Thursday, February 14, 2008

Rheumatic Heart Disease

လေးဖက်နာရောဂါ




လေးဖက်နာနှလုံးရောဂါသည် ကလေးနှင့်လူငယ်ပိုင်းတွင် အတွေ့များသော ကူးစက်နိုင်သောရောဂါ
တစ်ခုဖြစ်ပေသည်။ ၎င်းရောဂါသည် Group A beta-haemolytic streptococcus ဘက်တီးရီးယား
ပိုးကြောင့်ဖြစ်စေနိုင်ပြီး အများဆုံးမှာ အသက်(၅)နှစ်မှ(၁၅)နှစ်အတွင်း ဖြစ်ပွားတတ်သည်။ ကလေး
သူငယ်များ လည်ပင်းနာ၊ အာသီးရောင်ဖြစ်သူများ၏ ၁၅% မှ ၃၀% သည် ဤရောဂါပိုးကြောင့်ဖြစ်စေ
ပြီး ကျန် % မှာ Virus ပိုးးကြောင့်ဖြစ်ပါသည်။ Streptococcus ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော
လည်ပင်းနာ၊ အာသီးရောင်ခြင်းသည် လေးဖက်နာအဖျားနှင့်နှလုံးရောဂါ၏ မူလအစ ရင်းမြစ်ဖြစ်ပါ
သည်။ ထို့ကြောင့် ယင်းကဲ့သို့ရောဂါလက္ခဏာပြပါက ပေါ့ပေါ့တန်တန်မထားဘဲ တတ်ကျွမ်းသော
ဆရာဝန်များနှင့် ကုသမှုခံယူမှသာ လေးဖက်နာအဖျားနှင့်နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်မည်ဖြစ်
ပါသည်။




Streptococcus ဘက်တီးရီးယားပိုးကြောင့် ဖြစ်သောလည်ပင်းနာ၊ အာသီးရောင်ခြင်းသည် ဖော်ပြပါ
လက္ခဏာများနှင့်အတူ ဖြစ်ပွားတတ်ပါသည်။
  • လည်ပင်းနာခြင်းနှင့်အတူ ရုတ်တရက်ဖျားလာခြင်း၊
  • ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊
  • အာသီးတစ်ဝိုက်နီရဲရောင်ရမ်းခြင်း၊ လည်ပင်းအကျိတ်များထွက်လာခြင်းတို့ ဖြစ်နိုင်ပါသည်။
Virus ပိုးကြောင့် ဖြစ်သောလည်ပင်းနာ၊ အာသီးရောင်ခြင်းသည် အဖျားမရှိဘဲ မျက်လုံးနာ၊ နှာစေး၊
ချောင်းဆိုး၊ ဝမ်းပျက်ခြင်းတို့နှင့်အတူ တွဲရှိနိုင်ပါသည်။

Streptococcus ဘက်တီးရီးယားပိုးကြောင့် ဖြစ်သောလည်ပင်းနာ၊ အာသီးရောင်ခြင်းဖြစ်ပြီး ၂ ပတ်
မှ ၃ ပတ်အတွင်း လေးဖက်နာအဖျားနှင့်အဆစ်နာရောဂါ စတင်ပေါ်ပေါက်လေ့ရှိပါသည်။ လေးဖက်
နာရောဂါလက္ခဏာများမှာ….
  • ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ နုံးခွေနေခြင်း၊
  • အဆစ်တစ်ခုထက်မကရောင်ရမ်းနာကျင်ခြင်း(polyarthritis)၊ /li>
  • နှလုံးရောင်ခြင်း(pancarditis)ကြောင့် ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊
  • အရေပြားအောက်အကျိတ်ဖုထွက်ခြင်း(subcutaneous nodules)
  • အရေပြားအနီကွက်ထွက်ခြင်း(erythema marginatum)
  • ASO (Anti-Streptolysin O)မြင့်တက်ခြင်း၊
လေးဖက်နာရောဂါသည် အထက်ပါရောဂါလက္ခဏာအားလုံးရှိရမည်ဟု မဆိုလိုပေ။ ဆရာဝန်မှသာ
ဆုံးဖြတ်ပေးမည်ဖြစ်ပြီး ရောဂါလက္ခဏာအကြောင်းကို သိထားရန်အတွက်သာဖော်ပြပေးခြင်း ဖြစ်ပါ
သည်။
လေးဖက်နာရောဂါဖြစ်ပွားပြီးပါက နောက်ထပ်အဖန်တလဲလဲမဖြစ်ပွားအောင် ကာကွယ်ဆေးကို အနည်း
ဆုံး(၅)နှစ်ထိ ကုသမှုခံယူရမည်ဖြစ်ပါသည်။ Benzathine Penicillin 1.2 million unit ကို တစ်လ
တစ်ကြိမ် ပုံမှန်ထိုးခြင်းဖြင့်၎င်း၊ Penicillin-V (250 mg)ဆေးပြားကို တစ်နေ့နှစ်ကြိမ်ပုံမှန်သောက်၍
၎င်း ကာကွယ်ကုသရန် လိုအပ်ပေသည်။

Read More...

Wednesday, February 13, 2008

Raven BDC !

မြန်မာနိုင်ငံ ရန်ကုန်မြို့ အခြေစိုက် ဆောင်ရွက်နေတဲ့ စေတနာ့ ၀န်ထမ်း လူငယ်များ စုပေါင်း တည်ထောင်ထားတဲ့ တောကျီးကန်း သွေးလှူရှင်အသင်း ( Raven Blood Donor Club ) ရဲ့ တရားဝင် ဘလော့ဂ် စာမျက်နှာ များ နဲ့ မိတ်ဆက် ပေးပါရစေ ...

တောကျီးကန်း သွေးလှူရှင်အသင်း ဆိုပြီး မြန်မာလို ဘလော့ဂ် စာမျက်နှာ တစ်ခုနဲ့ Raven Blood Donor Club ဆိုပြီး အင်္ဂလိပ်လို စာမျက်နှာ တစ်ခုပါ ... မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ သွေးကောင်း သွေးသန့်တွေ အမြန်ဆုံး ရရှိအောင် (၂၄) နာရီ အခမဲ့ ဆောင်ရွက် ပေးနေတဲ့ လူမှုရေး အသင်း အဖွဲ့လေး အကြောင်း သိရှိစေလိုတဲ့ ဆန္ဒ နဲ့ မိတ်ဆက် ပေးတာ ဖြစ်ပါတယ် ... လင့်ခ် များကို နှိပ်၍ သွားရောက် လေ့လာ နိုင်ပါတယ် ခင်ဗျာ ...

လိုအပ်ပါက ကူညီပေး နိုင်ရန် ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ် ၊ အီးမေးလ် များပါ ထည့်သွင်းထား ပါတယ် ...

ရန်ကုန်မြို့တွင်း ဆေးရုံများမှာ တက်ရောက်ကုသမှု ခံယူနေသော လူနာများ သွေးသွင်းကုသရန် လိုအပ်ပါက အချိန်မရွေး ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။ လူမျိုးဘာသာ မရွေး စေတနာအလျှောက် အခမဲ့ သွေးသန့်လှူဒါန်း ကူညီနေပါတယ်။





RAVEN Blood Donor Club was established in July 2006 by sympathetic, active and young men from various social work areas primarily with the humanity in mind for sharing and bringing in relevant social work experiences and to advocate social responsibility amongst youths through blood donation.

Vision : A beautiful and healthy lifestyle for the next generations.

Motto : For the next generations, the future is ours to make.

Contact :

Ko Moe Kyaw
No. 24 (4B), Theikpan Street,
Sin Minn Qtr, Ahlone Township.
West-Yangon, Yangon, Myanmar.

Ko Than Lwin Aung
No. 125, Laydaunggan Road,
Sa/ka Quarter, Thingangyun Township.
East-Yangon, Yangon, Myanmar.


Contact Phones (24 Hours)

- 09 504 3754
- 09 510 3290
- 09 517 5611

Read More...

Monday, February 11, 2008

Moving

Dear Blog Visitors,

Our blog is in the process of re-directing to a different domain for our readers from inside the country to have easier access. Please bear with us if there is any problem with browsing our blog in the mean time. This should not take more than 24 hours. After that, you will be able to view our blog using either of the following two links:

  1. http://health.ngoinmyanmar.org
  2. http://publichealthinmyanmar.blogspot.com
Thank you.
yemon (on behalf of joint-bloggers)

Situation Update: (February 12, 2008)
we have some problems in re-directing the blog. We will try again during the weekend of February 16. In the meantime, only the Blogspot address will be available.

Situation Update: (February 13, 2008)
Move completed successfully.
ဘလောက်ကြွလာ မိတ်သဟာများခင်ဗျား

ကျွန်ုပ်တို့၏ စုပေါင်းဘလောက်ကို မြန်မာပြည်တွင်းမှ ကြည့်ရှုသူများ အဆင်ပြေစွာ ဖတ်ရှုနိုင်စေရန် အလို့ငှာ လိပ်စာ ရွှေ့ပြောင်းရန် ဆောင်ရွက်နေပါသည်။ သို့ပါ၍ ဘလောက်ဖတ်ရှုရာတွင် အခက်အခဲ ရှိပါက သည်းခံပေးပါရန် ပန်ကြားလိုပါသည်။ အပြောင်းအရွှေ့ကာလမှာ ၂၄ နာရီထက် မပိုပါ။ အားလုံးအဆင်ပြေ ချောမွေ့သွားပါက အောက်ပါ လိပ်စာ နှစ်ခုအနက် တစ်ခုခုကို သုံး၍ ကျွန်ုပ်တို့၏ ဘလောက်ကို လာရောက်လေ့လာနိုင်ကြောင်း
  1. http://health.ngoinmyanmar.org
  2. http://publichealthinmyanmar.blogspot.com
ကျေးဇူးတင်စွာဖြင့်
ရဲမွန် (စုပေါင်းရေးသားသူများ ကိုယ်စား)

တိုးတက်မှု အစီရင်ခံခြင်း (၁၂ ဖေဖော်ဝါရီ ၂၀၀၈)
အပြောင်းအရွှေ့ပြုလုပ်ရာတွင် အခက်အခဲရှိနေပါသည်။ ဖေဖော်ဝါရီ ၁၆ နှင့် ၁၇ ရက်များတွင် ထပ်မံကျိုးစားပါဦးမည်။ နဂို မူလ လိပ်စာဖြစ်သော ဘလောက်စပေါ့ လိပ်စာကို ဆက်လက် အသုံးပြုနိုင်ကြောင်း။

တိုးတက်မှု အစီရင်ခံခြင်း (၁၃ ဖေဖော်ဝါရီ ၂၀၀၈)
ပြောင်းရွှေ့ပြီးစီးကြောင်း။

Read More...

Do you really love? - 4


မဂ္ဂဇင်း ဖတ်ရင်း ထွန်းအိန္ဒြာဗိုရဲ့ ကလေးလေး အသားဝါတဲ့ အကြောင်းကနေ ဆက်စပ်ပြီး ရေးချင်တာ လေးတွေ ရေးလိုက်ပါတယ်။

ဘေဘီလေးတွေ မွေးကင်းစမှာ အသားဝါတတ်တယ် ဆိုတာ လူတိုင်းမသိတဲ့ အရာတစ်ခုလို့ ထင်ပါတယ်။ အဲ့လို အသားဝါတယ်ဆိုတာ လူ့ဘ၀ရဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ လက်ခံနိုင်ဖို့ဟာ ပိုပြီးတောင် ခက်ခဲပါတယ်။ ဒါပေမယ့် တကယ်ကိုပဲ... မွေးကင်းစ ကလေးတိုင်းနီးပါး အသားဝါကြတာဟာ ပုံမှန်ပါပဲ။ သဘာဝတရားရဲ့ ဖန်တီးမှုတစ်ခုပါပဲ။

အရင်ခေတ်တုန်းက မ၀ါပါဘူး... အခုခေတ်မှ ဆန်းလာတာလို့ မထင်ပါနဲ့။ အရင်တုန်းက ၀ါမှန်း မ၀ါမှန်း မသိခဲ့တာ ဖြစ်နိုင်ပါတယ်။ အခုအချိန်ထိ တချို့တွေလည်း ၀ါလို့ ၀ါနေမှန်း မသိဘဲ ပြီးသွားတာတွေ ရှိပါတယ်။

အဲ့ဒီလို အသားဝါရခြင်း အကြောင်းကို သိပ္ပံနည်းကျ ဖြေရှင်းချက်တွေ အခိုင်အမာရှိပါတယ်။ ဆိုတော့ မိဘတွေ အနေနဲ့ သိထားရမှာက အသားဝါတိုင်း ကြောက်ဖို့ မလိုပါဘူး။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့ အသားဝါတာတွေ ရှိပါတယ်။ အဲ့ဒါတွေကို ဗဟုသုတရှိထားမှ တကယ်ရင်ဆိုင်ရတဲ့အခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာ ဖြစ်ပါတယ်။

ကလေးလေးတစ်ယောက် ၀ါတူးတူးလေး ဖြစ်နေတာ ဘယ်မိဘမှ စိတ်မချမ်းသာနိုင်ပါဘူး။ ဆရာဝန်က မစိုးရိမ်ရဘူး ပြောလည်း ရင်ထဲက အပူနဲ့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ မြန်မာပီပီ ဘေးက ၀ိုင်းပြီး စာဖတ်မယ့်သူတွေလည်း အများကြီးတွေ့ရပါဦးမယ်။ ကိုယ်ကိုယ်တိုင်ကမှ ထိုက်သင့်တဲ့ ဗဟုသုတ မရှိထားရင် ပတ်ဝန်းကျင် ပယောဂနဲ့ လုပ်မိလုပ်ရာ စွတ်လုပ်ရင်... ကလေးကို တကယ်ချစ်ရာ မရောက်ဘဲ ဖြစ်ပါလိမ့်မယ်။

အခုပို့စ်မှာတော့ မွေးကာစကလေးတွေ အသားဝါတဲ့ အကြောင်းကို ပြောဖြစ်အောင် ပြောတော့မယ်။ မွေးကာစ ၃ ရက်ကနေ ၅ ရက်အတွင်းမှာ ကလေးအသားလေးတွေက စပြီးဝါလာတတ်ပါတယ်။ မ၀ါတဲ့ ကလေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ၀ါတာက အများစုလို့ ဆိုကြပါတယ်။ အသားဝါတယ်ဆိုတာ ကူးတတ်တာ မဟုတ်ပါဘူး။ ဘယ်ဆေးရုံမှာ မွေးရင်ဖြင့် အသားတွေဝါလို့ရယ်ဆိုပြီး ရှောင်ကြတဲ့သူတွေ ရှိတာ ကြားဖူးလို့ပါ။

မိဘတွေ အနေနဲ့က ဘာကို အကြမ်းဖျင်း သိထားဖို့လိုတာလဲ ဆိုရင် ကလေးအသားဝါတာနဲ့ ... ဟာ ၀ါပြီ ၀ါပြီ ဆိုပြီး ပြူးတူးပြဲတဲ မဖြစ်ဖို့က အဓိကပါ။ ကလေးမှာ ဒီမိဘပဲ အားကိုးနေရတာ မိဘက ပြာနေပြီဆိုရင် ကလေးအတွက် ဆုံးဖြတ်ချက် ခက်ပါတယ်။ ဆရာဝန်ကလည်း မိဘကို ပြောရဆိုရ ခက်ပါတယ်။ မလိုအပ်ဘဲ ရှုပ်ထွေးတာတွေ ဖြစ်တာပေါ့နော်... အမေက ငိုလိုက် အဖေက ဘာလုပ်လို့လုပ်ရမှန်း မသိလိုက်။

အသားဝါတာ ကြောက်စရာ မကောင်းဘူးလားဆိုတော့ ကြောက်စရာ ကောင်းတာတွေ ရှိပါတယ်။ ကလေးရဲ့ ဦးနှောက်ကို ထိခိုက်တဲ့အထိ အသားဝါတာတွေ အသက်ဆုံးရှုံးတာ အထိ ဖြစ်တဲ့ဟာတွေ ရှိပါတယ်။ အဲ့လို အစွန်း ၂ ဖက် ရှိနေတော့ မိဘတွေ အနေနဲ့ ပူတာလည်း မမှားလှဘူးပေါ့။ ဒါပေမယ့် ပူသင့်တဲ့ အချိန်မှ ပူတာ ကောင်းပါတယ်။

ဥပမာ... ကလေးက ချက်မသန့်လို့ ပိုးဝင်ပြီး ၀ါတာ။ အင်မတန်ဆိုးပါတယ်။ အဲ့ဒါမျိုး မဖြစ်အောင်က အစောကြီးထဲက ကာကွယ်လို့ ရပါတယ်။ ချက်ဖြတ်ပြီးတဲ့ ကျန်တာလေးကို သန့်အောင်ထားဖို့ပါပဲ။ ဘာမှ မ၀င်စေရပါဘူး။ ဆရာဝန်တွေက ကလေးချက်ကို ဘာမှ မကလိဘဲ ထားတာက အရက်ပြန် ဆွတ်တာထက်တောင်မှ ချက်မြန်မြန်ကြွေစေတယ်လို့ ပြောကြပါတယ်။ ကလေးလေး ထွက်လာပြီဆို အဲ့ဒီချက်ကိုလည်း ၀ိုင်းပြီး ကလိချင်လိုက်ကြတာဆိုတာ... လူတွေများ ခက်ပါတယ်။

နောက်ပြီး ကလေးမှာ သွေးနဲ့ ပတ်သက်တဲ့ ရောဂါရှိရင်... အဖေအမေရဲ့ သွေးအုပ်စု မတူရင် စသဖြင့် ၀ါတတ်ပါသေးတယ်။ အဲ့ဒါကတော့ ဆရာဝန်ရဲ့ အပိုင်းမို့လို့ သူက ရှင်းပြပါလိမ့်မယ်။ ဘာဖြစ်လို့ အသားဝါလို့ ဘာလုပ်ရမယ် ဘာညာ ဘာညာ...။ အခုပို့စ်က ရိုးရိုး ပုံမှန် ၀ါနေကျ အကြောင်းကိုပဲ ဦးတည်ပြီး ပြောချင်တာမို့လို့... ရောဂါတွေ အကြောင်း ရေးမနေတော့ပါဘူး။

နောက် ထူးဆန်းတဲ့ အချက်တစ်ခု ပြောပါဦးမယ်။ အဲ့ဒါကတော့ နို့တိုက်တဲ့ကလေးတွေမှာ ပိုပြီး အသားဝါတယ်ဆိုတာပါပဲ။ ဒါပေမယ့် ဒါဟာ မပြောဘဲထားထားလို့ လူတော်တော်များများ မသိကြဘူးလို့ ယူဆပါတယ်။

နို့တိုက်တဲ့ ကလေးမှာ အသားဝါတာ ဖြစ်တတ်ပါတယ်။ နောက်တော့ ပြန်ကောင်းသွားတတ်ပါတယ်။ တချို့က မိခင်နို့ကို ခဏ ဖြတ်ပေးရသလို မဖြတ်ဘဲနဲ့ ပြန်ကောင်းတာလည်း ရှိပါတယ်။ (နို့မှုန့်တွေ ရောင်းကောင်းတာလည်း မပြောနဲ့)

ပုံမှန်အသားဝါခြင်းဟာ ကလေးကို ပြင်ပ ရောဂါအချို့က ကာကွယ်ပေးတဲ့ စွမ်းအင်ရှိတယ်လို့ အခုနောက်ပိုင်းမှာ ယူဆလာကြပါတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေတော့ ရှာနေဆဲပါပဲ။

မိဘတွေ အနေနဲ့ လုပ်ရမှာကတော့ ကလေးမွေးပြီးရင် ချက်ကို သန့်အောင်ထားဖို့ရယ်၊ ကလေး မှိန်းတာ နို့စို့နည်းတာဆိုရင် ဆရာဝန်ကို ချက်ချင်းပြောဖို့ရယ်၊ မစိုးရိမ်ရတဲ့ ပုံမှန်အသားဝါခြင်းမျိုးမှာ အပူတွေ မလွန်ကဲဖို့ရယ် အဓိကပါ။

အသားဝါတဲ့ ကလေးတွေမှာ မီးချောင်းပြပြီး အ၀ါလျော့အောင် လုပ်ကြပါတယ်။ မီးချောင်းအလင်းတွေ မျက်စိထဲ မ၀င်အောင် သတိထားရပါမယ်။ ကလေးက မီးအပူကြောင့် ရေဓာတ်ဆုံးရှုံးတတ်လို့ နို့ပိုတိုက်ရပါမယ်။ မွေးမွေးချင်းကစပြီး နို့တိုက်ခဲ့ရင် ကလေးဝါတဲ့ အချိန်မှာ နို့ကောင်းကောင်းလိုက်နေပြီမို့ ကလေးအတွက် လုံလောက်ပါတယ်။ ကလေးစို့လေ နို့ထွက်လေမို့ မလောက်မင ဖြစ်မှာ ပူစရာ မလိုပါဘူး။ အမေက ရေ၊ အရည် များများ သောက်ပေးရင် ပိုကောင်းပါတယ်။

အတိုချုပ် သဘောမျိုးရေးထားလို့ မပြည့်စုံတာတွေ ဖြည့်စွက်ပေးစေချင်ပါတယ်။ အတွေ့အကြုံများ ရှိခဲ့ရင်လည်း ဆွေးနွေးကြရအောင်ပါ။


Credit: Ma CyberCandle (Native Myanmar)

Read More...

Sunday, February 10, 2008

Do you really love? - 3

မိခင်နို့တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးများ...

စာအုပ်ထဲကဟာတွေ လာဖတ်ပြတော့မယ်လို့တော့ မထင်ပါနဲ့ဦး။ စိတ်ထဲရှိတာတွေ အရင်ရေးမှာပါ။ ကျန်ခဲ့တဲ့ အချက်တွေရှိရင် ပြောပေးကြပါ။

မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်ဖြစ်သူမှာ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

နံပါတ်(၁)က အလုပ်ရှုပ် သက်သာပါတယ်။ အလုပ် မရှုပ်ဘူးလို့ ပြောတာတော့ မဟုတ်ဘူးပေါ့။ နို့ဗူးတိုက်သလို နို့ကို ဖျော်ရ အပူအအေးစမ်းရ၊ ဗူး ဆေးရ၊ ဗူးညစ်ပတ်လို့ ကလေးတစ်ခုခုဖြစ်ရင် ပူရပင်ရ... အဲ့လိုမျိုး ဗာဟီရတွေ နည်းသွားတာကို ပြောတာပါ။

နို့တိုက်မယ့် မေမေက နို့တိုက်ခါနီး လက်ဆေးဖို့တော့ လိုပါတယ်။ ပြီးတော့ နို့ဝင်အောင် တိုက်တတ် သွားရင်တော့ အလုပ်မရှုပ်တော့ဘူးပေါ့။ နို့မ၀င် တစ်ချက် ၀င်တစ်ချက်ဆိုရင် အလုပ်ရှုပ်ပါတယ်။ အဲ့လိုတွေ မဖြစ်အောင် စနစ်တကျ ... ကလေးကို နို့သေချာတပ်ပြီး တိုက်ရပါမယ်။

နို့တိုက်မယ်ဆိုရင် ကလေး နို့တပ်တတ်ဖို့က အရေးကြီးတဲ့ အပိုင်းမှာပါပါတယ်။ စစ ချင်းမှာ ကလေးအတွက် တော်တော်ခက်ခဲတဲ့ အလုပ်တစ်ခုလို ဖြစ်နေပြီး အမေ အတွက်လည်း စိတ်မရှည်ချင်စရာ ဖြစ်ပါတယ်။ ဒါက ကလေးနဲ့မိခင် ၂ ကိုယ်ကြားအရေးဆိုတော့ သူတို့ချင်းညှိမှ အဆင်ပြေမှာပါ။

နည်းလမ်းကတော့ ကလေးနှုတ်ခမ်းနဲ့ နို့သီးအဖျားနဲ့ ထိပြီး ကလေး ပါးစပ် ဟ လာအောင် လုပ်ရပါမယ်။ အဲ့ဒီလို ပါးစပ် ဟ လာပြီဆိုရင် ကလေးရဲ့ ခေါင်းကို ထိန်းထားတဲ့လက်က ကလေးကို အမေဘက် ဆွဲကပ်လိုက်ရပါမယ်။ တစ်ခါမရ နောက်တစ်ခါပေါ့။ အဲ့လိုနဲ့ အထာကျသွားပါလိမ့်မယ်။ Key ကတော့ အမေက ကလေးဘက်ကို တိုးရမှာ မဟုတ်ဘဲ ကလေးကို အမေဘက်ကို ဆွဲကပ်ရမှာ ဖြစ်ပါတယ်။ နို့တပ်တာ မှန်သွားရင် သိသာပါတယ်။ ပြန်တောင် ဖြုတ်လို့မရတော့ဘူး ဖြစ်သွားမယ်။ အမဲဝိုင်းလေးက ကလေးပါးစပ်ထဲမှာ အပြည့်ရှိနေပြီး ကလေးရဲ့ အောက်နှုတ်ခမ်းလေးက လန်လန်လေး ဖြစ်နေရင် အိုကေပြီပေါ့။ ပြန်ဖြုတ်ချင်ရင် ကလေးပါးစပ် ထောင့်စွန်းလေးကနေ ကပ်ပြီး လက်သန်းလေး ထိုးလိုက်ရင် ဖောက် ဆိုတဲ့အသံလေးနဲ့ နို့တပ်ထားတာ ပြုတ်သွားမှာ ဖြစ်ပါတယ်။

ကလေးက နို့ကောင်းကောင်းဆွဲတတ်ပြီဆိုရင် အမေအနေနဲ့ လွယ်ကူအဆင်ပြေ သက်သာပါတယ်။ အစပိုင်းမှာ ခက်မလိုနဲ့ နောက် ရေရှည်မှာ တော်တော်သိသိသာသာ အဆင်ပြေပါလိမ့်မယ်။ (ဥပမာ- ညအိပ်နေရင်း ကလေးနို့ဆာပြီဆို အိပ်နေရင်း တိုက်လို့လည်း ရပါတယ်။ ထပြီး နို့ဖျော်ရ နို့နွှေးရတွေ လုပ်ရတာထက် သက်သာတာပေါ့။ ရေရှည်ကျတော့ အိပ်ရေးပျက်တဲ့ ဒဏ်ကဆိုးပါတယ်။ ကလေးကို တခြားသူနဲ့ထားပြီး နို့ဗူးဖျော် တိုက်ပစေလို့ ထားနိုင်တဲ့သူဆိုရင်တော့ ဘာမှ မပြောလိုပါ။)

နောက် အလုပ်ရှုပ် သက်သာတဲ့ နောက်တစ်ပိုင်းကတော့ ရာသီပြန်မပေါ်တာပဲ ဖြစ်ပါတယ်။ တချို့ဆို နို့ဖြတ်လိုက်တော့မှပဲ ရာသီပြန်လာတတ်တာဆိုတော့ အဲ့ဒီအတွက် အချိန်မပေးရတော့ဘူးပေါ့။

သားဆက်ခြားစေတယ် ဆိုတာကတော့ ၁၀၀% မဟုတ်လို့ သိပ်ပြီး အကျယ်တ၀င့် ပြောမနေတော့ပါဘူး။

နံပါတ်(၂)က မိခင်နို့ကို ပုံမှန်တိုက်ခြင်းအားဖြင့် နို့တင်းတာကို ကာကွယ်ပေးရာ ရောက်ပါသေးတယ်။ နို့တင်းတာကနေ ကိုယ်ပူတက် ဖျား... တချို့ဆို အနာတွေဘာတွေဖြစ်တဲ့ အထိ ဇာတ်လမ်းရှုပ်တတ်လို့ စောစောစီးစီး ကာကွယ်တာပဲ ကောင်းပါတယ်။

နံပါတ်(၃) အဓိက ကာကွယ်တဲ့ အချက်ကတော့ ရင်သားကင်ဆာ ဖြစ်နှုန်းနည်းသွားပါတယ်တဲ့။ ရင်သားကင်ဆာဆိုတာ ကလေးကို နို့မတိုက်တဲ့ မိန်းမတွေကို ဘုရားသခင်က ဒဏ်ခတ်တဲ့ ရောဂါလို့တောင် ပြောစမှတ်ပြုကြတယ်။ ဒါကြောင့် မိခင်နို့တိုက်ကျွေးခြင်းဟာ အမေမှာလည်း အဖိုးတန်တဲ့ အကျိုးဖြစ်ထွန်းစေပါတယ်။

နံပါတ်(၄) စရိတ်စက အကုန်အကျနည်းစေတယ်လို့ ပြောရင် ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကတော့ ရီတာပေါ့ ရီတာပေါ့လို့ ပြန်ပြောမှာပေါ့နော်။ နို့ဗူးတိုက်လို့ ဘယ်လောက်ကုန်မလဲ.... နို့ဗူးဖိုး နို့မှုန့်ဖိုး နို့ဗူးဆေးတဲ့ အရည်ဖိုး ဘာဖိုး ညာဖိုး ကုန်ပစေ ကုန်ပစေလို့ ပေးနိုင်တဲ့သူတွေ အတွက်.... စရိတ်စကကို မစဉ်းစားပေမယ့်... အကုန်မခံနိုင်သူတွေ အတွက် အတော်လေး တာ သွားတဲ့အရာ ဖြစ်ပါတယ်။

ဒါ့အပြင် နို့ဗူးကြောင့် ဖြစ်လာမယ့် ပြသနာတွေ အတွက် ဆေးရုံဆေးခန်း ဆရာဝန်ဖိုးတွေပါ ချွေတာရာရောက်တယ်လို့ ပြောလို့ ရပါသေးတယ်။

နံပါတ်(၅) မိခင်က တစ်သားမွေးတစ်သွေးလှ ဆိုသလို ပိုလှလာပါလိမ့်မယ်။ တစ်သားမွေး တစ်သွေးဝတွေကတော့ မိခင်နို့မတိုက်ဘဲ နေကြတဲ့သူတွေ များပါတယ်။ ကိုယ်ဝန်ဆောင်စဉ်က တအိအိတက်လာတဲ့ ကိုယ်အလေးချိန်က ကလေးနို့တိုက်ချိန်မှာ တတိတိနဲ့ ပြန်ကျတာမို့လို့.... ဒီအချက်ကိုတော့ မိခင်တွေ မသိမဖြစ်မရှိရလေအောင် လက်ဆင့်ကမ်းဖို့ လိုပါတယ်။ နို့မို့ ကလေးမွေးပြီး ၀ိတ်တက်လာတာနဲ့ ... အဲ့ဒီ ၀ိတ်က ဒီတိုင်းပြန်ကျဖို့ တော်တော်ကို ခက်တာပါ။ တကယ်ဆို တစ်ချက်ခုတ် နှစ်ချက်ပြတ် ကလေးကို နို့တိုက်ရင်းနဲ့ စလင်းဘော်ဒီလေးကို ပြန်အရယူလိုက်ရုံပါပဲ။

နံပါတ်(၆) ကလေးက အမေကို ပိုပြီးတွယ်တာပါတယ်။ ကလေးပဲ.. အမေကိုတွယ်တာ မဆန်းဘူးလို့ ... အဲ့လိုတော့ မဟုတ်ပါဘူး။ မွေးကင်းစ ကလေးဟာ ဘယ်သူအမေလဲဆိုတာ နို့ဘယ်သူတိုက်လဲဆိုပြီး မှတ်ထားတာဖြစ်လို့ပါ။

ဘယ်သူတွေ ဘာပြောပြော ဘာလုပ်လုပ် မိခင်နို့တိုက်တဲ့ ကလေးက အချိန်တန်ရင် မိခင်ဆီမပို့လို့ကို မရဘူး။ ဆိုတော့ အမေအနေနဲ့ အဲ့ဒီအချိန်မှာ အသိုင်းအ၀ိုင်းမှာ ဆရာကြီး ပါပဲ။ ဘယ်သူမှ ချော့လို့မရအောင် နို့ဆာလို့ ငိုတဲ့ကလေးလေးက ကိုယ့်ရင်ခွင်ထဲရောက်မှ ချိုစို့ရင်း ငြိမ်သွားတဲ့ အရသာ... မိခင်ဘ၀ရဲ့ အနှစ်ပါပဲ။

ကဲ... ကလေးကို နို့တိုက်ကျွေးနိုင်တဲ့ မိခင်ဖြစ်ရတာ ဂုဏ်ယူစရာတစ်ခုပါ။

Credit: Ma CyberCandle (Native Myanmar)

Read More...

Saturday, February 9, 2008

Diet for Diabetes

ဆီးချိုရောဂါ အစားအစာ



ဆီးချိုသွေးချိုရောဂါသည် ခန္ဓာကိုယ်တွင်းရှိ ပန်ကရိယမှ အင်ဆူလင်ဟော်မုန်း လုံလောက်စွာ
မထုတ်လုပ်နိုင်၍၎င်း၊ ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်းအား ထိရောက်စွာအသုံးမချနိုင်၍၎င်း၊
သွေးအတွင်းအချိုဓါတ်(Glucose)မြင့်တက်၍ ခန္ဓာကိုယ်တွင်းရှိအင်္ဂါအစိတ်အပိုင်းများ အချိန်
နှင့်အမျှချို့ယွင်းပျက်စီးစေသော ရောဂါဖြစ်ပါသည်။

ဆီးချိုသွေးချိုရောဂါ သက်သာစေ၇န် ……
  • သင့်တော်သည့်အစားအစာများကို ရွေးချယ်၍ ဆင်ဆင်ခြင်ခြင် စားသုံးခြင်း၊
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း၊
  • ကယ်လိုရီစားသုံးမှု လျှော့ချခြင်း နှင့်

  • ကိုယ်အလေးချိန် လျှော့ချခြင်း တို့ဖြစ်သည်။

ဆီးချိုရောဂါဝေဒနာရှင်များအနေဖြင့် ဂလူးကို့စ်သကြားကို ဖြည်းဖြည်းနှင့်မှန်မှန် ထုတ်ပေး
နိုင်သည့်အစာများကို ရွေးချယ်စားသုံးသင့်ပါသည်။ အစာတစ်မျိုးကိုစားသုံးလိုက်ပြီးနောက်
ထိုအစာတွင်ပါဝင်သည့် ကစီဓါတ်(carbohydrate)များသည် ဂလူးကို့စ် (Glucose)အဖြစ်
သွေးအတွင်း၌ မည်မျှုမြန်မြန်နှင့်များများ ရောက်ရှိသွားသည်ကိုတိုင်းတာသည့် ယူနစ်တစ်
ခုမှာ “Glycaemic Index” ဖြစ်ပါသည်။ Glucose ၏ Glycaemic Index ကို ၁၀၀ ဟူ၍
စံထားပြီး အစားအစာအမျိုးမျိုး၏ သွေးအတွင်းသကြားဓာတ် မြင့်မားစေသည့်နှူန်း
Glycaemic Index ကိုဖော်ပြလေ့ရှိပါသည်။Glycaemic Index မြင့်ခြင်းသည် သွေးအတွင်း
သကြားဓာတ်မြင့်တက်နှူန်းမြန်ဆန်သည့် အဓိပ္ပါယ်ဖြစ်ပြီး Glycaemic Index နိမ့်ခြင်းသည်
သွေးအတွင်းသကြားဓာတ် မြင့်တက်နှူန်း နှေးကွေးသည့်အဓိပ္ပါယ် ဖြစ်ပါသည်။
အစားအစာများကိုရွေးချယ်ရာတွင် -----
  • Glycaemic Index နိမ့်သောအစာများကို ရွေးချယ်တတ်ဖို့လိုပါမည်။

  • အစားအစာနှစ်မျိုးသည် Glycaemic Index ချင်းတူနေလျှင် အစားအစာ၌ပါဝင်သည့်
    ကစီဓါတ်(carbohydrate)ပမာဏ ကိုကြည့်၍ ကစီဓါတ်(carbohydrate)နည်းသော
    အစာကို ရွေးရပါမည်။

Glycaemic Load
Eg. အစားအစာတစ်မျိုး၏ Glycaemic Index = 70
ထိုအစားအစာ 100g တွင် carbohydrate 40g ပါလျှင်






Glycaemic Load=Glycaemic Index
xအစာတွင်ပါဝင်သည့် carbohdrate အလေးချိန်
/အစာ၏စုစုပေါင်းအလေးချိန်




=70
x40
/100




=28








































































အစားအစာGlycaemic IndexGlycaemic Load
ကောက်နှံများ
ဆန်ဖြူ (Instant)၈၇၃၆
ဘာစမာတီဆန် (Basmati)၅၈၂၂
ဆန်လုံးညို၅၀၁၆
ခေါက်ဆွဲ (Instant)၄၇၁၉
ပေါင်မုန့် (White Bread)၇၀၁၀
ပေါင်မုန့် (Whole wheat Bread)၇၇
သစ်ဥသစ်ဖုများ
အာလူး (Microwaved)၈၂၂၇
အာလူး (မီးဖုတ်)၈၅၂၆
အာလူးကြော်၇၅၂၂
အာလူးပြုတ်၈၈၁၆
ကန်စွန်းဥ၆၁၁၇
မျောက်ဥ (Yam)၃၇၁၃
မုန်လာဥနီ (Carrot)၄၇
ပဲဆန်အမျိုးမျိုး
ကုလားပဲ၂၈
ပဲကတ္တီပါ၂၈
ပဲထောပါတ်၃၁
ပဲနီလေး (Lentil)၂၉
ပဲပုတ်၁၈
သစ်သီးအမျိုးမျိုး
ငှက်ပျောသီး၅၁၁၃
သင်္ဘောသီး၅၉၁၀
သရက်သီး၅၁
စပျစ်သီး၄၆
နာနတ်သီး၅၉
ပန်းသီး၃၈
လိမ္မော်သီး၄၈
ဆီးသီး၃၉
ဖရဲသီး၇၂
သစ်တော်သီး၃၈
နို့နှင့်နို့ထွက်ပစ္စည်းများ
နို့ဆီ၆၁၃၃
ဒိန်ချဉ်(Yogurt,Low Fat)၃၃၁၀
ရေခဲမုန့်၆၁
နို့(အဆီထုတ်)၃၂
နို့၂၇
သကြားအမျိုးမျိုး
ဂလူးကို့စ်(Glucose)၁၀၀၁၀
ပျားရည်၅၅၁၀
ကြံသကြား(Sucrose)၆၈
နို့သကြား(Lactose)၄၆
သစ်သီးသကြား(Fructose)၁၉
အချိုရည်အမျိုးမျိုး
လင်မနစ်(Lemonade)၆၆၁၃
လိမ္မော်ရည်၅၂၁၂
ပန်းသီးဖျော်ရည်၄၀၁၂
ကိုကာကိုလာ၆၃


ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိကအစာအုပ်စု(၃)မျိုး
ကို လိုက်နာစားသုံးသင့်သည်။
(၁) လုံးဝရှောင်ကြဉ်ရမည့် အစားအစာများ
ဂလူးကို့စ်၊ သကြား၊နို့ဆီ၊ ထန်းလျက်၊ ကြံသကာ၊ ၄င်းတို့ဖြင့်ပြုလုပ်ထားသော
အစားအစာများ၊
(၂) အသင့်အတင့်သာစားသုံးနိုင်သော အစားအစာများ
ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စသည့် ကစီဓါတ်များသော အစာများ၊
ချိုသောအသီးအနှံများ၊ ပဲအမျိုးမျိုးနှင့် ၄င်းတို့ဖြင့် ပြုလုပ်ထားသောအစားအစာများ၊
(၃) ဆန္ဒရှိသရွေ့ စားသုံးနိုင်သော အစားအစာများ
အသား၊ ငါး၊ အချိုဓါတ်မရှိသော အသီးအနှံများ၊ အရွက်များစသည်တို့ကို စားသုံး
နိုင်သည်။
(Dr. Win Thein-Mogok)

Read More...

Tuesday, January 29, 2008

Journals for Qualitative Research

အရည်အချင်းအခြေပြု သုတေသန တွေ့ရှိချက်များ ဖော်ပြရာ ဂျာနယ်များ


Qualitative & Quantitative Research နည်းလမ်းများကို မြန်မာပညာရှင်များ မည်သို့ ဘာသာပြန်သည် မသိပါ။ ကျွန်တော်ကတော့ Qualitative Research ကို အရည်အချင်းအခြေပြု သုတေသန နည်းလမ်းဟု၎င်း၊ Quantitative Research ကိုတော့ အရေအတွက်အခြေပြု သုတေသန နည်းလမ်းဟု၎င်း၊ မြန်မာမှုပြုမယ်လို့ စဉ်းစားပါတယ်။ စာရှုသူများအနေနဲ့ တခြား ပိုမို သင့်လျော်သော ဘာသာပြန်ချက် ရှိလျင် ဖော်ပြပေးပါရန် မေတ္တာရပ်ပါတယ်။

ပြည်သူ့ကျန်းမာရေး ဆိုင်ရာ သုတေသနများအကြောင်း ရေးသားသည့် ဂျာနယ်များတွင် အရေအတွက်အခြေပြု သုတေသနများကသာ လွှမ်းမိုးနေရာယူလေ့ရှိသည်။ သို့ရာတွင် ယခုနှစ်ပိုင်းများမှာတော့ ပြည်သူ့ကျန်းမာရေး သုတေသန လုပ်ငန်းတွေအနေနဲ့ အရည်အချင်းအခြေပြု သုတေသန နည်းလမ်းကို ပိုမို အသုံးပြုသင့်ကြောင်း ပြောဆိုသံတွေက တစ်နေ့တစ်ခြား ကျယ်လောင်လာပါတယ်။ ကျွန်တော် တက်ရောက်နေတဲ့ တက္ကသိုလ်က ပါရဂူဘွဲ့ယူ ကျောင်းသားတွေအထဲမှာလည်း ဒီနည်းလမ်းကို သုံးပြီး ဘွဲ့ယူစာတမ်းပြုစုကြတာတွေကို မကြာခဏဆိုသလို တွေ့လာရပါတယ်။ တစ်ချို့ကတော့ နှစ်မျိုးရောစပ်ပြီး သုတေသနပြုကြပါတယ်။

အရည်အချင်းအခြေပြု သုတေသနပြုချက်များကို မနုဿဗေဒ (Anthropology)၊ လူမှုရေးသိပ္ပံပညာ (Social Science)၊ စိတ်ပညာ (Psychology)၊ နှင့် စိတ်ရောဂါ (Psychiatry) ဘာသာရပ်များတွင် တွေ့ရလေ့ရှိပါတယ်။ စာရှုသူတို့ ထပ်မံ လေ့လာနိုင်ရန်အတွက်၎င်း၊ မိမိအတွက် မှတ်စုအနေဖြင့်၎င်း၊ အဆိုပါ သုတေသနပြုချက်များကို ဖော်ပြလေ့ရှိသည် ဂျာနယ်များ စာရင်းကို ဤနေရာတွင် ဖော်ပြလိုသည်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

Read More...

Wednesday, January 23, 2008

Poverty Reduction

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး


ဆင်းရဲနွမ်းပါးမှု လျှော့ချရေး

No society can surely be flourishing and happy, of which by far the greater part of the numbers are poor and miserable.

-Adam Smith

ပြည်သူ့ ကျန်းမာရေးနဲ့ ဆင်းရဲနွမ်းပါးမှုဟာ တိုက်ရိုက်ဆက်နွယ်မှုရှိတဲ့ အကြောင်းအရာနှစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးချို့တဲ့မှုကြောင့် ဆင်းရဲနွမ်းပါးမှုဖြစ်စေနိုင်သလို၊ ဆင်းရဲနွမ်းပါးမှုကြောင့် အာဟာရချို့တဲ့မှုဖြစ်ရာက လာဘ်ကြီးတပါးဖြစ်တဲ့ ကျန်းမာရေးပါ ချို့တဲ့မှု ဆက်ဖြစ်သွားတဲ့ သာဓကတွေ အများကြီးပါ။ ဒါကြောင့်လဲ ဆင်းရဲနွမ်းပါးမှုကို ရောဂါတမျိုးအနေနဲ့ အဆိုရှိကြတာ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှုဆိုရာဝယ်

ဆင်းရဲနွမ်းပါးမှု အတိမ်အနက်ကို poverty line နဲ့ တိုင်းတာလေ့ရှိပါတယ်။ ဒီလိုင်းက လူသားတယောက် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းမှာ နေထိုင်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ လုံလောက်မှုပမာဏကို ဖော်ပြပေးပါတယ်။ အိန္ဒိယနိုင်ငံကတော့ လူသားတယောက်တနေ့တာစားသုံးဖို့လိုအပ်တဲ့ ကယ်လိုရီပမာဏအတွက် လိုအပ်မယ့်အသုံးစရိတ်အပေါ်မှာ ဒီလိုင်းကို ဆွဲပါတယ်။ ဒီအသုံးစရိတ်ထက် ၀င်ငွေက နည်းနေမယ်ဆိုရင် ဆင်းရဲနွမ်းပါးတယ်လို့ ယေဘုယျသတ်မှတ်ပါတယ်။ သက်ဆိုင်ရာတိုင်းပြည်အလိုက် ကွဲပြားမှုရှိပါတယ်။

ဘယ်လိုပဲကွဲပြားပေမယ့်Below the poverty line မှာ လူဦးရေများပြားနေခြင်းဟာ ဆင်းရဲနွမ်းပါးသူဦးရေများခြင်းကို ညွှန်ပြချက်ပဲ ဖြစ်ပါတယ်။ တိုင်းတာရာမှာ head-count ratio, poverty -gap ratio စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ head-count ratio က poverty line အောက်က population fraction ကို တိုင်းတာပြီး၊ poverty -gap ratio ကတော့ total shortfall of incomes ကို တွက်ချက်တိုင်းတာ တာဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုနှင့်ဝင်ငွေ

ဆင်းရဲနွမ်းပါးမှုကို ၀င်ငွေနဲ့ တိုင်းတာမှုအပေါ်မှာ debate တွေ အမျိုးမျိုး ရှိပေမယ့် Development Economics သဘောတရားအရ ဆင်းရဲနွမ်းပါးမှုနဲ့ nutrition တို့ရဲ့ functional impact ဟာ work capacity အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပြီး၊ work capacity နဲ့ income level ဟာ တိုက်ရိုက်ဆက်စပ်မှုရှိတာကြောင့်၊ ၀င်ငွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနည်းလမ်းလေးသွယ်

ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနည်းလမ်းတွေမှာ government policy intervention ဟာ အရေးကြီးပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းလေးသွယ်ကို အသေးစိတ်ဖော်ပြရရင်

(၁) Relative factor prices အားပြောင်းလဲသောပေါ်လစီများရေးဆွဲ၍ Functional Distribution of Income အား ပြောင်းလဲရန်

ဒီကဏ္ဍမှာ စဉ်းစားရမယ့် အချက်နှစ်ချက်ရှိပါတယ်။ ပထမအပိုင်းက price of labor ပါ။ တနည်းအားဖြင့် ဆိုရင်တော့ လုပ်ခ (wage rate) ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ လုပ်အားခတွေဟာ ၀ယ်လိုအား၊ ရောင်းလိုအားတို့ interplay လုပ်တာနဲ့ determine မလုပ်ပဲ သတ်မှတ်ချင်သလို သတ်မှတ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အလုပ်တခုထဲမှာတင် လုပ်အားခက အမျိုးမျိုးဖြစ်တတ်ပါတယ်။ များသောအားဖြင့် လုပ်အားခတွေဟာ demand, supply forces တွေ free interplay လုပ်ရက ထွက်လာတဲ့ လုပ်အားခတွေထက်များနေတတ်ပါတယ်။ ဒါကို လျှော့ချခြင်းအားဖြင့် လုပ်ငန်းရှင်တွေဟာ capital နေရာမှာ labor ကို ပိုမိုအစားထိုးလာပါလိမ့်မယ်။ ဒီနည်းဖြင့် employment level တက်လာပြီး၊ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၀င်ငွေတက်လာပါမယ်။

နောက်တချက်က Capital နဲ့ ဆိုင်ပါတယ်။ များသောအားဖြင့် capital equipment တွေရဲ့ ဈေးနှုန်းတွေကို အစိုးရနဲ့နီးစပ်မှုရှိတဲ့ လုပ်ငန်းရှင်တွေအတွက် လျှော့ချထားလေ့ရှိတယ်။ ငွေလဲလှယ်နှုန်းတွေ အမျိုးမျိုးသတ်မှတ်တာမျိုး၊ လုပ်ငန်းတချို့ကို သီးခြား privileges ပေးတာမျိုးတွေပါ။ ဒါတွေကို ဖယ်ရှားလိုက်မယ်ဆိုရင် price of capital ဟာ market-driven လုပ်တဲ့ level ကို ရောက်ရှိသွားပြီး၊ capital နေရာမှာ factor substitution အနေနဲ့ labor က အစားဝင်လာပါတယ်။ ဒီနည်းနဲ့ employment level တက်လာနိုင်ပါတယ်။ ဒါတွင်မက လုပ်ငန်းရှင်တွေရဲ့ economic returns ကလဲ အရင်ကလို မမြင့်မားတော့ပဲ income level ကျလာတဲ့အတွက် ချမ်းသာသူများနဲ့ ဆင်းရဲသူများအကြားက inequality လျော့နည်းလာနိုင်ပါတယ်။

ဒီနည်းဟာ လုပ်သားအရည်အတွက်များလာပြီး၊ ၀င်ငွေရသူများလာတဲ့အပြင် inequality ကို လျော့ကျစေနိုင်တဲ့အတွက် အကျိုးရှိတာမှန်ပေမယ့် အစိုးရကိုယ်တိုင် လုပ်ငန်းရှင်များနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ တိုင်းပြည်တွေမှာတော့ ဒီနည်းလမ်းကိုသုံးဖို့ အစိုးရကိုယ်တိုင်က နှောင့်နှေးလေ့ရှိကြပါတယ်။

(၂) Asset ownership ကို တိုးမြှင့် redistribute လုပ်ခြင်းအားဖြင့် size distribution ကို modify လုပ်ရန်

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတာက တိုင်းပြည်ဝင်ငွေရဲ့ တ၀က်ကျော်ကို ရရှိသူများဟာ လူဦးရေ စုစုပေါင်းရဲ့ နှစ်ဆယ်ရာနှုန်းခန့်ပဲဖြစ်ပြီး၊ ထုတ်လုပ်မှုအရင်းအမြစ်ရဲ့ ရှစ်ဆယ်ရာခိုင်နှန်းကျော်ကိုလဲ ဒီနှစ်ဆယ်ရာခိုင်နှုန်းလူတွေကပဲ ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဒါမျိုးကို size distribution မညီမျှမှုလို့ ခေါ်ပါတယ်။ ပိုင်ဆိုင်မှုတွေကို ကျန်သူတွေဆီမှာ redistribute လုပ်ခြင်းအားဖြင့် size distribution ညီမျှအောင် လုပ်ယူရပါမယ်။ ပေါ်လစီရေးရာမှာတော့ redistributive polices များလို့ သုံးနှုန်းပါတယ်။

အများအားဖြင့် လုပ်လေ့လုပ်ထရှိတာကတော့ rural poverty group ကို လျှော့ချဖို့ land reform လုပ်ခြင်းပါပဲ။ အလားသဏ္ဍာန်တူပဲ မြို့ပြမှာဆိုရင်လဲ လုပ်ငန်းသေးလုပ်ကိုင်သူများကို commercial credit (ဥပမာ- microloans) ပေးခြင်းအားဖြင့် သူတို့လုပ်ငန်းတွေချဲ့ထွင်ဖို့ရယ်၊ local workers တွေကို ပိုမိုခန့်ထားနိုင်ဖို့ရယ်အတွက် အကျိုးရှိစေပါတယ်။

နောက်တချက်လုပ်နိုင်တာကတော့ Annual savings and investment ထဲက တချို့အစိတ်အပိုင်းများကို low-income groups များအတွက် လွှဲပြောင်းပေးခြင်းပါ။ ဒါ့အပြင် educational opportunities ကိုပဲ wider access ဖြစ်အောင် လုပ်ယူရပါမယ်။ နှစ်ဆယ့်တစ်ရာစုမှာ Human Capital ဟာ နိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးအကြီးဆုံး သော့ချက်ဖြစ်လာပါပြီ။

(၃) Income and Wealth Taxes များဖြင့် ချမ်းသာသူများ၏ size distribution ကို လျှော့ချရန်

ဝင်ငွေနည်းတဲ့ အောက်ခြေလူတန်းစား ၄၀% ရဲ့ financial security ရှိဖို့ အတွက် သင့်လျော်တဲ့ အခွန်စနစ်ကို ချမှတ်ရပါမယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတာက အခွန်စနစ်ဟာ ဆင်းရဲနွမ်းပါးသူများမှာ ပိုမိုတင်းကြပ်ပြီး၊ ချမ်းသာသူများကတော့ လာဘ်ပေးလာဘ်ယူနည်းမျိုးစုံနဲ့ အခွန်ရှောင်တတ်ကြပါတယ်။ Progressive taxes တွေဖြစ်ရမယ့်အစား regressive taxes တွေဖြစ်ကုန်ပါတော့တယ်။

(၄) Direct Transfer payments များ၊ Public-consumption goods and services များအား ထောက်ပံ့ခြင်းဖြင့် ဆင်းရဲသူများ၏ size distribution ကို တိုးမြှင့်ရန်

ဆင်းရဲနွမ်းပါးသူများကို public-consumption goods and services များထောက်ပံ့ပေးခြင်းဟာလဲ အကျိုးဖြစ်ထွန်းပါတယ်။ ဥပမာ- ကျေးလက်နဲ့ တိုးတက်မှုနှေးတဲ့ မြို့ပြဒေသများမှာ public health projects များချမှတ်ဆောင်ရွက်ခြင်း၊ ဝေးလံခေါင်ဖျားဒေသတွေမှာ သောက်ရေသန့်နဲ့ လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ခြင်း၊ preschool nutrition supplement programs များ ဖန်တီးအကောင်အထည်ဖော်ခြင်း စတာမျိုးတွေဖြစ်ပါတယ်။

ငွေကြေးများတိုက်ရိုက်လွှဲပြောင်းပေးခြင်းနဲ့ ဆင်းရဲနွမ်းပါးသူများကို အစားအစာများ ပေးဝေခြင်းဆိုင်ရာ ပေါ်လစီများကလဲ အသုံးဝင်ပါတယ်။ အကောင်းဆုံးကတော့ essential foodstuffs တွေရဲ့ဈေးနှုန်းကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လိုအပ်တဲ့ ပေါ်လစီများ ချမှတ်ဆောင်ရွက်ခြင်းပါပဲ။

အထက်ပါနည်းလမ်းလေးသွယ်ကို ဆောင်ရွက်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလေးသွယ်လုံးမှာ government role ဟာ အရေးကြီးဆုံးမို့ သက်ဆိုင်ရာနိုင်ငံအစိုးရရဲ့ attitudes နဲ့ effectiveness ရှိအောင် လုပ်ဆောင်နိုင်မှုတွေပေါ်မှာ မူတည်နေပါတယ်။ Third sector ရဲ့ poverty reduction နဲ့ ပတ်သက်ပြီး ပါဝင်ဆောင်ရွက်နိုင်မှုများအကြောင်းကို နောက်ပိုင်းဆောင်းပါးများမှာ ဆက်လက်ဆွေးနွေးသွားပါမယ်။

ခင်မမမျိုး (၂၁၊၁၊၂၀၀၈)

ရည်ညွန်းကိုးကား

Ray, Debraj (1998) Development Economics, Princeton University Press, Princeton

Todaro, C.M & Stephen C. S (2006) Economic Development, 6th edition, Pearson Education, Harlow

Bardham, P. & Udry, C. (1999) Development Microeconomics, Oxford University Press, Oxford



Read More...

Medical Ebooks

I have found the following website links from Ko Kyaw Myint Oo's blog. It was said that original compilation was done by Ko Ye Thwe of Technical-Seven.

Medical Books for Everyone

This blog has more than 200 ebooks from different disciplines of Medicine. You will need to download those ebooks in compressed file format (rar) through RapidShare. Use WinRAR to un-compress the file and obtain PDF.
Medical Community
Ebooks are archived by month posted. A comprehensive list of disciplines of Medicine is available to search. First, you will find a summary of the book. Download link is not that obvious. Pay particular attention to the comment section of each posting and find "x resource until now" where people share their ebooks with you. Then, follow the respective link.
Medical Heaven
Similar to Medical Community. Look at comment section for download link.

Read More...

Thursday, January 17, 2008

Summer Institutes at Hopkins

ဂျွန်စ်ဟော့ပ်ကင်း ပြည်သူ့ကျန်းမာရေးကျောင်းမှ နွေရာသီ သင်တန်းများ

အမေရိကား၏ နွေရာသီ
အမေရိကားတွင် နွေရာသီဟု ခေါ်သော ကာလသည် ကျွန်တော်တို့ မြန်မာပြည်တွင် မိုးဦးရာသီ ကာလဖြစ်သည့် ဇွန်၊ ဇူလိုင်လများပင် ဖြစ်သည်။ ပုံမှန်ဘွဲ့လွန်သင်တန်း (မဟာဘွဲ့၊ ပါရဂူဘွဲ့) တက်နေသူများအတွက် နွေရာသီကျောင်းပိတ်ရက်ဟူ၍ ၃-၄ လခန့် ပိတ်တတ်ပေသည်။ သို့ရာတွင် စာသင်ခန်းများ နှင့် ဆရာများမှာ အနားမရကြပဲ နွေရာသီ သင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် အလုပ်များနေကြသည်။
မည်သို့သော လူများအတွက်နည်း
နိုင်ငံတကာ နှင့် အမေရိကန်ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြသော ပြည်သူ့ကျန်းမာရေး ပညာရှင်များ အနေဖြင့် အလုပ်သဘောသဘာဝအရ သော်လည်းကောင်း၊ နေရာဒေသ အကွာအဝေးအရ သော်လည်းကောင်း ပုံမှန်သင်တန်းများ လာရောက်တက်နိုင်ရန် အခက်အခဲရှိကြပေသည်။ ထို့အပြင် အလုပ်အတွေ့အကြုံရှိပြီးသားဖြစ်၍ မဟာ၊ ပါရဂူဘွဲ့များအတွက် သင်ကြားသော သင်တန်းအားလုံးကို သင်ယူရန် မလိုအပ်သော အခြေအနေမျိုးလည်း ရှိနေနိုင်သေးသည်။ အချို့မှာ ဘွဲ့လွန်သင်တန်းများကို စာပေးစာယူ အနေဖြင့် တက်ရောက်နေကြပြီး ကျောင်းတွင် လာရောက်တက်ရောက်ရန် လိုအပ်သည့် သင်တန်းများကို နွေရာသီတွင် လာရောက် တက်ကြလေသည်။ ထိုသို့သော ပုဂ္ဂိုလ်အမျိုးမျိုးအတွက် ရည်ရွယ်၍ နွေရာသီ သင်တန်းများ ဖွင့်လှစ်လာပေသည်။
မည်သည့်ဘာသာရပ်များ သင်ကြားပေးသနည်း
ဂျွန်စ်ဟော့ပ်ကင်း ပြည်သူ့ကျန်းမာရေးကျောင်း၏ ဌာနတိုင်းလိုလိုမှ ကောင်းနိုးရာရာများကို ရွေးပြီး သင်ကြားပေးသည်။ မိမိ စိတ်ဝင်စားသည့် ဌာန နှင့် သင်တန်းများကို ရွေးချယ် တက်ရောက်နိုင်သည်။ သင်တန်း တစ်ခုထက်ပို၍ တက်ရောက်ရန်မှာ အခက်အခဲရှိနိုင်သည်။ မိမိ တက်လိုသော သင်တန်းနှစ်ခုစလုံးမှာ တပြိုင်တည်း သင်ကြားနေခြင်းမျိုး ဖြစ်နိုင်သောကြောင့်ပင်။
အချိန်မည်မျှ ကြာမည်နည်း
ပုံမှန်သင်တန်းများတွင် တစ်နေ့ ၂ နာရီခန့်ဖြင့် တစ်ပတ်လျှင် ၂ ချိန်၊ ၃ ချိန်ခန့်သင်ကြားပြီး ဘာသာရပ်တစ်ခု ပြီးရန် ၂ လခန့်ကြာလေသည်။ နွေရာသီ သင်တန်းတွင်ကား သင်ခန်းစာ ပမာဏ အတူတူကို တစ်နေ့ ၃-၆ နာရီခန့်ဖြင့် တစ်ပတ်လျှင် ၅ ရက် သင်ကြား၍ စုစုပေါင်း ရက်သတ္တပတ် ၂-၃ ပတ်ခန့်ဖြင့် ပြီးစီးသည်။
မည်မျှ ကုန်ကျမည်နည်း
သင်တန်းကြေးမှာ ပါဝင်သော သင်ခန်းစာ ပမာဏအလိုက် အမေရိကန် ဒေါ်လာ ၁၃၀၀ မှ ၂၀၀၀ ခန့် ပေးရသည်။ နေထိုင်၊ စားသောက်စရိတ် နှင့် ခရီးစရိတ်များ ထည့်ပေါင်းပါ။
ပညာသင်ဆု ရနိုင်ပါသလား
အချို့သော သင်တန်းများတွင် သင်တန်းကြေး အခမဲ့ပေးခြင်းမျိုးဖြင့် ပညာသင်ဆု ပေးတတ်သည်။ နေထိုင်၊ စားသောက် နှင့် ခရီးစရိတ်များကို မိမိဖာသာ အကုန်အကျ ခံရသည်။
ပြည်ဝင်ခွင့်ဗီဇာ နှင့် အထွေထွေ
ပြည်ဝင်ခွင့်ဗီဇာအတွက် လိုအပ်သည့် စာရွက်စာတန်းများကို ကျောင်းမှ ထုတ်ပေးသည်။ အချိန်မီ ဗီဇာရရှိနိုင်ရန် ကြိုတင်စီစဉ်ရန်လိုသည်။
၂၀၀၈ ခုနှစ် နွေရာသီအတွက် ဖွင့်လှစ်မည့် သင်တန်းများ
  • Adolescent Health and Development
  • Health Policy and Management
  • Health, Behavior and Society
  • Leadership in Strategic Health Communication: Making a Difference in Infectious Diseases, HIV/AIDS and Reproductive Health
  • Injury Research and Policy
  • Reproductive Health and Development
  • Epidemiology and Biostatitics
  • Tropical Medicine and Public Health
  • Mental Health
  • American Indian Health
  • Health Emergencies in Large Populations
ပိုမိုသိရှိလိုပါက ...
www.jhsph.edu/summer

Read More...