Sunday, July 5, 2009

Content Page


မာတိကာ

ဒီမှာ ပို့စ်တွေကို ပြန်ရှာရခက်နေတာ၊ ဘယ်နားမှာ ဘာရှိမှန်း မသိတာတွေ ကိုယ်ကိုယ်တိုင်ရော တခြားသူတွေပါ ကြုံနေရတာကို သတိပြုမိနေတာ ကြာပါပြီ။
မာတိကာလေး လုပ်ချင်ပေမယ့် အချိန်ယူပြီး လုပ်ရမှာမို့ မစရဲခဲ့ဖူး။
အခုတော့ အကြောင်းတိုက်ဆိုင်တာနဲ့ မာတိကာလေး လုပ်ဖြစ်သွားခဲ့တယ် ဆိုပါတော့။
လုပ်တတ်သလို လုပ်လိုက်တာမို့ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ ရှိပါလိမ့်မယ်။
ဒါပေမယ့် အနည်းနဲ့ အများ အကျိုးရှိလိမ့်မယ်လို့ ယူဆပါတယ်။

Shout box အပေါ်နားမှာ ရှိတဲ့ မာတိကာ ဆိုတဲ့ နေရာလေးကို နှိပ်လိုက်ရင် စာမျက်နှာလေး တစ်ခု ကျလာပါလိမ့်မယ်။
အဲဒီက contents of public health in myanmar ဆိုတဲ့ side bar က 2007, 2008, 2009 ဆိုတာလေးတွေကို နှိပ်လိုက်ရင် အဲဒီ နှစ်အလိုက် တင်ထားခဲ့တဲ့ ပို့စ်တွေရဲ့ ခေါင်းစဉ်တွေကို အစဉ်အတိုင်း တွေ့ရပါလိမ့်မယ်။
မာတိကာကို နှစ်အလိုက် ခွဲထားပါတယ်။ ပို့စ်တွေကို ပြန်ရှာရင် တွေ့ရမယ့် အတိုင်း နောက်ပြန်စီထားပေးပါတယ်။

12 comments:

  1. မာတိကာလေးလုပ်ထားတာ သိပ်ကောင်းတယ် Tune. စာဖတ်သူတွေက သူတို့နဲ့ သင့်တော်တဲ့ ပို့စ်ကို ရွေးပြီး ရှာဖတ်လို့ လွယ်သွားတာပေါ့။ ကျေးဇူး အများကြီးတင်ပါတယ်။

    ReplyDelete
  2. hello ,

    could you please advise me which medicine should I take , now i am getting stomach pain. i believe it is " a sar ein yaung"

    thanks,
    ANL

    ReplyDelete
  3. this is a very difficult question.
    You think you are ' a sar ein yaung' and i'm not sure you really do.
    It is really unethical to advice you to take any medicine with ' just by guessing '.
    Please go and see a health care professional if possible.

    ReplyDelete
  4. မာတိကာလေး လုပ်ပေးထားတဲ့အတွက် ကျေးဇူးအထူးတင်ရပါသည်။ အချိန်နဲနဲလောက် ထပ်ပေးနိုင်ရင် အဲဒီ မာတိကာ ခေါင်းစဉ်လေးကို click လုပ်ရုံနဲ့  သက်ဆိုင်ရာ ဆောင်းပါးဆီကို ရောက်သွားအောင် link လုပ်ပေးဖို့  ဈေးနဲနဲ ထပ်ဆစ်ချင်ပါသည်။ စားချင်တာ စားလို့ ရအောင် ဘူဖေး လုပ်ပေးထားပါလျက်နဲ့  ခွန့် ကျွေးခိုင်းနေတယ်လို့ တော့ အပြစ်မမြင်စေချင်ပါ။ လုပ်တတ်သူများ ၀ိုင်းဝန်းကူညီပေးကြပါ။ KM

    ReplyDelete
  5. အဲလို လုပ်သင့်တယ်ဆိုတာ ခေါင်းထဲမှာ ရှိပါတယ်။
    အဲလောက် အချိန် မပေးနိုင်သေးတာပါ ပါပါတယ်။
    ဖြည်းဖြည်းချင်း ကြိုးစားပါ့မယ်။

    ReplyDelete
  6. အသည်းရောင်အသားဝါ ဘီပိုးရှိနေရင် အင်္ဂါအစိတ်အပိုင်း လှူလို့ မရဘူးလို့ သိရပါတယ်။ လူနာက အရေးပေါ် လိုအပ်နေပြီး လှူဒါန်းမယ့် အလှူရှင်မှာ ဘီပိုး ရှိနေရင် လှူလို့ ရပါသလား။ ဘီပိုးမရှိတဲ့ တခြားအလှူရှင် ရှာပေးဖို့လဲ မလွယ်ကူလို့ပါ။
    လူနာကလဲ ဘီပိုးရှိမှန်း သိပေမယ့် လက်ခံမယ်ဆိုရင် ဆရာဝန်တွေ လက်ခံနိုင်ပါသလား။ လူနာက အသည်းအသန်မို့လို့ပါ။

    ReplyDelete
  7. လှူလိုက်တဲ့ သဘောက ဘာဖြစ်မလဲဆိုတော့ အဲဒီပိုးကိုပါ ပေးလိုက်သလို ဖြစ်မှာပေါ့နော်။
    အဲဒီတော့ အဲဒီပိုးရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဆက်ခံစားရမှာပေါ့။
    အင်္ဂါ အစိတ်အပိုင်း အစားထိုးတယ်ဆိုတာ လွယ်ကူတဲ့ နည်းပညာမှ မဟုတ်တာ။
    အသက်ကို ရှင်စေချင်၊ ရှည်စေချင်လို့ ရအောင် ဆွဲဆန့်ကာမှ နောက်ထပ် အသက်တိုမယ့် အရာတစ်ခု ထပ်ဝင်လာတယ် ဆိုရင် နည်းလမ်းမကျဘူးလေ။
    ပြီးတော့ ခန္ဓာကိုယ်က အသစ်ထည့်လိုက်တဲ့ အင်္ဂါအစိတ်အပိုင်းကို တွန်းလှန် မပစ်အောင် ခုခံအားကို ကျအောင်ကလဲ လုပ်ထားဖို့ လိုတော့ ရောဂါပိုး ရှိသွားရင် သူ့မှာ သာမန်လူတွေထက် ပိုပြီး အဲဒီပိုးရဲ့ ဒဏ်ကို မြန်မြန်ခံရမယ်။
    တွေ့ရတာကတော့ အကယ်၍ အင်္ဂါအစိတ်အပိုင်းကို လက်ခံမယ့်သူမှာ နဂိုက ဘီပိုး ရှိပြီးသား ဆိုရင်တော့ ပေးလို့ ရတယ်တဲ့။
    ဒါက ကျွန်မ သိနားလည်သလောက် ပြန်ပြောပေးတာပါ။
    ကာယကံရှင်ရဲ့ ဆရာဝန်နဲ့လဲ ပြောကြည့်၊ မေးကြည့်ပါ။

    ReplyDelete
  8. နာတာရှည်ရောဂါကြောင့် ရေရှည် စိတ်ဆင်းရဲနေရင် depression ဖြစ်မှာစိုးလို့ ဘယ်လိုလုပ်ရမလဲ မေးချင်လို့ပါ။

    ကျွန်တော် သေလဲမသေ ပျောက်လဲမပျောက်နဲ့ နှစ်တွေကြာလာတော့ စိတ်ညစ်လာလို့ပါ။ သန်သန်မြန်မြန် လူကောင်းတွေနဲ့ ပေါင်းလဲ ကိုယ်က အိပ်ရာထဲ အချိန်ကုန်နေရတာ များတဲ့လူဆိုတော့ ကြာတော့ မိတ်ဆွေနည်းလာတယ်။ အထီးကျန်တဲ့ဒဏ် မခံနိုင်တော့ ငါသေရင် ဝဋ်ကျွတ်သွားမှာပဲဆိုတာမျိဲးလဲ ခဏခဏ တွေးမိလာတယ်။ မကျန်းမာရင်တောင် စိတ်ညစ်မနေဘဲ ပျော်ပျော်ရွှင်ရွှင်တော့ နေချင်တယ်။ ဘာလုပ်သင့်သလဲ ဆရာတို့ဆီက အကြံလိုချင်လို့ပါ။

    ReplyDelete
  9. ဆောရီးပါဗျာ။ အီးမေး အလွဲသုံးစားလုပ်တာ မဟုတ်ပါဘူး။ မိတ်ဆွေကွန်ပျူတာ သုံးနေရင်း ခလုတ်နှိပ်ချလိုက်တာ ရှေ့က ဖွင့်ထားလက်စ အီးမေးနဲ့ ဝင်သွားလို့ပါ။

    နာတာရှည်လူမမာဆိုတာ လူကောင်းတွေနဲ့ အမြဲ မရောနိုင် သူတို့ activities တွေမှာ အမြဲမပါနိုင်ရင် အထီးကျန် ဖြစ်မယ်ဆိုတာ သိပါတယ်။ ကျွန်တော် ခံနိုင်ရည် ရှိအောင် ကြိုးစားပါသေးတယ်။ ဒါပေမယ့် ကြာလေ စိတ်အားငယ်လေ ဖြစ်လာလို့ အကြံပေးပါခင်ဗျာ။ ကျေးဇူးအထူးတင်ပါတယ်။

    ReplyDelete
  10. နာတာရှည်ရောဂါရှင်တွေမှာ စိတ်ဓာတ်ကျရောဂါ ဖြစ်တတ်ပါတယ်။ ဒါဟာ သောက်ဆေးနဲ့ ကုလို့ ရတဲ့ ရောဂါပါ။ Depressive Disorder မှာ ဖတ်ကြည့်ပါ။ ရောဂါ လက္ခဏာတွေ ရှိနေပြီဆိုရင် စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသတိုင်ပင် ကုသခံသင့်ပါတယ်။ မပျောက်လမ်း မပြန်လမ်း မဟုတ်ပါဘူး။

    ReplyDelete
  11. http://health.ngoinmyanmar.org/2008/08/blog-post_26.html

    ReplyDelete
  12. အစ်မလို သေသေချာချာ နားလည်တဲ့ သူက ဖြေထားတာကို ထပ်ပြောပေးချင်တာ ခွင့်လွှတ်နော်။
    ကိုယ်ကလဲ စိတ်ဓာတ်က ကျတတ်တော့ စိတ်ဓာတ်ကျတဲ့သူတွေကို စိတ်ဝင်စားလို့။
    နာတာရှည် ရောဂါက ဘယ်လို အနေအထားမျိုးမှာ ရှိနေလဲ။
ိအားကစား လှုပ်ရှားမှုလုပ်လို့ရရင် အဲဒါက စိတ်ဓာတ်ကျမှုကို သက်သာစေတယ်။
    လုံးဝ မဟုတ်တောင် အနည်းအကျဉ်း အထောက်အကူ ဖြစ်မယ်လို့ ယူဆမိတယ်။
    နောက် ဂီတ။
    ကိုယ် ကြိုက်တဲ့ သီချင်း၊ တေးဂီတတွေကလဲ အထောက်အကူ ဖြစ်မယ်။
    တရားထိုင်တာ၊ စာရေးတာ အဲဒါတွေကိ တစ်ယောက်တည်း နေတဲ့သူတွေအတွက် အကျိုးလဲ ရှိ၊ စိတ်ပိုင်းဆိုင်ရာလဲ တိုးတက်စေတဲ့ အရာတွေလို့ မြင်တယ်။
    ဒေးလ်ကာနေဂျီလ်ရဲ့ စကားရှိတယ်။
    ကံဆိုး သံပုရာကို ကံကောင်း အဖျော်ရည် ဖြစ်အောင် လုပ်ပါတဲ့။
    တစ်ယောက်တည်း နေရတဲ့ အချိန်တွေကို တစ်ယောက်တည်း နေရတာနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေနဲ့ ဖြည့်ပေးနိုင်ရင် အထိုက်အလျောက်တော့ အဆင်ပြေမယ်လို့ ထင်မိတယ်။
    နောက် ပန်းချီဆွဲနိုင်ရင်ပဲဖြစ်ဖြစ်၊ အရောင်တွေနဲ့ ကစားတာပဲ ဖြစ်ဖြစ် အဲဒါတွေကလဲ စိတ်ကို အထောက်အကူ ပြုတတ်တယ်။
    စာရေးတာ ၊ စာဖတ်တာက တစ်ယောက်တည်း နေမှ ပိုပြီး လုပ်လို့ ကောင်းတဲ့ အရာတွေ။
    အထီးကျန်တာနဲ့ ဧကစာရီနဲ့ ဆိုတဲ့ စကား ရှိတယ်။
    တစ်ယောက်တည်း နေရတာချင်း အတူတူ ဧကစာရီက အပြုဖက်ကို ဆောင်တာ။
    တစ်ကမ္ဘာလုံးမှာလဲ နာတာရှည်ရောဂါကြောင့် မဟုတ်ဘဲ အထီးကျန်နေတဲ့သူတွေ အများကြီးပါ။
    ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူးလို့။
    ပြောတာတွေက အထောက်အကူ နည်းနည်းများ ဖြစ်မလားလို့ပါ။

    ReplyDelete