အောက်ပါ link များမှ တဆင့် အဆိုပါ email အကြောင်းကို ဖတ်ရှုနိုင်ပါသည်။
http://www.hoax-slayer.com/hiv-needle-hoax.html
http://www.cdc.gov/hiv/resources/qa/hoax1.htm
တစ်နေ့တာမှာ စားသုံးသင့်တဲ့ အာဟာရနဲ့ အဲဒါတွေရဲ့ ပမာဏကို သိချင်လျှင်တော့ အောက်ပါ ဇယားမှာ တစေ့တစောင်း ကြည့်နိုင်ပါတယ်။
အဆီဓာတ် နဲ့အငန်ဓာတ်ဟာ သင့်ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ အဲဒါတွေရဲ့ %DV နည်းတဲ့ အစားအစာကိုရွေးချယ်သင့်သလို ဗိုက်တာမင် နဲ့ အမျှင်ဓာတ် %DV များများပါတဲ့ အစားအစာတွေကိုလည်း ရွေးချယ်သင့်တဲ့အကြောင်း ကျွမ်းကျင်သူများက ဆိုထားပါတယ်။ အစားအသောက်အမျိုးမျိုးရဲ့ Percent Daily value နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ပျိုမေတို့ဈေးဝယ်ထွက်တဲ့အခါ ကို ဘယ်လိုအစားအစာတွေမှာ ခန္ဓာကိုယ်အတွက် သင့်လျော်တဲ့ အာဟာရ ဓါတ် ပိုမိုပါဝင်တယ်ဆိုတာ အလွယ်တကူသိနိုင်မှာဖြစ်လို့ အထူးအထွေ ခေါင်းခြောက်နေစရာမလိုတော့ဘူးပေါ့။
Sources: U.S. Food and Drug Administration; Dietary Reference Intakes National Academy of Sciences, 2004
Katherine Zeratsky RD, L.D. What does Percent Daily Value mean on food labels? ;
Available from: http://www.mayoclinic.com/health/food-and-nutrition/AN00284.
မွန်းသက်ပန် (ဆေး ၁)
ယခုလကုန်တွင် အမေရိကန် ပြည်ထောင်စု မိန်း ပြည်နယ်၌ ဥပဒေအသစ်တစ်ရပ် ကို စတင်ကျင့်သုံးမည်ဖြစ်သည်။ ထိုဥပဒေအသစ်အရ cell phone ထုတ်လုပ်သူများသည် ၎င်းတို့ ထုတ်လုပ်သော ဖုန်းများ၌ ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း သတိပေးချက်ကို ထည့်သွင်းပေးရန် ဖြစ်သည်။ တကယ်တော့ cell phone တွေက ကင်ဆာ ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာ ဘယ်သူမှ အတတ်ပြောလို့ မရသေးပါဘူး။ သိပ္ပံပညာရှင်တွေထဲမှာ တောင် ၀ိဝါဒ ကွဲနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။
ပုံ။ ။ ဦးနှောက်ကင်ဆာကို MRI တွင် တွေ့မြင်ရပုံ
အမေရိကန် ဆက်သွယ်ရေး ကော်မရှင်က cell phone တွေဟာ အန္တာရယ် မရှိပါဘူးလို့ ပြောပေမယ့် လူအများစုကတော့ ဖုန်းနဲ့ ထိတွေ့ပါ များရင် ဓာတ်ရောင်ခြည်နည်းပါးသော်လည်း ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေ ရှိလိမ့်မည်လို့ ယုံကြည်ကြတယ်။အမေရိကန်ရှိ ဖုန်းထုတ်လုပ်သော company များမှ ပြောကြားတာကတော့ "ဖုန်းတွေဟာ ကျန်းမာရေးကို မထိခိုက်ပါဘူး။ သုတေသနစာတမ်းတွေမှာလည်း ဖော်ပြထားတာမရှိဘူး။ ဒါကြောင့် စိုးရိမ်စိတ်ကင်းကင်းနဲ့ သုံးစွဲနိုင်တယ်" ဟူ၍ ဖြစ်သည်။
စိုးရိမ်သူတွေရဲ့ ပြောကြားချက်ကတော့ wireless phone တွေ ကို လူအများစု စတင်အသုံးပြုတာ ဆယ်စုနှစ် ၂ စု စာမျှသာ ရှိသေးသည်။ ထို့ကြောင့် ဘယ်သူမျှ နှစ်ရှည်သုတေသန စာတမ်း မလုပ်နိုင်သေးလို့ ယတိပြတ်ပြောလို့ မရကြောင်း ဖြစ်သည်။HIV နဲ့ ပတ်သက်ပြီး ထပ်တင်ပေးမယ့် စာအုပ်ကတော့ Unicef နဲ့ World Vision တို့ စုပေါင်းပြီး ထုတ်ဝေတဲ့ " ဘ၀အတွက် အားဆေးတစ်ခွက်" ဆိုတဲ့ စာအုပ်ကလေးဖြစ်ပါတယ်။ HIV ပိုးရှိသော လူတွေကို ဘယ်လို ဆက်ဆံသင့်သလဲ ဆိုတာကို အဓိက ထားပြီး ရေးထားတာ တွေ့ရပါတယ်။ မူရင်းစာအုပ်ကတော့ Unicef ကထုတ်ဝေတဲ့ With Hope and Help ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ အောက်ပါ Link မှ တဆင့် download လုပ်လို့ ရပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ A/H1N1 တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများကို လေဆိပ်၊ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များနှင့် ဓာတ်ခွဲစမ်းသပ်မှုများ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိလူတုပ်ကွေး ကူးစက်ဖြစ်ပွားမှုအခြေအနေမှာ လျော့ကျလျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်တော့ကြောင်း၊ ရောဂါကူးစက်မှုကို ဂရုစိုက် စောင့်ကြပ် ကြည့်ရှုရမည့် အခြေအနေ၌ သာရှိတော့ကြောင်း၊ အခြားနိုင်ငံများ၌လည်း အေတုပ်ကွေး ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေမှာ လျော့နည်းကျဆင်းလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံ၌ လူတုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားရခြင်းမှာ ပြည်ပမှ ပြန်ရောက်လာသူများမှတဆင့် ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် နိုင်ငံခြားသား များပြားလာသော်လည်း ဖျားနာသူ ပါဝင်မှုမှာ နည်းသွားပြီ ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဖျားနာသူ ပါဝင်မှုနှုန်း လျော့နည်းကျဆင်းသွားခြင်းမှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ မတိုင်မီမှစ၍ လျော့နည်းသွားခြင်းဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကျန်းမာရေး ဌာနတာဝန်ရှိသူတစ်ဦးက ဆိုသည်။လက်ရှိအခြေအနေအထိ မြန်မာနိုင်ငံတွင် လူတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၆၉ ဦးထိရှိပြီး နောက်ဆုံးဖြစ်ပွားသူ တစ်ဦးမှာ India နိုင်ငံမှ ပြန်ရောက်လာသူဖြစ်ကြောင်း၊ အဆိုပါ လူနာမှာလည်း ယခုအခါ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Reference: The Voice Weekly Journal Vol.6/No.11
မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးမြန်းလိုပါက မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) မှ ဒေါက်တာ ကိုကိုဇော်ထံသို့ တိုက်ရိုက် Email ပို့ပြီး မေးမြန်းလို့ ရတယ်လို့ News Watch Journal မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ Email လိပ်စာကတော့ zawkzaw@mail.com ဖြစ်ပါတယ်။ ဆေးသုတေသနမှနေ၍ ကျေးလက်နေပြည်သူများအတွက်လည်း မျိုးဆက်ပွားပညာပေး အစီအစဉ်များကို FM လိုင်းများမှနေ၍ ထုတ်လွှင့်ပေးရန် စီစဉ်နေသည်ဟု သိရပါသည်။
Reference : News Watch Journal
ကျွန်တော်တို့ ရှူရှိုက်နေသည့်လေထဲ၌ ပါဝင်သည့် ဓာတ်ငွေ့နှင့် ဓာတုဗေဒ ပစ္စည်းများကို ရှူရှိက်ခြင်းဖြင့် ကျန်းမာရေးကို ထိခိုက်နိုင်သည်ဆိုပါက လေထုညစ်ညမ်းသည်ဟု ခေါ်ရမည်ဖြစ်သည်။ လေထုကို ညစ်ညမ်းစေသော ဓာတ်ငွေ့အများစုမှာ လူတို့၏ လုပ်ရပ်များကြောင့် ထွက်ပေါ်လာသော ဓာတ်ငွေ့များဖြစ်ကြပါသည်။ English လို Air Pollution လို့ ခေါ်ပြီး ညစ်ညမ်းမှုကို ဖြစ်စေသောအရာမှန်သမျှကို pollutant ဟုခေါ်ပါသည်။ လူအများစုသိကြသည့် လေထုညစ်ညမ်းမှုမှာ ပြင်ပလေထုညစ်ညမ်းမှု ဖြစ်ပါသည်။ တကယ်တော့ လေထုညစ်ညမ်းမှုတွင် အိမ်တွင်း နှင့် အိမ်ပြင်ပ ( indoor and outdoor) ဆိုပြီး အမျိုးအစား နှစ်မျိုး ရှိပါသည်။ ကျွန်တော်အခုရေးချင်တာက indoor air pollution အကြောင်း ဖြစ်ပါတယ်။
Indoor air pollution သည် မြန်မာနိုင်ငံ၌ တောရွာများတွင် မရှိသလောက် နည်းပါးပါသည်။ ရန်ကုန် မန္တလေး အစရှိသည့် မြို့ကြီးများတွင်မူ တစ်စတစ်စ ကြီးထွားလာသည်ကို သတိထားမိပါသည်။ လေ၀င်လေထွက် မကောင်းသည့် တိုက်ခန်းများ များပြားလာသည်နှင့် အမျှ indoor air pollution သည်လည်း များလာမည်သာ ဖြစ်ပါသည်။Carbon Monoxide
ကာဘွန်(လောင်စာ) နှင့် အောက်စီဂျင်တို့ ဓာတ်ပြုပြီး လောင်ကျွမ်းသောအခါ အကုန်လုံးလောင်ပါက ကာဘွန်ဒိုင်အောက်ဆိုက် ကို ရရှိသည်။ တစ်ဝက်တစ်ပျက်သာ လောင်ကျွမ်းပါက ကာဘွန်မိုနောက်ဆိုက် ကို ရရှိပါသည်။ မြန်မာပြည်တွင် ၎င်းကို အဓိက ထုတ်လွှတ်သော အရာများမှာ မီးစက်များ၊ ကား အိပ်စောဓာတ်ငွေ့များ (exhaust gas)၊ အိမ်အတွင်း၌ မီးသွေးမီးဖို အသုံးပြုခြင်း၊ ဖယောင်းတိုင်နှင့် ခြင်ဆေးခွေလောင်ကျွမ်းခြင်းတို့ ဖြစ်ပါသည်။ ရန်ကုန်မှာကတော့ မီးစက်ကို အသုံးပြုသော တိုက်ခန်းများတွင် အဓိက တွေ့ရသည်။ မီးစက်က အင်ဂျင်ကျလာလေလေ ၎င်းဓာတ်ငွေ့ ပိုထွက်လေလေဖြစ်သည်။ ၎င်းဓာတ်ငွေ့များ အိမ်ခန်းအတွင်း၌ စုစောင်းနေပါက indoor air quality ကျဆင်းမည်ဖြစ်သည်။ လူသည် အသက်ရှု မ၀ဘဲ အိပ်ငိုက်ခြင်း နှင့် သတိမကောင်းခြင်းတို့ကို ဖြစ်စေနိုင်သည်။ ပမာဏများပြားပါက အသက်ပင်သေနိုင်သည်။ထို့ကြောင့် carbon monoxide ကြောင့် ကျန်းမာရေးမထိခိုက်စေလိုလျှင် အောက်ပါအချက်များကို လိုက်နာသင့်သည်။
Radon
Radon သည် Radium ပြိုကွဲခြင်းမှ ထွက်လာသည့် ဓာတ်ရောင်ခြည်တစ်မျိုးဖြစ်ပါသည်။ အိမ်သုံးပစ္စည်များ နှင့် Radium ထွက်သည့် နေရာတွင် နေထိုင်ကြသော အိမ်များတွင်၎င်းကို အဓိကတွေ့ရသည်။ သို့သော် မြန်မာနိုင်ငံတွင် မရှိပါ။ အမေရိက နှင် ဥရောပတွင် နှစ်စဉ် ၎င်း ဓာတ်ငွေ့ကြောင့် လူထောင်ပေါင်းများစွာ အဆုတ်ကင်ဆာ ဖြစ်ကြရသည်။
မြန်မာပြည်ရာသီဥတုသည် နွေရာသီမှအပ ကျန်သည့်အချိန်များတွင် လေထုထဲ၌ ရေခိုးရေငွေ့ များတတ်သည်။ အထူးသဖြင့် အောက်ပြည်အောက်ရွာ ရေငွေ့အင်အားကောင်းသည်။ ရေခိုးရေငွေ့သည် မှိုပေါက်ပွားမှုကို အားပေးသည်။ သစ်သားဖြင့် ပြုလုပ်ထားသောပစ္စည်းများ နှင့် အစားအသောက်များတွင် မှိုတက်စေသည်။ အဆိုပါ မှိုများသည် သာမန်လူတို့တွင် ဘာမှ မဖြစ်စေသော်လည်း ၎င်းတို့မှ ထုတ်လွှတ်လိုက်သော မှိုပွင့်ကလေးများ (spores) သည် ရှူသွင်းသည့်လေနှင့်အတူ အဆုတ်ထဲသို့ ပါသွားတတ်သည်။ အဆိုပါမှိုနှင့် ဓာတ်မတည့်သော သူများတွင် အရေပြားယားယံခြင်း၊ အင်ပြင်ထွက်ခြင်း နှင့် ရင်ကြပ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ အခန်းထဲတွင် အမွှေးပွ အရုပ်များကို ထားတတ်ပါက plastic ဖြင့် စွတ်ထားသင့်သည်။ သို့မဟုတ် မှန်ဘီရိုထဲတွင် ထည့်ထားသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ပေါ်တွင် မှိုပေါက်ရန် နှင့် မှို spore များတင်ကျန်ရန် အလွန်လွယ်ကူသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိမိထံတွင် အထက်ပါ ကဲ့သို့သော ဓာတ်မတည့်သာ လက္ခဏာများ ပေါ်ပေါက်လာပါက မိမိအခန်းထဲတွင် အရုပ်များ၊ အမွှေးပွ ကော်ဇောများ နှင့် အမွှေးပွ စောင်များ ရှိမရှိ အရင်စဉ်းစားသင့်သည်။ ၎င်းတို့ရှိပါက ၎င်းတို့ကို နေထုတ်လှမ်းခြင်း သို့မဟုတ် အခန်းအပြင်တွင် ထားခြင်းများလုပ်သင့်သည်။
VOC ဆိုသည်မှာ အိမ်သုံးပစ္စည်းများမှ ထွက်သော ဓာတ်ငွေ့များဖြစ်ကြပါသည်။ အချို့သော အိမ်သုံး chemical တို့သည် အသုံးပြုပြီးပါက ၎င်းတို့မှ ဓာတ်ငွေ့များ ထုတ်လွှတ်တတ်သည်။ အနည်းနှင့် အများ ကျန်းမာရေးကို ထိခိုက်မှုရှိပါသည်။ အဆိုပါ ပစ္စည်းများမှာ အိမ်သုတ်ဆေး၊ paint thinners၊ ချေးချွတ်ဆေး၊ ပိုးသတ်ဆေး၊ polish တိုက်သောဆေးများ၊ မိတ္တုကူးစက်၊ printer၊ ကော်ရည်၊ ဖျက်ဆေးရည်နှင့် white board maker နှင့် ဓာတ်ပုံဆေး တို့ဖြစ်ကြသည်။ အဆိုပါ ပစ္စည်းများမှ လူ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည့် ဓာတ်ငွေ့များ ထုတ်လွှတ်ပါသည်။ ထို့ကြောင့် ၎င်း တို့ကို တာရှည်အသုံးပြုမည် ဆိုပါက လေ၀င်လေထွက်ကောင်းသော နေရာတွင် အသုံးပြုသင့်ပါသည်။ အဲဒီ ဓာတ်ငွေ့တွေ ကို ရှူလျင် ဘာဖြစ်မလဲဆိုတာတော့ တိတိကျကျ မှတ်တမ်းတင်ထားခြင်း မရှိပေ။ အိမ်သုတ်ဆေးတွေ နဲ့ အမြဲတမ်းထိတွေ့နေတဲ့သူတွေမှာတော့ ဆီးအိမ်ကင်ဆာ ပိုပြီး အဖြစ်များတာတွေ့ရတယ်။ နောက်တစ်ခုကတော့ သွေးကင်ဆာ နှင့် ရိုးတွင်းချင်ဆီ အားနည်းသောရောဂါတွေလည်း ပိုပြီး ဖြစ်တာကို တွေ့ရပါတယ်။ လူတိုင်းဖြစ်မည်ဟု မဆိုလိုပါ။ ထို့ကြောင့် အသုံးပြုမည်ဆိုပါက လေကောင်းလေသန့်သည် အရေးကြီးလှသည်။
ဥရောပ နိုင်ငံများတွင် အဖြစ်များသော်လည်း မြန်မာနိုင်ငံ၌ သိပ်မတွေ့ရသေးသော pollutant များမှာ - Ozone, and Asbestos တို့ ဖြစ်ကြသည်။ ၎င်း တို့အကြောင်းကိုတော့ မဖော်ပြတော့ပါ။
အိမ်အတွင်း၌ အရွက်ကြီးသော အပင်များကို စိုက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုသည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါ အပင်များသည် လူကို အဆိပ်အတောက်ဖြစ်စေသော ဓာတ်ငွေ့များကို စုပ်ယူပေးနိုင်သည်။ ယခုဆိုလျှင် NASA ကပင် လွန်းပျံယာဉ်များအပေါ်၌ ပန်းပင်များထားရန် ပြင်ဆင်နေသည်။
အိမ်တွင်း လေထုညစ်ညမ်းမှုကို ဖြစ်စေသော ဓာတ်ငွေ့များအကြောင်းကို သတိထားမိဖို့ လိုလာပြီဟု ထင်ပါသည်။ ရန်ကုန်မြို့တွင် Outdoor ကော Indoor Air Quality မည်မျှ ရှိသည်ကို အတိအကျ တိုင်းတာထားသည် မရှိပါ။ ကျန်းမာရေးဝန်ကြီးဌာနကလည်း လောလောဆယ်အထိတော့ စိတ်ဝင်စားအုံးမည် မထင်ပါ။ သူတို့ကတော့ လူတွေ တစ်ခုခုဖြစ်လို့ မသေမချင်း သက်သာသလိုနေမည်သာဖြစ်သည်။ အဲဒီတော့ ကိုယ့် ကျန်းမာရေးကို ကိုယ့်ဘာသာကိုယ် ဂရုစိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် ဤ ဆောင်းပါးလေးကို ဖတ်ပြီး မိမိအိမ်၏ indoor air quality ကို မြှင့်တင်ဖို့ စိတ်ကူးမိပါက ကျွန်တော် လက်ညောင်းရကျိုးနပ်မည် ဖြစ်ပါကြောင်း.....။ရန်ကုန်၊ ဒီဇင်ဘာ ၂၆
မီဒီယာများတွင် အသင်းဝင်ဆရာဝန်များနှင့် ပတ်သက်၍ မဟုတ်မမှန်ရေးသားဖော်ပြထားသည့် သတင်းဖော်ပြပါက အသရေ ဖျက်မှုဖြင့် တရားဆွဲဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန်များအသင်း (ရန်ကုန်) ဥက္ကဌ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် က အသိပေးပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဥက္ကဌက ဆက်လက်ပြောကြားရာတွင် နောက်နောင်ထိုကဲ့သို့ သော ကိစ္စရပ်များ ဖြစ်လာပြီး အဖွဲ့အစည်းသို့ အသင်းဝင်များမှ တင်ပြလာသောအခါတွင် မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့်ရော မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့်ပါ ဆရာဝန်များအတွက် ဆောင်ရွက်နိုင်သည့် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ တတ်နိုင်သမျှ ကျန်းမာရေးဝန်ဆောင်မှုကိစ္စဆောင်ရွက်သူ အသင်းဝင်ဆရာဝန်များအားလုံး မိမိဘက်မှ ထိန်းသိမ်းရန် လိုသကဲ့သို့ စည်းကမ်းတကျဆောင်ရွက်ရန်လိုကြောင်း၊ ဖြစ်လာမည့်ကိစ္စများအတွက် ကြိုတင်တွေးဆ ရှောင်ရှားဆောင်ရွက် ရန်လိုကြောင်း၊ တစ်ချိန်တည်းမှာပင် လူနာ၏လုံခြုံမှု၊ မိမိ၏ လုံခြုံမှုကိစ္စများကို ဆောင်ရွက်နိုင်မှသာ အန္တရာယ်ကင်းမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဆရာဝန်မှ မဟုတ် မည်သည့်အဆင့်တွင် ရှိသည့် မြန်မာနိုင်ငံသားတိုင်း မိမိအကြောင်း မီဒီယာများတွင် မဟုတ်မမှန်ရေးသားပါက တရားစွဲဆိုနိုင်သည်မှာ နိုင်ငံသားအခွင့်အရေးပင်ဖြစ်ကြောင်း အထက်တန်း ရှေ့နေတစ်ဦးက ပြောကြားသည်။
Reference
အသားအရေတွန့်ခြင်းကို ဖြစ်စေသော အဓိက အကြောင်းအရာများ
အသားဖြူခြင်း - အသားဖြူပါက နေရောင်ဒဏ်ကို ပိုမိုခံရပြီး အသားတွန့်ခြင်းကို မြန်စေပါသည်။
မျိုးရိုးဗီဇ - အဖေ အမေတို့တွင် အသက်ငယ်ငယ်ကတည်းက အသားအရေ တွန့်တတ်ပါက မိမိတွင် လည်း ထိုသို့ ငယ်ငယ်ကတည်းက အရေတွန့်နိုင်သည်။အ၀တ်အစား - ဦးထုပ် နှင့် လက်ရှည် အင်္ကျီ တို့ကို ၀တ်ဆင်လေ့ရှိသူသည် မ၀တ်သောသူတို့နှင့်ယှဉ်လျှင် နောက်ကျမှ အသားတွန့်ပါသည်။
အလုပ်အကိုင်- နေပူထဲတွင် ကြာကြာအလုပ်လုပ်ရသောသူတို့သည် အသားအရေ တွန့်ခြင်းကို စောစီးစွာ တွေ့ကြုံရသည်။အသားအရေတွန့်ခြင်းကို မည်ကဲ့သို့ ကုသနိုင်သနည်း။
လိမ်းဆေးများVitamin A နှင့် သူ၏ compound များပါဝင်သော လိမ်ဆေးများ လိမ်းလို့ ရပါသည်။ သို့သော် မိမိအရေပြားနှင့် မတည့်ပါက ဓာတ်မတည့်မှုများ ဖြစ်တတ်ပါသည်။ အဆိုပါ ဆေးများ၏ ထိရောက်မှုမှာ မည်သူမှ သေချာပေါက်မပြောနိုင်ပေ။ လူတစ်ဦးနှင့် တစ်ဦးကွာပေလိမ့်မည်။ အခြားတစ်ယောက်တွင် အဆင်ပြေသော်လည်း မိမိနှင့် အဆင်ပြေချင်မှ ပြောပါလိမ့်မည်။
ခွဲစိတ်ခြင်း
တကယ်တော့ Botox ဆိုသည်မှာ ဘက်တီးရီးယားမှ တဆင့် ရရှိသော အဆိပ်တစ်မျိုးဖြစ်ပါသည်။ လူ၏ ကြွက်သားများကို ပျော့စေပါသည်။ ထိုအဆိပ်ကို မိမိအသားအရေတင်းလိုသော နေရာသို့ ထိုးသွင်းရသည်။ နဖူး နှင့် မျက်စိ ၀န်းကျင်နေရာများသည် ကြွက်သားများ အလုပ်လုပ်လွန်သောကြောင့် အသားတွန့်ရသည်။ ထို့ကြောင့် ထိုနေရာများကို အဆိပ်ထိုးထားပါက ကြွက်သားများ လျော့သွားပြီး အသားက ချောသွားသလို ဖြစ်သွားလေသည်။ ထိုဆေးသည် အရေပြားထဲတွင် ၃ လခန့်သာ ခံသောကြောင့် ထပ်ခါထပ်ခါထိုးရန် လိုအပ်ပါသည်။
Face Lift ကို ဆေးပညာအရ rhytidectomy ဟု ခေါ်ပါသည်။ မိမိ၏ မျက်နှာ အပေါ်ယံအရေပြားကို ဆွဲခွာလိုက်ပြီးနောက် မလိုသည်များကို ဖယ်၊ လိုချင်တာကို နည်းမျိုးစုံဖြင့် ပုံပြန်သွင်းပြီး မျက်နှာကို နုပျိုသကဲ့သို့ ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်ပါသည်။ တစ်ခါခွဲပြီးပါက ၅ နှစ်မှ ၁၀ အထိ ခံပါသည်။ ခွဲပြီးပါက မျက်နှာသည် ခွဲစိတ်သည့်ဒဏ်ကြောင့် ဖူးယောင်နေတတ်ပြီး ရက်သတပတ် အနည်းငယ်ကြာမှ နဂိုအတိုင်း ပြန်ဖြစ်လာမည် ဖြစ်သည်။အသားအရေတွန့်ခြင်းကို ကာကွယ်ခြင်း
အသက်တွေ ကြီးမလာအောင် ကျွန်တော်တို့ လုပ်လို့ မရသေးပါ။ လူတိုင်းလူတိုင်းတော့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသားအရေတွန့်မည်သာဖြစ်သည်။ သို့သော် အောက်ပါ အချက်များကို လိုက်နာခြင်းဖြင့် အချိန်မတန်မီ အသားအရေတွန့်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။တုတ်ကွေးရောဂါကို အိမ်တွင်း ပြုစုနည်းကို ရေးသားလို့ ပြီးစီးသွားပါပြီ။ မူရင်းစာအုပ်ကတော့ CDC ( American Center of Disease Control) ကထုတ်ဝေတဲ့flu home care guide စာအုပ်ဖြစ်ပါတယ်။ မြန်မာဘာသာဖြင့် လူတိုင်း ဖတ်လို့ရအောင် ရေးသားထားပါတယ်။ စာအုပ်ကို အောက်ပါ link မှတဆင့် လွတ်လပ်စွာ download လုပ်လို့ ရပါတယ်။