Sunday, November 29, 2009

“ အကယ်၍သာ “

(ပြည်တွင်းက သတင်းဂျာနယ် နှစ်စောင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ် တစ်ဦး ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သေဆုံးခြင်း သတင်းနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှု မြင့်မားစွာနဲ့ ထင်မြင်ယူဆချက်၊ မှတ်ချက်တွေ တက်လာလိုက်ကြတာအမျိုးအမျိုးပါပဲ။ ဒါနဲ့ပတ်သက်ပြီး အခုစိတ်ဝင်စားနေကြတဲ့ ရင်နင့်စရာ ဇတ်လမ်းမျိုး များ အင်္ဂလန်ခေါ် ဘိလပ်ရွှေပြည်ကြီးမှာ ဖြစ်ခဲ့တာဆိုရင် ဘယ်လိုနေမှာလဲဆိုတဲ့ လက်တွေ့အခြေပြု စိတ်ကူးပုံရိပ် ကလေးကို တကယ်ကျင်လည် လှုပ်ရှားနေသူတဦးရဲ့ သရုပ်ဖေါ်ချက်အတိုင်း ဖတ်ကြည့်ကြရအောင်လားခင်ဗျာ။ ဗဟုသုတ အနေနဲ့ပေါ့။)

(ကားလိပ်ဖွင့်)


တခုပါဘဲဗျာ ---- ဘယ်နေရာမဆိုလေ သူ့ စံနစ်နဲ့  သူ ကောင်းတာတွေရော ဆိုးတာတွေပါရှိတာဘဲ။
စံနစ်တခုကိုသေသေချာချာ မသိသေးပဲနဲ့ကောင်းပါတယ်လို့  အပြင်ကနေပြောတာမျိုးတော့ မကောင်းဘူးဗျာ။
ကဲပါလေ
UK NHS (အင်္ဂလန်နိုင်ငံ ကျန်းမာရေးစေါင့်ရှောက်မှုစံနစ်) မှာ ဒီလိုလူနာရဲ့  သွားရာ လမ်းကြောင်းလေး ကြည့်ရအောင်။ ( ) ကွင်းထဲက ကုန်ကျစရိတ်က အစိုးရပေးတာနော် ။ လူနာကတော့ တပြားမှမကုန်
ကောင်းတာဆိုးတာ ခဏထားနော်

ည ၉နာရီခွဲ ----


လူနာ (က)ကြီး နေမကောင်း
အသက် ၁၅နှစ် မိန်းကလေး အပျို (ယူဆရ)
အဖေက ဖုန်းဆက် - ဂျီပီထံ(UK-NHS တွင် ဒေသန္တရ တာဝန်ကျ အထွေထွေရောဂါကုဆရာဝန်က ကုသမှုကို စတင်ရပါသည်။)

ည ၁၀နာရီ ခွဲ ----


ဂျီပီ(အထွေထွေရောဂါကုဆရာဝန်)က ဖုန်းပြန်ခေါ်
အရေးပေါ်ဆေးခန်းပြရန် စီစဉ်။

၁၁နာရီခွဲ ----


ဂျီပီ စမ်းသပ်စစ်ဆေးကြည့် - ဆေးရုံကိုဖုန်းခေါ် ( ပေါင်၁၀၀)
ခုမှ နားရလို့  ဆိုဖါပေါ် ခြေလေးတင် မိုးဟေကိုရဲ့ပေါင်ဘယ်လောက်လှသလဲ တွေးနေတဲ့  surgical registrar (ခွဲစိတ်ဆရာဝန်) ကကိုင်။
“ အဲ - ဗိုက်နာတာဆိုတော့ တင်ရမှာပေါ့ ” လို့ ဖြေ။
သို့သော် - စကောစက အသက်မို့  ကလေးဆောင်တင်ဘို့  စီစဉ်။
ဂျီပီ ကို ခဏ စောင့်ခိုင်း ။ ကလေးဆောင်က paed registrar( ကလေးရောဂါကုဆရာဝန်) နဲ့  ဈေးညှိ။
ဟိုက - “ အေးလေ တင်လိုက် ။ ရောက်ရင် ငါကြည့်လုပ်လိုက်မယ် ။ ပြီးမှ မင်းခေါ်မယ် ” ဆိုမှ ဂျီပီထံ ပြန်ဆက်
ကဲ ပို့ လိုက်ပေါ့။

မနက်၁နာရီ ----


ကလေးဆောင်ရောက် ကုတင်တနေရာ ယူ ( တနေ့  ပေါင် ၄၅၀ )
paed SHO (ကလေးရောဂါကုဆောင်ဆရာဝန်)က ကြည့်၊သွေးစစ် ဆီးစစ်။ အော်တိုငုတ်တုတ်(အကြမ်းဖျင်း ပေါင် ၅၀ )

မနက် ၂နာရီ ----


အဖြေစုံ Paed registrar က နှမ်းဖြူး- ခွဲစိတ်ဆရာဝန်ကို ပြန်ခေါ်
အဲဒီ အချိန်မှာ ထက်ထက်မိုးဦး ကိုအိပ်မက် မက်နေတဲ့  surgical registrar ( ငနဲ မျိုး အိပ်ရသေးတယ်မထင်ပါနဲ့  ခုမှ ခွဲခန်းထဲက ထွက်ရေချိုးပြီးတာပါ ။ ၁၀မိနစ်အနားရ အိပ်တတ်တာ အွန်ကော(အရေးပေါ်တာဝန်)ကြာနေတဲ့  လူတွေအကျင့် )
အဲတော့ တက်လာကြည့်

၂နာရီခွဲနေပြီ။


ခွဲခန်းက၊သန်းခေါင်ကျော်ရင်သေရေးရှင်ရေးမှပေးလုပ်တော့ ကဲ-စောင့်စို့ မနက်။

မနက် ၈နာရီ ----


ဘော့စ်( အတိုင်ပင်ခံ-ခွဲစိတ်ဆရာဝန်ကြီး ) ရောက်လာ consultant grand round
(Case) ကေ့စ်ပြ။ - ကလေးအဖွဲ့ ကလဲ လူစုံ နဲ့ တွေ့ 
“အေးကွာ - လုပ်လိုက်” ဆိုမှခုန surgical registrarက ခွဲခန်းပြေး ။မေ့ဆေးနဲ့တွေ့။အချိန်ညှိတော့
၉နာရီကျော်မှတဲ့။
အဲတော့ ၉နာရီကျော် ဂျူတီဝင်တဲ့ surgical registrar အသစ်ကို သွားပြန်ညှိ ။
ဟိုကလဲ “အေး ငါခွဲပေးပါ့မယ် ။ ဒါပေမဲ့  မင်း ဘော့စ်ကို ငါ့ဘော့စ်နဲ့  ပြောပေးပါ” ဆိုတော့
consultant ချင်းညှိ ။ မေ့ဆေးက ကြည့်
အားလုံး ရယ်ဒီဆိုမှ ခွဲခန်းခေါ် ( ပေါင် ၁၂၀၀ )
မနက် ၁၁နာရီခွဲရ ကံကောင်း။
အဲလို အဆင့်ဆင့်ကြားမှာ ဆရာဝန်ဘယ်နှစ်ယောက် လက်ပြောင်းလဲ လိုက်ရေကြည့် နော်။
ဘယ်လောက်ကုန်သွားလဲ - ကိုယ့် ဟာကို တွက်တော့။
လူနာက မပေးရဘူးလို့ တော့ မပြောနဲ့ ဗျ။ အဲဒါ - လူထု အခွန်တွေ

တိုတိုချုပ်လိုက်ရအောင်
ခွဲတယ်။ သေပြီဆိုပါတော့(အခုနတုံးကတော့ ရှည်လာပြီးမှ တိုချင်တော့လည်း ကိုရီးယားကား ဇတ်သိမ်းတာ ကျနေတာပဲ)

ဒီမှာ- စုစုပေါင်း ဌာနကြီး ၄ခု ပါဝင်ပတ်သက်လာပြီ

ဌာနကြီး(၁) - http://www.ncepod.org.uk/


၁)ကုသချက်မှတ်တမ်း နဲ့ အဲဒီ အချိန်မှာ ပါဝင်တဲ့ 
ဆရာဝန်အားလုံး (မေ့ဆေး ၊ခွဲစိတ်နဲ့  လက်ထောက်) တို့ ရဲ့ 
statement ကိုယူရတယ်

၂)အဲဒါကို
သူတို့ နဲ့  အဆင့်တူ ဆရာဝန် ၂ယောက်စီကို ပို့ ရတယ် ။
(မေ့ဆေးခွဲစိတ်နဲ့ နောက်ကြည့်တဲ့  physician)ဆိုတော့
အားလုံး ၆ယောက်စီပို့ ရတယ် ။
(အဲဒီ လူတွေဟာ ပထမ လူ၃ယောက်နဲ့  လုံးဝ မပတ်သက်တဲ့ သူတွေလဲ ဖြစ်ရမယ် )

http://www.ncepod.org.uk/2009report2/Downloads/MedicalSurgical_Questionnaire.pdf
http://www.ncepod.org.uk/2009report2/Downloads/MedicalSurgical_Questionnaire.pdf
http://www.ncepod.org.uk/2009report2/Downloads/Organisational%20Questionnaire.pdf

independent assessor( ၆ယောက်) - သူတို့  ဆီကနေမှ-မှတ်ချက်ကို
http://www.ncepod.org.uk/2009report2/Downloads/DAH%20Assessment%20Form.pdf
ဆရာဝန်၃ဦးထက်မနည်းသော အဖွဲ့ ငယ်က စစ်ရပါတယ်။
သူကနေ လိုအပ်သလို ဌာနတွင်းစစ်ဆေးဘို့  အကြံပေးနိုင်ပါတယ်။

ဋ္ဌာနကြီး ၂ -- http://www.gmc-uk.org/concerns/hearings_and_decisions/fitness_to_practise_decisions.asp



သူ့ဆီ ကို တိုင်တာမှာ-
မိမိလုပ်ဘော်ကိုင်ဘက်ထဲက သော်လည်းကောင်း၊
လူနာရှင်၊ အပြင်လူ နဲ့  အထက်က စစ်ဆေးချက်တွေ - တခုခုဖြစ်နိုင်ပါတယ်
အဲအခါမှာ အစွပ်စွဲခံရတဲ့ ဆရာဝန်ဟာ မိမိ ရဲ့ရှေ့ နေနဲ့  ရုံးတက်ရပါတယ် ။

ဋ္ဌာနကြီး ၃ - Coroner's office performing coroner's inquest


သူကတော့ သက်သေတွေရောဆေးမှတ်တမ်းကိုပါ စစ်ဆေးခွင့်ရှိပြီး၊ သူ့ဆုံးဖြတ်ချက်ဟာ
not guilty
guilty of negligence
guilty of gross negligence
guilty of criminal negligence
ဆိုပြီးဖြစ်နိုင်ပါတယ်။

တကယ်လို့ guilty of criminal negligence ဖြစ်မှ

ဋ္ဌာနကြီး ၄ - တရားရေးဋ္ဌာန


တရားရုံးကနေ စစ်ဆေးပြီး အပြစ်ရှိက အပြစ်ပေး
http://www.ncbi.nlm.nih.gov/pmc/articles/PMC1444876/
မရှိက လွှတ်ရပါတယ်
http://www.ncbi.nlm.nih.gov/pmc/articles/PMC1121980/

ဒါဟာ ယူကေရဲ့ လက်ရှိ အလုပ်လုပ်ပုံပါ

12 comments:

  1. Thanks for sharing.
    ကျနော်တို့ ဆီမှာ ၁၂ နှစ်ကျော်တာနဲ့ လူကြီးခွဲစိတ်ဆောင်နဲ့ပဲ ဆိုင်တယ်။ နောက်ပြီး အစိုးရဆေးရုံတွေနဲ့ အပြင်ဆေးရုံတွေက လုပ်ပုံကိုင်ပုံ လုံးဝ မတူပါဘူး။ အပြင်ဆေးရုံတွေမှာ အထူးကုရယ် တာဝန်ခံဆရာဝန်ရယ် နှစ်ယောက်ပဲ လူနာကို ကြည့်ဖြစ်ကြတာပါ။ အစိုးရဆေးရုံတွေမှာဆို Specialist AS, Team Leader, On call consult အဆင့်ဆင့် သတင်းပို့ လိုအပ်သလို ကြည့်ပြီးမှ ခွဲကြတာပါ။ အပြင်ဆေးရုံတွေက အဲဒီလောက် ဆရာဝန် မခန့်ထားတာလည်း ပါတာပေါ့။ အပြင်ဆေးရုံကိုပဲ အထင်ကြီးတဲ့သူတွေကို ကျနော် စလေ့စထ ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ အထူးကု ဆေးရုံတွေဆိုတာ လူနာစောင့်တွေ သက်တောင့်သက်သာ ရှိဖို့ ဖွင့်ထားတာ။ လူနာတွေ အဆင်ပြေအောင် မဟုတ်ဘူး ဆိုပြီး။ :P
    အဲ ... အမှုစစ်တာလည်း ကွာလိမ့်မယ်ဗျ။ ဒီမှာတော့ ထုံးစံအတိုင်းပေါ့ဗျာ။ ဘာထုံးစံလည်းတော့ မမေးနဲ့။ မဖြေဘူး။

    ReplyDelete
  2. “အထူးကု ဆေးရုံတွေဆိုတာ လူနာစောင့်တွေ သက်တောင့်သက်သာ ရှိဖို့ ဖွင့်ထားတာ။ လူနာတွေ အဆင်ပြေအောင် မဟုတ်ဘူး။” (Koolstar)
    ဒါလေးကို ယနေ့တွက်တာ သိမှတ်စရာ အဖြစ် မှတ်ယူသွားပါတယ်။ ခွင့်ပြုမယ်ဆိုရင် ကျနော်တို့ ဘလော့မှာ Quotation အနေနဲ့တင်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်မျာ။

    ReplyDelete
  3. ပိုက်ပိုက်ပေးနိုင်လို့ကတော့ အစိုးရဆေးရုံတွေက အထူးကုဆေးရုံတွေထက် ဆယ်ဆမက သာပါတယ်ဗျာ။

    ReplyDelete
  4. အစိုးရဆေးရုံတွေရဲ့ လိုအပ်ချက်က
    သန့်ရှင်းမှု၊ ၀န်ဆောင်မှုညံ့ဖျင်းခြင်းနှင့်
    အချိန်မလေးစားမှုတို့ပါပဲ။ အဲဒါလေးတွေသာ
    ပြင်နိုင်မယ်ဆိုရင် အပြင်ဆေးရုံတွေထက်ပိုကောင်းတယ် ဆိုတာ သံသယ ဖြစ်ဖွယ်မရှိပါဘူး။

    ReplyDelete
  5. ဟီးဟီး
    Quote of the day လုပ်ဖို့တဲ့ ယူတဲ့သူက ယူသွားပြီ။
    ဘယ်ရမလဲ ကျုပ်ကလဲ အရင်းစိုက်ထားရတာ။
    Quote of the post

    “ အထူးကု ဆေးရုံတွေဆိုတာ လူနာစောင့်တွေ သက်တောင့်သက်သာ ရှိဖို့ ဖွင့်ထားတာ။ လူနာတွေ အဆင်ပြေအောင် မဟုတ်ဘူး။ ” (Koolstar)

    >Ye Myat: ပိုက်ပိုက်မပေးပဲ အစိုးရဆေးရုံတွေ ကတောင် ဆေးပဒေသာပင် ရံပုံငွေထဲက စိုက်ပြီး အထူးကုဆေးရုံတွေထက် ဆယ့်တစ်ဆသာအောင် ကုပေးရတဲ့ လူတန်းစားလည်း ရှိတယ်နော်။ လူတွေနဲ့တော့ မဆိုင်ဘူးပေါ့လေ။

    ReplyDelete
  6. "ဘယ်နေရာမဆိုလေ သူ့ စံနစ်နဲ့  သူ ကောင်းတာတွေရော ဆိုးတာတွေပါရှိတာဘဲ။
    စံနစ်တခုကို သေသေချာချာ မသိသေးပဲနဲ့ကောင်းပါတယ်လို့  အပြင်ကနေပြောတာမျိုးတော့ မကောင်းဘူးဗျ" ဆိုတဲ့ သရော်သွားလေးနဲ့ရေးထားတဲ့ အနှီ ဇာတ်စကားလေး စာသားနဲ့တကွ ပိုစ့်တစ်ပုဒ်လုံးရဲ့ အဓိပ္ပါယ်ကို ခုလိုကြိုးစားပမ်းစား ဘာသာပြန်လိုက်မိတယ်။

    ကမ္ဘာနိုင်ငံကြီးတွေ အားလုံးရဲ့ စပယ်ရှယ်လစ်တဲ့ ဆရာဝန်တွေ ပေါင်းကုတဲ့ joint care ဆိုတဲ့ဥစ္စာကြီးမှာ ဆိုးကွက်တွေ ရှိတယ်ခင်ဗျ။ ပိုက်ဆံကုန်တယ်။ အချိန်ကုန်တယ်။ စကားများတယ်။ အဲ မြန်မာပြည်ရဲ့ တစ်ယောက်တည်း လုပ်ချင်ရာလုပ်၊ ထင်ရာကြဲခွင့်ရှိတဲ့ ၀မ်းမန်းရီကော်မန်း စနစ်ကြီးမှာလည်း ကောင်းကွက်တွေ ရှိတယ်ခင်ဗျ။ ပိုက်ဆံ သက်သာတယ်။ မသကာ ထောက်ပြမဲ့ သက်ဆိုင်ရာ ဆရာဝန်မရှိဘဲ ထင်ရာ ကြဲထုတ်လိုက်လို့ ရောဂါနာမည် လွတ်သွားတာတို့၊ ရောဂါကြီးတစ်ခုလုံး မှားသွားတာတို့၊ မှားလို့ရှိရင် ဘယ်သူ့အမှားမှန်း ရှာမရတာတို့ ဂလောက်ပါပဲ။

    ကိုင်း ပြင်သစ်တို့၊ အိန္ဒိယတို့ တရုတ်တို့ ရုရှားတို့ ကျန်းမာရေးစနစ်တွေကရော ယူကေနဲ့ ဘယ်လိုများကွာခြားပါလိမ့်။ (အမေရိကန်ကိုတော့ အသာထား၊ သွားမတို့လေနဲ့။) ကမ္ဘာအရပ်ရပ်က မြန်မာလူမျိုးဆရာဝန်များ တစ်ယောက်တစ်ခွန်းစီ ကြဲကြပါဦးလားခင်ဗျာ။

    ReplyDelete
  7. ဒါထက် သူများနိုင်ငံတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကြီး တစ်ခုလုံးကို သွားရည်ကျနေရုံနဲ့မပြီးဘူး၊ စနစ်တွေအားလုံး သေသေချာချာ သိအောင် လုပ်ဖို့လိုတယ်ဆို တော့ကား ကျုပ်ကလည်း သံသယ၀ါဒီဆိုတော့ ဂူဂဲမှာ ဟိုနှိပ်ဒီနှိပ် တစ်ချက် ကလစ်လိုက်မိပြန်တယ်။ ကျုပ်တို့မြန်မာပြည်ရဲ့ သာကွက်ကလေးတွေများ တွေ့လေမလားလို့။ WHO rakning of world health system မှာ လားလား အမိဗမာပြည်ကို အဆင့်၁၈၀ ဘိတ်ဆုံးမှာ သွားတွေ့လိုက်ရတယ်။ မယုံနိုင်စရာက
    ဆိုမာလီယာတို့ အာဖဂန် ထက်တောင် ဘိတ် ကျပေးထားတာတွေ့တော့ အဆော်ခံလိုက်ရပြီလို့ သိလိုက်တယ်။ သြော်...တော်တော်ဆိုးတဲ့လူတွေ။ WHO ပြောပါတယ်။

    ReplyDelete
  8. heehee
    Good job Bravo
    It seems you are the only one who can feel the whole tone of post as near as possible .
    :P

    ReplyDelete
  9. ရပ်ကွတ်ဆေးခန်းမှာ အရေးပေါ် BP'0' ?perforation ဆေးရုံကြီး ရောက် ခွဲစိတ် အသက်ရှင် ရပ်ကွတ်ဆေးခန်းက အရေးပေါ် အသက်ကယ်ချင်လို့ free of charge ဆိုပေမဲ့
    ဆေးရုံကုန်ကျငွေအတွက် အိမ်ရောင်းကု၊ အသက်ရှင် ဆိုတော့မဆိုးပါဘူး။ ဆေးရုံမသွားနိုင်လို့ အသေခံတဲ့လူ
    ကလည်းမနည်းလှပါဘူး။ ဆင်းရဲတဲ့လူတွေ ဆီ ngo အလှူရှင် မလာနိုင်ဘူး barrier များတယ်။ ဆေးရုံ မှာ vip ပဲ foc ၇တာ။

    ReplyDelete
  10. ရပ်ကွတ်ဆေးခန်းမှာ အရေးပေါ် BP'0' ?perforation ဆေးရုံကြီး ရောက် ခွဲစိတ် အသက်ရှင် ရပ်ကွတ်ဆေးခန်းက အရေးပေါ် အသက်ကယ်ချင်လို့ free of charge ဆိုပေမဲ့
    ဆေးရုံကုန်ကျငွေအတွက် အိမ်ရောင်းကု၊ အသက်ရှင် ဆိုတော့မဆိုးပါဘူး။ ဆေးရုံမသွားနိုင်လို့ အသေခံတဲ့လူ
    ကလည်းမနည်းလှပါဘူး။ ဆင်းရဲတဲ့လူတွေ ဆီ ngo အလှူရှင် မလာနိုင်ဘူး barrier များတယ်။ ဆေးရုံ မှာ vip ပဲ foc ၇တာ။

    ReplyDelete
  11. ရပ်ကွတ်ဆေးခန်းမှာ အရေးပေါ် BP'0' ?perforation ဆေးရုံကြီး ရောက် ခွဲစိတ် အသက်ရှင် ရပ်ကွတ်ဆေးခန်းက အရေးပေါ် အသက်ကယ်ချင်လို့ free of charge ဆိုပေမဲ့
    ဆေးရုံကုန်ကျငွေအတွက် အိမ်ရောင်းကု၊ အသက်ရှင် ဆိုတော့မဆိုးပါဘူး။ ဆေးရုံမသွားနိုင်လို့ အသေခံတဲ့လူ
    ကလည်းမနည်းလှပါဘူး။ ဆင်းရဲတဲ့လူတွေ ဆီ ngo အလှူရှင် မလာနိုင်ဘူး barrier များတယ်။ ဆေးရုံ မှာ vip ပဲ foc ၇တာ။

    ReplyDelete