Friday, July 10, 2009

Website on Nutrition


အာဟာရနဲ့ ပတ်သက်လို့ တော်တော်လေး ပြည့်ပြည့်စုံစုံ ရှိတဲ့ website လေးကို တွေ့မိလို့ ပြန်မျှပေးလိုက်တာပါ။
ဝင်လို့ ရကြမယ်လို့ မျှော်လင့်ပါတယ်။
အဲဒီမှာက ကိုယ့်ရဲ့ တစ်နေ့တာ လိုအပ်ချက်ကို အသက်၊ အရပ်၊ ကိုယ်အလေးချိန်၊ ကျား၊မ၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ချိန် စတာတွေ ဖြည့်ပြီး တွက်ချက်လို့ ရပါတယ်။
တစ်ခု ရှိတာက အင်္ဂလိပ်လိုတွေ ဖြစ်နေတာရယ်၊ သူတို့ နိုင်ငံက အစားအသောက် ပုံစံနဲ့ တိုင်းတာ ပြောဆိုထားတာတွေရယ်ပါ။
အရင်က တင်ထားတဲ့ အာဟာရ ဆိုင်ရာ ပို့စ်တွေနဲ့ တွဲပြီး ကြည့်ရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။


Website link က ဒီမှာပါ။ ကိုယ့်လိုအပ်ချက်ကို တွက်လို့ရတဲ့ နေရာလေးက ဒီမှာပါ။
ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အင်တာနက်မှာ ရှာချင်တယ်ဆိုရင် .gov, .org ဆိုတဲ့ နေရာတွေက .com ထက် ပိုပြီး စိတ်ချရပါတယ်။

2 comments:

  1. မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မြန်မာလိုလေး ဖတ်ရရင် စိတ်ဝင်စားပေမယ့် အပျင်းထူတဲ့ ကျွန်တော်တို့လို ငပျင်းပရိသတ်အတွက် ပို အဆင်ချောမလားလို့

    ReplyDelete
  2. အာဟာရနဲ့ ပတ်သက်တဲ့ မြန်မာလို ပို့စ်တွေက တော်တော်လေး ပြည့်ပြည့်စုံစုံ ရှိပြီးသားပါ။
    မာတိကာကနေ ပြန်ရှာရင် ရနိုင်သလို label တွေထဲက nutrition ကို နှိပ်ပြီး ရှာရင်လဲ ရပါတယ်။
    ဒီမှာက တခြားသူတွေကို အသိပညာပေးရုံတင် မကဘဲ ကောင်းတာလေးတွေ တွေ့ရင် ကိုယ့်အချင်းချင်းလဲ ပြန်မျှနေတာမို့ ဒါလေးကို တင်လိုက်တာပါ။
    ပြီးတော့ အင်္ဂလိပ်လို ဖတ်နိုင်တဲ့ သူတွေလဲ ဖတ်လို့ရအောင် .. ဖတ်လဲ ဖတ်စေချင်ပါတယ်။
    ဘာသာပြန်တိုင်းမှာ စာရေးသူရဲ့ အာဘော်ဆိုတာပါတယ်။
    မူရင်း အရေးအသား အတိအကျကို သိချင်ရင် ကိုယ်တိုင်ဖတ်မှ ခံစားရမှာ။
    ကျွန်မ ပြောတိုင်း လက်ခံနေတာထက် .. ကိုယ်တိုင်လဲ ဖတ် .. ပြန်တိုက်ကြည့်ပြီး လိုနေတာတွေ ထောက်ပြတာမျိုးကို ပိုမျှော်လင့်ပါတယ်။
    သတင်းအချက်အလက်က စွမ်းအားပါ။
    အင်တာနက် ကောင်းကောင်း သုံးလို့ရတဲ့ နေရာတွေမှာ ရှိနေရင် အဲဒီ အခွင့်အရေးလေးကို အမိအရယူပြီး ကိုယ့်ကိုယ်ကို သင်ကြားလေ့ကျင့်ကြပါ ။
    မပျင်းကြပါနဲ့လို့ တောင်းပန်ချင်တယ်။

    ReplyDelete