Sunday, December 6, 2009
မယုံ ပုံပြင်လို့ မှတ်လေကွယ်
သြကာသ သြကာသ သြကာသ
ကာယ ၀စီ မနောချီ၍ ၃ဖြာသော စေတနာ၃ဖြာသော ဒွါရဖြင့် ဘုရား ရတနာ တရားရတနာ သံဃာ ရတနာ ရတနာ ၃ပါးတို့ ကို အရိုအသေ အလေးအမြတ် လက်စုံမိုး ၍ ရှိခိုးပူဇော် ဖူးမျော် မာန်လျော့ ကန်တော့ပါ၏ ဘုရား။
ထိုမှ တဖန် မိဘ ၂ပါးဦးထိပ်ထားပြီး သင်ဆရာ မြင်ဆရာကြားဆရာတို့ ကို လက်အုပ်ချီမိုး ကန်တော့ပါ၏ ဘုရား
အကိုတို့ အမတို့ ညီတို့ ညီမတို့
ထုံးစံရှိတဲ့ အတိုင်း အနန္တော အနန္တ ၅ပါးတော့ ကန်တော့ပြီးပါပြီ
ကန်တော့ပြီးတဲ့ နောက် ရှေ့ ကို ကိုယ်မမှန်တာတွေချည်းရေးပါ့မယ်။
မမှန်တာ ဘာကြောင့်ရေးလဲဆိုရင် မှန်တာကို ရေးရဲတဲ့  သတ္တိမရှိလို့ ပါ ခင်ဗျား
လာဖတ်တဲ့ သူတွေလဲ မှန်တာကို ဖတ်ရဲတဲ့ သတ္တိမရှိသေးဘူးလို့ ယုံကြည်ပါတယ် ။
ဒီတော့ မှန်သလောက် မရေးဘဲ မှန်တာကို မှိန်ပြီး သရုပ်ပေါ်ရုံလေးသာရေးပရစေ
(နောက် တကယ်မှန်ရာဖတ်ရဲတဲ့ သူများလာရင်တော့ တမျိုးပေါ့လေ )
ကဲ ပြောနေ စကားကြောရှည်တယ် ဗိုက် ၃ဗိုက်ပုံပြင် စ
ဗိုက် ၁
ရှေးသရောအခါ သက္ကရာဇ် ၂၀၀၀တွင် ရန်ကုန်မြို့ ခေါ် နွေခါ ဖုံထူ မိုးခါရေကြီး ညခါ မှောင်မိုက် သာယာ လှစွာသော မြို့ တော်ကြီးတွင် မလှ မည်ခေါ် မိန်းမဖေါ်တယောက် ရှိသတတ်။
မလှခမျာ ဘွဲ့ တခုရလာ ၀မ်းရေးမလွယ် အလုပ်က ကြပ် ဈေးတွေကကြီးမို့  ရရာ အလုပ်ရှာ ရလေသတတ် စတိုးဆိုင် စာရေးမ ဖြစ်လေတော့သကိုး။
လူငယ်ဘာဝ နှလုံး လှုပ်ရှား အသည်းစကားပြော တွေ့ လာရလေ ချစ်သူ တယောက် မောင်ခေါ်သတတ်။
မောင်နဲ့  မယ်မှာ ၂ဖက်ပေါင်းမှ တရံဖြစ်သော ခုံဖိနပ်လို ဘ၀ ၂ခု တခု ပေါင်းရန် နေ့ စဉ်သာကြံ။ ရှာဖွေ စုဆောင်း သူဋ္ဌေးလောင်းထုံး နှလုံးမူလဲ
မယ်က စုမိ ကုန်ရပြန်လေ အဖေနေမကောင်း။
မောင်ကရှာထား ထွက်ရပြန်လေ အိမ်ဖျက်အမိန့် 
ထိုသို့ ဖြင့်လာ ကြာရှည် နှစ်များ မနဲလေသတည်း။
ထို သို့ နေလာ တူတူကြာသော် လူသားစစ်စစ် ထန်းပလပ်မဟုတ်လို့  မှားမိ တကြိမ် ၂ကြိမ် တခါတလေ ၂ခါ ၂လေ ၃ခါ ၃လေတည်း။
ထိုသို့ နေလာ တနေ့ ခါသော် မောင်လျှင် မပေါ်လာ စုံစမ်းမရ လူပျောက်တိုင်လည်း ကူညီပရစေ လူပွေလေတို့ သတင်းအစ မရှိတည်း။
ထိုသို့ နေစဉ် တပူပေါ် ၂ပူဆင့် အေးခွင့်မသာ။ မေ့ခမျာမှာ အရျေ့ အလည်ပိုင်း ပြသနာတည်း။
ထိုသောအခါ ဘာလုပ်မလဲ တွေးတောမရ အဖြေရှာရမလွယ် ။ မေးချည်မြန်းလှည့် မေ့တကိုယ်။
ဆရာဝန်ဆေးခန်းများစွာရှိလှ ထိုဒေသ၀ယ် ထောင်က ၃နှစ် ပြုတ်မည် ဆမ ကြောက်လှလေရာ ကယ်သူမရှိဖြစ်သတည်း။
တွေ့ သည့် လက်သည် ရမ်းကု သွေးဆောင် ဖျက်လေဆောင်သော် မနိုင် မရ ဘေးဒုက္ခကြောင့် သွေး သွန်ပြင်းစွာ ဝေဒနာနှင့် ဖျားပါလွန်တက် လွန်နှိပ်စက်သည် ။ မြန်းရ မရဏာတည်း။
ဗိုက် ( ၂)
နေရာ တောပုန်းကြီး ရော်ဘင်ဟုတို့  ဘုန်းမီးနေလ ထွန်းပခဲ့ ရာ Nottingham မြို့  ဆင်ခြေဖုံး မှ GP ဆေးခန်းတခန်း
ဂျီပီပေါက်စ ဒေါက်တာ အေ ငုတ်တုတ်လေးထိုင် ကွန်ပြူတာပေါ်က လူနာမှတ်တမ်းတလှည့် စားပွဲပေါ်က လက်မှတ်ထိုးစရာ စာရွက်တထပ်တလှည့် ကြည့်လျက် အလုပ်များနေစေ။
ပါးစပ်မှ တိုးတိုးလေးရွတ်လေ
တိုးတိုးသံ တဖြည်းဖြည်းကျယ်လာစေ
အဖ ဘိုးမင်းခေါင် ဘိုးဘိုးအောင် မှစ၍ လေးကြိုးကိုင် အဖေရှင် အဖေနွဲ့  ဘိုးတော်ပြူး ဘိုးတော်သံခဲ ဘိုးတော် ခ ရှိသမျှ ဘိုးတော်များ မစပါ။ ရစ်မဲ့ လူနာ မလာပါစေနဲ့။ ၁၃နှစ်မှ ၄၀တွင်း အမျိုးသမီးများအားလုံး ကျန်းမာကြပါစေ။
၁၅နှစ်အောက် လူနာများ ကိုယ်ကိုကိုယ်သတ်သေချင်စိတ်များ ဒီနေ့  မပေါ်ပါစေနဲ့  ။ အရက်မူးသမားများ စိတ်ချမ်းသာစွာ လွတ်လွတ်ကျွတ်ကျွတ် မူးပါစေ။
ထိုစဉ် ကွန်ပြူတာမှ တွီကနဲတချက်မြည်။
သူဖြတ်ကနဲ လူနာမျတ်တမ်းဖွင့်
လူနာ Miss C age 15 ဟု တွေ့ 
မျက်နှာတခုလုံး အီရန်က စမ်းလိုက်သော နျူကလီးယာ ဗုံးမိသလို ရှုံ့ဝင်သွားစေ။
ထိုင်ရာက ထ တံခါးလေးဖွင့်
လူမိခံရသော လင်ငယ်မျက်နှာလေးနှင့် ( မရွံ့ မရဲလေးပေါ့ခညာ ) ထွက်လာ
patient waiting room မှ Miss C ကို ခေါ်
အခန်းထဲပြန်ဝင်လာ နေရာပေးစေ။
ကျွန်တော်ဘာလုပ်ပေးရပါမလဲ
Miss C glossy lipstick ဆိုးထားသော နှုတ်ခမ်းတော် ထူတူတူကို စူတူတူပြုပြီး piercing လုပ်ထားသော လျှာနီနီကို ထုတ်လျက်
တူညားလေ ဟိုဒင်းရှိနေလို့။
ဟုတ်ဟုတ် ဟိုလေ ဘယ်လောက်လောက်
အာတူညားဘယ်သိမလဲ
ကောင်းပါဘီ။ ဘာလုပ်ပေးစေချင်ပါသလဲ
အာဒေါက်တာကလဲ တုံးလိုက်တာ။ တူညား အဲဒါမလိုချင်ဘူး။ ဖျက်ပေးပါ။
ကောင်းပြါ့ပီ အရင်က
အင်း ဒါပါနဲ့ ဆို ၃ခါ ။
ဟုတ် ဟုတ် ဟိုလေ safe sex and contraception
အို အဲဒါတွေနောက်မှပြော။ ဒါတွေ အကုန်သူများသိပြီးသား။
(သက်ပြင်းလေးတချက်ချပြီး ) ဒေါက်တာအေ ဖုန်းကောက်ကိုင်
ဟုတ်ကဲ့ switch please put me thru to TOP unit please
ဟုတ်ကဲ့  TOP ကပါလားခင်ဗျား G3 P0+2 LMP unknown
ဟုတ်ကဲ့ခမျာ
ကဲ မစီ ရှေ့ အင်္ဂါကို ဆေးရုံကြွပါ။ ဟိုမှာ ဖျက်ပေးဘို့  အသင့်ပါဘဲတဲ့
တူညားမှာကားမရှိဘူးလေ ဒေါက်တာကြီးရဲ့ 
ဟုတ် ဟုတ်
ကျွန်တော်နဲ့လိုက်ခဲ့ပါ ။
သူကရှေ့ ဆောင် reception ကိုခေါ်သွား
Miss C အတွက် ရှေ့  အင်္ဂါကို အိမ်ကနေ ဆေးရုံထိ ကားစီစဉ်ပေးပါနော် ဟု မှာ
အခန်းထဲ ပြန်ဝင်လာ
တခါးလေးကို အသာပိတ်
ပြီးမှ
နံရံကို လက်သီးနဲ့ ထိုး
ဘိုးတော်တွေ ဘာဘိုးတော်တွေလဲ တယောက်မှ အသုံးကိုမကျဘူး ဟု တိုးတိုးအော်စေ ။
ကားလိပ်ကျ
ဗိုက် ၃
ဟုတ်ကဲ့
ခုလို community midwifery team က midwife ( ၀မ်းဆွဲသည် ) တယောက်အနေနဲ့  ခုလို GP Registrar တွေကို လက်ချားပေရတာ ကျွန်မအလွန်မှ ၀မ်းမြောက်ပါတယ်ရှင်
ကျွန်မအနေနဲ့  ခု ကျွန်မတို့  နေ့ စဉ် ပုံမှန်ဆောင်ရွက်နေရတဲ့  ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု လုပ်ငန်းကို ကျွန်မရှင်းပြပါ့မယ်။
ပုံမှန် ကိုယ်ဝန်ဆောင်တယောက်ဟာ ၆ပါတ်နဲ့  ၁၀ပါတ်ကြားမှာ ကျမတို့ နဲ့  ဗိုက်အပ်ပါတယ်။
ပထမအကြိမ် မှာ လူနာရဲ့  ဆေးမှတ်တမ်း၊ obs history , smoking and drinking history and social history ကိုယူရပါတယ်
အဲကနေ pregnancy risk ကို တွက်ချက်ပြီး High Risk medium and low risk စခွဲပါတယ်
High Risk ဆိုရင်တော့ အိုဂျီကိုစောစွာ အပ်ရပါတယ်
မဟုတိရင်တော့
၁၂ပါတ်မှာ Ultrasound scan ( dating scan )
၁၅ ပါတ်မှာ သွေးစစ်ရပါတယ်
သွေးစစ်ရာမှာ
Full blood count
Blood grouping ( Rh as well )
screening of blood borne viruses and toxoplasmosis and syphilis and rubella antibodies
Down's risk assessment လုပ်ပါတယ်။
နောက် ၂၀ပါတ်မှာ Detail scan ရိုက်ပါတယ်။
ကိုယ်ဝန်သည်ကို ၂၀ပတ်ကနေ ၃၂ပတ်ထိ ၄ပတ်တကြိမ်
၃၂ကနေ ၃၆ပတ်ထိ ၂ပတ်တကြိမ်နဲ့  ၃၆ကနေမွေးတဲ့ ထိ တပတ် တကြိမ် ကြည့်ပေးပါတယ်ရှင်
မွေးရာမှာတော့ high risk and medium risk တွေကို ဆေးရုံပို့ ပြီး မွေးစေပေမဲ့  low risk ကိုတော့ သူတို့ လဲ ဆန္ဒရှိမယ်ဆို အိမ်မှာဘဲ မွေးစေပါတယ်ရှင် ။
ကျွန်မတို့ ထူးခြားတာကတော့ ဆေးလိပ်နဲ့  အရက်စွဲမိခင်များကို ဆေးလိပ်ဖြတ်အရက်ဖြတ် အထူး ပြုလုပ်ပေးသလို ဆေးစွဲ မိခင်လောင်းများကို လဲ Drug worker နဲ့  အတူတွဲ စောင့်ရှောက်ပါတယ်ရှင်။
လူမှုဝန်ထမ်းဋ္ဌာနအနေနဲ ကတော့
၁) မိခင်လောင်းတိုင်းဟာ စသိသည်မှ မွေးပြီး ကလေး ၁နှစ်ထိ အခမဲ့  ဆေးထုတ်ခွင့်
၂) ၀င်ငွေနဲ မိခင်လောင်းများကို income support
၃) အိမ်မဲ့  သို့ မဟုတ် အိမ်အနေအထာူ မကောင်းသော မိခင်လောင်းများကို အစိုးရ အိမ်ရာအမြန်ရအောင်ဆောင်ရွက်ပေးပါတယ်ရှင်
မေးခွန်း ရှင်ရဲ့  အမေးကို ဖြေရမယ်ဆိုရင်
down risk high ဖြစ်နေရင်
၂၀ပတ်မှာ detailed scan ရိုက်ပါတယ်
nuchal thickness တိုင်းသလို တခါထဲ amniocentesis offered
တကယ်လို့ trisomy 21 တခုထဲ စစ်ချင်ရင်တော့ အခမဲ့ပါ
၂ပတ်လောက်ကြာတတ်ပါတယ်
full genetic mapping လိုချင်ရင်တော့ ပေါင် ၈၀ ကျပြီး ၁ပတ်အတွင်း အဖြေသိရပါတယ်ရှင်
ဟုတ်ကဲ့
ယူကေ တနိုင်ငံလုံးအနေနဲ့ ကတော့ Birth rate: 10.65 births/1,000 population (2008 est.)
Infant mortality rate: total: 4.85 deaths/1,000 live births
male: 5.4 deaths/1,000 live births
female: 4.28 deaths/1,000 live births (2009 est.)
thanks you all
35 comments:
  1. ရေးထားတာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး နှိုင်းယှဉ်လိုတဲ့ Message ပေးထားတာ ကောင်းပေမဲ့ အနောက်နိုင်ငံတွေမှာ ပေးထားတဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကိုတော့ ကျွန်မလုံးဝ သဘောမကျဘူး။ မြန်မာပြည်မှာ တနေ့ ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်လာတဲ့ခေတ် ရောက်လာရင်တောင်မှ ကိုယ်ဝန်ဆောင်ရင် အသက်အန္တရယ်ရှိတယ်ဆိုတဲ့ အမျိုးသမီးတွေကလွဲရင် လွယ်လင့်တကူ ကိုယ်ဝန်ဖျက်ချခွင့်ကိုတော့ ကျွန်မ လုံးဝအားမပေးချင်ဘူး။
    ReplyDelete
  2. This comment has been removed by the author.
    ReplyDelete
  3. This comment has been removed by the author.
    ReplyDelete
  4. တူမကြီး ငယ်နိုင်ရေ
    မှန်ပါတယ်။ ကိုယ်ဝန်ဖျက်ခွင့် ပေးတာကို၊ လူအတော်များများ မနှစ်သက် သဘောမတူနိုင်ကြပါဘူး။
    အထူးသဖြင့် ဘာသာရေး ကြည်ညို ကိုင်းရှိုင်း သူတိုင်းပါ။ အနောက်နိုင်ငံမှာလည်း ဘာသာရေးအရရော၊ လူမှုရေးအရပါ အပြင်းအထန် ဆန့်ကျင် တိုက်ဖျက်သူတွေ ရှိနေလို့ သည် ကိုယ်ဝန်ဖျက်ခွင့် ကိစ္စက သမတ၊ဝန်ကြီးချုပ်၊ရှေ့နေချုပ်၊တရားသူကြီးချုပ် စတဲ့ ရာထူးတွေ အတွက် ပဏာမ ရွေးခံရသူတိုင်း အဲဒီကိစ္စ အပေါ် ဘယ်လို သဘောထား ရှိသလဲ အမေးခံရတတ်တာ သတိပြုမိပါတယ်။ သိတယ်မဟုတ်လား လျာထားခံရသူတွေကတော့ ကိုယ့်ကို မဲပေးရွေးချယ်မယ့် သူတွေ အနေအထားကြည့်ပြီး ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဖြစ်အောင် ဖြေရင်း ရာထူးရအောင် လုပ်ကြရတာတွေ့ရပေမယ့် ဒီကိုယ်ဝန်ဖျက်ခွင့် ကြီးက အခုထိ တရားဝင်နေတာ တွေ့နေရတုံးပါပဲ။ ဒီနေရာမှာ သူတို့နိုင်ငံတွေက အလေးထား စဉ်းစားနေတာက ပြောပြောနေကြတဲ့ လူ့အခွင့်အရေး ဆိုတာနဲ့ ဘာသာရေး၊ လူနေမှု စရိုက်တွေ အ ပေါ်မှာ အခြေခံ ငြင်းခုံကြတာပါ။ စီးပွားရေးနဲ့ ကျန်းမာရေးဆိုင်ရာ အခက်အခဲကြောင့် မဟုတ်ကြပါ။ တကယ်တော့ သူတို့လို နိုင်ငံတွေမှာ အဖေနံမည်မခံပဲ ကလေးမွေးဖွားတာဟာ သူတို့လူနေမှုစံနစ်နဲ့ ယဉ်ကျေးမှုအရ ပြဿနာလည်း မရှိပါဘူး။
    ReplyDelete
  5. ကိုယ့်ဆရာက တယ်သွက်ပါလား ရေးတောင်ပြီးနေပြီ။ အိပ်ရာထနောက်ကျသွားတာ ခွင့်လွှတ်။ ရဲရင်ဖတ်ကြည့်ဆိုလို့ ဗိုက်က ဆေးဆရာကို ပါးရိုက်တာတို့ ဆေးဆရာက
    ဗိုက်ကို ဓားနဲ့ထိုးတာတို့များ ရေးမလားလို့ မဖတ်ခင် ရဲဆေးတင်တဲ့ အနေနဲ့ တစ်ပက်လောက် လုပ်လိုက်မိသေးတယ်။ မှားလေစွ။
    ဒီတော့ ဘာဖြစ်တုန်း။ ဆရာဝန်ဘက်က ရပ်မလား။ ပေးရှင့်ဘက်က ရပ်မလား။
    မစ်ဒ၀ိုက် လက်ချာနာယူရရုံတင်မက သန့်ရှင်းရေး အလုပ်သမား ဆူတာပဲဖြစ်ဖြစ်၊ အမ်းဘျူးလန့်စ် တွန်းတဲ့ ချာတိတ်က နင်ပဲ ငဆ ပြောတာပဲဖြစ်ဖြစ် ၊ ထမင်းစားပွဲကြီးမောင်းတဲ့ အဘွားကြီးက ကုန်းအော်တာပဲဖြစ်ဖြစ် တစ်သက်လုံးခံဆိုလည်း ခံနိုင်ပါတယ်။ ဘုရားသိကြားမလို့ တစ်လ ဖွတ်ကလိ ဒင်္ဂါး ခြေသလုံး ၂၃၀၀ ရတဲ့ ယူကေမှာပဲ ဒေါက်တာ ဖြစ်ပါရစေ။ ဗမာပြည်မှာ လူနာ ဘယ်သောအခါမှ မဖြစ်ပါရစေနဲ့။
    (ရှိသေးရင်လုပ်ဗျို့၊ ဖတ်ကောင်း၊ ပညာတိုးပါ)
    ReplyDelete
  6. This comment has been removed by the author.
    ReplyDelete
  7. စာအုပ်တအုပ်ရှိတယ်ဗျာ
    ဆရာဝန်ဘုန်းကြွယ်ဆိုတဲ့ နာမည် နဲ့  ဘာသာပြန်စာအုပ် ။
    ကိုယ်ဝန်ဖျက်တဲ့ ဆရာဝန်တဲ့  ။
    မူရင်းက doctor in Rome ထင်တာဘဲ
    နက်ထဲရှာတာတော့ ခုမတွေ့ သေးဘူး ။
    ဗမာပြည်ထဲမှာတော့  အဲစာအုပ်ရှာရမယ်မထင် ။
    အဲမှာ pro and anti -abortion ကိုတော်တော်လေးရေးပြဘူးတယ် ။
    (အဲ ဆရာကြီးက အငြိမ်းစား ဆရာဝန်ကြီး
    သူကောင်းနိုးရာရာလေးတွေ ဘာသာပြန်စာအုပ်ထုတ်တာ
    ၂အုပ်ထွက်တယ်
    နောက်တအုပ်က အလှပြုပြင်ဆရာဝန်တဲ့  ။ )
    cosmetic surgeon ကို ပြန်တာ ။
    Bravo ရ
    သိလား
    ရီးစား ရန်စချင်တဲ့ အခါ သူမကြိုက်လောက်တဲ့  အပေါက်တွေကြီးဘဲ တောက်လျှောက် တနေကုန်လုပ်ပြနေတာ ။ ညနေကျ ရှင်စီးထားတဲ့  ဖိနပ်လေးက အသစ်လေးပါလားဘဲ အပြောခံ၇ဘူးလား
    တခြားလူတော့သိဘူး ။ ကိုတော့ စိတ်ထဲဟစိဟစိနဲ့  ။
    ခုလဲ ၀င်လောက်အောင် စာကြောင်း၁ကနေစပြီး ဟပေးထားတာ နဲဘူး ။ ကောင်းပါတယ်ဆိုတာလေးနဲ့  ပြီးသွားတော့ အင်း ဟစိဟစိနဲ့ 
    ReplyDelete
  8. to tint/
    ဒေါက်တာတင့်ဆွေ (DTS) နှင့် tint တစ်ယောက်တည်းလားခင်ဗျား အာချင်းတူလွန်းလို့ပါ
    နောက်လည်း မမှန်တာတွေ ဆက်လက် ရေးသားပါဦးခင်ဗျား မှန်တာတွေ ဖတ်ရဲအောင် အားမွေးချင်လို့ပါ
    ReplyDelete
  9. tint နှင့် DTS မှာ တစ်ဦးစီ ဖြစ်ကြောင်းပါ။
    စုပေါင်းဘလောက်အင်ဒမင်။
    ReplyDelete
  10. တွေ့ပီဗျို့ 
    ဖတ်သာကြည့်ပေတော့ တချိန်က ဘယ်လိုဆိုတာ
    http://www.infidels.org/library/historical/martin_avery/abortionist_confessions.html
    ReplyDelete
  11. ကျွန်မ မှတ်ချက်အတွက် Dr Nay Oo ရဲ့ ပြန်ဆွေးနွေးချက်အတွက် ကျေးဇူးတင်ပါတယ်။ ဆရာ့မှတ်ချက်တွေ အတော်များများက ကျွန်မအတွက် ပြောစရာတွေ ရှိရှိလာတယ်။
    "လျာထားခံရသူတွေကတော့ ကိုယ့်ကို မဲပေးရွေးချယ်မယ့် သူတွေ အနေအထားကြည့်ပြီး ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဖြစ်အောင် ဖြေရင်း ရာထူးရအောင် လုပ်ကြရတာတွေ့ရပေမယ့် ဒီကိုယ်ဝန်ဖျက်ခွင့် ကြီးက အခုထိ တရားဝင်နေတာ တွေ့နေရတုံးပါပဲ" ဆိုတာနဲ့ ပတ်သက်ပြီး
    ကျွန်မတို့ အခုပြောနေတဲ့ နိုင်ငံတွေမှာ လူတယောက်၊ လူတစုဖြစ်ချင်တဲ့ အရာကို အတင်းအဓမ္မ လုပ်လို့မရပါဘူး။ ဒါကြောင့် အများနဲ့ လိုက်လျောညီထွေအောင် လုပ်ရတာတွေ ရှိနိုင်ပါတယ်။ ကျွန်မတို့လို သဘောမတူတဲ့ လူတယောက်၊ တစု စိတ်ချမ်းသာဖို့အရေးထက် အများစိတ်ချမ်းသာဖို့ အရေးကို ရွေးတာလို့ပဲ မှတ်ယူပါတယ်။ အများစိတ်ချမ်းသာတဲ့အရေးက တရားပျက်နေရင် မှားနေတယ်လို့ လက်ခံထားတဲ့ ကျွန်မတို့လို အများနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသူတွေကို ဘာကြောင့်မှားတယ် မဖြစ်သင့်ဘူးဆိုတဲ့ ဘက်က ခိုင်လုံတဲ့ အကြာင်းပြချက်နဲ့ Campaigns တွေ လုပ်ပြီး စညရုံးခွင့်လည်း ပေးထားတဲ့အတွက် လက်နက်နဲ့ချိန်ပြီး ငါပြောတဲ့အတိုင်းပဲ ဖြစ်ရမယ်လို့ ချိန်းချောက်ပြီး အတည်ပြုထားတာ မဟုတ်လို့ ကိုယ်ဝန်ဖျက်ခွင့်ကို ကျွန်မ လက်မခံပေမဲ့ သူတို့ အတည်ပြုထားတာ တရားတယ်လို့ ကျွန်မလက်ခံပါတယ်။
    ReplyDelete
  12. အကိုနေဦးနဲ့  ငယ်နိုင်တို့  အန္တရာယ်ကြီးတဲ့  ကိုယ်ဝန်ဖျက်တာကို ပြောပစေ ။ ကျွန်တော်ကတော့ လွယ်တဲ့ ကိုယ်ဝန်စောင့်ရှောက်ခြင်းကိုဘဲ ဆွေးနွေးပါ့မယ် ။ အခုရေးပြတာဟာ ယူကေမှာ ခုလက်ရှိနော်။ ဒီစနစ်မှာ ကိုယ်ဝန်သည်များရာစု low risk တွေဟာ ၀မ်းဆွဲနဲ့ ဘဲ ပြီးသွားတာ တွေ့ ရမှာပါ ။ (ဆေးရုံက delivery room မှာလဲ low risk ဆို midwife ဘဲကိုင်ပါတယ် ။ မနိုင်မှ OG ခေါ်တယ် ) အဲတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့  တွက်ကြည့် ငွေ အချိန် ဘယ်လောက်သက်သာလဲဆိုတာ ။ ( midwifery က ၂နှစ်သင်တန်း လခကျတော့လဲ များကြီးသက်သာတယ် ။) အဲဒါ ဆင်းရဲတဲ့  နိုင်ငံတွေနဲ့  ကိုက်မကိုက် တွေးကြည့်စေချင်တာပါ ။ (ကိုက်တယ်မပြောဘူးနော် တော်ကြာ အိုဂျီတွေ ၀ိုင်းထုမှာ စိုးလို့  )
    ReplyDelete
  13. အင်္ဂလန်မှာ Low Risk တွေကို အိမ်မှာလည်း Midwife ခေါ်ပြီး ကိုယ့်အစီစဉ်နဲ့ ကိုယ်မွေးတာ ရှိတယ်မဟုတ်လား။ ကျွန်မတို့ကို Reproductive Health သင်တုန်းက အတန်းထဲက Tutorial မှာ ရေကန်ထဲမှာ ကလေးမွေးတဲ့ပုံကို အင်္ဂလန်မှာ ရိုက်ထားတဲ့ ဗွီဒယိုကို ပြတယ်။ ကလေးမွေးတဲ့ အမျိုးသမီးက ဘေးနားမှာ ရှိနေတဲ့ Midwife နဲ့ သူ့မိသားစု အဖွဲ့ဝင်တွေကို သူ့အရင်ကလေး အတွေ့အကြုံတွေ ပြောလိုက်၊ ဗိုက်နာတက်လာရင် တခါ အော်ငိုလိုက်၊ အနာသက်သာနေတဲ့ အချိန်မှာ စကားပြောရင်း ကင်မရာသမားကိုတောင် ရီပြ၊ ပြုံးပြလုပ်သေးတယ်။ ဘေးနားက ၃-၄ နှစ်ခန့်အရွယ် အကြီးမလေးကလည်း သူ့အမေဗိုက်ကို ပွတ်ပြီး ဘေဘီကဘယ်တော့ ထွက်လာမှာလဲနဲ့ လိုက်မေးနေတယ်။ တတန်းလုံး တ၀ါးဝါး တဟားဟားနဲ့ ရီနေရတယ်။ ကလေး ထွက်လာတော့ ပျော်လို့ဆိုပြီး သူ့အမျိုးသားရော အကြီးမလေးပါ ရေကန်ထဲ ခုန်ဆင်းပြီးဖက်နေကြတယ်။ ကလေးမလေးကလည်း ဘေဘီ၊ ဘေဘီဆိုပြီး အတင်းပဲ မွေးခါစမောင်လေးကို Midwife တောင် မကိုင်ရသေးဘူး ချက်ကြိုးတန်းလန်းနဲ့ သွားကောက်ကိုင်တယ်။ ဒီ ညစ်ပတ်နေတဲ့ ရေကန်ထဲမှာသူတို့ မိသားစုပုံကိုကြည့်ပြီး ကျွန်မဆို အန်ချင်လို့ မနည်းအောင့်ထားရတယ်။ ကျွန်မတို့ မျက်စိမှာတော့ ဟာသကားတကား ကြည့်ရသလိုပဲ ရီရပြီး ကြည့်ရတာ တ်ာတော်ကို ကိုးယိုးကားယား နိုင်တယ်။ ဗွီဒယိုပြပြီးတာနဲ့ Toturial Discussion လုပ်ပြီး ပြန်ဆွေးနွေးရာမှာတော့ အုပ်စုအားလုံး တသံတည်း ထွက်တာကတော့ ရေထဲမှာ မွေးလို့ မိခင်က သက်တောင့်သက်သာ ရှိတာ မှန်ပေမဲ့ အခုလို မိသားစုတခုလုံး ၀င်ပြီးပါနေတာဟာ လုံးဝ Safety လည်းမရှိဘူး အကြီးမလေးကို ဗိုက်နာနေတဲ့ အမေနဲ့အတူ ထားတာလည်း လုံးဝမသင့်လျော်ဘူးလို့ သုံးသပ်ကြတယ်။
    ReplyDelete
  14. အင်း
    အဲလိုဘဲဆို
    လွတ်လွတ်ကင်းကင်းဆိုတဲ့  လမ်းရွေးမိတာ safety check နဲ့ တိုးတာဘဲ
    ငယ်နိုင်ရ
    အဲလို home dlivery and Hydrodelivery တို့ က midwifery services က လုပ်တာလေ ။
    ဆေးရုံမှာလဲ delivery room ဆို အဲလိုဘဲ
    ခေါင်းရင်းမှာ ယောက်ျားပေးထိုင်တယ်
    ( ကလေးပေးဝင်မ၀င် ။ အဲဒါတော့ မှတ်မိဘူး ။ အဲ နေအုံး
    ပေးဝင်တယ် ကလေးကိုလဲ )
    အဲဒါလဲ သူတို့  research အရတဲ့  ။ ယောက်ျား အနားရှိရင် မွေးရပိုလွယ်ဆိုလားဘဲ
    http://www.ncbi.nlm.nih.gov/pubmed/17017474
    ReplyDelete
  15. ကျနော့်ဘလော့ဂ်မှာ မနှစ်တုန်းကရေးခဲ့တာလေးပါ http://byakga.blogspot.com/2008/07/blog-post_27.html
    ReplyDelete
  16. ကို ဗဂ စာသွားဖတ်။ ကောင်း၏။ ကွန်မန့်ပေး၏။ မပေါ်။
    ReplyDelete
  17. ကိုနေဦး၊ မငယ်နိုင်၊ ကိုတင့်
    ကိုယ်ဝန်ဖျက်ချတာကို ကျနော်လည်း မကြိုက်။ ပါဏာတိပါတာ ဝေရာမဏိ။ ကျနော်တော့ zygote ဘ၀ထဲက အသက်ရှိပြီလို့ ကိုယ့်ဖာသာ ယုံတယ်။ ကိုယ်မကြိုက်ပေမဲ့ သူတို့ ကြိုက်သဗျို့။ D&C ခိုးလုပ်ပေးတဲ့ နေရာတွေ (ဆေးခန်းတွေ) ရန်ကုန်မှာရော နာဂမှာရော ဂမ်လန်ရာဇီ ဘက်မှာရောရှိ။ အချို့က အစအဆုံး တာဝန်ယူ။ ဆေးတောင့် တစ်မျိုး ထည့်ကြ။ မရရင် တံမြက်စည်းရိုး ဖဲထီးသံချောင်း။ မရရင် နင်းချ။ ပါရာဒိုင်းပြောင်းသွားတဲ့ အထိ မပြောင်းသေး။ ခုထိရှိ။
    အဲတော့ တရားဝင် ဖျက်ချခွင့်လေးများ ပေးရင် ကောင်းမလား....လို့
    ကျနော် မပြောသွားပါ...။
    ReplyDelete
  18. ဟေး Bravo
    ကိုမပါဘူးနော် ။ ခုပြောနေကြတာ မငယ်နဲ့  အကိုနေဦး
    ဟားဟား
    အင်း ခက်တော့ခက်သေးသဗျာ ။
    ဒီဟာက ဖြစ်ချင်တာဖြစ် မောင်ဘချစ်
    ပူချင်သလိုပူ ဖြူဖြူကျော်သိန်း
    ဖျက်ခင်သလိုဖျက် ထက်ထက်မိုးဦးဆိုတဲ့  ဗမာစနစ်ကလဲ မနိတ်တာအမှန်
    ပညာတွေပေးပါဟ ကွိုင်တခုထည့် ပေါင် ၁၁၀
    စင်ဂယ်မားသားတယောက်မွေး အိမ်ပေး ငွေပေး ဘာပေးညာပေးကြားထဲက တဖုန်းဖုန်းဖျက်ချနေရတဲ့  ယူကေ စနစ်ကလဲ မဟန် ။ အဖြေကတော့တော်တော်လေးဝေးသေးတယ်။
    ReplyDelete
  19. ကိုဝန်ဖျက်ချတဲ့ကိစ်စ ကျွန်တော်ကတော့ ခွင့်ပြုသင့်တယ်လို.ထောက်ခံတယ်...
    မဟုတ်လဲမဖျက်တာမှတ်လို. သဘာဝကိုဘယ်သူကလွန်ဆန်နိုင်တာမှတ်လို.
    အများကောင်းဖို.ဆို ကိုယ့်ဆန်ဓနဲ.ဆန်.ကျင်လည်း ခွင့်ပြုရမှာပဲပေါ့...
    ဗုဒ်ဓဘာသာမဟုတ်တဲ့ လူကြီးမင်းက ခွင့်ပြုမိန်.ထုတ်ပြန်ပြီး..ဗုဒ်ဓဘာသာမဟုတ်တဲ့
    ဆ၇ာဝန်တွေလုပ်ကြပေါ့...ဗုဒ်ဓဘာသာလူနာတွေက
    လာအားပေးကြပါလိမ့်မယ်ဗျာ..ပွဲမစည်မှာမပူပါလေနဲ.
    ReplyDelete
  20. ကိုယ်ဝန်ဆိုတာ မိခင်က ပိုင်ပါသည်။ မိခင်သည် မိမိ၏ ကိုယ်ဝန်အတွက် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ အဆိုပါကလေးသည် မကျေနပ်က တခြားနေရာတွင် သွားနေပေါ့။ သူများဗိုက်ထဲမှာ nutrition တွေ လာရောက်စားသုံးနေရင် တော့ သူများပြုသမျှ ခံရမှာပဲ။ ဆရာဝန်၏ တာဝန်ကား မိခင်အတွက် အဓိက ဖြစ်ပါသည်။ မိခင်၏ ကျန်းမာရေးသည်သာ ပထမ။ ကလေးကားဒုတိယ။ မိခင်က ဖျက်ချချင်ပါက ဆရာဝန်ထံတွင် တားပိုင်ခွင့် မရှိ။
    ReplyDelete
  21. ကျွန်တော် စာရေးတာဖြစ်ဖြစ် စကားပြောရတာဖြစ်ဖြစ် နာမည်အပြည့်အစုံ ရေး-ပြောပါတယ်။ မမှန်တာ ရေးမိတယ်ထင်ရင် (ဆောရီး)ဗျာ။ မမှန်တာ ဘယ်ဟာလဲလို ကိုယ့်ဖါသာတော့ မသိဘူး။ ထပ်ပြီး (ဆောရီး)ဗျာ။
    ReplyDelete
  22. ဆရာတင့်ဆွေ ခင်ဗျား
    အပေါ်က အမည်နှင့်ပတ်သက်ပြီး စာရှုသူတစ်ဦးမေးသည်မှာ ကိုtint ၏ ဤပို့စ် နိဒါန်းတွင်ပါသော "...ရှေ့ ကို ကိုယ်မမှန်တာတွေချည်းရေးပါ့မယ်။
    မမှန်တာ ဘာကြောင့်ရေးလဲဆိုရင် မှန်တာကို ရေးရဲတဲ့  သတ္တိမရှိလို့ ပါ ခင်ဗျား ..." ဆိုသည့် စာပိုဒ်ကို ရည်ညွှန်းဟန် တူပါသည်။ ဆရာ့ စာများကို ပြောသည်ဟု မထင်ပါ။
    ရဲမွန်
    ReplyDelete
  23. forum မှာဆွေးနွေးချင်သူများအတွက် ning မှာ ကျွန်တော် forum တစ်ခုလုပ်ပေးထားပါတယ်။ လိပ်စာကတော့ http://mmhealthforum.ning.com ဖြစ်ပါတယ်။ Ning account လုပ်ပြီးမှ သုံးလို့ရမှာပါ။
    ReplyDelete
  24. နောက်ထပ် forum တစ်ခုကတော့
    http://im2friends.freeforums.org ဖြစ်ပါတယ်။
    ReplyDelete
  25. ဆရာတင့်ဆွေရေ
    ဆရာစိတ်အနှောင့်အယှက်ဖြစ်သွားရတာ စိတ်မကောင်းဘူးဗျာ ။
    လက်ရှိ ဆေးလောက ဖြစ်နေတာတွေကို ဟာသဖေါက်ရေးတာက အဖြစ်တွေက ဆိုးလွန်းတော့ အမှန်အတိုင်းအတိအကျရေးရင် ဖတ်တဲ့ သူတွေမခံနိုင်မှာစိုးရလို့ပါဗျာ ။
    နောက်အမှန်အတိုင်းရေးတော့မယ်ဆိုရင် လူနာမည် နေ့ ရက်တွေပါလာတော့မယ် ။ လူနာမည်တွေက အပါမခံနိုင်သေးဘူးဗျာ ။ ကျွန်တော်က လွတ်ရာကျွတ်ရာရောက်နေပေမဲ့ သူတို့ က ခုထိ အတွင်းမှာ။ နောက်နေ့ ရက်အတိအကျဖြစ်ဘို့ ဆိုတာ ဒိုင်ယာရီလိုတယ်ဗျ ။ ကျွန်တော့ ၁၉၈၆-၉၇ထိ မှတ်တမ်းတွေအကုန်လုံးက မပြန်လမ်းကိုသွားရှာပြီဗျ ။ ဒုတိယနှစ်ကနေ ၉၆ကုန်ထိ မှတ်တမ်းတွေလေ ။ ဒီတော့ကျွန်တော်ရေးတာဟာ ကျမ်းကိုင်ပြောနိုင်လောက်အောင်မမှန်မခိုင်လုံကြောင်းဟာသနဲ့  ပဏာမချီမိတာပါဗျာ
    ReplyDelete
  26. အဲ... မရှင်းလို့ မရှင်းတရှင်း မေးလိုက်မိတာ ဆရာနှစ်ပါး ရှုပ်သွားကြောင်းတွေ့ရလို့ တောင်းပန်ပါတယ်ခင်ဗျား
    ReplyDelete
  27. ဆရာဇီဝက ရေးသွားတဲ့ ကွန်မန့်ကို ထောက်ခံပါတယ်။
    သူများ nutrition လာစားသုံးနေရင် သူများ ပြုသမျှ နုရမှာပဲ ဆိုတာ သဘာဝ ကျပါတယ်။ မြန်မာမှာက ကလေးက အပြစ်မဲ့တယ်လို့ အကြောင်းပြပြီး အဖျက်မခံဘဲ လူကြီးဘဝကို နစ်မွန်းပစ်တာ အကျင့်လို ဖြစ်နေတယ်။ မုဒိန်းကျင့်ခံရတဲ့ ကလေးမတစ်ယောက် ကိုယ်ဝန်ရှိသွားရင်၊ ရည်းစားပစ်ပြေးတဲ့ ကောင်မလေး ဗိုက်နဲ့ ကျန်ခဲ့ရင် မြန်မာမှာက ဘယ်အရပ်က နားလည်မှုပေးဖူးလဲ။ လူ့အသက်တစ်ချောင်း မသတ်ကောင်းပါဘူး တတွတ်တွတ် တားတဲ့သူတွေပဲ ကဲ့ရဲ့ကြ၊ ပစ်ပယ်ကြ၊ ချိုးနှိမ်ကြ။ အရပ်ပတ်ပြီး အတင်းပြောကြ။ သူတို့ မသတ်ကောင်းပါဘူးဆိုတဲ့ လူ့အသက်တစ်ချောင်းကိုလဲ မွေးလာတော့ သူတို့ပဲ နှိမ်ကြ လူရာမသွင်းကြတာ။
    ကိုယ်ဝန်ဖျက်ချတာကို ခွင့်မပြုရင် ဖခင်မဲ့ ရင်သွေးနဲ့ သူ့မိခင်ကို အရပ်က ချိုးနှိမ်စော်ကား discriminate မလုပ်စေရပါဘူးလို့ အာမခံနိုင်ရမယ်။ ဒီအာမခံချက် မပေးနိုင်ဘဲ ကလေးမတွေကို လူ့အဖွဲ့အစည်းရဲ့ ကဲ့ရဲ့ခံသားကောင် အတင်းလုပ်စေတာတော့ မဖြစ်သင့်ဘူး။ ကိုယ်ဝန်ဖျက်မချရဘူး ကြွေးကြော်နေတဲ့ လူတွေက ဖျက်မချဘဲ မွေးလာရင် မိခင်နဲ့ ကလေးရဲ့ သိက္ခာကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲမေးရင်-
    ဆောရီးပဲ။ ငါတို့နဲ့ မဆိုင်ဘူး။ ငါတို့က အရပ်ထဲ အတင်းပြောတာပဲ လုပ်ပေးမယ်...
    ပြောနေရင်တော့ မဟုတ်သေးဘူး။
    ဆရာဝန်တွေက ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင် ပေးသင့်သလား ဆွေးနွေးနေရတာလဲ တရားမဝင် ဖျက်ချကြရင်း မိခင်သေနှုန်းတွေ များများနေတာက တစ်ကြောင်းပဲ။ ဖျက်ချင်တာ လက်ယားနေလို့တော့ မဟုတ်တန်ပါဘူး။
    ReplyDelete
  28. မိခင်တိုင်းတွင် မိမိကိုယ်ဝန်နှင့် ပတ်သက်ပြီး လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိရမည်။ english လိုတော့ Pro choice လို့ခေါ်ပါတယ်။ basic human right တစ်ခုပါ။ ရှေးရိုးကျတဲ့ catholist တွေ ကတော့ လက်မခံပါဘူး။ Buddhist တွေကတော့ သူများအသက်ကို မသက်ရက်တာလား ငရဲကြီးမှာ ကြောက်လို့ပဲလားတော့ မသိဘူး။ ကိုယ်ဝန်ဖျက်ချတာကို အားမပေးပါဘူး။ ဒါပေမယ့် ဘုရားရှင်ကတော့ အမေမှာ ရွေးချယ်ပိုင်ခွင့် မရှိဘူးလို့တော့ မဟောခဲ့လောက်ဘူး ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဒ ဘာသာဟာ လူတိုင်းကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးပြီး ကိုယ့်တာဝန်ကို ကိုယ်ယူခိုင်းလို့ပါ။ ဆရာဝန်ဆိုတာ cevil servant ပါ။ religious servant မဟုတ်တဲ့အတွက် ဆရာဝန်တွေရဲ့ တာဝန်ဟာ တိုင်းပြည်သာယာဝပြောရေး ဖြစ်ပါတယ်။ တစ်ခါတစ်ရံကျရင် လိုအပ်လို့လုပ်ရတဲ့ ကိစ္စလေးတွေရှိပါတယ်။ ဘာသာရေးအရတော့ မကောင်းဘူးပေါ့။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်သာ ရှိပါက ဖျက်ချချင်သူကို ဖျက်ချပေးမည့်သူက ကျေကျေနပ်နပ် ဖျက်ချပေးလိမ့်မည်။ ကိုယ်က အားမပေးရင် ကိုယ် အသာလေး ရှောင်နေလိုက်ရုံပဲ။ ကိုယ်လည်း ငရဲ မကြီးဘူး။ နှစ်ဦးနှစ်ဘက် အကျိုးရှိ။
    ReplyDelete
  29. ဥပမာ. မိမိကိုယ်ကိုယ် သတ်သေတာကိုဆို အားမပေးထိုက်ပေမယ့် ပါဏာတိပါတကံလို့တော့ ဗုဒ္ဓဘာသာက မသတ်မှတ်ပါဘူး။ သူများအသက် သတ်မှ ပါဏာတိပါတကံ မို့လို့ပါ။
    ဒါဆို သူ့ဗိုက်ထဲက အလုံးတစ်လုံးကို သူ့အသက်အန္တရာယ်အရ၊ ဝမ်းရေးအရ၊ အရှက်အရ ထုတ်ပစ်တာ သူ့လုပ်ပိုင်ခွင့်လို့ မြင်ပါတယ်။ မထုတ်နဲ့၊ ငါ့ဗိုက်ထဲ လာထည့်လို့ ပြောတာ မဟုတ်ဘဲ မထုတ်နဲ့၊ နင့်ဗိုက်ထဲ ဆက်ထားရမယ်... ပြောတာကျတော့လဲ သူ့လူ့အခွင့်အရေးကို ထိပါးသွားပြီ။
    ကိုယ်ဝန်ပျက်ကျစေတဲ့ ဆေးတောင် မပေးရဘူးလို့ သံဃာတွေကို ဘုရားရှင်က တားမြစ်ထားပါတယ်။ ဒါကျတော့ ရှင်းတယ်လေ။ ဘုန်းကြီးအလုပ်မှ မဟုတ်တာ။ သံဃာတွေကို ဆေးတောင် မကုရဘူး တားထားတာပဲ။
    ဒါပေမယ့် သံမချရ၊ အနာလောက်တွယ်နေရင် ဖယ်ရှားမပစ်ရ...လို့တော့ ဘုရား ဟောခဲ့တာ မတွေ့ဘူးဗျ။ ပိုးမွှားဝင်ရာက အနာဖြစ်ခဲ့ရင် ပိုးတွေ မသေအောင် လူ့အသက်ပဲ အသေခံရမယ်လို့လဲ ဟောမသွားဘူး။ တရားသဖြင့် လုပ်သင့်တာ လုပ်တာ ခွင့်ပြုလက်ခံပါတယ်။ ဝဲပိုး နှင်းခူပိုးတွေလဲ သူများခန္ဓာအိမ် လာတွယ်ပြီးမှ မသေပါရစေနဲ့၊ ရောဂါအဖြစ်ခံပြီး သည်းခံပါ ငိုပြရင် ဘယ်တရားမလဲ။
    ReplyDelete
  30. ကိုယ်မြင်တာကတော့ ကိုယ်ဝန်ဖျက်မဖျက်က လူမှုေ၇းနဲ့ ကျန်းမာရေး ပြသနာကြီးဘဲ ။
    ကိုယ်တိုင်တွေ့ ဘူးတဲ့  လူနေမှုစနစ် ၂ခုပေါ့နော်
    ဗိုက်မကြီးအောင် ၁၁နှစ်လောက်ထဲက သင်တန်းတွေပေး ဆေးတွေကျွေး ( ကိုယ်ပြောသလိုဘဲ ကွိုင်တခါထည့်ရင် ဂျီပီကိုပေါင် ၁၁၀ ပေး ) တခါကြီးလာပြန်တော့လဲ အဖေမပေါ်ဘဲမွေးရင် အိမ်အခမဲ့  ထောက်ပံ့ကြေးတွေပေး ဘာညာ ဘာညာ
    (ကိုတခါချတွက်ကြည့်တယ် ။ မိန်းမဖြစ်ရတာတယ်ကောင်းတဲ့ တိုင်းပြည်ဘဲလို့ တောင်တွေးမိတယ် )
    လင်မရှိကွာ ။ ကလေးက ၃ယောက်လောက် အလုပ်လဲ မရှိတဲ့ မိန်းမဆို ကို့ ထက် လူနေမှုမှာသာတယ် ။
    ဒါလဲ တဖုန်းဖုန်းဖျက်နေတာဘဲ ။ နှစ်တိုင်း ဖျက်တဲ့  စရင်းကအတိုးဘဲ အလျော့မရှိဘူး
    ReplyDelete
  31. တခါ ဘာဘဲဖြစ်ဖြစ် မဖျက်နဲ့ ကွ
    ဖျက်ရင် ထောင်ဘယ်လောက်ဆိုတဲ့  နေရာမှာလဲ တဖုန်းဖုန်းဖျက်နေတာဘဲ
    တနှစ်ဘယ်လောက်ဆိုတာ စရင်းကောက်မရတာဘဲရှိတယ် ။
    ဖျက်နေတာ သိသိကြီးလေ ။
    ဒီတော့ အဖြေက လွယ်လွယ်လေး ပေးရတဲ့  ပြသနာလို့ မထင်ဘူး
    ReplyDelete
  32. ဘာသာရေးကိုတော့ ကိုတို့  မဆွေးနွေးသင့်ဘူးထင်တယ် ။
    ကက်သလစ်က ရှင်းတယ် မဖျက်နဲ့  ဖျက်ရင် God မကြိုက်ဘူး။ အဲလိုလေ
    ကိုတို့  မှာက အဲလို God နဲ့ ချောက်တာ မဟုတ်ဘူး
    တကယ်ပြောရင်တော့ ကိုနားလည်ထားတာကတော့ ဘုရားရှင်အဆုံးအအမအရဆိုရင် တကယ်ရှိပြီလို့ သေချာရင် morning after pill တောင်အကုသိုလ်မှာပါတယ်လို့  ကိုနားလည်တယ် ။ ဒါပေမဲ့  ခုဟာက လူမှုေ၇းနဲ့ ကျန်းမာရေးရှုထောင့်ကဘဲ ဆွေးနွေးကြရအောင် ။
    ကိုတခုသတိထားမိတာက ကိုတို့  ဗမာတနိုင်ငံလုံးအနေနဲ့ က ကိုယ်ဝန်တားတာကို နားလည်မှုက တော်တော်ကိုနဲ သေးတယ် ။
    pill , morning after pill and aborificent drugs တောင် သေချာခွဲသိတဲ့ သူ တအားနဲနေသေးတယ်လို့ မြင်မိတယ် ။
    ၁၉၈၀ ၀န်းကျင်လောက်က အလုပ်သမားဆေးရုံမှာ Lippe loop ထည့်ပေးတဲ့  စနစ်လေးတခု ရှိဘူးတယ် ။ အခမဲ့  ။ ခုတော့အဲဒါလဲ ရေစုန်မျောပြီထင်ပါရဲ့  ။
    ကိုယ်ထင်တာလေ ကိုတို့ နိုင်ငံနဲ့  IUCD က သိပ်ကိုက်တယ်ထင်တာဘဲ ။ခု copper coil တွေက သေးလဲသေး ဈေးလဲချို ။
    သူက ထည့်တဲ့ အခါ ချော့ထည့်တတ်ရင် အပျိုလဲ ထည့်ရတာဘဲ ။ ( own practical experience ) ဈေးက သိပ်မကျဘူးဗျ ။ တခုကို ဒီကဈေးတောင် ၇ပေါင်ရယ် ။ ကိုတို့ ဘက်ကိုပို့ ရင်WHO လိုဆို အလကားတောင်ရနိုင်တယ် . ။
    နယ်လှည့် အခမဲ့  သန္ဒေတားအဖွဲ့ လိုမျိုးဆို ခုန ဖျက်တာထက်တော့ သက်သာမလားဘဲ
    copper coil က တခုသာတာ ရှိသေးတယ် ဆက်ဆံပြီး ၇ရက်ထိ ထည့်လို့ ရတယ် ။ after sex .
    ReplyDelete
  33. ဖတ်သွားပါတယ် ခင်ဗျာ။
    အမြင်ကိုတော့ မဆွေးနွေးဝံ့ပါ။
    ReplyDelete
  34. ဒီမှာက ဆရာဝန်တွေစုံတော့ မေးပါရစေခင်ဗျ..
    အမျိုးသမီးကဗျာ.. တားဆေးလည်း စားထားတယ်..ဒါက ပထမဆုံး အိမ်ထောင်မပြုခင် ရာသီလာပြီးကတည်းက စားထားတာ.. နောက်၂ ပါတ်နေတော့ အိမ်ထောင်ပြုတယ်..
ုကားထဲမှာ ဆေးစားဖို့  တစ်ရက်မေ့ သွားတယ်..ဒါပေမယ့် ဘယ်ရက်နေ့ ကဆိုတာ သူကိုယ်တိုင်လည်း မသိဘူး.. မမှတ်မိဘူး. ဖြစ်နိုင်ခြေရှိတာက မဂ`်လာဦးညမှာလား မသိဘူးဗျို့ ...နောက်တော့ ပုံမှန် ရာသီလာမယ့်ရက်ရောက်တော့ ရာသီက မလာဘူး..၃ ရက်ကျော်နေပြီ.. ဒါနဲ့  UCG test နဲ့  စမ်ုးကည့်တယ်.. ကိုယ်ဝန်ရှိတဲ့ လက္ခဏာမပြဘူး.. ဒါပေမယ့် ခုတော့ ရာသီလာမယ့်ရက်ကို ကျော်လာတာ. ၁ ပတ်ဖြစ်သွားပြီ... ဘယ်လိုလုပ်ရမလဲ.. ကိုယ်ဝန်ပဲ ရှိသွားပြီးလားမသိ..အဲဒါမှ ဒုက္ခ နဲ့  လှလှ.. ခုမှညားတာ ကလေးတော့ မရချင်သေးဘူးတဲ့ခင်ဗျ.. ပြီးတော့ တားဆေးတွေဘာတွေရဲ့  side affect ကလည်း ရှိသေးတယ်.. တော်ုကာ မွေးလာတဲ့ခလေး ကို့ ရို့ ကားရားလေး ဖြစ်မှာစိုးရတယ်.. အဲဒါ ၀ိုင်းစဉ်းစားပေးပါဦးခင်ဗျ..
    ReplyDelete