရင်သားသာမကပြန်ရည်ကျိတ် များပါထုတ်ပစ်ရမှာပါ။

- ကင်ဆာတိုက်ဖျက်ဆေးများနှင့်ကုသခြင်း(Chemotherapy)ကလည်းခွဲစိတ်မှုမတိုင်မီနဲ့ ခွဲစိတ်ပြီး၊ (သို့ )ခွဲစိတ်ပြီးမှာ လူနာရဲ့  အသက်၊ရာသီအနေအထား၊အကြိတ်အရွယ်အစား၊ပြန်ရည်ကျိတ်ပါဝင်မှု၊ ဟော်မုန်းလက်ခံပရိုတင်း(ER/PR) စတာတွေအပေါ်မှာမူတည်ပြီး ပေးလေ့ရှိပါတယ်။

- ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း(Radiation Therapy)တို့ အပြင်

- ဟော်မုန်းကုထုံး(Hormonal Therapy)၊ ဇီဝကုထုံး(Biotherapy)စတဲ့ ထိရောက်သောခေတ်မီ ကုထုံးတွေနဲ့ ပူးတွဲကုသနိုင်ပါတယ်။ ကုသမှုတွေအပြီးမှာလည်း သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် အစရှိသဖြင့် ပြန်လည်ခေါ်ယူစမ်းသပ်မှုတို့  ပုံမှန်သွားရောက်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ရောဂါပြန်လည်ထကြွမှု၊ အခြားအစိတ်အပိုင်းများသို့ ကင်ဆာပျံ့ နှံ့ မှုတွေရှိမရှိ သိရှိဖို့ ဖြစ်လို. အလွန် အရေးကြီးပါတယ်။ ဒါကြောင့်

- ရောဂါမဖြစ်ခင်စဉ်ကတည်းက ရှောင်ကြဉ်၍ ရသည်ကို ရှောင်ကြဉ်ခြင်း (ဥပမာ-ဟော်မုန်းများ)

- ရောဂါကို စောစီးစွာ သိရှိအောင် သတိ(awareness)ထား၍ မိမိကိုယ်ကိုစမ်းသပ်ခြင်း (Self examination)

- ထိရောက်သောကုသမှုခံယူခြင်းဖြင့် ရောဂါအဆင့်မတိုးအောင် ကာကွယ်ခြင်း

- ကုသမှုခံယူပြီးနောက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပြန်လည်ပြသခြင်းစတာတွေနဲ့  ရင်သားကင်ဆာ ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ကြမှာပါ။

Note*: You can read more about self examination of breast here.


Read More...

Saturday, March 1, 2008

Cancer


ကင်ဆာရောဂါအကြောင်း သိကောင်းစရာ (၁)

ကင်ဆာရောဂါ ဘာကြောင့်ဖြစ်လဲ။ ဘာတွေကိုကာကွယ်လို့ ရမလဲ။

ကင်ဆာဆိုသည်နှင့် ကျွန်တော်တို့ မြန်မာတော်တော်များများ ပြေးမြင်ကြသည်မှာ ကင်ဆာသည် အတိတ်က ကံကြောင့်ဖြစ်သည့် ၀ဋ်နာကံနာဟု ယူဆကြသည်။ ဘာတွေကြောင့်ဖြစ်တယ်ဆိုတာကိုသိပ်မသိကြပါ။ယနေ့  ခေတ်မှာကင်ဆာနဲ့  ပက်သက်တဲ့ဘာသာရပ်တွေ အလျင်အမြန်တိုးတက်နေပါတယ်။ ဒါကြောင့်ကုသမှု ရလဒ် တွေလဲ အလွန်ကောင်းမွန်လာပါပြီ။ သို့ သော် မည်သည့်ရောဂါမဆို ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံး ဖြစ်တဲ့အတွက် ရောဂါဖြစ်ရခြင်းအကြောင်းရင်းကို သိထားဖို့ လိုပါတယ်။ ဒီရောဂါတွေမှာတော့ ဖြစ်ရခြင်း အကြောင်းရင်းဆိုတာထက် ဖြစ်စေနိုင်သော အကြောင်းရင်းများဆိုရင် ပိုမိုမှန်ကန်ပါမယ်။ ဖြစ်စေနိုင်သော အကြောင်းရင်းများလေ၊ ရောဂါဖြစ်နိုင်သောရာခိုင်နှုန်းများလေပါပဲ။ ဒီတော့ အဲဒီအကြောင်းရင်းတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) အစားအစာများ အချို့ အစားအသောက်ထဲမှာပါဝင်တဲ့ပစ္စည်းတွေက ကင်ဆာဖြစ်ပွားမှု ဖြစ်စဉ်ကို အားပေးပါတယ်။ ကိုယ့်မှာ အဲဒီအစားအစာတွေ များများစားတဲ့အလေ့အထရှိရင် ဆင်ခြင်သင့်ပါတယ်။

- မီးကင်ထားသောအစားအစာများ (Nitrosamine)

- အရောင်တင်ထားသောအစားအစာများ

- ဆိုဒါပါသောအစားအစာများ

- အဆီများသောအစားအစာများ

- ကာဗိုဟိုက်ဒရိတ်များသောအစားအစာများ (ဥပမာ - ဆန်၊ အာလူး၊ ပဲ၊ ပေါင်မုန့် )

- မှိုတွယ်သောအစားအစာများ

အထူးသဖြင့် အစာခြေလမ်းကြောင်းနှင့် အစာစွန့် ပစ်လမ်းကြောင်း တွေဖြစ်တဲ့ အစာအိမ်၊ အူလမ်းကြောင်း၊ အသည်း၊ ဆီးလမ်းကြောင်းတွေမှာ ကင်ဆာရောဂါတွေဖြစ်တတ်ပါတယ်။




ကင်ဆာဖြစ်ပွားမှုဖြစ်စဉ်ကို ဟန့် တားနိုင်သော အစားအစာတွေကတော့

- ဗီတာမင်အေ ပါဝင်သော အစားအစာများ (ဥပမာ- အသည်း၊ ထောပတ်၊ ဥ၊ မုန်လာဥနီ၊ အ၀ါရောင်ပါသောသစ်သီးများ)

- ဗီတာမင်စီ ပါဝင်သော အစားအစာများ (ဥပမာ- ဆီးဖြူသီး၊ ချဉ်သောအသီးအနှံများ)

- ဗီတာမင်အီး ပါဝင်သော အစားအစာများ (ဥပမာ- မြေပဲ၊ နှံစားပြောင်း၊ အစေ့များ၊ နေကြာဆီ၊ ပဲပိစပ်) စတာတွေဖြစ်ပါတယ်။ ဒီစားသောက်မှုအလေ့အထတွေဟာကင်ဆာရောဂါဖြစ်ပွားမှု တွေရဲ့ ၃၅% အကျုံးဝင်နေတာတွေရပါတယ်။

(၂) ဆေးလိပ် နှင့် ဆေးရွက်ကြီး(ကွမ်း) ဆေးလိပ်ငွေ့ မှာ ကင်ဆာရောဂါဖြစ်ပွားမှု ဖြစ်စဉ်ကို ဖြစ်စေနိုင်တဲ့ 3,4 Benzpyrene, Polonium 210, Nicotine, Cyanhydric acid, Ammonia, Lead, Cadmium, Chromium, Carbon monoxide, Arsenic trioxide စတာတွေပါရှိပါတယ်။အဲဒီဒြပ်ပေါင်းတွေကြောင့်နှုတ် ခမ်း၊ ခံတွင်း၊ လျှာ၊ လည်ချောင်း၊ လေပြွန်၊ အစာပြွန်၊ အဆုတ် စတဲ့ တိုက်ရိုက် ထိတွေ့ နေတဲ့ အစိတ်အပိုင်းတွေ အပြင် ကျောက်ကပ်၊ ဆီးအိမ်၊ သရက်ရွက် စတဲ့ အစိတ်အပိုင်းတွေမှာပါ ကင်ဆာရောဂါဖြစ်ပွားစေပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဟာလဲကင်ဆာဖြစ်ပွားမှု တွေရဲ့ ၃၀%ခန့်  ပက်သက်နေတာတွေ့  ရပါတယ်။

(၃) ဗိုင်းရပ်(စ်)များ အောက်ပါဗိုင်းရပ်(စ်)တွေဟာ ကင်ဆာဖြစ်ပွားမှု တွေနဲ့ ၁၀%လောက်ထိ ပက်သက် နေတာတွေ့ ရပါတယ်။

- Infectious mononucleosis လို့ ခေါ်တဲ့ ကိုယ်ပူခြင်း၊ အကျိတ်များရောင်ခြင်း၊ လည်ချောင်းနာခြင်း စသည့် လက္ခဏာများဖြစ်တတ်သည့် ရောဂါကို ဖြစ်စေသောEbstein-Barr Virus

- အသည်းရောင်ရောဂါဖြစ်စေသော အသည်းရောင်ရောဂါဗိုင်းရပ်(စ်) ဘီပိုး၊ စီပိုး (HBV, HCV)

- အဖုအကျိတ်များဖြစ်စေသော Human Papilloma Virus (HPV)

- သွေးကင်ဆာဖြစ်စေသော HTLV

- HIV

ဒါတွေကိုတော့ထပ်မရှင်းတော့ပါဘူး။ ဘီပိုး၊ စီပိုး နဲ့ အိပ်(ခ်ျ)အိုင်ဗီပိုးတွေကတော့ အတော်များများ သိပြီးကြမှာ ဖြစ်ပါတယ်။

(၄) ဟော်မုန်းများ ဟော်မုန်းတွေဟာလဲ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားဥကင်ဆာ၊ သရက်ရွက်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ကင်ဆာရောဂါတွေကို ဖြစ်ပွားစေပါတယ်။ အမျိုးသမီးတွေမှာတော့

- ရာသီဦး စောခြင်း (Early menarche)

- သွေးဆုံးနောက်ကျခြင်း (late menopause)

- သားသမီးမရခြင်း

- ငယ်ရွယ်စဉ် အိမ်ထောင်ကျခြင်း

- ကာလရှည်ကြာစွာ တားဆေးများသုံးခြင်း

- ကိုယ်ဝန်မကြာခဏပျက်ကျခြင်း

- ဟော်မုန်းနှင့်ကုသခြင်း (Hormone Replacement Therapy) စတာတွေဟာ အထက်ပါ ကင်ဆာရောဂါ တွေနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။

(၅) မျိုးရိုးလိုက်ခြင်း။ ကင်ဆာရောဂါဟုယူဆရသော အခြေအနေတွင် ဆရာဝန်များ မေးလေ့ရှိသော မေးခွန်းမှာ ဆွေမျိုးသားချင်းထဲတွင် အလားတူကင်ဆာရောဂါမျိုးဖြစ်ဖူးသလား ဟူ၍ ဖြစ်သည်။ မျိုးရိုးလိုက်ခြင်း သည်လည်း ကင်ဆာရောဂါဖြစ်ပွားမှုဖြစ်စဉ်တွင် ၁၀%ထိပက်သက်မှုရှိသည်။ မျိုးရိုးလိုက်သော ကင်ဆာ ရောဂါများ၏ ထူးခြားချက်မှာ အသက်ငယ်စဉ်မှာပင်စတင်ဖြစ်ပွားခြင်း၊ ပထမအဆင့်ပက်သက်သော ဆွေမျိုး (ဥပမာ-အဖေ၊အမေ၊မောင်နှမ)တွင် ကင်ဆာဖြစ်ဖူးခြင်း၊ ဒုတိယအဆင့်ပက်သက်သောဆွေမျိုး နှစ်ဦးထက် မနည်းတွင် ကင်ဆာရောဂါဖြစ်ဖူးခြင်း၊ အသက်ရှင်မှု မျှော်လင့်ချက်ကောင်းခြင်းတို့  ဖြစ်သည်။

(၆) ဓါတ်ရောင်ခြည်သင့်ခြင်း ဓါတ်ရောင်ခြည်သင့်ခြင်းကြောင့် အထူးသဖြင့် သွေးနှင့်ဆိုင်သော ကင်ဆာများ၊ သိုင်းရွိုက်ကင်ဆာ၊ အစာပြွန်ကင်ဆာစတဲ့ေ၇ာဂါတွေကိုဖြစ်စေပါတယ်။ ကမ္ဘာမှာ ထင်ရှားတဲ့ ဥပမာတွေကတော့ ဟီရိုရှီးမား၊ နာဂါစကီအနုမြူဗုံးကျဲမှု၊ ရုရှား ချီနိုဘီး(လ်)စကာရားအနုမြူဓါတ်ပေါင်းဖို မတော်တဆမှုတွေပါ။ ထိုသို့ သော လူအမြောက်အမြားဖြစ်ပွားစေသော အနုမြှူဓါတ်ေ၇ာင်ခြည်မျိုးသာမက ဓါတ်ရောင်သင့်စေသော ကုသမှုများသည်လည်း ကင်ဆာဖြစ်စေနိုင်မှုကို တိုးပွားစေသည်။

(၇) ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ကားအိတ်ဇော၊ စက်ရုံများမှထွက်သောဓါတ်ငွေ့  များသည် အသက်ရှူ လမ်းကြောင်းတစ်လျှောက် ကင်ဆာရောဂါဖြစ်ပွားစေသည်။ ဓါတုဗေဒစက်ရုံများ၊ အထည်စက်ရုံများ၊ သတ္တုစက်ရုံများမှ စွန့် ပစ်ပစ္စည်းများကို သန့်  စင်ခြင်းမရှိဘဲ (သို့ ) သန့် စင်မှုအဆင့်အတန်းမပြည့်ဘဲ မြစ်၊ ချောင်းများသို့ စွန့် ပစ်ခြင်း သည်လည်း လူအမြောက်အမြားကို ကင်ဆာဖြစ်စေသောအကြောင်းအရာတစ်ခု ဖြစ်သည်။

(၈) ကာလရှည်စွာနေလောင်ခံခြင်း အရေပြားကင်ဆာများ၏ အဓိကအကြောင်းရင်းဖြစ်သည်။ အနောက် နိုင်ငံများတွင် အဖြစ်များသောရောဂါ ဖြစ်သည်။ ရင်သားကင်ဆာ၊ သွေးကင်ဆာဖြစ်ပွားမှု တွေနှင့်လည်း ဆက်စပ်သည် ဟုဆိုကြသည်။

(၉) အရက်။ အသည်းကင်ဆာ၊ အစာလမ်းကြောင်းကင်ဆာများ၏ လက်သည်တရားခံတစ်ဦး ဖြစ်သည်။ အယ်(လ်)ကိုဟောပါဝင်မှု၊ သောက်သုံးမှုပမာဏ နှင့် ကာလကြာရှည်မှုတို့ မှာ ထည့်သွင်းစဉ်းစားရမည့် အချက်များဖြစ်သည်။ ကာ(လ်)ဗာဒေါ့(စ်) ဟူသည့် ပန်းသီးဘရမ်ဒီ ကိုသောက်လေ့သောက်ထရှိသော ပြင်သစ်နိုင်ငံမြောင်ပိုင်းတွင် အစာပြွန်ကင်ဆာဖြစ်ပွားမှုမှာ စပျစ်ဝိုင်သောက်လေ့ရှိသော တောင်ပိုင်းထက် အဆမတန်ပိုမိုများပြားသည်ကို တွေ့ ရှိရသည်။

အဆိုပါအချက်များမှာ ယေဘုယျအဖြစ်များသော အချက်များဖြစ်ပြီး ကင်ဆာရောဂါအမျိုးအစားအလိုက် သီးခြားအချက်များလည်း ရှိပါသည်။ မည်သို့ ဆိုစေ မိမိ၏ နေထိုင်စားသောက်မှုစတိုင်(လ်)ကို အကဲဖြတ် နိုင်လောက်ပြီဟု ယူဆပါသည်။ ကင်ဆာရောဂါမဖြစ်ပွားအောင် ရာနှုန်းပြည့် မဟုတ်သော်လည်း အတတ် နိုင်ဆုံး မည်သို့  ကာကွယ်နိုင်သည်ကို သိရှိနိုင်ပြီဟု ယူဆပါသည်။


Read More...

Thursday, February 28, 2008

Hyperthyroidism

သိုင်းရွိုက်ဟော်မုန်းအထွက်လွန်ကဲသောရောဂါ



သိုင်းရွိုက်ဟော်မုန်းသည် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ် (metabolism) အတွက် အလွန်အရေးပါသော
ဟော်မုန်းတစ်မျိုးဖြစ်ပါသည်။ နှလုံးခုန်ခြင်း၊ အူလှုပ်ရှားခြင်း၊ ကယ်လိုရီလောင်ကျွမ်းခြင်း တို့အပြင်
အခြားလုပ်ငန်းများစွာအတွက် လွန်စွာအရေးကြီးပေသည်။ သိုင်းရွိုက်ဟော်မုန်းအထွက်နည်းခြင်း-
များခြင်းတို့ဖြစ်ပေါ်ပါက ခန္ဓာကိုယ်လုပ်ငန်းများသည်လည်း မူမမှန်ကမောက်ကမဖြစ်ကာ ရောဂါလ
က္ခဏာများပေါ်ပေါက်လာပါသည်။ ဤနေရာတွင် အဖြစ်များသော သိုင်းရွိုက်ဟော်မုန်းအထွက်လွန်
ကဲသောရောဂါ (Hyperthyroidism)ထဲမှ ဂရေ့ဗ်ရောဂါ(Grave’s disease)အကြောင်း ရေးသား
ဖော်ပြလိုက်ပါသည်။
ဂရေ့ဗ်ရောဂါ(Grave’s disease)သည် သိုင်းရွိုက်ဟော်မုန်းအထွက်လွန်ကဲသောရောဂါအားလုံး၏
၇၅-၈၀% ထိအဖြစ်များသော ရောဂါတစ်ခုဖြစ်ပါသည်။ မိန်းမများသည် ယောက်ျားများထက် (၈)ဆ
ပိုမိုဖြစ်နိုင်ခြေရှိပါသည်။ ရောဂါဖြစ်သူ(၉)ဦးတွင် မိန်းမ(၈)ဦးနှင့်ယောက်ျား(၁)ဦးဖြစ်နိုင်ခြေဟု ဆိုလို
ခြင်းဖြစ်ပါသည်။ အသက်(၅၀)ကျော်တွင် အတွေ့နည်းပြီး အများဆုံးမှာအသက်(၃၀)မှ(၄၀)အတွင်း
ဖြစ်ပွားပါသည်။
ဤရောဂါကိုအပြင်တွင်အလွယ်တကူအားဖြင့် “လည်ပင်းအဆိပ်ရည်ထွက်သောရောဂါ” ခေါ်ဝေါ်နေ
ကြသည်ကို ကြားရပါသည်။ Diffuse Toxic Goiter ဆေးပညာအခေါ်ကို အတတ်နိုင်ဆုံးလိုက်လျော
ညီထွေအောင် ဘာသာပြန်ရခြင်းကြောင့် မည်သို့ပင်ခေါ်စေကာမူ အဓိပ္ပါယ်ကောင်းစွာသိရှိရန် လို
အပ်ပေသည်။ အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်းပြောရပါက သိုင်းရွိုက်ဟော်မုန်းများခြင်းသည် အများ
ထင်သလို အဆိပ်ရည်အစစ်မဟုတ်ဘဲ ခန္ဓာကိုယ်အတွက်အဆိပ်ဖြစ်သကဲ့သို့ ဆိုးကျိုးရစေခြင်းဟု
သာ မှတ်ယူရပေမည်။

သိုင်းရွိုက်ဟော်မုန်းအထွက်များရခြင်းမှာ ခန္ဓာကိုယ်ရောဂါခုခံမှုစနစ်ကြောင့် သိုင်းရွိုက်ဟော်မုန်း
ထွက်စေသောလှုံ့ဆော်အင်တီဘော်ဒီ(TSH Receptor Antibodies)များထွက်လာကာ သိုင်းရွိုက်
အကျိတ်ပေါ်သက်ရောက်ပြီး T3,T4 ခေါ် သိုင်းရွိုက်ဟော်မုန်းအထွက်များလာရခြင်းဖြစ်ပါသည်။




ရောဂါလက္ခဏာများမှာ
  1. သိုင်းရွိုက်
    ဟော်မုန်း(T3 & T4)အထွက်လွန်ကဲသောကြောင့် ဖြစ်ပေါ်လာသောလက္ခဏာများ
    • လည်ပင်းကြီးလာခြင်း၊
    • ရင်တုန်ခြင်း၊နှလုံးခုန်နှုန်းတစ်မိနစ်တွင် (၁၀၀)ကျော်ထိ မြန်ခြင်း၊*
    • အပူဒဏ်ခံနိုင်ရည်နည်းလာခြင်း(heat intolerance)၊ ချွေးအမြဲပြန်နေခြင်း၊*
    • စိတ်တိုစိတ်ဆတ်လွယ်လာခြင်း၊ စိုးရိမ်ပူပန်လွယ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ ကတုန်ကယင်ဖြစ်လာခြင်း၊*
    • အစားများလာသော်လည်း တဖြည်းဖြည်းပိန်လာခြင်း၊မောပန်းလွယ် နုန်းလွယ်ခြင်း၊*
    • ဝမ်းအသွားများလာခြင်း(ဝမ်းပျက်ခြင်းကိုမဆိုလိုပေ။ အူလှုပ်ရှားမှုများလာခြင်းကြောင့်ဖြစ်ပါသည်။)
    • ရာသီသွေးမလာတော့ခြင်း(သို့)နည်းလာခြင်း၊ သားသမီးမရလွယ်ခြင်း၊ ကာမဂုဏ်စိတ်နည်းလာခြင်း၊ ကိုယ်ဝန်ရှိပါကသားပျက်လွယ်ခြင်း၊

  2. မျက်လုံးတစ်ဝိုက်တစ်ရှူးများရောင်ရမ်းခြင်းကြောင့်ဖြစ်ပေါ်လာသောလက္ခဏာများ၊
    • မျက်လုံးပြူးထွက်လာခြင်း၊ မျက်ခွံပိတ်မရတော့ခြင်း၊
    • အမြင်ဝေဝါးလာခြင်း၊ နှစ်ခုမြင်လာခြင်း၊(diplopia)

  3. ခြေထောက်ညိုသကျည်းတွင် အရေပြားထူအမ်းလာခြင်း၊ (Pretibial Myxedema)* တို့ဖြစ်တတ်ပါသည်။
* မိမိကိုယ်တိုင်သတိထား သိသာနိုင်သော လက္ခဏာများ ဖြစ်ပါသည်။
ဓါတ်ခွဲစမ်းသပ်ကြည့်ပါက သွေးတွင်း T3 နှင့် T4 ပုံမှန်ထက်မြင့်တက်နေပြီး TSH ပုံမှန်ထက်လျော့
နည်းနေသည်ကို တွေ့ရပေမည်။ သိုင်းရွိုက်ဟော်မုန်းအထွက်လွန်ကဲသောရောဂါသည် ဆရာဝန်
ညွှန်ကြားသည့်ဆေးသောက်ရုံနှင့်ပင် သက်သာပျောက်
ကင်းနိုင်သည့် ရောဂါဖြစ်ပါသည်။ ထို့ကြောင့် အထက်ပါလက္ခဏာများ တွေ့ရပါကစောစီးစွာကုသမှု
ခံယူခြင်းဖြင့် ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းမှ ကင်းဝေးနိုင်မည်ဖြစ်ပါသည်......






T3Tri-iodothyronineသိုင်းရွိုက်ဟော်မုန်းများ
T4Thyroxine
TSHThyroid Stimulating Hormoneသိုင်းရွိုက်ဟော်မုန်းများထွက်စေရန်လှုံဆော်သောဟော်မုန်း



သိုင်းရွိုက်ဟော်မုန်းများအကြောင်းကို မေပျို၏ postတွင် ဖတ်ရှုနိုင်ပါသည်။

Read More...

Tuesday, February 26, 2008

About Health by Our Former Leaders (1)

မြန်မာ့ခေါင်းဆောင်များ ပြောခဲ့သော ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ (၁)

မြန်မာ့ခေါင်းဆောင်ကြီးများ မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ပတ်သက်၍ တချိန်ကပြောခဲ့သည်များကို မှတ်တမ်းတင်ထားလိုပါသည်။

အချိန်ကား ၁၉၅၀ ပြည့်လွန်နှစ်များအတွင်းက ဖြစ်သည်။
ဝန်ကြီးချုပ်။ ။ ဘာဖြစ်လို့ နယ်ဆေးရုံတွေကို ဆရာဝန်တွေ မပို့သေးသလဲ
ကျန်းမာရေးဝန်ကြီး နှင့် အဖွဲ့။ ။ ဆရာဝန်တွေ မရှိလို့
ဝန်ကြီးချုပ်။ ။ တနိုင်ငံလုံးအတွက် ဆရာဝန်တွေ ဘယ်လောက်လိုမလဲ
ကျန်းမာရေးဝန်ကြီး နှင့် အဖွဲ့။ ။ အခုလောလောဆယ်အတွက် ဆရာဝန် သုံးရာလောက်လိုမယ်
ဝန်ကြီးချုပ်။ ။ ဆေးကောလိပ်က တနှစ်မှာ ဆရာဝန်ဘယ်လောက်ထွက်သလဲ
ကျန်းမာရေးဝန်ကြီး နှင့် အဖွဲ့။ ။ လေးဆယ်လောက်ထွက်တယ်
ဝန်ကြီးချုပ်။ ။ ဆေးကောလိပ်က ဆရာဝန်တွေ ထုတ်ပေးနိုင်တဲ့အထိ စောင့်မနေနိုင်ဘူး၊ အိန္ဒိယနဲ့ ပါကစ္စတန်က ဆရာဝန်တွေကို ချက်ခြင်းသွားငှားချေ၊ ဆရာဝန်တွေမရှိဘဲ ဆေးရုံတွေဟာ ဟောင်းလောင်းကြီးဖြစ်နေတာ ကျက်သရေမရှိဘူး၊ ဆရာဝန်တွေကို အိန္ဒိယနဲ့ပါကစ္စတန်က ခပ်မြန်မြန်ငှားပြီး နယ်တွေကို ချက်ခြင်းပို့လိုက်ပါ။

(အမှန်တကယ်လည်း ထိုနိုင်ငံများမှ ဆရာဝန်များကို ငှားရမ်း၍ နယ်သို့ပို့ပေးသည်ဟု သိရပါသည်။)

စာကိုး။
ဦးနု၏ တာတေစနေသား

Read More...

Sunday, February 24, 2008

Gout

ဂေါက်ရောဂါ




ဂေါက်ရောဂါ(၂)မျိုး ရှိသည်ဟု သတ်မှတ်လို့ရပါသည်။ တစ်မျိုးမှာ မြန်မာဗန်းစကား ဂေါက်ရောဂါ
(ဒီလူတော့ ဂေါက်နေပြီ) နှင့် နောက်တစ်မျိုးမှာ အင်္ဂလိပ်အသံထွက်အတိုင်းခေါ်သော ဂေါက်(Gout)
ရောဂါပေတည်း။ဂေါက်(Gout)ရောဂါသည် သွေးအတွင်း ယူရစ်အက်စစ်(Uric acid) ပုံမှန်ထက်မြင့်
မားခြင်းကြောင့်ဖြစ်ပေါ်လာပေသည်။ သွေးအတွင်း(Uricase)အင်ဇိုင်းချို့ယွင်းမှုကြောင့် ယူရစ်အက်
စစ်ဇီဝကမ္မဖြစ်စဉ် (uric acid metabolism)ယိုယွင်းကာ ယူရစ်အက်စစ်မြင့်တက်နိုင်သလို ကျောက်
ကပ်လုပ်ငန်း ထိခိုက်သူများတွင်လည်း ယူရစ်အက်စစ်စွန့်ထုတ်မှုယိုယွင်းကာ သွေးအတွင်းယူရစ်
အက်စစ်မြင့်တက်နိုင်ပါသည်။ ယင်းကဲ့သို့အခြေအနေမျိုးရှိနေသူများတွင် ယူရစ်အက်စစ်ထုတ်လုပ်မှု
များစေသောအစားအစာများ (high purine diet) စားသုံးခြင်း၊ အရက်/ဘီယာသောက်သုံးခြင်း၊
အခြားရောဂါကြောင့် ဆီးဆေးပုံမှန်သောက်နေရခြင်း၊ အဝလွန်ခြင်းစသည့်အခြေအနေများကြောင့်
ရောဂါလက္ခဏာ ရုတ်တရက်ပေါ်တတ်ပါသည်။ သွေးအတွင်းယူရစ်အက်စစ်(Uric acid) ပုံမှန်ထက်
မြင့်မားခြင်းကြောင့် ပျော်ဝင်နိုင်မှုအဆင့်(Solubility Limit)ကျော်လွန်ကာ မိုနိုဆိုဒီယမ်ယူရိတ်အမှုန်
(Monosodium Urate Crystals)များဖြစ်ပေါ်၍ အဆစ်(joints)၊ ကျောက်ကပ်(kidney)၊ ပျော့
ပြောင်းတစ်ရှူး(soft tissue) တို့တွင် အနည်ကျခြင်းဖြင့် ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါသည်။



ရောဂါလက္ခဏာများမှာ
  • ရုတ်တရက် အဆစ်ရောင်နာကျင်ခြင်း
    • လူနာများ၏ ၅၀%ကျော်မှာ ခြေမအရင်းဆစ် ရောင်ရမ်းနာကျင်မှုဖြင့် လက္ခဏာ
      ပြတတ်ပါသည်။ နီရဲရောင်ရမ်းပြောင်တင်းပြီး ခြေအိတ်မဝတ်နိုင်၊ အထိမခံနိုင်လောက်အောင် နာကျင်တတ်ပါသည်။ ဖြစ်ပါများလာလျှင် အခြားအဆစ်များပါ ဆက်တိုက်ဆိုသလို ထိခိုက်လာနိုင်သည်။ အစဉ်အတိုင်းအားဖြင့် ခြေကျင်းဝတ်၊ ဒူး၊ လက်ချောင်းအဆစ်များ၊ လက်ကောက်ဝတ်၊ တံတောင်ဆစ် စသည့်အဆစ်များသို့ ပြန့်နှံ့ရောင်ရမ်းနာကျင်လာနိုင်သည်။

  • မကြာခဏ ခါးနှင့်ကျောအောင့်တတ်ခြင်း

    • မိုနိုဆိုဒီယမ်ယူရိတ်အမှုန်များ ကျောက်ကပ်တွင်အနည်ကျခြင်းကြောင့် ကျောက်တည်နိုင်ခြင်း၊ ကျောက်ကပ်နာခြင်း (nephrolithiasis & renal colic) တို့ဖြစ်ပေါ်နိုင်ပါသည်။

  • တိုဖိုင်(tophi)ခေါ် ယူရိတ်အနည်မှုန်များ အရေပြားအောက်တွင်စုပုံအနည်ကျခြင်း၊
    • မိုနိုဆိုဒီယမ်ယူရိတ်အမှုန်များ အရေပြားအောက် ပျော့ပြောင်းတစ်ရှူး(soft tissue)တွင် စုပုံအနည်ကျခြင်းကြောင့် ပုံ(၃)ကဲ့သို့ ဖြစ်ပေါ်လာနိုင်သည်။

ရှောင်ကြဉ်ရန်များ
  • အရက် အထူးသဖြင့် ဘီယာနှင့်ဝိုင်တို့ကို ရှောင်ကြဉ်ရမည်။

  • သွေးတိုးရောဂါအတွက် သောက်နေရသော ဆီးဆေး(Diuretic)ကို အခြားဆေးဖြင့် ပြောင်းလဲအစားထိုးရန်၊

  • ပျူရင်း(purine)ကြွယ်ဝသောအစားအစာများကို ရှောင်ကြဉ်ရန၊်


    • ပျူရင်း(purine)ကြွယ်ဝသောအစားအစာများမှာ နီရဲသောအသားများ၊ ကလီစာများ၊ ပင်လယ်စာများ၊ ပဲတောင့်၊ ပဲပင်ပေါက် စသည်တို့ကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ရမည်။

  • ကိုယ်အလေးချိန်လျှော့ချရန်နှင့် အဝမလွန်စေရန် ထိန်းသိမ်းရမည်။

Read More...

Friday, February 22, 2008

Hepatitis B & C (2)

အသည်းရောင် အသားဝါ



အသည်းရောင်ရင် အသားဝါ ဖြစ်လာတတ်ပေမယ့် အသားဝါတိုင်း အသည်းရောင်ခြင်းကြောင့်မဟုတ်ပါဘူး ။
သည်းခြေရောင်ခြင်း ၊ သည်းခြေပြွန်ရောင် ခြင်း ၊ သွေးပျက်စီးတဲ့ရောဂါရှိ ခြင်း ၊ အ၀ါဓာတ်များ တဲ့ အစားအစာ အစားများ ခြင်း စသည်တို့ ကြောင့် လဲဖြစ်တတ်ပါတယ် ။

အသည်းရောင်
အသည်းရောင်ပုံ ၂ မျိုး ရှိ ပါတယ် ၊၊
(၁) ရုတ်တရက် ပြင်းပြင်း ထန်ထန် ရောင်ခြင်း
မျက်လုံး ၀ါ
အသားဝါ မယ် ၊ အစားအသောက် ပျက် ၊ ပျို့  အန် ၊ မအီ မသာ ဖြစ်မယ် ၊ တငွေ့  ငွေ့  နဲ့  ဖျား မယ်
(၂) နာ တာရှည် တငွေ့  ငွေ့  ရောင် ခြင်း
အသား မ၀ါ ပဲ ၊ အသည် က တငွေ့  ငွေ့  နဲ့  ပျက်စီး တာ မျိုး ပါ ၊၊
လူ မှာ လက္ခဏာ မသိ သာ ဘူး ၊၊


အသည်းရောင်တာဟာ
(၁) အမျိုး အစား ဟာ A ပိုး E ပိုး ကြောင့် 
(၂) အမျိုး အစား ဟာ Bပိုး Cပိုး Dပိုးကြောင့်
တခြား ပိုး တွေကြောင့် လဲ ဖြစ်တတ် ပါသေး တယ် ၊၊
အ ရက် ၊ အသည်းအဆီ ဖုံး ခြင်း ၊ TBဆေး ၊ paracetamol ဆေး လွန်ခြင်း ၊ တကိုယ်ရေ ဓာတ်မတည့်မှု ဖြစ်စေသော မှို ၊ တိုင်း ရင်း ဆေး ၊ မူး ယစ်ဆေး ကြောင့် လဲံ ဖြစ်တတ်ပါတယ် ။
နှလုံး ပျက် လို့  အသည်းသွေး လျှံ ပြီး လဲ ရောင် တတ် ပါ တယ် ။

Read More...

Eyes, Glasses, Men

မျက်လုံး ၊ မျက်မှန် နဲ့  လူ


မျက်မှန် တတ်သင့် သူ နဲ့  မျက်စိ ရောဂါ ရနေတဲ့သူ မတူ ပါဘူး ။
မျက်စိ ရောဂါ ရနေတဲ့သူ က မျက် စိ က နာ လဲနာ ၀ါး လဲဝါး ပါတယ် ။
မျက်မှန် တတ်သင့် သူ က တော့ အမြင်ပဲ ၀ါး တယ် ၊ မနာပါဘူး ။

တချိုက မျက်မှန်(ပါဝါနဲ့ )တတ်ရင် တဖြည်းဖြည်းပါဝါတိုးတတ်ရတယ် လို့  ထင်ကြတယ် ။ မမှန်ပါဘူး။
မျက်စိဆရာဝန်ကြီး တယောက်က တော့ အခုလို ဥပမာပေးပါတယ်။ဖိနပ်စီးလို့ ခြေထောက်ပိုကြီးလာပြီး ဖိနပ်ပိုကြီးတာကို စီးစီးလာရတာ မဟုတ်သလိုမျိုး ပဲလို့  ဆိုပါတယ်။

မျက်လုံးဟာ သဘာဝက အဝေးကြည့်ပိုအားသန်အောင် လုပ်ပေးထားပါတယ် ။ခဏခဏ အဝေးကို ကြည့်ကြည့် ပေးသင့်ပါတယ်။ အဲဒိတော့ မျက်လုံးအနားပေးတဲ့ အနေနဲ့ အခုပဲ အဝေးကိုခဏ (at least 5 secconds )လောက် ကြည့်ပေးပါစို့ လား ။

Read More...

Tuesday, February 19, 2008

Malaria

ငှက်ဖျားရောဂါ


ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအနှံ့အပြားတွင် အဖြစ်အများဆုံးရောဂါများထဲမှ တစ်ခုအပါအဝင်
ဖြစ်သည်။ သာမန်ချမ်းတုန်ပြီးဖျားခြင်းမှသည် ဦးနှောက်ထဲရောဂါပိုးဝင်၍ သတိမေ့မျောအသက်ဆုံး
ရှုံးသည်ထိ ဖြစ်စေနိုင်သော ရောဂါဖြစ်ပေသည်။ ထို့ကြောင့် ရောဂါကူးစက်ပုံ၊ ရောဂါလက္ခဏာနှင့်
ကာကွယ်ပုံတို့ကို သိရှိထားမှသာလျှင် ရောဂါကိုအချိန်မီကုသနိုင်ပြီး ရောဂါမဖြစ်ပွားအောင်လည်း
ကာကွယ်နိုင်ပေမည်။ ငှက်ဖျားရောဂါပိုးအမျိုးအစား(၄)မျိုးရှိသည်။
၎င်းတို့မှာ
  1. P.falciparum
  2. P.vivax
  3. P.ovale &
  4. P.malariae တို့ဖြစ်ပါသည်။

၎င်းပိုးအမျိုးအစားထဲမှ P.falciparum ပိုးသည် ဦးနှောက်ထဲထိ ပိုးဝင်၍ ပြင်းထန်စွာဖြစ်စေနိုင်ပြီး
ကျန်အမျိုးအစားများမှာ ၎င်းလောက်ပြင်းထန်မှု မရှိပေ။ သို့သော် သေချာပျောက်ကင်းအောင် မကု
သပါက ရောဂါမကြာမကြာပြန်ဖြစ်ကာ ဘေလုံးနှင့်အသည်းကြီးပြီး အခြားအင်္ဂါအစိတ်အပိုင်းများ
လည်း ထိခိုက်နိုင်ပါသည်။
ငှက်ဖျားရောဂါသည် ငှက်ဖျားရောဂါပိုးသယ်ဆောင်သော ခြင်ကိုက်ခံရ၍
သာ ကူးစက်ခြင်း ဖြစ်ပါသည်။


အခြားကူးစက်နိုင်သောနည်းလမ်းမှာ ငှက်ဖျားပိုးပါသောသွေးသွင်းမိခြင်း ဖြစ်သည်။ ကိုယ်ဝန်ဆောင်
မိခင်မှ ကလေးသို့ကူးစက်မှုနှုန်းမှာ လွန်စွာနည်းပါးပါသည်။

ငှက်ဖျားရောဂါသည်
  • စိမ့်စမ်းရေသောက်ခြင်း၊ ချိုးခြင်း၊

  • ငှက်ပျောသီး၊ သင်္ဘောသီး၊ မျှစ်စသည့်အစားအသောက်များ စားခြင်းတို့ကြောင့် (လုံးဝ) လုံးဝမကူးစက်နိုင်ပါ။




ငှက်ဖျားရောဂါလက္ခဏာများမှာ
  • ချမ်းတုန်ပြီးဖျားခြင်း၊
  • ကိုယ်ပူလာခြင်း
  • အများအားဖြင့်(၂)နာရီမှ (၅)နာရီအတွင်း ချွေးများထွက်ပြီး အဖျားကျသွားခြင်း၊

ပြင်းထန်ငှက်ဖျားရောဂါလက္ခဏာများမှာ
  • ဆေးမသောက်နိုင်လောက်အောင် အန်ခြင်း၊
  • အခြားသူ မကူညီဘဲ မထနိုင်ခြင်း၊ မတ်တပ်မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း။
  • ကယောင်ကတမ်းပြောခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ မှိန်းလွန်းခြင်း။
  • ခြေလက်များ အေးစက်နေခြင်း။

ငှက်ဖျားရောဂါကာကွယ်ရေး

ငှက်ဖျားရောဂါသည် ခြင်ကိုက်ရာမှ ကူးစက်သည်။ ခြင်မကိုက်အောင် အတတ်နိုင်ဆုံးကာကွယ်ပြီး
ခြင်နှိမ်နှင်းရေးဆောင်ရွက်လျှင် ငှက်ဖျားရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်သည်။
  1. ညအိပ်တိုင်းခြင်ထောင်နှင့်အိပ်ပါ။ ဖြစ်နိုင်လျှင် ဆေးစိမ်ခြင်ထောင် သုံးပါ။

  2. အိပ်ယာထဲမဝင်မီ ခြင်မကိုက်အောင် ဂရုစိုက်ပါ။
  3. ယပ်တောင်နှင့် ယပ်ခတ်ခြင်း၊ အဝတ်အစား ထူထူရှည်ရှည်ဝတ်ခြင်း၊ ခြင်မကိုက်အောင်ဆေးလိမ်းခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။
    • မီးခိုးမှိုင်းတိုက်ခြင်း၊ ခြင်ဆေးခွေထွန်းခြင်းဖြင့် ခြင်ကိုက်မှုလျော့နည်းအောင် ဆောင်ရွက်နိုင်သော်လည်း ရေရှည်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်သဖြင့် ဤနည်းတို့ဖြင့် ဆောင်ရွက်ခြင်းကို အားမပေးပေ။
  4. ငှက်ဖျားကူးစက်ဒေသသို့ ခေတ္တသွားရောက်သည့်သူများအနေဖြင့် ထိရောက်သောငှက်ဖျားကာကွယ်ဆေးကို သောက်သုံးသင့်သည်။
    • ငှက်ဖျားကာကွယ်ဆေးကို ပုံမှန်ရေရှည်မသောက်သုံးသင့်ပါ။

ယခုအခါ PSI (Population Services International) NGO အဖွဲ့မှ ထောက်ပံ့မှုကြောင့် ငှက်ဖျား
ရောဂါကုဆေးဝါးများကို မြန်မာနိုင်ငံ ပြင်ပဆေးကုခန်းတိုင်းလိုလိုတွင် ဈေးနှုန်းသက်သာစွာဖြင့် ရရှိ
နိုင်ပြီ ဖြစ်ပါသည်။

Read More...

Sunday, February 17, 2008

Hepatitis B & C (1)

အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါ



ယခုအခါ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးကူးစက်ခံရသူဦးရေ တဖြည်းဖြည်း တိုးပွားလာနေ
သည့်အတွက် ရောဂါအကြောင်းနှင့် ကူးစက်ပုံကိုသိရှိရန် များစွာလိုအပ်ပေသည်။ အေဘီစီဟုအလွယ်
တကူ ခေါ်ဝေါ်နေကြသော အေအိုင်ဒီအက်စ်၊ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးများသည်
ယေဘူယျအားဖြင့် ကူးစက်ပုံတူကြသည်။ ကူးစက်လွယ်ပုံခြင်းသာ ကွဲပြားခြားနားပါသည်။ အသည်း
ရောင်အသားဝါဘီရောဂါပိုးသည် အေအိုင်ဒီအက်စ်ဖြစ်စေသော HIV ရောဂါပိုးထက်အဆ(၁၀၀)ပိုမို
ကူးစက်လွယ်ပါသည်။ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးကူးစက်ပုံနည်းလမ်းများကို အောက်
တွင် နှိုင်းယှဉ်ဖော်ပြထားပါသည်။




အသည်းရောင်အသားဝါ ဘီရောဂါပိုးနှင့်
စီရောဂါပိုး ကူးစက်ပုံနည်းလမ်းများ




























































ကူးစက်မှုနည်းလမ်းဘီပိုးစီပိုး
မိသားစုအချင်းချင်း တစ်အိမ်
တည်းအတူတူနေလျှင်
ကူးစက်နိုင်ဖို့
များပါသည်။
မကူးစက်နိုင်ပါ။
ရောဂါပိုးရှိသောသူ
ရဲ့ သွေးနဲ့ထိလျှင်
သေချာပေါက်
ကူးနိုင်ပါသည်။
သေချာပေါက်
ကူးနိုင်ပါသည်။
ရောဂါပိုးရှိသူ သုံးထား
တဲ့ အပ်နဲ့ဆိုလျှင်
သေချာပေါက်
ကူးနိုင်ပါသည်။
သေချာပေါက်
ကူးနိုင်ပါသည်။
မူးယစ်ဆေးဝါး အကြောဆေး
ထိုးပြီးအပ်တွေရောသုံးရင်
သေချာပေါက်
ကူးနိုင်ပါသည်။
သေချာပေါက်
ကူးနိုင်ပါသည်။
ပိုးရှိတဲ့သွေး သွင်းမိရင်သေချာပေါက်
ကူးနိုင်ပါသည်။
သေချာပေါက်
ကူးနိုင်ပါသည်။
ကျောက်ကပ်ဆေးတဲ့
စက်မှာ ပိုးပါသွားရင်
သေချာပေါက်
ကူးနိုင်ပါသည်။
သေချာပေါက်
ကူးနိုင်ပါသည်။
နှုတ်ခမ်းချငိးထိမိရင် (သို့်)
တံတွေးကနေတစ်ဆင့်
ကူးဖို့ခဲယဉ်း
ပါသည်။
ကူးဖို့ခဲယဉ်း
ပါသည်။
လိင်ဆက်ဆံတာကနေသေချာပေါက်
ကူးနိုင်ပါသည်။
ကူးဖို့ခဲယဉ်း
ပါသည်။
မိခင်မှ ကလေးသို့သေချာပေါက်
ကူးနိုင်ပါသည်။
ကူးဖို့ခဲယဉ်း
ပါသည်။
ပိုးပါတဲ့ကိရိယာတွေနဲ့ ခြစ်မိရင်၊
ဖောက်မိရင်(ဥပမာ- နားဖောက်
တာ၊ ဆေးမင်ကြောင်ထိုးတာ၊
သွားနှုတ်တာ၊
ရှားခြစ်ခြင်း၊ရှားဆွဲခြင်း)
သေချာပေါက်
ကူးနိုင်ပါသည်။
သေချာပေါက်
ကူးနိုင်ပါသည်။



အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးရှိသူသည် အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရော
ဂါဖြစ်ပွားမှုနှုန်းများသဖြင့် ရောဂါမဖြစ်မီကာကွယ်ရန်နှင့် အကယ်၍ရောဂါကူးစက်ခံရပါက မည်ကဲ့သို့
ပြုမူနေထိုင်ရမည်ကို တတ်ကျွမ်းသည့်ဆရာဝန်များနှင့် တိုင်ပင်၍ ကုသမှုခံယူရပေမည်။ အသည်း
ရောင်အသားဝါဘီရောဂါကို ကာကွယ်ဆေးထိုး၍ ကာကွယ်နိုင်ပြီး အသည်းရောင်အသားဝါစီရောဂါ
အတွက် ကာကွယ်ဆေးမပေါ်သေးပေ။ သို့သော် အသည်းရောင်အသားဝါစီရောဂါကို ၈၀% ပျောက်
ကင်းအောင် ဆေးကုသနိုင်ပြီဖြစ်သော်လည်း ဆေးကုသမှုစရိတ်ကြီးမြင့်နေသေးပေသည်။
ရှောင်ကြဉ်ရန်များ
အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးရှိသူသည် အရက်၊ သံဓါတ်များစွာပါသော အစာနှင့်အား
ဆေး၊ ဗီတာမင်စီများစွာပါသော ဆေးနှင့်အသီးအနှံများကို အထူးဂရုပြုရှောင်ကြဉ်ရမည်။ စီရောဂါပိုး
ရှိသူသည် အရက်သုံးစွဲပါက အသည်းခြောက်နှုန်း ပိုမြန်ဆန်သည့်အတွက် အရက်၊ ဘီယာ၊ ၀ိုင်၊
ထန်းရည် စသည်တို့ကိုလုံးဝရှောင်ကြဉ်ရမည်။ သံဓါတ်များလျှင် အသည်းတွင် အနာရွတ်ပိုထင်လွယ်
သဖြင့် သံဓါတ်များစွာပါသော အစားအစာ ဥပမာ - အသည်း၊ အမြစ်၊ ကလီစာ၊ သွေးခဲများ၊ သံဓါတ်
များစွာပါသော အားဆေးများကို ရှောင်ကြဉ်ရမည်။ ဗီတာမင်စီသည် သံဓါတ်ကို အူလမ်းကြောင်းမှ
စုပ်ယူမှုများစေသဖြင့် ဗီတာမင်စီများစွာပါသော ဆေးနှင့်အသီးအနှံများ ဥပမာ-ရှောက်သီး၊ သံပရာ
သီး၊ ဂရိတ်ဖရုသီး စသည့်အရည်ရွှမ်းသော အသီးများကို များစွာစားသုံးခြင်းမှ ရှောင်ကြဉ်ရမည်။

Read More...