Friday, September 12, 2008

Calculate your BMI

BMI တိုင်းကြမယ်

BMI ဆိုတာ Body Mass index ကို အ တိုကောက်ခေါ်တာ ပါ။ ကိုယ်ခန္ဓာ အလေးချိန် ကို BMI နဲ့ တွက်ချက် ကြပါတယ်။ ၀ရင် လှတာ ပေါ့ လို့ပြောတဲ့ မမ တွေရယ်၊ ပိန် ပိန် ပါး ပါး မော်ဒယ် Body ဆို ပြီး ဂုဏ် ယူေ န တဲ့ မမ တွေ BMI အေ ကြာင်း သိထား သင့်ပါ တယ်။ အ၀လွန်ရင် လည်း မကောင်း ပိန်လွန်း ရင် လည်း မကောင်းပါဘူး။ BMI ညွှန်းကိန်း လေးတွေနဲ့ ကိုယ်ခန္ဓာ အလေးချိန်ကို ထိန်း ရင် တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလှတရား ကို ပိုင်ဆိုင် ပါလိမ့်မယ်။

BMI ကို ဘယ်လို တိုင်းမလဲ ?


အောက်မှာ ပြထားတဲ့ box လေးထဲမှာ သင့်ရဲ့ ကိုယ် အလေးချိန် နဲ့ အရပ် အမြင့်ကို ထည့်ပါ။ ပြီး ရင် calculate ဆိုတာေ လးကို နှိပ်လိုက် ရုံပါ ပဲ။



သင်ရဲ့ BMI ဟာ ၁၈.၅ ထက်နည်းနေ ရင်တော့ အစားအသောက် မှန်မှန် စားဖို့ လို ပါသေးတယ်။ ၂၅ နဲ့ ၂၉.၉ ကြားမှာဆို ရင်တော့ Overweight လို့ ခေါ်ပါ တယ်။ အစားအ သောက် ဆင်ခြင် ပေ တော့။ ၃၀ေ ကျာ် နေပြီ ဆိုရင် တော့ တော်တော်လေးကို ၀နေ ပါပြီ။ Obesity လို့ သုံး ပါတယ်။ ကျန်းမာရေး အတွက် တော်တော် အန္တရာယ် များတဲ့ ကိုယ်အလေးချိန် ပေါ့။ ၁၈.၅ ကနေ ၂၄.၉ ကြား မှာ ဆိုရင်တော့ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ကိုယ်ခန္ဓာ ပိုင်ရှင် ဖြစ်နေပါပြီ။ ၀မ်းသာပေတော့ ...

12 comments:

  1. Metric system နဲ့ ရင်းနှီးသူများအတွက်တော့ Body weight in Kilograms divided by Height in Metres (squared) ဆိုရင်လည်း အတူတူပါပဲ။
    BMI < 17 ဖြစ်နေရင် Anorexia Nervosa လို့ခေါ်တဲ့ စားသောက်ပုံဓလေ့နဲ့ ဆိုင်တဲ့ စိတ်ရောဂါ (Eating Disorder) တစ်မျိုး ဖြစ်နေတတ်ပါတယ်။ တခြား လက္ခဏာတွေတော့ ရှိသေးတာပေါ့။ နောက်ဆက်တွဲ ပြဿနာတွေက ကြီးတယ်။ အသက် အန္တရာယ် ထိနိုင်တာမို့ ကြောက်စရာ ကောင်းပါတယ်။ ကုရ ခက်တတ်ပါတယ်။ သေသေချာချာ ဂရုစိုက်ရလိမ့်မယ်။ ပိန်တိုင်း ကောင်းတာ မဟုတ်ဘူး။

    ReplyDelete
  2. BMI ကို ကျွန်မတို့ ဒီမှာတွက်တာကတော့ ပေါင်နဲ့ ပေလက်မကို မသုံးဘူး။ ကိုယ်အလေးအချိန်ကို အရပ် စတုရန်းမီတာနဲ့ ပြန်စားတယ်။ mass kg/height m2 နဲ့တွက်တယ်။ ကိုယ့်ကိုယ်အလေးချိန်နဲ့ အရပ်ကို ကီလိုဂရမ်နဲ့ မီတာ သို့မဟုတ် စင်တီမီတာနဲ့ပဲ သိသူတွေအတွက် ဒီနည်းနဲ့ တွက်လို့ရပါတယ်။ SI unit နဲ့ British unit ပြောင်းချင်သူတွေအတွက် (တလက္မ = ၂.၅ စင်တီမီတာ၊ ၁ ကီလိုဂရမ် = ၂.၂ ပေါင်) ဖြစ်ပါတယ်။ SI unit ပုံသေနည်းကို ကျွန်မတင်ထားတဲ့ Diabetes ပို့စ်မှာတောင် ဖေါ်ပြထားသေးတယ်။ ဒါပေမယ့် မြန်မာပြည်မှာက ပေါင်ပဲသုံးတယ်ဆိုတော့ စာဖတ်သူတွေ သိပ်နားလည်ကြမှာ မဟုတ်လို့ သိပ်စိတ်ဝင်စားကြမှာ မဟုတ်ဘူး။ အခု Dr ဇင်သူတင်ထားတာက တခါတည်း တွက်ပေးတယ်ဆိုတော့ ပိုကောင်းပါတယ်။ ဒါပေမယ့် တွက်နည်းနှစ်ခုစလုံးကတော့ အဖြေရတာ အတူတူပါပဲ။ အခု Dr ဇင်သူတင်ထားတာက တွက်နည်းကို ကိုယ်တိုင်တွက်မယ်ဆိုရင် ပေါင်နဲ့ ပေလက်မကို သုံးပြီး Lb/f2 ပုံသေနည်းနဲ့ တွက်ထားတယ် ထင်တယ်။ Briticsh unit နဲ့ မြန်မာပြည်မှာ အကျင့်ရလာခဲ့တဲ့ ကျွန်မလည်း ဒီမှာ ဘာပဲသင်သင် SI unit နဲ့ သင်ရတော့ ဧရိယာ အကျယ်ဝန်းပဲပြောပြော အရှည်ပဲပြောပြော စိတ်ထဲမှာ ဘယ်လောက်ကျယ်တယ် ဘယ်လောက်ဝေးတယ်ဆိုတာကို ကီလိုမီတာတွေ ဟက်တာတွေနဲ့ ပြောရင် ချက်ချင်းခန့်မှန်းလို့ မတတ်ဘူး။ ဘယ်နှစ်မိုင်ဆို ဘယ်လောက်ဝေးတယ်ဆိုတာ တန်းသိပေမယ့် ဘယ်နှစ်ကီလိုမီတာဆိုရင်1km = 5/8 mile, 1 mile = 1.6 km ဆိုပြီး စိတ်တွက်ပြန်ပြန်တွက်နေရတာ တော်တော် ဒုက္ခများတယ်။

    ReplyDelete
  3. ဆရာတို့။ ၀အောင်လုပ်တဲ့နည်းလေးပေးပါလား။ ပုံမှန်အိပ်တယ်။ စားလဲစားပါရက်နဲ့ ပိန်နေတယ်ရှင်။ သူများကိုမေးလိုက်ရင် ၀အောင်လုပ်တဲ့နည်းပဲသိတယ်တဲ့။ internet မှာရှာတော့လဲမတွေ့။ BMI ကလဲ ၁၇ပဲရှိတယ်။ လေ့ကျင့်ခန်းဆိုလဲ ဘယ်လိုမျိုးလုပ်ရမယ်ဆိုတာပြော ပြပေးစေချင်ပါတယ်။ ကျေးဇူးပြုပြီး ဖော်ပြပေးပါလား။ ဘယ်မှာမှလဲရှာလို့မတွေ့ဘူး :( ဘာရောဂါမှတော့မရှိပါဘူး။ အသက်က၁၈နှစ်ဆိုတော့ ၀အောင်လုပ်လို့ရောရသေးလား။ ကူညီပါရှင်

    ReplyDelete
  4. PP ရေ..ပုံန်မှန်စားသောက်နေရဲ့နဲ့မ၀ဘူးဆိုရင်တော့ အကြံပေးလိုပါတယ်။PP က ပင်ပန်းတဲ့အလုပ်တွေလုပ်နေတာဆိုရင် ကယ်လိုရီပိုလိုပါတယ်။ အစားအသောက်ကိုလည်း
    ပရိုတိန်း၊ဗီတာမင်၊ကာဗိုလ်ဟိုက်ဒြိတ် မျှတအောင်စားပါ။ဒါနဲ့မှ အဆင်မပြေသေးဘးဆိုရင်တော့ thyroid function test လုပ်ကြည့်ဖို့တိုက်တွန်းပရစေ..

    ReplyDelete
  5. ဆရာ.. မသိလို့မေးပါရစေ။ Thyroid function test ဆိုတာ ဘာလဲမသိဘူး။ ပြောပြပေးပါ။ ဆေးပညာစကားလုံးတွေမသိလို့ပါ။ ပြန်လည်ဖြေကြားပေးတဲ့ အတွက်ကျေးဇူးပါရှင့်။

    ReplyDelete
  6. Thyroid function test ဆိုတာ သိုင်ရွိုက် ဂလင်း ရဲ့ အခြေအနေကို စမ်းစစ်တဲ့ test ပါ
    T3, T4 and TSH ဆို တဲ့ ဟော်မုန်း(၃) ခု ကို တိုင်းတာရပါတယ်။Hyperthyroidism
    ဆိုတဲ့ ရောဂါ ရှိတဲ့သူတွေမှာ အစာ စားသလောက် ကိုယ်အလေးချိန်မတက်တတ်ပါဘူး။
    နောက်တစ်ခု က အိပ်ချိန်မှန်အောင်လည်းဂရုစိုက်ပါ။အိပ်ရေးပျက်ရင်လည်း ကိုယ်အလေးချိန်ကျတတ်ပါတယ်။

    ReplyDelete
  7. အဲဒီ test ကို မြန်မာပြည်မှာ စမ်းသပ်လို့ရပါသလား။ သွေးဖောက်သလိုပဲစစ်ရတာလား။ ဒါမှ မဟုတ် ဆေးရုံတွေ တက်ဖို့များလိုပါသလား။ စိတ်ရှည်ရှည်နဲ့ဖြေပေးတဲ့အတွက် ကျေးဇူးပါ။

    ReplyDelete
  8. မြန်မာပြည်မှာ စစ်လို့ရပါတယ်။ သွေးဖောက်စစ်တာပါ။ဆေးရုံတက်ဆရာမလိုပါဘူး။့ hyperthyoidism အကြောင်းကို အားတဲ့ အခါရေးပေးပါမယ်။ ဆေးရုံတက်ဆရာမလိုပေမယ့်ဒီလို test မျိုးကို ဆရာဝန်နဲ့
    ပြသပြီးမှ စစ်ဆေးသင့်ပါတယ်။ ပိန်တဲ့ သူတိုင်စစ်ဆရာမလိုပါဘူး။ရောဂါလက္ခဏာတွေရှိပြီး။ လိုအပ်မှ
    သာစစ်ဆေး၇ပါမယ်။

    ReplyDelete
  9. သိုင်းရွိုက် ဟိုမုန်းများ နှင့် Hyperthyroidism အကြောင်း ကို ဒေါက်တာ ဝင်းသိန်း နဲ့ ဒေါက်တာ မေပျို ရေးထားတဲ့ ပို့စ် တွေ မှာ သွားရောက် ဖတ်ရှု နိုင်ပါတယ် ခင်ဗျာ ...

    Labels မှ Hyperthyroidism ကိုနှိပ်၍လည်း ရောက်ရှိ ဖတ်ရှု နိုင်ပါတယ် ခင်ဗျာ ...

    ကျန်းမာ ပျော်ရွှင် အဆင်ပြေပါစေ ခင်ဗျာ ...

    ကျေးဇူး တင်ပါတယ် ခင်ဗျာ ... :)

    ReplyDelete
  10. BMI < 17 ဖြစ်တိုင်း Anorexia Nervosa လို့ မခေါ်နိုင်ပါဘူး။ မလိုအပ်ပဲ ခြောက်လိုက်သလိုများ ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။ နောက်မှ အဲဒီရောဂါအကြောင်း ရေးပါမယ်။ တစ်စုံတစ်ယောက်များ ကျမအရင် ရေးနိုင်ရင်လည်း ရေးပါ။ စာဖတ်သူတွေအတွက် ပိုကောင်းတာပေါ့။
    Imperial system အတွက်က BMI = body weight in pounds x 704.5 divided by height in inches (squared) ပါ။

    ReplyDelete
  11. အားလုံးကို ကျေးဇူးပါရှင်။ အိမ်ပြန်ရင်တော့ ဆရာဝန်သွားပြကြည့်ပြီး တော့လိုအပ်ရင်စစ်ကြည့်အုံးမှ။ ပင်ပင်ပန်းပန်းလဲမလုပ်ရပါဘူး။ Stress လဲမရှိပါဘူး။ ပိန်နေတယ်ရှင်။ အဲဒါကြောင့်ပါ။ ဆရာတို့အားလုံးကို ကျေးဇူးပါ။ :)

    ReplyDelete