Wednesday, September 15, 2010

Virginity အပျို တကယ်စစ်ပါတယ်

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၄)

ဆရာရေးတဲ့ (လူပျိုဖြစ်ပြီ) မှာ ရေးထားတဲ့ နို့သီးဝိုင်းဟာ ပန်းရောင်၊ အညိုရောင် မတူကြဘူး။ အပျိုစစ် နေသ၍ (ကိုယ်ဝန် မဆောင်ဘူးသေးချိန်အထိ) ထိပ်ဖျားမှာ ပန်းရောင်လေး ရှိနေရမယ်။ အဲဒါ မိန်းကလေး အကုန်လုံးကို ပြောတာပါလား။ ထိပ်ဖျားမှာ ပန်းရောင်မရှိတဲ့ မိန်းမတိုင်းဟာ အပျို မစစ်တာလား ဆရာ။ အညိုဖြစ်နေရင် အပျိုမဟုတ်တော့ဘူးလား။ အဲဒါလေး သေချာအောင် သိချင်လို့ပါ။

ရင်သား အရောင်ကို ပြောရင် နှစ်နေရာမှာ ပြောဘို့ လိုတယ်။ Areola အရောင်ရင့်အ၀ိုင်း နဲ့ Nipple ထိပ်ဖျား။ နှစ်ခုလုံးက Virginity အပျိုရည်နဲ့ ဘယ်လို ဆက်စပ်သလဲ။ အပျိုစစ်တယ်ဆိုတာ ဘာလဲ။

ခန္ခာဗေဒက “In the virgin the areola is of a delicate rosy hue” လို့ ဆိုပါတယ်။ ဘာသာပြန်ရင် “အပျိုဘ၀မှာ နို့အလည်ဝိုင်း Areola ဟာ နှင်းဆီသွေး အရောင်ရှိတယ်” လို့ ပြောတာပါ။ ကိုယ်ဝန် ၂ လရှိတာနဲ့ အရောင်က ရင့်လာပြီး၊ Dark brown or even black color ညိုမဲမဲကနေ အနက်ရောင်အထိ ဖြစ်တယ်။ ကလေး နို့ဖြတ်ချိန် နောက်ပိုင်းမှာ အရောင် ပြန်လျှော့ ကျလာတယ်။ ဒီလို အရောင်အပြောင်းအလဲဟာ ပဌမဆုံး-ကိုယ်ဝန် ရှိတယ်-ရှိဘူးတယ် ဆိုတာကို ဆုံးဖြတ်ရာမှာ အသုံးဝင်ပါတယ်။

အပျိုစစ်စစ်ရော လူပျိုစစ်စစ်ပါ Virgin လို့ဘဲ ခေါ်တယ်။ အဓိပ္ပါယ် ဖွင့်တာ မတူကြပါ။ အများစုကတော့ “မိန်းကလေး တယောက် သူ့ဘ၀မှာ ပဌမဆုံးအကြိမ် မိန်းမအင်္ဂါ (ဗဂျိုင်းနား) ထဲကို ကျားအင်္ဂါ (လိင်တံ) ထိုးသွင်းပြီး၊ လိင်ဆက်ဆံတာ တွေ့ကြုံဘူးလိုက်တာနဲ့၊ အပျို မစစ်တော့ဘူး။” “ယောက်ျားလည်း အဲလို အတွေ့အကြုံရှိဘူးတာနဲ့ လူပျို မစစ်တော့ဘူး။” လို့ နားလည်၊ လက်ခံထားကြတယ်။ (လိင်တူ-ဆက်ဆံတာကို ဒီနေရာမှာ ချန်ထားပါရစေ။)

ဘယ်လို ခေါ်ခေါ်ပါ၊ အခြေအနေ အမျိုးပေါင်း များစွာ ဖြစ်နေနိုင်တယ်။ အပျိုစစ်စစ်၊ လိင်ဆက်ဆံဘူးပေမဲ့ အိမ်ထောင် မကျသေးသူ၊ လိင်ဆက်ဆံတာ များလှပေမဲ့ ကိုယ်ဝန်မရဘူးသူ၊ ကလေး မမွေးဘူးသူ၊ ကိုယ်ဝန်ရှိလို့ ပျက်-ဖျက်ဘူးပြီး၊ အိမ်ထောင်မရှိ၊ ကလေးမရှိသူ၊ ဗမာတွေက တခုလပ်၊ တလင်ကွာ၊ မုဆိုးမ ခေါ်ကြပေမဲ့ သူများဆီမှာ ယောက်ျား မရှိရင်လဲ (ဆင်ဂယ်လ်) ဘဲ၊ ယောက်ျား မယူဘဲ ကလေးရသူကို (ဆင်ဂယ်လ်-မားသား)။ အအိုပေမဲ့ ပျိုအောင် လုပ်ထားသူဆိုတာ ကလေးမွေးပြီး မ-အင်္ဂါကို ခွဲစိတ် ပြုပြင်ထားသူ၊ အပျိုမြှေး အသစ်ပြုပြင်ထားသူ၊ ဒါ့အပြင်လဲ ရှိချင် ရှိအုံးမယ်။

Virginity ပျက်ယွင်းတာကို ဆေးပညာအရ စစ်လို့ ရနိုင်ပါတယ်။ Rape အဓမ္မပြုကျင့်လို့ ရာဇ၀တ်မှု ဖြစ်ရင် ဆရာဝန်ဆီ ခေါ်လာရတယ်။ ဆေးစစ်ရာမှာ (၁) Rape အထမြောက်-မမြောက်၊ ယောက်ျား သုတ်ပိုး ပေကျန်နေတာ လိုက်ရှာပြီး၊ ဓါတ်ခွဲအတည်ြ့ပုချက် ယူပေးရတယ်။ (၂) အသက်ငယ်ရင် အသက် ပြည့်-မပြည့်ပါ စစ်ရသေးတယ်။ (၃) ထိခိုက် ဒဏ်ရာတွေ ရှိ-မရှိ ကြည့်ရတယ်။ (၄) တကယ်လို့ ခံရသူဟာ အပျိုဖြစ်ခဲ့ရင် အပျိုရည် ပျက်တဲ့ အချက်ပါ ကြည့်ရတယ်။

လိင်ဆက်ဆံဘူးတာနဲ့ ရင်သားအရောင် မပြောင်းလဲသေးပါ။ ရာသီဖြစ်စဉ်က ရင်သားကို တစုံတရာ သက်ရောက်စေတယ်။ တင်းတာ၊ နာတာမျိုး ဖြစ်တတ်တယ်။ အသက်ရလာရင် အ၀ိုင်းရော ထိပ်ဖျားပါ အရောင် ရင့်လာတယ်။ ကိုယ်ဝန်ရှိတယ် ဆိုတာနဲ့ ပြောင်းလဲတာတွေ တလှေကြီးထဲမယ် ရင်သား ပြောင်းလဲတာလဲ ပါတယ်။ ရင်သား ထိပ်ဝိုင်း အရောင် ရင့်လာပြီး၊ နို့သီး-ထိပ်ဖျားက အရောင်လဲ ပြောင်းတယ်။ “အသားအရောင် ဖြူဖြူ၊ ညိုညို၊ နို့သီး-ထိပ်ဖျား အလည်လောက်မှာ ပန်းရောင် စက်ကလေး ရှိနေရင် ကိုယ်ဝန် မဆောင်ဘူးသေးသူ” လို့ ပြောနိုင်ပေမဲ့၊ ပန်းရောင် မတွေ့ရရင် အပျို မဟုတ်ဘူးလို့ အရင်ထုတ် ဆေးစာအုပ်တွေက ဆိုပေမဲ့ ရာနှုန်းပြည့် မမှန်ပါဘူးတဲ့။

ယောက်ျားတွေမှာ အသက်ကြီးလာလို့ ဟော်မုန်း အချိုးအစား ပြောင်းချိန်မှာ နို့အုံက မိန်းမတွေလို ကြီးလာရင် Gynecomastia လို့ ခေါ်တယ်။ Testosterone ဟော်မုန်း နည်းလာလို့ပါ။

“နို့” ဟာ Mammals နို့တိုက်သတ္တ၀ါ အထီးမှာ ပါတယ် ဆိုယုံသာ မြင်ရပြီး၊ အမမှာတော့ သိသိသာသာ၊ ထူးထူးခြားခြား၊ မရှိမဖြစ် အသုံးဝင်လှတဲ့ မျိုးပွားခြင်းဆိုင်ရာ အင်္ဂါတခု ဖြစ်ပါတယ်။ Breasts ကို Mammary Gland လို့ခေါ်တာက Milk နို့ရည် ထုတ်ပေးတဲ့ အိတ်လို့ ပြောတာပါ။ ဘယ်လောက် လေးတယ်၊ တင်းတယ်၊ ပြော့တယ်၊ ဘယ်ပုံပန်း ရှိတယ်ဆိုတာ အတော်ကြီး မတူကြပါ။ အစက ကမ္ဘာလုံးခြမ်း လိုရှိရာကနေ ကြာရင် ခေါင်လောင်းပုံ ဖြစ်လာတယ်။ ကိုယ်ဝန်ဆောင်ရင် သိသိသာသာ ပိုကြီးပြီး၊ ကလေး နို့တိုက်နေချိန်မှာ အကြီးဆုံး။ များသောအားဖြင့် ဘယ်ဘက်က ပိုကြီးတယ် ဆိုတာကို ဆေးပညာကရော အရပ်စကားပါ ထပ်တူကြတယ်။ နို့အင်္ဂါဟာ လုံးဝန်းတယ် ဆိုပေမဲ့ တိတိကျကျ ပြောရင် အထက်-ဘေးဘက်၊ ချိုင်းဘက်ဆီ နဲနဲ ပိုရှည်ထွက်နေတယ်။ ဆေးစာမှာ Tail of breast အမြီးလို့ ခေါ်တယ်။

Nipple နို့သီးမှာ ပြွန်ပေါက်လေးတွေ ၁၅-၂၀ ရှိတယ်။ Nipple piercing လုပ်ရင် အဲဒါတွေ ပျက်စီးစေတယ်။ Nipple ဟာ ဆလင်ဒါပုံ၊ ကတော့ပုံနဲ့၊ ၁၀ မီလီမီတာ မြင့်တယ်။ သူ့ကို ဆွပေးရင် သန်မာမှု Erection ဖြစ်နိုင်တယ်။ နို့သီးထိပ်ကို ဆွလို့ သန်မာမှု ဖြစ်ရတာက Erectile tissue ကြောင့် မဟုတ်ပါ။ ကြွက်သားနု Smooth muscle ကြောင့် ဖြစ်ရတာပါ။ ကြက်သီး-မွေးညင်းထတာမျိုး၊ ရာသီဥတု အေးရင် ဖြစ်ရတာမျိုးလိုပါဘဲ။ လိင်စိတ်ကြောင့်လည်း ဖြစ်ပါတယ်။ မင်းသမီးကို အဲဒီ နေရာကို ရေခဲ အကပ်ခိုင်းပြီး ချစ်ခန်း-ကြိုက်ခန်း ရိုက်ရတယ်။ နို့စို့နေရင်လည်း ဖြစ်တယ်။ ဒီနှစ်မျိုးလုံးက Oxytocin ဟော်မုန်းကြောင့်ပါ။ တချို့မှာ ဒီလို ဆွပေးတာနဲ့ဘဲ Orgasm လိင်စိတ်ပြည့်ဝခြင်း ဖြစ်နိုင်တယ်လို့ ပြောတယ်။

နို့သီးအခြေ အရောင်အရင့် အ၀ိုင်းကို Areola ခေါ်တယ်။ သူ့အပေါ်မှာ တခြားနေရာက ချွေးထွက် အိတ်တွေထက် ပိုကြီးတဲ့ အိတ်လေးတွေရှိပြီး၊ အဆီထုတ်ပေးတာမို့ ကလေးနို့စိုနေတုံး အကာကွယ် ပေးရာကျတယ်။ Nipple က Pink ပန်းရောင် ဒါမှမဟုတ် Brownish hue ခပ်ညိုညို အရောင် ဖြစ်တယ်။ ပန်းရောင်က ပိုလှတယ် ပြောရင် "မဟူရာ" မလေးတွေက ကလောတယ်။ "ပန်းရောင်ဘဲ ကြိုက်ရင် ၀က်မကြီးဆီ သွားပါလား" တဲ့။

(အေရီယိုလာ) က အရောင် မတူကြသလို အရွယ်အစား သာမက ပုံပန်းလဲ မတူကြပါ။ အများဆုံးက စက်ဝိုင်းလို ရှိကြပေမဲ့ Elliptical ဘဲဥပုံလည်း ရှိသေးတယ်။ ယောက်ျားတွေမှာ အချင်း ၁ လက္မရှိကြပြီး၊ မိန်းမတွေက ၁့၂ ကနေ ၄ လက္မအထိ ရှိကြတယ်။ ဒီအ၀ိုင်းက ဘာလို့ပါတာလဲကို မှန်းပြောတခုရှိတယ်။ နို့ဆာတဲ့ကလေး ရှာရတာ လွယ်အောင်တဲ့။ မဟုတ်နိုင်ပါ။ ကလေးဆိုတာ မွေးကတည်းက သူ့ပါးကလေးကို တခုခုနဲ့ ထိလိုက်တာနဲ့ နို့မှတ်ပြီး၊ ခေါင်း လှည့်လာမယ်။ နို့ရှာရာမှာ မျက်စိ မလိုပါ။

ကိုယ်ဝန် မဆောင်ဘူးသူ တချို့မှာ Breast နဲ့ Areola အရောင် အတော်နီးစပ်အောင် တူနေတတ်တယ်။ အိမ်ထောင်ရှိပေမဲ့ ကိုယ်ဝန်မဆောင်ဘူးသူနဲ့ အပျိုဘ၀မှာ အခန့်မသင့်လို့ မှားယွင်းမိတာမို့ ဖျက်ဆေးသောက်ရသူတို့ ရင်သား အရောင် မတူကြပါ။ သူငယ်ချင်းတွေ ပြောကြ-ငြင်းကြတာတခု ရှိတယ်။ မိန်းကလေး တယောက်မှာ နှုတ်ခမ်း အရောင်နဲ့ နို့သီးဖျား အရောင်က တူကြသတဲ့။ “မရွှေတိကျ” က လာသေးတယ်၊ အပေါ် နုတ်ခမ်း အရောင်နဲ့သာ တူတာပါတဲ့။

မွေးကာစ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် နို့ရည်ထွတ်တာ မ-ဟော်မုန်း သတ္ထိအရ ဖြစ်တယ်။ နို့ဆိုတာ ၂ ခုထဲလို့ သိကြပေမဲ့၊ တချို့မှာ ၂ ခုမက ရှိတတ်တယ်။ ဗိုက်ထဲ နေတုံးကတည်းက ရှိခဲ့တာပါ။ မင်းသား Mark Wahlberg တီဗွီ တင်ဆက်သူ Lily Allen အဲလီဇဗက် (၁) ရဲ့မယ်တော် Anne Boleyn တို့မှာ တတိယနို့ ရှိကြတယ်။ ဂျမ်းစ်-ဘွန်း ရုပ်ရှင် “ရွှေသနတ်နဲ့လူ” ထဲက လူဆိုးဆရာကြီး Francisco Scaramanga မှာလည်း အဲလို အပိုရှိတာကို ပြသေးတယ်။

လမ်းလျှောက်ရင်း၊ ပြေးရင်းကနေဖြစ်တဲ့ အခြေအနေတခုကို Jogger's nipple လို့ ခေါ်တယ်။ နို့သီးအဖျား နာ၊ ခြောက်၊ အနေရခက်၊ သွေးထွက်တာမျိုး ပြောတာပါ။ ၀တ်ထားတဲ့ အ၀တ်အစားနဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်ရတယ်။ ဒါ့ကြောင့် အတွင်းခံ မပါဘဲ ပြေးပါတဲ့။ ရှက်တတ်ရင်တော့ တထပ်ထဲ ခပ်ချောင်ချောင်သာ ၀တ်ပါတဲ့။ မြင်ကြရင်လဲ ကျန်းမာရေးအရ ၀တ်ကြတာလို့ သိထားလိုက်ပေါ့။

ယဉ်ကျေးမှု မတူရင် တန်ဘိုးထားမှု ကွဲပြားတယ်။ အံ့သြရလောက်အောက် မတူတာတွေ ရှိတယ်။ ဟောလိဝုဒ် ရုပ်ရှင် တခုမှာ အသက် ၁၈ နှစ်လဲ ပြည့်ပြီ၊ ကောလိပ် သွားရတော့မယ်၊ Virgin ဘ၀နဲ့ မသွားချင်ဘူးလို့ မင်းသမီးလေးကို အပြောခိုင်းတယ်။ သူ့စရိုက်နဲ့သူ ကိုက်ပါတယ်။ သတို့သမီးကို စစ်သလား ဘယ်သူကမှ မမေးဘူး။ တထောင့်တည ပုံပြင် တခုထဲမှာ သမီးရဲ့ မင်္ဂလာဦးမှာ ဖအေလုပ်သူက အော်တဲ့အသံကို နားစွန့်နေသတဲ့။ မအေက မနက်ကျရင် အိပ်ရာခင်း သွေးစွန်းတာ လိုက်ရှာသတဲ့။ သူများတွေ လက်ညှိုးထိုးမနေနဲ့ ပုဂံခေတ်မှာ ပန်းဦးလွှတ်ထာ မလုပ် မနေရတဲ့။

ယောက်ျားနဲ့ ပဌမဆုံး ဆက်ဆံချိန်မှာ သွေးထွက်တာဖြစ်ရင် အပျိုစစ်တယ်။ သွေးမထွက်ရင် အပျိုမဟုတ်ဘူးလို့ မပြောဘဲ အပျိုမြှေး မရှိသူဖြစ်တယ်လို့ ပြောလာကြတယ်။ အဲဒီသွေးက အပျိုမြှေး စုတ်ပြဲသွားလို့ ထွက်တာကိုး။ တခြားကြောင့် သွေးထွက်တာတွေလဲ ရှိပါတယ်။ Endometritis, Yeast, Infections, Cervical Dysplasia, Vaginitis, Cervical Polyps, Chlamydia, Gonorrhea & other STDs ရောဂါတခုခု ရှိနေရင်လဲ သွေးထွက်နိုင်တယ်။ လိင်ဆက်ဆံလို့ မဟုတ်ဘဲ အပျိုမြှေး စုတ်ပြဲစေနိုင်တဲ့ အကြောင်းတွေလဲ ရှိတယ်။ စက်ဘီးစီး၊ မြင်းစီး၊ ထိခိုက်ဒဏ်ရာရ၊ (မာစတာဘေးရှင်း) လုပ်၊ ဆေးစစ်တုံးက ကရိယာထည့်လို့။

အပျိုစစ် လက္ခဏာဆိုတာတွေကို ဆေးပညာအရ ပြောပါဆိုရင် -
• ရင်သား၊ တင်းနေမယ်၊ လုံးဝန်းပြီး ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နို့သီးထိပ်က မာတင်းတင်း၊ အောက်ခြေ အ၀ိုင်းက ပင်ကိုယ်အသားအရောင် လိုက်ပြီး ပန်းရောင်ကနေ ညိုမဲမဲနေမယ်၊ နိုးသီးအဖျားမှာ ပန်းရောင်အစက်ရှိမယ်၊
• မိန်းမကိုယ် အပြင်နုတ်ခမ်းသား လုံးဝန်းပြီး၊ ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နုတ်ခမ်းသား နှစ်ဖက် ထိကပ်နေမယ်၊ အတွင်းနုတ်ခမ်းသား နဲ့ မ-အစိတွေကို လုံးဝ ဖုံးအုပ်နေမယ်၊
• မိန်းမကိုယ် အတွင်း-နုတ်ခမ်းသား ပန်းရောင်ရှိမယ်၊ ထိရင် သိလွန်းတယ်၊
• မ-အစိ Clitoris သေးငယ်တယ်၊
• အတွင်း-နုတ်ခမ်းသားနှစ်ခုကို ဘေးဖယ်ကား ကြည့်တဲ့အခါ မြင်နိုင်တဲ့နေရာ Vestibule ကျဉ်းတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာ Fourchette အကောင်းပကတိ ရှိနေတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာရဲ့ဆုံချက် Posterior commissure အကောင်းပကတိ ရှိနေတယ်၊
• ဗဂျိုင်းနား Vagina ကျဉ်းတယ်၊
• ဗဂျိုင်းနားကို ဖုံးထားတဲ့အလွှာ အရောင်က နီတယ်၊ ထိရင် သိလွန်းတယ်၊ ဘေးနှစ်ဖက် ထိကပ်နေတယ်၊
• အပျိုမြှေး Hymen အကောင်း ပကတိ ရှိနေတယ်၊ လက်ချောင်း တချောင်းစာထက် ပိုမဆံ့ဘူး၊ နုတ်ခမ်းသားက စုတ်ပြဲသလို မဟုတ်ရဘူး၊ တိတိကျကျ ဖြစ်နေရမယ်။

ဆရာဝန်ပြောတာထက် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်ကြမှာပါ။

Dr. တင့်ဆွေ
၁၅-၉-၂၀၁၀

42 comments:

  1. ဆရာ
    ဒီ post နဲ့မဆိုင်ပေမဲ့ ကျွန်မမေးခွန်တစ်ခုလောက် မေးချင်လို့ပါ။
    ကျွန်မ အမျိုးသားနဲ့ အိမ်ထောင်စကျကတည်းက ကျွန်မ ရဲ့အဂါင်္နားကတင်ပါးပေါ်မှ အနာလိုမျိုးဖြစ်လာပါတယ်ဆရာ။
    လိမ်းလိုက်ရင်ပျောက်သွားပေးမဲ့ နောက်တစ်လ ရာသီလခါနီးဆိုပြန်ပြန်ဖြစ်ပါတယ်။အဖုသေးသေးလေးဖြစ်လာပီ။ဆေးမလိမ်းရင် ပွားလာပါတယ်။ယားလည်းယားပါတယ်ဆရာ။ကျွန်မ ကူးစက်ရောဂါ တစ်ခုခုများဖြစ်နေပါသလား။ဘယ်လိုဆေးမျိုးကုသုံးသင့်ပါသလဲ။။။ဆရာဝန် သွားပြလည်း လိမ်းဆေးပဲပါတယ်။ဒါပေမဲ့ ပြန်ပြန်ဖြစ်ပါတယ်ဆရာ။ကျေးဇူးပြုပီ ဖြေပါပါနော်။

    ReplyDelete
  2. Dear မွမ်း
    အနာနေရာ ပြောပြတာ တမျိုးဖြစ်နေတယ်။ အင်္ဂါနားဆိုရင် ပေါင်ခြံဖြစ်မှာပေါ့။ တင်ပါးဆိုရင် နောက်ဖက်ကို ပြောတာ။ လိမ်းရတဲ့ဆေးက ဘယ်လို ဆေးလဲ။ ဘယ်လောက် ကြာသွားပြီလဲ။ အနာပုံစံကကော နီသလား၊ ဖေါင်းနေသလား။ ယားနာ၊ ပွေး၊ ပွါးတယ်ဆိုတာ တခုပြီးတခု ထွက်တာလား၊ ကျယ်ပြန့် လာတာလား။ ကူးစက်ရောဂါ တခုခုကတော့ ဟုတ်နိုင်တယ်။ STD ဟုတ်-မဟုတ် မပြောနိုင်သေးဘူး။ ခင်ပွန်းမှာကော အဲလိုနေရာ ပါတ်ဝန်းကျင်မှာ ဘာဖြစ်သေးလဲ။

    ReplyDelete
  3. ယောက်ကျားမရှိတော.ပဲ နဲ. လိင်ဆက်ဆံမှု မရှိတော.တဲ. သူတွေဟာ မိန်းမအင်ဂါ အပျိုအတိုင်းပြန်ဖြစ်တယ်ဆိုတာ ဟုတ်လားဆရာ

    ReplyDelete
  4. ယောက်ကျားမရှိတော.ပဲ နဲ. လိင်ဆက်ဆံမှု မရှိတော.တဲ. သူတွေဟာ မိန်းမအင်ဂါ အပျိုအတိုင်းပြန်ဖြစ်တယ်ဆိုတာ ဟုတ်လားဆရာ

    ReplyDelete
  5. “မ-အင်္ဂါ အပျိုအတိုင်း” ဆိုတာကို ဘယ်လို နားလည်သလဲ၊ ဘယ်လို လက်ခံသလဲ။ အရင်က ဆက်ဆံဘူးမှတော့ Medical Anatomy ဆေးပညာအရရော Forensic science မှုခင်းအရပါ အပျိုလို့ မပြောနိုင်တော့ပါ။ Society and Culture လူမှုရေးပိုင်းမှာတော့ “မအိုသေးတဲ့သူ အပျိုလေးနဲ့တူ” ဆိုတာကို လက်ခံကြပါတယ်။

    “ပြန်ဖြစ်တယ်” ဆိုတာ ခန္ဓာဗေဒပိုင်းနဲ့ စိတ်ပိုင်း နှစ်မျိုးမှာ သက်ရောက်မှု ရှိနိုင်တာတော့ အမှန်ပါ။ အပျိုစစ် လက္ခဏာတွေ ထဲက တချို့အပိုင်းတွေ ပြန်အားကောင်းလာစေနိုင်တယ်။ ဥပမာ (ဗဂျိုင်းနား) နံရံတွေဟာ အထဲကို လိင်အင်္ဂါဖြစ်ဖြစ် Toy ဖြစ်ဖြစ် ထိုးသွင်းတာ မလုပ်တာ ကြာရင် ကျဉ်းလာမယ်။ နောက်ပြီး Vagina မွေးလမ်းကြောင်း၊ Uterus သားအိမ်၊ Bladder ဆီးအိမ်၊ Rectum အစာဟောင်းအိမ်တွေကို ခုခံ၊ ပင့်တင်ပေးနေတဲ့ ကြွက်သားတွေနဲ့ အရွတ်ပြားတွေ ပြန်ပြီး အားကောင်း လာနိုင်တယ်။ Pelvic floor exercise လေ့ကျင့်ခန်း လုပ်သူဆိုရင် နဂိုအနေ လောက်အထိ ပြန်ရှိလာနိုင်တယ်။

    အိမ်ထောင်သည်များ တဦးနဲ့တဦး မဆက်ဆံတာကြာရင် အထူးသဖြင့် အသက်ရလာတဲ့ အမျိုးသမီးတွေမှာ ပြန်ပြီး ဆက်ဆံတဲ့အခါ နာကျင်တဲ့အထိ သူ့လမ်းကြောင်းက ကျဉ်းနေတတ်တယ်။ တကယ် အပျိုရည် ပျက်ခဲ့တုံးကလိုမျိုး ပြန်ဖြစ်တယ်လို့ ပြောရင် မမှားတန်ရာဘူး။

    စိတ်ပိုင်းကလဲ နုပျိုမှု ဖြစ်စေနိုင်ပါတယ်။ “ငါ အပျိုမှ မဟုတ်တော့တာဘဲ” လို့ သဘောထားသူနဲ့ မထားသူ မတူကြပါ။

    DTS
    18-9-2010

    ReplyDelete
  6. အနာက စထွက်လာရင်နီနီသေးသေးလေးပါဆရာ။.ဆေးမလိမ်းရင်တော့ အကွက်အကွက်တွေဖြစ်ပီ.ပွားလာပါတယ်။ဆေးက antifungal,antibacteria ပျောက်တယ်ဆိုတဲ့.
    Sigmadam ပါဆရာ။။ကျွန်မက ဖြစ်နေတဲ့နေရာကိုသိပ်မပြောတတ်လို့ပါ။ခုလိုပြန်ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  7. Pelvis floor exercise အကြောင်းသိချင်ပါတယ်ဆရာ ။ ဘယ်လိုလုပ်ရတယ် ဆိုတာ အသေးစိတ်ပြောပြပေးပါ ဆရာ။

    ReplyDelete
  8. တစ်ခုလောက်မေးချင်ပါတယ် ဆရာ၊ပထမဆုံး ကိုယ်ဝန်ရှိတယ်ဆိုရင် ဘာလက္ခဏတွေပြလဲ ဆရာ။
    ပြီးတော့ ရာသီပေါ်ချိန်မှာ မပေါ်ပဲ ၁၅ ရက်လောက်နောက်ကျရင် ရော ကိုယ်ဝန်ရှိတာလား ဆရာ?တကယ်လို့ ကိုယ်ဝန်ရှိ တယ် ဆိုရင်ရော ရိုးရိုးဆရာဝန် နဲ့ ပြရင်သိနိုင်ပါသလား ဆရာ?

    ReplyDelete
  9. To nay:
    Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာများ
    ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ်ပြဿနာပေးခြင်း၊ အားယုတ်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်း၊ ယခင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမည်။ အနေအထိုင် ခက်ခဲလာမည်။ အရေပြား ပြောင်းလဲမှုများရှိမည်၊ သွင်ပြင် လက္ခဏာများ နှင့် စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာသည်။

    ReplyDelete
  10. အပျိုတကယ်စစ်ပါတယ်ကို ဖတ်ပြီးတော့ သမီးတို့ မသိသေးတာတွေတောင်ပါလို့ ဗဟုသုတ ရပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာ။ လူပျိုတကယ်စစ်ပါတယ် ဆိုတာလဲ ဖတ်ချင်ပါတယ် ဆရာ။ လူပျို စစ် မစစ်ကရော ဘယ်လို သိနိုင်လဲ ဖြေပေးပါနော်။

    ReplyDelete
  11. Morning sickness အကြောင်းရှင်းပြပေးတာ ကျေးဇူးပါ ဆရာ။ကျွန်မက ကိုယ့်ဟာကိုယ် ကိုယ်ဝန်ရှိမှန်း မသိတော့ ပုံမှန်လေ့ကျင့်ခန်း ကစားလိုက်တာ ကိုယ်ဝန်ပျက်သလို ဖြစ်သွားတယ် ဆရာ။ဒါနဲ့ ဆေးခန်း သွားတော့ ဆရာဝန်က ကိုယ်ဝန်က ၁လလောက်ပဲ ရှိသေးတယ် ပြောပြီး ဆေး ၃ လုံးသောက်ခိုင်းတယ်။နောက်တစ်နာရီကြာတော့ Vacuum aspiration ခေါ်မလားပဲ လေဟာနယ်နည်း သုံးလိုက်တယ် ထင်တယ်။အချိန်က ၁၀ မိနစ်လောက်ပဲကြာတယ်။နောက်တစ်ပတ် ပြန်လာဖို့ လည်း ရက်ချိန်း ပေးလိုက်တယ်။ဖြစ်ချင်တော့ အမျိုးသားက Oversea သွားရတယ်။ခုထိ ဆေးခန်းမသွားဖြစ်သေးဘူး။ကျွန်မကလည်း သူများနိုင်ငံ မှာနေတာဆိုတော့ Taxi ကို နေရာပြောပြပြီး မငှားတက်ဘူး ဖြစ်နေတယ်။အဲဒါ အန္တရာယ်ရှိ နိုင်လား ဆရာ။နောက်ထပ် ကလေးယူမယ်ဆိုရင်ရော ဘာ effect တွေ ဖြစ်လာနိုင်သလဲ ဆရာ။ဆေးခန်းက ပေးလိုက်တဲ့ ပိုးသတ်ဆေးကတော့ အကုန်သောက်ပြီးပြီ ဆရာ။ဒါပေမယ့် တစ်ခါတစ်လေ သားအိမ်ရှိတဲ့ နေရာက နာတယ်လို ခံစားနေရလို့ အန္တရာယ်များ ရှိနိုင်လား ဆရာ။ပြီးတော့ Vacuum Aspiration နည်းသုံးလိုက်လို့ 
    သားအိမ်ကရော အရင်လို မဟုတ်တော့ပဲ ပျက်ယွင်းသွားပြီလား ဆရာ။

    ReplyDelete
  12. Vacuum aspiration နည်းနဲ့ ကိုယ်ဝန်ကို ဖျက်-ရှင်းနည်းက စိတ်ချရပါတယ်။ သားအိမ်ကို မထိခိုက်စေတတ်ပါ။ နောက်ကလေးယူလဲ ဖြစ်တယ်။ ကောင်းတာက ကိုယ်ဝန် ချက်ချင်း ဆက်မယူသင့်သေးပါ။ Follow up ခေါ်တာက သားအိမ်အခြေအနေကို ပြန်စစ်ဘို့ပါ။ နောက်ဆိုရင် သတိထားပေါ့။

    ReplyDelete
  13. ဆရာ အဖြေကိုကြားရမှပဲ စိတ်အေးတော့တယ်။ကလေးကတော့ နောက်တစ်နှစ် လောက်နေမှ ယူတော့မယ်။နောက်တစ်ခါဆိုရင်တော့ သေသေချာချာ ဂရုစိုက်ဖို့ သင်ခန်းစာ ကောင်းကောင်းရလိုက်တယ်။ခုလို မအားတဲ့ ကြားက ပြန်ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

    ReplyDelete
  14. ဆရာရှင့် -မနေ့ က ကျွန်မ ဆေးခန်းမှာ သားအိမ်ကို ပြန်စစ်ပါတယ်။ကျွန်မပြတဲ့ ဆရာဝန်က အားလုံး normal လို့ ပြောပါတယ်။ဒါပေမယ့် ကျွန်မစိတ်ထဲ ဘဝင်မကျဖြစ်မိတာက ခုရက်ပိုင်း အဖြူတွေ အရမ်းဆင်းနေတာပါ။ပုံမှန်လိုမဟုတ်ပဲ အဖြူရောင် အဖတ်တွေပါပြီး vagina ကလည်း irritation သဘောမျိုးခံစားနေရပါတယ်။ဆီးလမ်းကြောင်းများ ပိုးဝင်သလားမေးကြည့်တော့လည်းအားလုံး normal ပဲပြောနေပါတယ်။ဒါနဲ့ မြန်မာဆရာဝန် စုံစမ်းတော့လည်း ဒီမှာ OG ဆရာဝန်က မရှိဘူးလို့ ပြောနေကြတယ်။အဲဒါ ဘာရောဂါများဖြစ်နိုင်မလဲ ဆရာ။ဘာဆေးတွေများ သောက်သင့်သလဲ ဆရာ။ ကျေးဇူးပြုပြီး ဖြေပေးပါအုံးနော်။

    ReplyDelete
  15. To nay said...
    ပိုးဝင်နေတာ ဟုတ်ပါမယ်။ Leucorrhoea, Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း၊ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၅) ကိုဖတ်ပါ။ အဲဒီထဲက တခုခုနဲ့ တူနေရင် ညွှန်းတဲ့ဆေး သောက်ပါ။ လိုအပ်ရင် Vaginal tablet ထည့်ပါ။ ပျောက်ပါလိမ့်မယ်။ ၁ ပါတ် မကြာပါ။ လိုရင် Email နဲ့ တိုက်ရိုက် မေးပါ။
    ၂၀-၁၀-၂၀၁၀
    drswe01@gmail.com

    ReplyDelete
  16. To ပွင့်ဖတ်ဖြူလေး လာတော့မယ်၊ မကြာဘူး

    ReplyDelete
  17. ဆရာရှင့် - ကျွန်မနိုင်ငံခြားမှာ နေပါတယ်။သွေးဝမ်းသွားနေတာ နှစ်ရက်လောက်ရှိနေပြီ။ဘာရောဂါများဖြစ်နိုင်ပါသလဲ?ဘယ်လိုဆရာဝန် နဲ့ ပြသင့်ပါသလဲရှင်။ ကျေးဇူးပြုပြီးဖြေပေးပါအုံးနော်။

    လေးစားစွားဖြင့်
    မေသော်

    ReplyDelete
  18. may said...
    သွေးဝမ်းသွားတာက ၀မ်းကိုက်တာလား၊ လိပ်ခေါင်းလား။ ၀မ်းကိုက်ရင် ဗိုက်ရစ်နာပြီး ခဏခဏသွားမယ်။ Septrin = (Trimethoprim 160 mg and Sulfamethoxazole 800 mg) တနေ့ ၂ ကြိမ်၊ ၃-၄ ရက်သောက်ပါ။ မရမှ Metronidazole ၁ ပြား ၃ ကြိမ် သောက်ပါ။
    နောင်ကို တိုက်ရိုက် အီးမေးလ် နဲ့ မေးစေချင်တယ်။
    drswe01@gmail.com

    ReplyDelete
  19. ဆရာ မရှင်းတာ တစ်ခုမေးချင်လို့ ပါ ခင်ဗျာ သေသေချာချာ ရှင်းပြပေးစေချင်ပါတယ် ကျွန်တော်နဲ့ ကျွန်တော့် ချစ်သူ နှစ်ယောက် တစ်ခါထက်မက ဆက်ဆံခဲ့ ပါတယ် ဒါပေမဲ့  ပထမ တစ်ခါမှာ ဘယ်လို မှ ကိုကြိုးစားလို့ မရခဲ့ ပါဘူး သူ့ရဲ့ အဂ်ါက စိုစွတ်နေပေမဲ့ လည်း လုံးဝ ကိုယောက်ျားလေး လိင်တံ ထိုးသွင့်းလို့ မရအောင် သူက နာနေပါတယ် ကြိုးစားကြည့်ပါတယ် 3 ခါလောက် ဒါပေမဲ့  မရခဲ့ပါဘူး ဒုတိယ တစ်ခါလည်း အဖေါ်နဲ့  ဆို အဖေါ်မှာ ချောဆီပါလို့  လွယ်မယ်ထင်ခဲ့ ပါတယ် ဒါပေမဲ့  ဒါပေမဲ့ ပထမ တစ်ခါလိုဘဲ သူကအရမ်းနာလို့  ဘာမှ မဖြစ်ခဲ့ ပါဘူး ဒါပေမဲ့ သွားတိုင်းမှာ ကျွန်တော်နဲ့ ဘာမှ မဖြစ်ပေမဲ့ သူ့ကို လက်နဲ့ ထိုးသွင်းပြီး စိတ်ကိုဆွပေးခဲ့ ပါတယ် ဒါပေမဲ့  သူက သွေးမထွက်တာ အပျိုမစစ်လို့ လား ဆရာ တစ်ကယ်လို အပျိုမစစ်ရင် ဘာလို့ ဒီလောက်နာနေရတာလဲ မသိဘူး? ပထမ လက်တစ်ချောင်းတည်း နဲ့ ဆွပေးပြီး နောက်ပိုင်း လက်နှစ်ချောင်းမရ ရအောင်ထိုးပြီးဆွပေးခဲ့ ဘူးပါတယ် အဲလို ဆွပေးပြီးနောက်ပိုင်းသူနဲ့ ဆက်ဆံလို့ ရသွားပါတယ် ကျွန်တော်သိချင်တာ သူက အပျိုစစ် လား ဆရာ သူက စစ လက်နဲ့ ထိုးသွင်းသွင်းခြင်း သွေးမထွက်ဘူး အရင် post တွေမှာ မိန်းမ အဂ်ါက လက်တစ်ချောင်းက ပိုမဆံဘူး ဆိုတာ စစ ပိုင်းတော့ ဟုတ်ပါတယ် နောက်ပိုင်းရော သူက အပျိုစစ်လား ဆရာ သိချင်းလို့ပါဆရာ

    ReplyDelete
  20. alerdin said...
    ဒီလိုမေးခွန်းမျိုးကို ကျွန်တော့်ဆီ တိုက်ရိုက် (အီးမေးလ်) နဲ့ မေးရင် ပိုကောင်းပါမယ်။ တိုက်ရိုက်ဖြေပေးပါမယ်။
    drswe01@gmail.com

    ReplyDelete
  21. ဆရာ
    ကျွန်မ Roll on သုံးတာနဲ့ ပက်သက် ပြီး တော့ နဲ နဲ မေး ချင်ပါတယ်။ ကျွန်မ ၇ တန်း အရွယ်က နေ သုံးလာ တာ ခု ဆို တတိယ နှစ် ရှိပါပြီ။ ခု ချိုင်း မှာ အကျိတ် လုံး လေး တွေ လို တွေ့  ပြီး နာ ပါတယ် ။ အဲ့ ဒါ ဘာ ကြောင့် လဲ ။ ဂျိုင်းလိမ်းဆီတွေ သုံးလို့ လား ။ အန္တရယ်ဖြစ်နိုင်လား ။ ကျေးဇူး ပြု ၍ ဖြေပေး ပါအုံး နော် ။

    ReplyDelete
  22. Roll-on ဆိုတာ ဒီစာနဲ့ဆိုင်မယ်ထင်ပါတယ်။
    Dermaroller မျက်နှာကို လှအောင် လုပ်တဲ့ကရိယာ
    ကိုတင်လိုက်ပါတယ်။

    ReplyDelete
  23. အပျိုစစ်ပါတယ် ဆိုတဲ့ post ကိုဘယ်မှာဖတ်ရမလဲမသိဘူး။ရှာမတွေ့လို့ပါ။

    ReplyDelete
  24. ကျွန်တော်တော့ မေးခွန်းကို နားမလည်ပါ။ အထက်ကစာ မဟုတ်တာပြောချင်တာလား။

    ReplyDelete
  25. ဆ၇ာ ၇ာသီလာချိနိမှာအပူအစပ် လက်ဖက် နောက်ဖန်ခါးသောအသီးတွေက ချုပ်စေတယ် နောက်ခေါင်းလျှော်တာတွေက ၇ာသီ၇က်မမှန်စေတာဟုတ်ပါသလားဆ၇ာ ၇ာသီလာချိန်ဒိန်ချဉ်သောက်တာ အကျိုသက်ေ၇ာက်မှု၇ှိလားဆ၇ာ နောက်မိန်းကလေးသားအိမ် ကိုအကျိုပြုအထောက်အကူပေးမဲ အစားအသောက်လေးတွေပြောပြပေးပါဆ၇ာ

    ReplyDelete
  26. ဆ၇ာ ၇ာသီလာချိနိမှာအပူအစပ် လက်ဖက် နောက်ဖန်ခါးသောအသီးတွေက ချုပ်စေတယ် နောက်ခေါင်းလျှော်တာတွေက ၇ာသီ၇က်မမှန်စေတာဟုတ်ပါသလားဆ၇ာ ၇ာသီလာချိန်ဒိန်ချဉ်သောက်တာ အကျိုသက်ေ၇ာက်မှု၇ှိလားဆ၇ာ နောက်မိန်းကလေးသားအိမ် ကိုအကျိုပြုအထောက်အကူပေးမဲ အစားအသောက်လေးတွေပြောပြပေးပါဆ၇ာ

    ReplyDelete
  27. ဆ၇ာ ၇ာသီလာချိနိမှာအပူအစပ် လက်ဖက် နောက်ဖန်ခါးသောအသီးတွေက ချုပ်စေတယ် နောက်ခေါင်းလျှော်တာတွေက ၇ာသီ၇က်မမှန်စေတာဟုတ်ပါသလားဆ၇ာ ၇ာသီလာချိန်ဒိန်ချဉ်သောက်တာ အကျိုသက်ေ၇ာက်မှု၇ှိလားဆ၇ာ နောက်မိန်းကလေးသားအိမ် ကိုအကျိုပြုအထောက်အကူပေးမဲ အစားအသောက်လေးတွေပြောပြပေးပါဆ၇ာ

    ReplyDelete
  28. ဆရာရှင့် သမီးအရမ်းသိချင်သာလေးမေးပါရစေ သမီးရာသီ လာခါနီး အဖြူဆင်းစင်း တဲ့အချိန်မှာ မလိုင်ဖတ်လိုအဖြူ ဖတ်တွေ ဖြစ် ပြီး ယားယံမှုတွေ ဖြစ်လာပါသည် အဲဒါက ရောဂါပိုးကြောင့်ပါလား ဆရာ သမီး က အပျို ဖြစ်ပင်မဲ့ဘာလို့အဲ့ဒီလို ဖြစ်ကသာပါလဲဆရာ...?

    ReplyDelete
  29. ဆရာ ကျေးဇူးပြုပြီးဖြေပေးပါနော် ဒီpostနဲ့တော့မဆိုင်ပါဘူး ယောကျာ်းလေးလိင်အင်္ဂါကြီးချင်ရင်ဘယ်လိုလုပ်ရပါမလဲဆရာ ကျွန်တော့မှာအခက်အခဲရှိနေလို့ပါ ပျေးဇူးပြုပြီးဖြေပေးပါနော်

    ReplyDelete
  30. ဆရာ ကျေးဇူးပြုပြီးဖြေပေးပါနော် ဒီpostနဲ့တော့မဆိုင်ပါဘူး ယောကျာ်းလေးလိင်အင်္ဂါကြီးချင်ရင်ဘယ်လိုလုပ်ရပါမလဲဆရာ ကျွန်တော့မှာအခက်အခဲရှိနေလို့ပါ ပျေးဇူးပြုပြီးဖြေပေးပါနော်

    ReplyDelete
  31. ကျ‌နော့်‌ချစ်‌သူကအပျိုမစစ်‌ပါဘူးဆရာ အဲဒါဘာမဖြစ်‌ပါဘူးကျ‌နော်‌တို့အကုန်‌နားလည်‌မှုရှိပါတယ်‌ သူနဲ့လိင်‌ဆက်‌ဆံတဲ့အခါတိုင်း သူ့အရည်‌‌တွေနဲနဲထွက်‌ရင်‌ထွက်‌သ‌လောက်‌နံပါတယ်‌ဆရာ အနံ့က‌တော်‌‌တော်‌ဆိုးပါတယ်‌အဲ့ဒါဘယ်‌လို‌ပျောက်‌‌အောင်‌လုပ်‌ရမလဲဆရာ

    ReplyDelete
  32. ကျ‌နော့်‌ချစ်‌သူကအပျိုမစစ်‌ပါဘူးဆရာ အဲဒါဘာမဖြစ်‌ပါဘူးကျ‌နော်‌တို့အကုန်‌နားလည်‌မှုရှိပါတယ်‌ သူနဲ့လိင်‌ဆက်‌ဆံတဲ့အခါတိုင်း သူ့အရည်‌‌တွေနဲနဲထွက်‌ရင်‌ထွက်‌သ‌လောက်‌နံပါတယ်‌ဆရာ အနံ့က‌တော်‌‌တော်‌ဆိုးပါတယ်‌အဲ့ဒါဘယ်‌လို‌ပျောက်‌‌အောင်‌လုပ်‌ရမလဲဆရာ

    ReplyDelete
  33. ကျ‌နော့်‌ချစ်‌သူကအပျိုမစစ်‌ပါဘူးဆရာ အဲဒါဘာမဖြစ်‌ပါဘူးကျ‌နော်‌တို့အကုန်‌နားလည်‌မှုရှိပါတယ်‌ သူနဲ့လိင်‌ဆက်‌ဆံတဲ့အခါတိုင်း သူ့အရည်‌‌တွေနဲနဲထွက်‌ရင်‌ထွက်‌သ‌လောက်‌နံပါတယ်‌ဆရာ အနံ့က‌တော်‌‌တော်‌ဆိုးပါတယ်‌အဲ့ဒါဘယ်‌လို‌ပျောက်‌‌အောင်‌လုပ်‌ရမလဲဆရာ

    ReplyDelete
  34. ဆရာ
    မိန်းမအင်္ဂါကိုလက်နှင့်ကစားပြီးမိန်းမအင်္ဂါအထဲကိုလက်နှင့်ထိုးသွင်းလျှင်ပိုးဝင်တတ်လားဆရာ။အခြားဘာရောဂါဖြစ်တတ်လဲဆရာ

    ReplyDelete
  35. ယောက်ျားလိင်အင်္ဂါဟာ၎လက်မဆိုငယ်ပါသလားဆရာ

    ReplyDelete
  36. ကျွန်တော့်ကောင်မလေးနဲ့ဆက်ဆံမိပါတယ်အခုသူလာရမယ့်အချိန်ထက်နောက်ကျနေပါတယ်တင်လပြည့်တော့ပါမယ်ကိုယ်ဝံရမှာကြောက်နေရကါတယ်ဆရာဘယ်ဆေးများသုံးသင့်ပါသလည်းမေးချင် ပါတယ်ဆရာ

    ReplyDelete
  37. အားလုံးကိုအကြံပေးချင် တာတော့တဦးနဲ့တဦးသစ္စာရှိကြပါ

    ReplyDelete
  38. ​ကေသီပန်​သာတိုက်​လိုက်​ပါမလာမချင်းတိုက်​ပါ

    ReplyDelete
  39. ကျွှန်​​တော့်​အင်္ဂါကြီး​အောင်​ဘယ်​လိုလုပ်​ရမလဲ

    ReplyDelete
  40. ဆရာမကြာခဏကြာဆေးသုံးစွဲရင်တလတခါပေါ့သုံးစွဲရင်အန္တရယ်ရှိနိုင်လားဆရာ

    ReplyDelete
  41. ဆရာမကြာခဏကြာဆေးသုံးစွဲရင်တလတခါပေါ့သုံးစွဲရင်အန္တရယ်ရှိနိုင်လားဆရာ

    ReplyDelete