Thursday, October 16, 2008

Peptic Ulcer

အစာအိမ်နာ (သို့) လေနာရောဂါ



အများ ခေါ်သလို အစာအိမ်နာ(သို့) လေနာ လို့ရေးရပေမယ့် တကယ် အတိအကျ ပြန်ဆိုရရင် Peptic Ulcer
ဆိုသည်မှာ အစာခြေ လမ်းကြောင်း တစ်လျှောက် ဖြစ်ပေါ်သော အနာခွက် ကို ဆိုလိုခြင်း ဖြစ်ပါတယ်.. အဓိ
က အဖြစ်များတဲ့ နေရာတွေ ကတော့ အစာအိမ် (stomach) နဲ့ အူသိမ်ဦး (duodenum) တို့ပဲ ဖြစ်ပါတယ်..
အစာအိမ် တွင် ဖြစ်ပါက Gastric Ulcer (GU) ဟု ခေါ်ပြီး အူသိမ်ဦးတွင် ဖြစ်ပါက Duodenal Ulcer (DU)
ဟု ခေါ်ပါတယ်..အားလုံးကို ခြုံပြီးတော့ Peptic Ulcer (PU) လို့ပဲ ခေါ်ပါတယ်..ဤဆောင်းပါးတွင် ရေးသား
သော အစာအိမ်နာ အသုံးအနှုန်းသည် Peptic Ulcer ကိုသာ ရည်ညွှန်းပါတယ်..


အစာအိမ် ဟာ အစာချေဖို့ အတွက် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (Hydrochloric acid, HCl ) နဲ့ ပက်ပ်ဆင်
(Pepsin) ဆိုတဲ့ အင်ဇိုင်း ထွက်ရှိ ပါတယ်.. အစာ အိမ်နဲ့ အူသိမ်ဦး နံရံ မြှေး (Mucosa) တွေဟာ ပုံမှန်အား
ဖြင့် အက်ဆစ်နဲ့ ပက်ပ်ဆင်ကို ခံနိုင်ရည် ရှိပါတယ်..အကြောင်းတစ်ခုခုကြောင့် နံရံမြှေး ခံနိုင်ရည် ကျဆင်း
လာတဲ့အခါ အက်ဆစ်နဲ့ ပက်ပ်ဆင် ဟာ နံရံမြှေးကို စားပြီး အနာခွက် (Ulcer) ဖြစ်ပေါ်လာ စေပါတယ်.. အ
နာ ဖြစ်စေတဲ့ အဓိက အကြောင်း(၂)ချက် ကတော့

  • အစာအိမ်တွင်း Helicobacter pylori (H.pylori) ဘက်တီးရီးယားပိုး ဝင်ခြင်းနဲ့

  • အကိုက်အခဲ ပျောက်ဆေးများ (NSAIDs) တာရှည်သုံးစွဲခြင်း
တို့ ဖြစ်ပါတယ်..




H.pylori ပိုးဟာ အရွယ်ရောက်ပြီးသူ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် ကူးစက်ခံထားပြီး ဖြစ်ကြောင်း WHO
မှ ခန့်မှန်း ထားပါတယ်.. H.pylori ပိုးကြောင့် အစာအိမ် ရောင်ရမ်းခြင်း (Gastritis) ဖြစ်သူများရဲ့ ၉၀%
ဟာ ဘာလက္ခဏာမှ မပြပဲ ရှိနေပါတယ်.. Duodenal Ulcer ရှိသူများ၏ ၉၅% ၊ Gastric Ulcer ရှိသူများ၏
၈၀% သည် H.pylori ပိုး ကူးစက်ခံ ထားရပြီးဖြစ်ကြောင်း တွေ့ရှိရပါတယ်.. H.pylori ပိုးဟာသွေးနွေး သ
တ္တဝါများရဲ့ အစာခြေ လမ်းကြောင်း တစ်လျှောက်မှာ တွေ့ရပြီး လူ့ခန္ဓာကိုယ် အစာအိမ် ထဲမှာ ရှင်သန်နေ
ထိုင် ပေါက်ဖွား ကြ ပါတယ်..ကူးစက်နည်း ကတော့ မစင်မှ အစားအစာ၊ ရေ ကနေ တစ်ဆင့် ကူးစက်ပါ
တယ်..


နောက်တစ်မျိုးကတော့ လေးဖက်နာ၊ ဂေါက်ရောဂါ၊ အဆစ်နာရောဂါ ရှိသူများ အကိုက်အခဲ ပျောက်ဆေး
ကို တာရှည်စွာ သုံးစွဲ ခြင်းကြောင့် အစာအိမ်နာ ဖြစ်ပေါ်လာ တတ်ပါတယ်.. Diclofenac, Ibuprofen,
Naproxen, Aspirin စသည့်ဆေးများသည် အစာအိမ်နာ (Peptic Ulcer) ဖြစ်စေပါတယ်..Acetamino-
phen (Paracetamol) သည် အစာအိမ်နာရောဂါ မဖြစ်ပေါ်စေပါ..


ဆေးလိပ် သောက်ခြင်းသည် အစာအိမ်နာ ဖြစ်စေရုံသာမက ရောဂါ၏နောက်ဆက်တွဲ ဆိုးကျိုးများကို
လည်း ဖြစ်ပေါ်စေပြီး အနာပျောက်ကင်းအောင် ဆေးကုသမှု ကိုလည်း ကြန့်ကြာစေပါတယ်..စိတ်ဖိစီးမှု
(Stress) နဲ့ အစပ်စာ (Spicy Food) များဟာ အစာအိမ် ရောဂါ ဖြစ်စေတယ်လို့ အရင်က ယူဆခဲ့သော်
လည်း အခုခါ H.pylori ပိုးကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်းဒီအယူအဆဟာ မှေးမှိန်ခဲ့ပါတယ်..


အစာအိမ်နာ ရောဂါ လက္ခဏာများမှာ
  • ရင်ညွန့် (Just below the Sternum) တွင် နာကျင်ခြင်း
    • များသောအားဖြင့် Gastric ulcer သည် အစာစားပါက ပိုနာတတ်ပြီး Duodenal ulcer သည် အစာစားပြီးပါက နာကျင်မှု သက်သာ လာတတ်ပါတယ်..
    • ရင်ပူရင်ကယ်ဖြစ်ခြင်း

    • လေထလေတက်ခြင်း (bloating & belching)
    • အစာစားချင်စိတ် လျော့နည်းလာခြင်း၊ ကိုယ်အလေးချိန် ကျလာခြင်း
    • အော့အန်ခြင်း၊ သွေးအန်ခြင်း(Hematemesis)၊ ဝမ်းအမဲသွားခြင်း(Melaena)
    တို့ ဖြစ်ပါတယ်..
    ဓါတ်ခွဲစမ်းသပ် စစ်ဆေးချက်များ
    • အစာအိမ် ဓါတ်မှန်ရိုက်ခြင်း (Barium meal X-Rays) အားဖြင့် အစာအိမ်နာ ရှိမရှိ သိနိုင်ပါတယ်..
    • H.pylori ပိုးရှိမရှိ စမ်းသပ်ရန်
      • အစာအိမ်ကြည့် မှန်ပြောင်း (Endoscope) ကြည့်ခြင်းဖြင့် အစာအိမ်နာ ကို တိုက်ရိုက်ကြည့်နိုင်သလို အစာအိမ်ရည်ကိုယူပြီး ပိုးမွေးခြင်းဖြင့် သိနိုင်ပါတယ်
      • Urea Breath Test ၊ သွေး နှင့် ဝမ်း စစ်ဆေးခြင်းဖြင့်လည်း သိနိုင်ပါတယ်..
      • /ul>

    ဆေးကုသမှု
    ဆေးကုသမှု အပိုင်းတွင် ဆရာဝန် ညွှန်ကြားသော ဆေးကိုအတိအကျ လိုက်နာ သောက်သုံးရန် လိုအပ်
    သလို လူနာ အပိုင်းမှလည်း ရှောင်ကြဉ် စရာများကို လိုက်နာဖို့ လိုအပ်ပါတယ်.. အစာအိမ်နာ ရှိသူသည်

    • ဆေးလိပ် လုံးဝ (လုံးဝ) ဖြတ်ရန်
    • အစပ်စာ၊ ကော်ဖီ၊ အရက် ရှောင်
      ရန်
    • အကိုက်အခဲ ပျောက်ဆေး လုံးဝ ရှောင်ကြဉ်ပြီး အစာအိမ် မထိခိုက်သော အကိုက်အခဲ ပျောက်ဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ရန်
    • အနာကျက်စေရန်
      • H2 Receptor Antagonist ဆေးများ၊ ဥပမာ- Cimetidine , Ranitidine
      • Proton Pump Inhibitor ဆေးများ၊ ဥပမာ-Omeprazole , Lansoprazole တို့ကို သောက်နိုင်ပါတယ်..
    • အများစု မှာ H.pylori ပိုး ကူးစက်ခံရမှု ရှိသဖြင့် H.pylori ပိုး ရှင်းလင်းသုတ်သင် ဖို့
      ဆေး(၃)မျိုးကို တစ်နေ့ ၂ ကြိမ် ၁၀ ရက် မှ ၁၄ ရက်ထိ သောက်ရန် လိုအပ်ပါတယ်..
      1. Omeprazole 20 mg (or) Lansoprazole 30 mg twice daily

      2. Metronidazole 500 mg (or) Amoxicillin 1 g (1000 mg) twice daily

      3. Clarithromycin 500 mg twice daily

    ဒီဆေးများကို သောက်ပြီးနောက် Omeprazole (or) Lansoprazole ကို အနာ လုံးဝ ပျောက်ကင်း
    အောင်အတွက် (၄)ပတ် မှ (၆)ပတ်ထိ ဆက်သောက်ရန် လိုအပ်ပါတယ်..
    ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
    • အစာအိမ် သွေးယိုခြင်း
    • အစာအိမ်ပေါက်ခြင်း
    • အစာအိမ် အထွက်ပိတ်ခြင်း (Gastric Outlet Obstruction - GOO)
      • Duodenal Ulcer အနာကျက်ပြီးနောက် အူသိမ်ဦး ကျဉ်းပြီး အစာအိမ် ထွက်ပေါက် ပိတ်သွားတတ်ပါတယ်.. ဒီရောဂါ ဖြစ်ရင် နေ့စဉ် အန်တတ်ခြင်း၊ အရည်ခန်းခြောက်မှု ရှိခြင်း (Dehydration) တို့ ဖြစ်ပေါ်လာပါတယ်..

    15 comments:

    1. ဆရာရေ
      ကျွန်တော်အရင်တုန်းက အစာအိမ်နည်းနည်းယောင်ဖူးပါတယ်။
      အခုတော့ တစ်ခါတစ်လေ လေနည်းနည်းတက်တတ်တာကလွဲလို့ ဘာမှထပ်မဖြစ်ပါဘူး။
      ကျွန်တော် တစ်ခါတစ်ရံခေါင်းကိုက်ရင်
      biogesic (ဘိုင်အိုင်ဂျက်ဆစ်) တစ်ပြားလောက်သောက်ဖြစ်ပါတယ်။ အဲဒီဆေးကကော ထိခိုက်နိုင်ပါသလားဆရာ။

      မေတ္တာဖြင့်

      ReplyDelete
    2. To Taungnoo
      မထိခိုက်နိုင်ပါဘူး ညီလေးရေ..Biogesic ဆိုတာ Paracetamol ပါပဲ..Brand name မို့ သိပ်သတိမထားမိကြတာပါ.. စိတ်ချလက်ချ သောက်နိုင်ပါတယ်..

      ReplyDelete
    3. ကမ္ဘာ့လူဦးရေ တ၀က် ဆိုတာ ဟုတ်မှာပဲ။ ကျမ တို့ လည်း..ဒီဖက်ရောက်မှ..ဟိုဟာ ဒီဟာ ဂျီပီ နဲ့ပြရင်း..စစ်တော့.. ဟီလီကိုဗိုက်တာ ပိုးက.. ရှိပြီးနေပီ။ အကြာကြီး ဆေးသောက်. လိုက်ရတယ်။ အဲဒီ ပိုး တွေ့တဲ့ ဆရာဝန်က..အော်ဇီကပဲ..အဲဒီတွေ့ရှိချက်နဲ့..နိုဘဲဆု ရ တာ လို့ သိရတယ်။

      ကျန်းမာ ရေး ပညာပေး များ ဖြန့်ဝေ တဲ့အတွက်..ကျေးဇူးပါ။

      ReplyDelete
    4. တိုင်းရင်း အစာအိမ်ဆေးတွေ သောက်တာ ပြဿနာ ရှိနိုင်ပါသလား။ ည ကော်ဖီကြမ်းသောက်ရင် ဘာမှ မဖြစ်ပေမယ့် လက်ဖက်ရည်ကြမ်းပြင်းပြင်း သောက်ရင် နှလုံးထဲက နေရခက်တာ ဘာဖြစ်လို့ပါလဲ

      ReplyDelete
    5. တိုင်းရင်းဆေး တွေရဲ့ ပါဝင်တဲ့ ဓါတ် ပစ္စည်းတွေ ကို အတိအကျ မသိတော့ ပြောရခက်ပါတယ်.. သုံးနေလို့ နာတယ်ယူဆရင် သတိထားပါလို့ပဲ ဖြေပါရစေ.. လက်ဖက်ရည်ကြမ်းကတော့ အစာအိမ်အက်ဆစ်ပိုထွက်စေလို့ နေထိုင်ရခက်တာဖြစ်နိုင်ပါတယ်.. နောက်တစ်မျိုး လက်ဖက်ရည်ကြမ်းက နှလုံးခုန် မြန်စေလို့လည်း ဖြစ်နိုင်ပါတယ်.. ပြဿနာတော့ မရှိပါဘူး

      ReplyDelete
    6. တိုင်းရင်းဆေး တွေရဲ့ ပါဝင်တဲ့ ဓါတ် ပစ္စည်းတွေ ကို အတိအကျ မသိတော့ ပြောရခက်ပါတယ်.. သုံးနေလို့ နာတယ်ယူဆရင် သတိထားပါလို့ပဲ ဖြေပါရစေ.. လက်ဖက်ရည်ကြမ်းကတော့ အစာအိမ်အက်ဆစ်ပိုထွက်စေလို့ နေထိုင်ရခက်တာဖြစ်နိုင်ပါတယ်.. နောက်တစ်မျိုး လက်ဖက်ရည်ကြမ်းက နှလုံးခုန် မြန်စေလို့လည်း ဖြစ်နိုင်ပါတယ်.. ပြဿနာတော့ မရှိပါဘူး

      ReplyDelete
    7. This comment has been removed by the author.

      ReplyDelete
    8. အစာအိမ်နာအတွက် အရက်၊ကော်ဖီနဲ့ အစပ်စာ အပြင်
      အချဉ်ဓာတ်ပါအစားအစာ၊အချို နဲ့ ကိုကာကိုလာ တို့ လို
      အချိုရေမျိုးရှောင်ဖို့ လိုအပ်ပါလားခင်ဗျာ။တခြားရှောင်ရမည့် အရာများသိချင်ပါတယ် ဆရာ။

      ReplyDelete
    9. gastroesophageal reflux ဆိုတာမည်သည့် ရောဂါအမျိုးအစားဖြစ်ပါသလဲ ခင်ဗျာ?ရောဂါသဘောတရားနဲ့ ရှောင်ရမည့် အစားအသောက်၊သောက်ရမည့် ဆေးသိပါရစေ။

      ReplyDelete
    10. gastroesophageal reflux ဆိုတာမည်သည့် ရောဂါအမျိုးအစားဖြစ်ပါသလဲ ခင်ဗျာ?ရောဂါသဘောတရားနဲ့ ရှောင်ရမည့် အစားအသောက်၊သောက်ရမည့် ဆေးသိပါရစေ။

      ReplyDelete
    11. အစာအိမ်မကောင်းတာကြာပါပြီ၊ Barium X'ray ရိုက်ဘူးတယ်၊ H pylori အတွက် endoscopy ရိုက်ပြီးဆေးစားပြီးစစ်တော့ကောင်းသွားပြီဆိုလို့အစားလဲသိတ်မရှောင်ရတော့၊ဒါပေမဲ့တလလောက်မှာဒိုင်းကနဲ ပြန်ဖြစ်တာ-လေပြန်ထဒါ၊ တဖြေးဖြေးနဲ့ပိုပိုဆိုးလာတာ-အခု - ကော်ဖီ၊လဖက်ရည်၊ငရုပ်သီး၊မဆလာ၊ခရမ်းချင်သီး၊ လိမ်မော်သီး စားလို့မရ၊သောက်လို့မရပါ၊ anti acid တွေသောက်နေရ၊ အခု့ nexium တနေ့တလုံးသောက်၊ ဒီကြားတဲလိုရင်လိုသလို anti acid လဲသောက်ရပါတယ်။
      နောက်ပိုင်းမှာ ရင်ညွန့်အောင့်လို့ gas pressure လာလာဆေင့်တဲ့သဘောပါ။ နောက်လေ့လာကြည့်တာ anti acid ထဲက calcium ကြောင့်မသင်ကာတာနဲ့ anti acid တတ်နိုင်သလောက်မစားဘဲနေတော့ အောင့်တာ gas pressure ဖြစ်စင်နဲသွားပါတယ်။

      ကော်ဖီပြန်သောက်နိုင်အောင်ဘာဆက်လုပ်သင့်ပါသလဲ၊
      ကျေးဇူးတင်ပါတယ်ခင်ဗျား။

      ReplyDelete
    12. ဆရာ​​ခင်​ဗျာကျွန်​​တော်​အစာအိမ်​အက်​စစ်​အထွက်​များ​နေလို့ပါအက်​စစ်​ထွက်​ရခြင်းအ​ကြောင်းကအစာအိမ်​​ရောဂါပိုး​ကြောင့်​လားတခြားမည်​သည့်​အ​ကြောင်း​ကြောင့်​အက်​စစ်​အထွက်​များလဲသိချင်​ပါတယ်​ဆရာ အ​ကြောင်းရှိလို့အကျိုးဖြစ်​တာဆို​တော့ အ​ကြောင်းကိုလိုက်​ရှာပြီ ကုသချင်​ပါတယ်​ဆရာ ​ဖြေကြား​ပေးပါ

      ReplyDelete
    13. ဆရာ​​ခင်​ဗျာကျွန်​​တော်​အစာအိမ်​အက်​စစ်​အထွက်​များ​နေလို့ပါအက်​စစ်​ထွက်​ရခြင်းအ​ကြောင်းကအစာအိမ်​​ရောဂါပိုး​ကြောင့်​လားတခြားမည်​သည့်​အ​ကြောင်း​ကြောင့်​အက်​စစ်​အထွက်​များလဲသိချင်​ပါတယ်​ဆရာ အ​ကြောင်းရှိလို့အကျိုးဖြစ်​တာဆို​တော့ အ​ကြောင်းကိုလိုက်​ရှာပြီ ကုသချင်​ပါတယ်​ဆရာ ​ဖြေကြား​ပေးပါ

      ReplyDelete
    14. ဆရာ ရှင့် ကျ မ က ဝိတ် ကျ ချင် လို့ ပျား ရည် ရယ် သံပုရာ သီး ဂျင်း နဲ့ စိမ် ပြီး အစာ စား ပြီး တိုင်း ထ မင်း စား ဇွန်း ၂ ဇွန်း သောက် ပါ တယ် ။ ဗိုက် က တော့ နဲနဲ ကျ လာ သလို ပါ ပဲ ရှင့် ။ သောက် တာ တပတ် ရှိ ပါ ပြီ။ ဒါ ပေ မဲ့ အဲဒါ သောက် ပြီး နောက် ပိုင်း ဗိုက် အရမ်း ဆာ ပါ တယ် ရှင့် ဗိုက် ကို ပူ ပြီး တော် တော် ဆာ ပါ တယ် ။ စား လိုက် ရင် သက် သာ သွား ပါ တယ် ရှင့်။ အစား လဲ သိပ် မစား ချင် တော့ ဘူး ဖြစ် နေ တယိ ရှင့် ဆာ လို့ စား လဲ နဲနဲ ပဲ စား ချင် ပါ တယ် ။ ဆက် ပြီး သောက် သင့် သလား ရှငိ့ ဘေး ဥ ပါ ဒ် ဖြစ် နိုင် ပါ သလား ရှငိ့ ဖြေ ကြား ပေး ပါ နော်။

      ReplyDelete
    15. ​ဆရာ ကျွန်​​တော်​ အစာအိမ်​​ယောင်​​နေတာကို ​ဆေးလိပ်​မ​သောက်​သင့်​​သောက်​သင့်​မသိပဲ ​သောက်​မိပါတယ်​ .. အဲ့တာ
      ဘယ်​လိုဆိုးကျိုး​တွေဖြစ်​​စေနိုင်​လဲဆရာ .. အခုကျွန်​​တော်​ ဝမိးထဲမှာပူ​နေတာကို ခံစား​နေကပါတယ်​ .. ​တော်​​တော်​ကိုခံရခတ်​ပါတယ်​ဆရာ .. ဘယ်​လိုအစားအစာမျိုး​တွေကို​ရှောင်​ကြဉ်​ရမလည်း​ပြောပြ​ပေးပါ ..

      ReplyDelete