Saturday, March 15, 2008

Breast Cancer

ရင်သားကင်ဆာ



ကင်ဆာရောဂါအကြောင်း သိကောင်းစရာ (၂)


အမှန်ကတော့ ကျွန်တော်ရင်သားကင်ဆာအကြောင်းရေးဖို့ စိတ်ကူးမရှိသေးပါဘူး။ Suewann က တင်ပေးဖို့  ပြောလို့ ပါ။ ရင်သားကင်ဆာက သိထားသင့်တဲ့အကြောင်းတစ်ခုပါ။ အမျိုးသမီးတွေကို အဓိကခြိမ်းခြောက်နေ တဲ့ ရောဂါတစ်ခုဆိုလဲ မမှားပါဘူး။ ဒါပေမယ့် စောစောစီးစီး သိရှိရင် ထိထိရောက်ရောက် ကုသနိုင်တဲ့အတွက်

ဘယ်လိုသူတွေမှာ ရင်သားကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်းပိုများသလဲ?

ဘယ်လိုရောဂါလက္ခဏာတွေနဲ့ လာမှာလဲ?

စောစောစီးစီးသိအောင်ဘာတွေလုပ်နိုင်မလဲ?

ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ? ဆိုတာတွေ သိထားဖို့ လိုပါတယ်။

(၁) ဘယ်လိုသူတွေမှာ ရင်သားကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်းပိုများသလဲ?

- အပျိုဖော်ဝင်စောခြင်း (ရာသီဦးစောခြင်း) (Early menarche)

- သွေးဆုံးနောက်ကျခြင်း (ရာသီကုန် နောက်ကျခြင်း) (Late menopause)

- သားသမီးမထွန်းကားခြင်း

- သားဦးကို အသက် (၃၀) ကျော်မှ မွေးဖွားခြင်း

- ရာသီကုန်ပြီးနောက်ဟော်မုန်းအစားထိုးသုံးစွဲခြင်း

- ဓါတ်ရောင်ခြည်ထိတွေ့ ခဲ့ဖူးခြင်း

- မိသားစုဝင်ထဲ၊ ဒါမှမဟုတ်ဆွေမျိုးထဲတွင် ရင်သားကင်ဆာ၊သားဥအိမ်ကင်ဆာများဖြစ်ဖူးခြင်း




စတာတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများစေတဲ့ အချက်တွေပါ။ အဲဒီအချက်တွေ မိမိမှာရှိတယ်ဆိုရင် မိမိရင်သားကို အစဉ်ဂရုပြု စစ်ဆေးနေဖို့  လိုပါလိမ့်မယ်။

(၂) ဘယ်လိုရောဂါလက္ခဏာတွေနဲ့ လာမှာလဲ?

- ရင်သားအကျိတ်။ ဂျိုင်းပြန်ရည်ကျိတ်ကြီးခြင်း။

- ရင်သားအရေပြား ချိုင့်ဝင်ခြင်း၊ ထူထဲပြီး လိမ္မော်ခွံကဲ့သို့ ဖြစ်နေခြင်း၊

- နို့ သီးခေါင်းချိုင့်ဝင်နေခြင်း၊ နို့ သီးတ၀ိုက်မှိုစွဲသကဲ့သို့ ဖြစ်ခြင်း၊ နို့ သီးမှသွေးထွက်ခြင်း စတာတွေအပြင် ကင်ဆာဆဲလ်များအမြစ်ပွားခြင်း (Metastasis) ကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ လဲလာနိုင်ပါတယ်။

(၃) စောစောစီးစီးသိအောင်ဘာတွေလုပ်နိုင်မလဲ?

- မိမိရင်သားကိုရေချိုးစဉ်မှာဖြစ်ဖြစ် တစ်ပါတ်တစ်ခါလောက် စမ်းကြည့်သင့်ပါတယ်။ (အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်နဲ့ ကိုယ်ဝန်ဆောင်ပြီးစအချိန်များ)စမ်းတဲ့အခါမှာလည်း နို့  သီးအောက်မှအစ၊ ရင်သား တစ်ခုလုံး၊ ဂျိုင်းအထိ စမ်းသင့်ပါတယ်။

- အထက်မှာပြောထားတဲ့ ရောဂါဖြစ်နိုင်ခြေရှိတဲ့သူမျိုးဆို၇င်တော့ လိုအပ်သလို ရင်သားဓါတ်မှန် (Mammogram) ကို ၁-၂နှစ်တစ်ကြိမ်ထိ ရိုက်ပြီး စစ်ဆေးသင့်ပါတယ်၊(လိုအပ်သလိုဆိုတဲ့နေ၇ာမှာ သက်ဆိုင်ရာပါရကူက မည်သည်အသက်အရွယ်ကစရိုက်၇မယ် ဆိုတာကို risk factor တွေအပေါ် မူတည်ပြီး confirm လုပ်သင့်တာတွေကို လုပ်ပြီး ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဖွံ့ ဖြိုးပြီးနိုင်ငံတွေမှာတော့ screening program တွေနဲ့ လုပ်နေပါတယ်။ National Cancer Institute (U.S) guideline အ၇ အသက် ၄၀-၇၀ ကြားကို ၁-၂နှစ်တစ်ကြိမ် screening လုပ်ဖို့ recommend လုပ်ပါတယ်။ NHS Breast Screening Programme (UK) ကတော့ ၅၀-၇၀နှစ်ကြားကိုလုပ်ပါတယ်။ )

- တစ်ကယ်လို့ မသင်္ကာဖွယ်ရာအကျိတ် (သို့ ) ရင်သားဓါတ်မှန်ရလဒ်မျိုးတွေ့ ရင်တော့ ရင်သားအသားစယူစစ်ဆေးခြင်း (FNA, Core biopsy, Excisional biopsy)၊ ပြန်ရည်ကျိတ်စစ်ဆေးမှုများ အပြင် အဆုတ်၊အသည်း၊အရိုးအစရှိသောအစိတ်အပိုင်းများသို့  ကင်ဆာပွားခြင်းရှိမရှိစမ်းသပ်မှုတွေကို ဆက်လုပ်မှာဖြစ်ပါတယ်။

(၄) ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ?

- ခွဲစိတ်မှုကတော့မဖြစ်မနေလုပ်ရမှာပါ (အသားစအဖြေကကင်ဆာဖြစ်နေရင်)။ ရောဂါက အစောပိုင်းအဆင့်မှာရှိသေးရင်တော့ ရင်သားထိန်းသိမ်းခွဲစိတ်ခြင်း (Breast Conservative Treatment) လုပ်နိုင်တဲ့အတွက်ရင်သားကိုထိန်းသိမ်းနိုင်မှာပါ။ ရောဂါအဆင့်မြင့်နေရင်တော့ ရင်သားသာမကပြန်ရည်ကျိတ် များပါထုတ်ပစ်ရမှာပါ။

- ကင်ဆာတိုက်ဖျက်ဆေးများနှင့်ကုသခြင်း(Chemotherapy)ကလည်းခွဲစိတ်မှုမတိုင်မီနဲ့ ခွဲစိတ်ပြီး၊ (သို့ )ခွဲစိတ်ပြီးမှာ လူနာရဲ့  အသက်၊ရာသီအနေအထား၊အကြိတ်အရွယ်အစား၊ပြန်ရည်ကျိတ်ပါဝင်မှု၊ ဟော်မုန်းလက်ခံပရိုတင်း(ER/PR) စတာတွေအပေါ်မှာမူတည်ပြီး ပေးလေ့ရှိပါတယ်။

- ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း(Radiation Therapy)တို့ အပြင်

- ဟော်မုန်းကုထုံး(Hormonal Therapy)၊ ဇီဝကုထုံး(Biotherapy)စတဲ့ ထိရောက်သောခေတ်မီ ကုထုံးတွေနဲ့ ပူးတွဲကုသနိုင်ပါတယ်။ ကုသမှုတွေအပြီးမှာလည်း သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် အစရှိသဖြင့် ပြန်လည်ခေါ်ယူစမ်းသပ်မှုတို့  ပုံမှန်သွားရောက်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ရောဂါပြန်လည်ထကြွမှု၊ အခြားအစိတ်အပိုင်းများသို့ ကင်ဆာပျံ့ နှံ့ မှုတွေရှိမရှိ သိရှိဖို့ ဖြစ်လို. အလွန် အရေးကြီးပါတယ်။ ဒါကြောင့်

- ရောဂါမဖြစ်ခင်စဉ်ကတည်းက ရှောင်ကြဉ်၍ ရသည်ကို ရှောင်ကြဉ်ခြင်း (ဥပမာ-ဟော်မုန်းများ)

- ရောဂါကို စောစီးစွာ သိရှိအောင် သတိ(awareness)ထား၍ မိမိကိုယ်ကိုစမ်းသပ်ခြင်း (Self examination)

- ထိရောက်သောကုသမှုခံယူခြင်းဖြင့် ရောဂါအဆင့်မတိုးအောင် ကာကွယ်ခြင်း

- ကုသမှုခံယူပြီးနောက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပြန်လည်ပြသခြင်းစတာတွေနဲ့  ရင်သားကင်ဆာ ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ကြမှာပါ။

Note*: You can read more about self examination of breast here.


14 comments:

  1. ကျေးဇူးပါ ဒေါက်တာ

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ဒေါက်တာ
    ကျမတို့လိုမိန်းခလေးတွေအတွက်သိထားသင့်တာတွေသိရ
    လို့ ကျေးဇူးတင်ပါတယ်ဒေါက်တာ။

    ReplyDelete
  3. တိုင်း၇င်းဆေး>> commentပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ..ကိုစိုးထက်ရှင်းပြထားတာ ပြည့်စုံပြီးဖြစ်ပေမယ့် စာေ၇းသူအနေနဲ့ လည်း ကိုတိုင်း၇င်းဆေးကို reply လုပ်ချင်လို့ ပါ။ ကျွန်တော့အနေနဲ့ screening အကြောင်းကိုမပြောတာက မြန်မာနိုင်ငံမှာလည်း screening program မရှိသေးလို့ ပါ။ အဲဒါကြောင့်high risk group တွေအတွက် National Cancer Institute(NCI) ,U.S က recommend လုပ်ထားတဲ့ annual screening ကိုပြောထားတာပါ။ ဒါ့အပြင် strong family history ထင်ထင်ရှားရှားရှိနေ၇င်BRCA1, BRCA2 mutation ကို confirm လုပ်ပြီးတာနဲ့ အသက်၂၅ကနေတောင် screening လုပ်သင့်တယ်လို့ ဆိုပါတယ်။ မည်သို့ ဆိုစေ ကိုတိုင်း၇င်းဆေးကို အတွေးမှားသွားစေခဲ့တာကတော့ထင်၇ှားလို့  နောင်ကိုပိုမိုပြီးပြည့်စုံအောင်ထည့်ေ၇းနိုင်ဖို့ ကြိုးစားပါမယ်။ oncology ကို specialized လုပ်နေတာ မှန်ပေမယ့် ၇သလောက် အချိန်လေးကနေ post တင်ဖို့ ကြိုးစား၇တဲ့အတွက် အားနည်းချက်များ ၇ှိနိုင်တာမို့ ဝင်ေ၇ာက်ဆွေးနွေး ဝေဖန်နိုင်ပါတယ်..မရှင်းလင်းတာကိုလည်း မေးမြန်းဆွေးနွေးနိုင်ပါတယ်..Welcome ပါခင်ဗျာ။

    ReplyDelete
  4. တိုင်ရင်းဆေး ဆိုသူ၏ စီဘောက်ခ်စ် ဆွေးနွေးချက် ...

    ခေါင်းစဉ်တွေကောင်းပါတယ်။ တချို့ ဟာလေးတွေ အန္တရာယ် ရှိသွားနိုင်လို့ သေချာ လေ့လာပြီးမှ ရေးရင်ပိုကောင်းမယ် ထင်ပါတယ်။
    ဥပမာ Breast Cancer မှာ ၃၅ နှစ်အောက် mammogram မရိုက်ပါဘူး။ screening က ၅၀ ကနေ ၇၀ ထိ လုပ်တယ် အကျိပ်တွေ့ ရင် ၃၅ အောက် ultrasound နဲ့ ၃၅ အထက် mammogram လုပ်ပါတယ်။ screening က ၅၀ ကျော်ရင် ၃ နှစ် တခါပဲ လုပ်ပါတယ်။ တနှစ်တခါမလုပ်ပါ။ ၇၀ ကျော်ရင် request နဲ့ ပဲ လုပ်ပါတယ်။ မြန်မာပြည်မှာ mammogram ရှိကြောင်း နဲ့  screening လုပ်ကြောင်းမကြားမိပါ။

    ReplyDelete
  5. @ တိုင်းရင်းဆေး >>>

    ကျေးဇူး တင်ပါတယ် ခင်ဗျာ ... ကျွန်တော်တို့လည်း အကုန်လုံးကို သေချာ ပြန် မဖတ်ဖြစ်တဲ့ အတွက် ... နောက်ကို သေချာ ဖတ်ပါမယ် ... စာရေးသူကိုယ်တိုင် တာဝန်ယူတဲ့ စနစ်နဲ့ ပဲ ရေးနေလို့ပါ ...
    ပို့စ် ရှည်မှာ စိုးလို့ ချန်ခဲ့တာတွေ ရှိနိုင်ပါတယ် ... ပို့စ်ထဲမှာတော့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိသူများကျုသာ တစ်နှစ်တစ်ခါ Screening လုပ်ဖို့ ပြောထားပါတယ် ...
    မြန်မာနိုင်ငံမှာ ဘဏ္ဍာရေး ကြောင့် Screening Prpgram မလုပ်နိုင်ပေမယ့် Mammogram ရိုက်လို့ ရတဲ့နေရာ လေးငါးခုလောက် .. ရှိနေပါကြောင်း ...
    သတ်မှတ်ချက် ပြည့်စုံသူများ အနေနဲ့ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း ဗဟို မှာ ဈေး အသက်သာဆုံးနဲ့ ရိုက်ကူးနိုင်ကြောင်း အသိပေးလိုပါတယ် ... အသေးစိတ်သိလို ပါက ရုံးမှာ သွားရောက် စုံစမ်းပါ ...
    အားလုံးအတွက် ကျေးဇူး ... ပါဝင် ရေးသား လိုပါက အီးမေးလ် ထားခဲ့လျှင် Contributor အဖြစ် ဖိတ်စာ ပေးပို့ ပါမည် ခင်ဗျား ....

    ReplyDelete
  6. တိုင်ရင်းဆေး ဆိုသူ၏ စီဘောက်ခ်စ် ထပ်မံ ဆွေးနွေးချက် ...

    gene ရှိရင် တော့ဟုတ်ပါပြီ။ အများစု အမှတ်မှား အကြောက်လွန်ပြီး radiation မလိုအပ်ပဲ လုပ်ကြမှာ စိုးလို့ ပါ။ ငါတော့ ရာသီလာစောတယ် နောက်ကျမှ သွေးဆုံးတယ် ကလေးမရဘူး ကလေးရ နောက်ကျတယ် စသည်ဖြင့် သိပ်အရေးမကြီးတဲ့ risk factor တွေ မြန်မာ မိန်းကလေး တွေ တယူသန် မှတ်သွားမှာ စိုးလို့ ပါ။
    source:http://www.cancerscreening.nhs.uk/breasts
    အသက်ငယ်ရင် breast develop ဖြစ်နေတဲ့ အချိန်ဆိုရင် mammogram နဲ့ လဲသိပ်မပေါ်ဘူးလို့ဖတ်မိလို့ ပါ။

    ReplyDelete
  7. စာရေးသူ ၏ ပြန်လည် ဖြေကြားချက် ...

    တိုင်း၇င်းဆေး>>

    ဘယ်fieldမှာမဆိုဝေဖန်မှုဟာတန်ဖိုးရှိပါတယ်ခင်ဗျာ။ ကိုတိုင်းရင်းဆေးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် mammogram ကိုထည့်ရေးလိုက်တာက ဒါတွေလုပ်လို့ ရပါလား ဆိုတဲ့ အသိကိုထည့်ပေးချင်လို့ ပါ။ ဒါပေမယ့် တကယ် လက်တွေ့ လုပ်မယ်ဆို၇င် Clinician ၇ဲ့  assessment & recommendation အဆင့်ကို ဖြတ်ကျော်၇ ဦးမှာ ဖြစ်လို့  indication criteria တွေကိုချန်ခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့ အေ၇းအသားမှာ အားနည်းချက် ပါနေတဲ့ အတွက် post ကို edit လုပ်ထားပါတယ်။ ပိုမို ပြီး Detail ဖြစ်အောင်တော့ မေ၇းသင့်ဘူးလို့  ယူဆလို့  ပြင်သင့် သလောက်ပဲ ပြင်ထားပါတယ်။

    ReplyDelete
  8. အခုလို အပြန်အလှန် ဆွေးနွေးနေကြတာ တွေ့ရတဲ့အတွက် ၀မ်းသာပါတယ်။ ဒါမှလည်း စာဖတ်သူများအတွက် ပိုပြီး ဗဟုသုတ ဖြစ်စေမှာပါ။

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. လေးစားရပါသောဆရာများခင်ဗျာ...
    ကျွန်တော့်ကောင်မလေးဟာအရမ်းလှချင်တဲ့သူပါ။ ခုခေတ်တနည်းအားဖြင့် စင်ကာပူတွင် ရင်သားကြီးအောင်လုပ်ခြင်း၊ ရင်းသားပြုပြင်ခြင်းများခေတ်စားလာတဲ့အလျောက်
    ကျွန်တော့်ကောင်မလေးမှာသေးနေပါသဖြင့်နားနဲ့မနာ
    ဖ၀ါးနဲ့နာပါ။ရင်သားနယ်ခြင်း၊ ဆေးလိမ်းခြင်းများလုပ်ပါသည်။ ဆေးမှာမြန်မာနိုင်ငံမှာရနိုင်သော stherb ဆိုသောရင်သားကြီးထွားစေသည့်ဆေးကိုသုံးပါသည်။
    အခုသူရန်ကုန်ခဏပြန်သွားပါသည်။ ကျွန်တော်သည်လည်းသူ့ကိုကြီးစေချင်တာဝန်ခံပါသည်။
    ထို့ကြောင့်အားပေးမိပါသည်။ တစ်ခုသိချင်သည်မှာထိုဆေးသည်အန္တရာယ်ရှိမရှိသိချင်
    ပါသည်။ မြန်မာနိုင်ငံဆရာဝန်များအသင်း၏ခွင့်ပြုချက်ရသောရင်
    သားကြီးထွားဆေးများရှိပါကလည်းညွှန်ကြားပေးစေလိုပါသည်။ ထို့နောက်ဆေးသုံးခြင်းအတွက်ရင်သားကင်ဆာဖြစ်နိုင်မ
    ဖြစ်နိုင်လည်းသိချင်ပါသည်။ ရင်သားကြီးထွားစေတဲ့အစားအသောက်များရှိရင်လည်း
    ညွှန်ပြပေးစေလိုပါသည်။ သိချင်တာများ များနေသည့်အတွက်ခွင့်လွှတ်ပေးပါလို့အနူးအညွှတ်ပန်
    ကြားရင်းဆရာတို့ပြန်စာကိုမျှော်လင့်လျက်....

    ReplyDelete
  12. အသက် ၃၀ နောက်ပိုင်းမှ သားဦးမွေးသူတိုင်း ရင်သားကင်ဆာဖြစ်နိုင်သလား..
    ဆရာ.. ကျွန်မ အဘွားက သားအိမ်ကင်ဆာနဲ့ဆုံးပါတယ်.. အမေကလည်း ကင်ဆာဖြစ်စေတဲ့ အလုံးတွေ့ ပီး အချိန် မီ သားအိမ်ကို ထုတ်နိုင်ခဲ့ပါတယ်.. ဒါဆို ကျွန်မမှာလည်း ဖြစ်နိုင်ချေများတယ်ဆိုတာ ဟုတ်ပါသလား

    ReplyDelete
  13. ဆရာရှင့်သမီးမှာဘယ်ဖက်နို့မှာအကြိတ်တလုံးရှိခဲ့တာကြာပါပြီး၅နှစ်လောက်ရှိပါပြီးမနာပါဘူးမကိုက်ပါဘူးဘာမှလည်းမခံစားရပါဘူးဒါပေမဲ့သမီးစိုးရိမ်မိတယ်
    ဆရာဝန်သွားပြဘူးတယ်ရိုးရိုးအသားလုံးလို့ပဲပြောတယ်အဲဒါဆရာဝန်ကပြောတော့ခွဲ့းခြင်လည်းရတယ်မခွဲးခြင်လည်းရတယ်တဲ့နောက်ဆက်ဘ်ာလိုများဖြစ်လာနိုင်မလည်းကလေးမွေးလာရင်ရောကလေးတွက်အန္တရယ်ရှိနိုင်မလားခွဲးလိုက်ရင်ရောအဆင်နိုင်မလားဆရာအကြံလေးပေးပါလားသမီးစိုးရိမ်လို့ပါ

    ReplyDelete
  14. ဆ၇ာခင်ဗျ....ကျွန်တော့ကောင်မလေးက....လွန်ခဲ့သော ၂ လလောက်က သူ့  ဘယ်ဘက်ချိုင်းအောက် ရင်အုံဘေးကအောင့်တယ်လို့ ပြောပါတယ်...ဒါပေမယ့် ၁ ၇က်ပါဘဲ...နောက်နေ့ ကျတော့ ကောင်းသွားပါတယ် ဘာမှတော့ထပ်မဖြစ်တော့ပါဘူး တခြား ရင်သားကင်ဆာ လက်ခဏာ တွေကိုလည်းမတွေ့ ပါဘူး အကျိတ်တို့ ဘာတို့ မတွေ့ ပါဘူး .....သူ့ အသက်က ၂၀နှစ်ပါ... အဲ့ဒိအသက်အရွယ်မှာ ရင်သားကင်ဆာဖြစ်နိုင်ခြေရှိပါသလားဆရာ...ကျွန်တော်စိုး၇ိမ်လို့  ဆ၇ာ့ကိုမေးကြည့်တာပါ....ကျွန်တော်ရေးတာအမှားပါရင်ခွင့် လွှတ်ပါနော်....

    ReplyDelete