Tuesday, August 3, 2010

Common causes of Abortion ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတွေ

June 14, 2010 10:32 PM
nini said...
မဂ်လာပါဆရာ ကျွန်မနံမည်က့ ပါ။ အသက် ၃၂ နှစ်ရှိပါပြီ။ သားဦးကိုယ်ဝန် ပျက်ခဲ့ဘူးပါတယ်။ နောက်ထပ် ကလေး တစ်ယောက်ကို အရမ်း ထပ်လိုချင်နေပါတယ်။ ဒါပေမယ့် နောက်ကိုယ်ဝန်မှာ ထပ်ဖြစ်မှာကို အရမ်း စိုးရိမ်နေပါတယ်။ တချို့ကပြောကြတယ်။ သင်္ဘောသီးမှည့် စားရင် ကိုယ်ဝန် ပျက်တတ်တယ်တဲ့။ အဲဒါ ဟုတ်ပါသလား။ နောက် ဘာတွေကို ရှောင်ရမလဲဆိုတာ သိချင်ပါတယ်။ ကျွန်မ အလုပ်က မတ်တပ်ရပ် ရတာ များပါတယ်။ နောက် ကိုယ်ဝန်ရှိတုန်းက ကိုယ်နဲနဲ ပူတယ်။ မေးခိုင်ကာကွယ်ဆေး ထိုးတုန်းကပါ။ ဒါဟာ ကိုယ်ဝန် ပျက်ကျစေနိုင်ပါသလား။ ကိုယ်ဝန်က ၁၀ ပတ်မှာ ပျက်ကျခဲ့တာပါ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။

ပဌမဆုံး ပြောရမှာက သင်္ဘောသီးမှည့်နဲ့ မေးခိုင်ကာကွယ်ဆေးတွေက ကိုယ်ဝန် မပျက်စေပါ။ မေးလာလို့ ရေးရတာမို့ စုံအောင်တော့ ရေးပါ့မယ်။ စာရင်းရှည်ကြီး ဖတ်ပြီး အစိုးရိမ် မကြီးပါနဲ့။ ဆရာဝန်တွေက တကမ္ဘာလုံးက အမျိုးသမီးမှန်သမျှ အဲဒီဒုက္ခ ရောက်ရတာတွေကို စုပြီး၊ သုတေသန လုပ်ထားတာမို့ ပြည့်စုံအောင် ထည့်ထားတာပါ။ ရှာမှရှား ဖြစ်တတ်တာလည်း ပါနေတယ်။

Common causes of Abortion ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေကို စာရင်းချရင် ၃၂ မျိုးရှိတယ်။ အများဆုံး ဖြစ်တတ်တဲ့ ရောဂါ ၃ မျိုး၊ ဖြစ်လေ့ရှိတဲ့ ရောဂါ ၁ မျိုး၊ ဖြစ်ခဲတဲ့ ရောဂါ ၁ မျိုး၊ ရှားရှားပါးပါး ဖြစ်တတ်စေတတ်တဲ့ ရောဂါ ၂ မျိုးနဲ့ တခြားအကြောင်း ၂၆ မျိုး ဆိုပြီး ရှိတယ်။

အဲဒီရောဂါနဲ့ အခြေအနေတွေထဲက Amniocentesis ရောဂါ၊ Anticardiolipin syndrome ရောဂါ၊ Carboprost tromethamine ရောဂါ၊ Cervical incompetence ရောဂါ၊ Chronic villus sampling လုပ်တာ၊ Cone biopsy of cervix လုပ်တာ၊ Endometrosis ရောဂါ၊ Gemeprost သွေးဆင်းရပ်ဆေး၊ Listeria monocytogenes ရောဂါ၊ Misoprostol အနာ-အကိုက် ပျောက်ဆေးကြောင့်ဖြစ်တဲ့ လေနာကာကွယ်ဆေး၊ Paroxysmal nocturnal hemoglobinuria ရောဂါ၊ Paroxyvirus B19 infection ရောဂါ၊ Rubella ဂျာမန်ဝက်သက် ရောဂါ Sickle cell disease သွေးရောဂါ၊ Systemic lupus erythematosus ရောဂါ နဲ့ Dinoprostone ကိုယ်ဝန်ဖျက်ဆေး၊ Mifepristone ကိုယ်ဝန်ဖျက်ဆေးတွေဟာ ကိုယ်ဝန်တခါမက ပျက်နိုင်ပါတယ်။

ကျန်တာတွေကတော့ Alloimmune ရောဂါ၊ Antifetal antibodies ရောဂါ၊ Antiphospholipid antibodies ရောဂါ၊ သန္ဓေသား အင်္ဂါချို့ယွင်းခြင်း၊ အစာဆိပ်သင့်ခြင်း၊ (ကေဖင်း) အများကြီးသောက်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ကိုယ်ဝန်မရှိအောင် သားအိမ်ထဲ IUCD ပစ္စည်းထည့်ခြင်း၊ Japanese skimmia ရောဂါ၊ Luteal phase defect ရောဂါ၊ ကင်ဆာအတွက် ဓါတ်ကင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သူ့အလိုလိုပျက်ကျခြင်း၊ သားအိမ် ပုံမှန် မဟုတ်ခြင်း နဲ့ အရက်သောက်ခြင်းတွေ ဖြစ်ပါတယ်။

တခါပျက်ပြီး လ နည်းနည်းခြာပြီးမှ ကိုယ်ဝန်ယူသင့်တယ်။ ဆေးတိုင်းခပ်လွယ်လွယ် မသောက်ပါနဲ့။ သံဓါတ်၊ ဗီတာမင် B အုပ်စု နဲ့ ဖေါလစ်အက်စစ် သောက်ပါ။ STD/STI မရှိအောင်လုပ်ပါ။ အရက်-ဆေးလိပ် ရှောင်။ ကော်ဖီ မများစေနဲ့။ အာဟာရ ပြည့်တဲ့ Balance diet စားပါ။

သက်ဆိုင်တဲ့ဆေးပညာစာတွေ အချိန်ရရင် ဖတ်ပါ။
ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း http://dts-medicaleducation.blogspot.com/2010/03/anc-antenatal-care.html
Become pregnant ကိုယ်ဝန် ရနိုင်ခြင်း http://dts-medicaleducation.blogspot.com/2010/04/become-pregnant.html
Child birth ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ http://dts-medicaleducation.blogspot.com/2009/12/child-birth.html
Normal Labor ကလေး မီးဖွါးခြင်း http://dts-medicaleducation.blogspot.com/2010/03/normal-labor.html
Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html
Ultrasound and Pregnancy ကိုယ်ဝန်ဆောင် (အာလ်ထွာ-ဆောင်း) ရိုက်ခြင်း http://dts-medicaleducation.blogspot.com/2010/07/ultrasound.html

နောက်တခါ ရှိတယ် ထင်တာနဲ့ OG ပြပါ။ လိုသေးရင် မေးပါ။

ကျန်းမာပါစေ၊ ကလေးမိခင် ဖြစ်ပါစေ။

Dr. တင်ဆွေ
၃-၈-၂၀၁၀

14 comments:

  1. ဆရာရှင့် သမီး အရင်က ရာသီမထိမ်ဘူးပါဘူးရှင့် အခုတလမှာ လာရမယ့်ရက်ရောက်တဲ့အထိကို မလာသေးပါဘူးရှင့် အဲဒါ စိုးရိမ်ရပါသလား
    ဘာဆေးများသောက်ရမလဲရှင့် ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးကိုပြောပြပေးပါ

    ReplyDelete
  2. ဆရာရှင့် သမီး အရင်က ရာသီမထိမ်ဘူးပါဘူးရှင့် အခုတလမှာ လာရမယ့်ရက်ရောက်တဲ့အထိကို မလာသေးပါဘူးရှင့် အဲဒါ စိုးရိမ်ရပါသလား
    ဘာဆေးများသောက်ရမလဲရှင့် ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးကိုပြောပြပေးပါ

    ReplyDelete
  3. မေးတဲ့သူရဲ့ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ တခြား ခံစားရတာတွေ(ရှိရင်)၊ သိရမှာ ပြောတာ ကောင်းပါတယ်။ တိုက်ရိုက် မေးတာက Privacy ရှိလို့ မေးနိုင်ပါတယ်။ မေးတာတိုင်း-ဖြေတာတိုင်းကို Publish လုပ်ဘို့ မသင့်ဘူး မဟုတ်လား။ လူနာမယ်၊ နေရပ် အတိအကျ မလိုပါ။
    Dr. Tint Swe
    drswe01@gmail.com

    ReplyDelete
  4. ဆရာ
    ကျွန်မက အခုအသက်(၃၈)နှစ်ကျော်ပါပြီ.. ပထမ သားလေးကအသက်(၅)နှစ်ရှိပါပြီ..အခုရာသီမပေါ်တာ(၂)လ နီးပါးရှိပါပြီ..ကိုယ်ဝန်ရှိနေပြီလို့ထင်မိပါတယ်..
    ပထမကိုယ်ဝန်တုန်းက..ကိုယ်ဝန်(၅)လရောက်မှ OGနဲ့အပ်ခဲ့ပါတယ်..ဗိုက်ခွဲမွေးခဲ့ပါတယ်..အခုအချိန်ထဲက OG ပြလို့ရပြီလား.. အက်ထရာဆောင်းရိုက်သင့်ပြီလားဆိုတာဆရာအကြံပေး ပါအုံး..ကျွန်မက အသက်(၃၅)နှစ်ကျော်ပြီး.. သွေးအားနည်းတဲ့သူဆိုတော့..အားဆေးနဲ့လိုအပ်တဲ့ ဆေးတွေသောက်ချင်ပါတယ်..

    ReplyDelete
  5. Dear Hazel

    ဟုတ်ကဲ့ ကိုယ်ဝန်အပ်လို့ရပါပြီ။ Ultrasound ကို OG ကနေ ပြောပါလိမ့်မယ်။ ရိုက်လို့လဲ ရပါတယ်။ အားဆေးကို OG ကနေ ညွှန်မှာပါ။ ဒီကြားထဲ မမှားနိုင်တာက Ferrous sulphate/Fumeate စားဆေး၊ Folic acid နဲ့ Vitamin B တွေ သောက်ပါ။ အသက် ၃၈ က စိုးရိမ်စရာမရှိပါ။ အရင်ခွဲရတဲ့ အကြောင်းရင်းအရ ဒီတခါ ခွဲရ-မခွဲရ ပြောနိုင်ပါတယ်။ အရင် ခွဲရတိုင်း နောက် ခွဲရမယ်တော့ မဟုတ်ပါဘူး။ ကျန်းမာ-ချမ်းသာပါစေ။

    ReplyDelete
  6. ဆရာရှင့်
    ဆရာလမ်းညွှန်ပေးတဲ့အတိုင်း OG နဲ့ပြခဲ့ပါတယ်..
    ကိုယ်ဝန် (၁၁)ပတ်ရှိပါပြီ.. ကိုယ်ဝန်ရှိထဲက ၀မ်းတအားချုပ်ပါတယ်ဆရာ.. ၀မ်းချုပ်တော့ ခေါင်း တအားကိုက်ပြီး..နေထိုင်မကောင်းသလိုခံစားရပါတယ်..
    အင်္ဂလိပ်ဆေးလည်း မသောက်ရဲတော့.. မန်ကျည်းဖျော်ရည်သောက်ပါတယ်ဆရာ.. ဘာဆေး သောက်ရမယ်ဆိုတာ.. ညွှန်ကြားပေးပါအုံးဆရာ.. ဆရာ့ကိုကျေးဇူးတင်ပါတယ်..

    ReplyDelete
  7. Hazel said...
    ကိုယ်ဝန်နုစဉ် ၀မ်းနုတ်ဆေး ပြင်းတာ မသောက်တာ ကောင်းတယ်။ ၀မ်းချုပ်တာလဲ မကောင်းပြန်ဘူး။ မြန်မာ ဆေးတွေကလဲ အပြင်း၊ အပျော့ မတူကြဘူး။ Milk of Magnesia/Cream of Magnesia ဆေးရည်ကို ဇွန်းကြီး ၂ ဇွန်း ည အိပ်ရာဝင်မှာ သောက်နိုင်တယ်။ ဆားခါးလဲ သောက်နိုင်တယ်။ Simple enema ဆပ်ပြာရည်နဲ့ ၀မ်းခြူနိုင်တယ်။ Glycerine Suppository အလှဆီ အတောင့် (လူကြီး) ကို စအိုထဲထည့်ပြီး ၀မ်းခြူနိုင်တယ်။ Ducolax ၀မ်းခြူတောင့်လဲ ရတယ်။ ရေများများ သောက်ပါ။

    ReplyDelete
  8. အသက်ဘယ်လောက်အထိကိုယ်ဝန်ဆောင် နိုင်ပါလဲ
    ကိုယ်ဝန်မပျက်ကျအောင်မယ်သို့နေထိုင်ရပါမည်နည်းပြန်ဖြေပေးပါ

    ReplyDelete
  9. ယေဘုယျပြောရရင် ရာသီသွေး မှန်မှန်ဆင်းနေသ၍ ကိုယ်ဝန် ရနိုင်ပါတယ်။
    ကိုယ်ဝန် မပျက်အောင် ဆင်ခြင်နိုင်တာတွေ ရှိသလို စာရင်းမှာ တွေ့တဲ့အတိုင်း ရှောင်မရတာတွေပါ ရှိတယ်။

    ReplyDelete
  10. ဆရာရှင့်သမီးကရာသမီးမလာတာတစ်လကျော်ကြာလို့ ဆီးစစ်ကြည့်လိုက်တာ့ကိုယ်ဝန်ရှိနေတယ်လို့ ပြပါတယ်။အဲ့ဒါကိုယ်ဝန်မလိုချင်လို့ ဘယ်လိုဖျက်ရလည်းဆိုတာဖြေရှင့်မဲ့နည်းလမ်းလေးကိုပြောပြပေးပါ။ဆေးနဲ့ အသုံးပြုပုံကိုပြောပြပေးစေလိုပါတယ်။ကျေးဇူးတင်ပါတယ်ရှင့်..

    ReplyDelete
  11. To pann said...
    ဆရာက မြန်မာနိုင်ငံကနေ ဆေးပညာဘွဲ့ ယူတာတာမို့ ကိုယ်ဝန်ကို တမင်ပျက်အောင် လုပ်မပေးပါ။ ဆေးလဲ မညွှန်းပါ။ ဆေးပညာ သုတအတွက်သာ စာရေးပါတယ်။ ကျန်းမာ-ချမ်းသာပါစေ။
    တဆ

    ReplyDelete
  12. ဒေါက်တာရှင့်

    ကျွန်မမှာသားဦးကိုယ်ဝန် 7ပတ်လောက်ရှိပါပြီ၊ အသက်23နှစ်ပါ၊ ခုတလော ခါးအလွန်ကိုက်နေပါတယ်၊ အဖြူနဲ့အရည်ကြည်တွေလည်းဆင်းပါတယ်၊ နံတော့မနံပါ၊ လက်ချောင်းတွေလည်းအရင်ကထက်စာရင် ပိုပြည့်နေပါတယ်၊ မျက်နှာမှာလည်း ၀က်ခြံတွေအများကြီးထွက်လာပါတယ်၊ ကျွန်မမှာတနေ့လုံးကွန်ပျူတာနဲ့အလုပ်လုပ်ရတဲ့ ၀န်ထမ်းဖြစ်ပါတယ်၊ ကျွန်မဖြစ်နေတာတွေဟာ ပုံမှန်ပါပဲလား၊ ကျွန်မကိုယ်ဝန် တစ်စုံတစ်ခုထိခိုက်နိုင်နေတာလား သိချင်ပါတယ်၊ ကျေးဇူးတင်ပါတယ်ရှင့်။

    ReplyDelete
  13. အဖြူ + အရည်ဆင်းတာ နဲ့ ခါးကိုက်တာ ဆက်စပ်နိုင်တယ်။ အရင်ကရောဖြစ်ဘူသလားမသိရပါ။ ပိုးတခုခုဝင်တာကို သတိထားရမယ်။ အဲဒါမျိုးက ကိုယ်ဝန်နဲ့ မဆိုင်ဘဲဖြစ်တာကို ဆိုလိုတယ်။ ခင်ပွန်းမှာရော ဘာခံစားရသလဲ။ ဥပမာ ဆီးအောင့်တာ၊ တခုခု ဆီးလမ်းက ဆင်းတာ၊ အနာအဆာ။ ကိုယ်ဝန်ရှိစလဲ တခုခုဆင်းတာ ဖြစ်နိုင်သေးတယ်။ ဒါမျိုးက ဆေးကုစရာ မလိုပါ။ ပဌမအမျိုးအတွက် ဖြစ်စေနိုင်တာတွေ သေခြာပြီးတော့ ဆေးညွှန်းရတယ်။ STD ကိုလဲ မမေ့ရဘူး။ အခုပြောတာလောက်နဲ့ အထဲက ကလေးအတွက် စိုးရိမ်စရာမရှိပါ။ စိတ်မပူစေချင်ပါ။ လက်ချောင်းတွေ ပြည့်တာလဲ ကိုယ်ဝန်မှာ ဖြစ်တတ်တယ်။ ခြေထောက်လဲ အဲလိုဖြစ်နိုင်တယ်။ ဆီးစစ်ရမယ်။ Urine Albumin and Urine Sugar စစ်ပါ။ BP သွေးဖိအား တိုင်းပါ။ အဖြေ မသိခင် ပြောနိုင်တာက အငန်ရှောင်ပါ။ ကိုယ်ဝန် အပ်ပါ။ အစားအစာ မျှတလုံလောက်အောင် စားပါ။ ထိုင်နေရတာ သိပ်မကြာစေဘဲ လမ်းလျှောက်တာလဲ လုပ်ပေးပါ။
    DTS
    21-10-2011

    ReplyDelete
  14. ဒေါက်တာရှင့်

    ကျေးဇူးအများကြီးတင်ပါတယ်၊ ဒေါက်တာညွှန်ကြားတဲ့အတိုင်း ဆီးစစ်ပါ့မယ်၊ ကိုယ်ဝန်မထိခိုက်ဘူးဆိုလို့ စိတ်အေးသွားပါတယ်၊ ထပ်ပြီးကျေးဇူးတင်ပါတယ်ရှင့်။

    ReplyDelete