tag:blogger.com,1999:blog-6573912305380013381.post8972980757224108116..comments2023-10-26T14:55:46.887+06:30Comments on Public Health in Myanmar: US Health Care System & DiabetesYe-Monhttp://www.blogger.com/profile/12750599826680445055noreply@blogger.comBlogger6125tag:blogger.com,1999:blog-6573912305380013381.post-75862952200646383952009-04-06T00:53:00.000+06:302009-04-06T00:53:00.000+06:30ခြေဖြတ်ရလောက်အောင် ဖြစ်နိုင်တဲ့ Diabetic nuropathy...ခြေဖြတ်ရလောက်အောင် ဖြစ်နိုင်တဲ့ Diabetic nuropathy အပါအ၀င် ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာတွေအကြောင်း၊ ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ တခြားသိသင့်တဲ့ အချက်အလက်တွေကို ဒီဘလော့ဂ်ရဲ့ Diabetes label အောက်က တခြားပို့စ်တွေမှာ တင်ထားတာ အများကြီး ရှိတယ်ဆိုတာ သွားလေ့လာချင်ရင် ရအောင် မေးခွန်းမေးတဲ့ Anonymous ကို အသိပေးချင်ပါတယ်။

ဒါပေမယ့် Diabetes နဲ့ မဆိုင်တာကို နည်းနည်း လျှာရှည်လိုက်ဦးမယ်။ အမေရိကန်က ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး အဆင့် ၃၇ သတ်မှတ်ခံရတာ ကျွန်မတော့ မအံ့သြပါဘူး မအံ့သြတဲ့အပြင် ထင်တာထက်တောင် ပိုအခြေအနေ တော်သေးတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်က လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် လူတဦးချင်းတယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက် အခွင့်အရေးကိုသာ ဦးစားပေးတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး (Civil and political rights) ကိုသာ အဓိက လက်ခံကျင့်သုံးပြီး လူမှုရေး၊ ကျန်းမာရေး စတဲ့ လူအစုအဖွဲ့နဲ့ အဓိကပတ်သက်တဲ့ အခွင့်အရေးတွေကို ကိုယ်စားပြုတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အေရေး (Economic social and Culture rights) တွေကို အစိုးရမှာ တာဝန်ရှိတယ်လို့ အမေရိကန်က လက်မခံလို့ အမှန်ဆို ကျန်းမာရေးမှာ အမေရိကန်က ကမ္ဘာမှာ အနိမ့်ဆုံးတောင် ဖြစ်လို့ရနိုင်တယ် မဟုတ်လား။ လူအတော်များများက အမေရိကန်မှာ ဘာမဆို အားလုံးကောင်းတယ်လို့ ထင်ကြတာ ဆရာဇိဝက ပြောတာ ဟုတ်တယ်။ ဒါပေမယ့် မကောင်းဘူးလို့ ထင်တဲ့သူတွေကလည်း သူ့အတွက်ပဲ သူကောင်းတယ် တခြားသူတွေအတွက် ဘာမှ သုံးစားလို့မရပဲ ဒုက္ခပေးနေတဲ့နိုင်ငံလို့ ထင်ကြတာလည်း ရှိတယ်။ အမေရိကကို လူတွေ ပကတိအတိုင်း မြင်ကြတာ သိပ်နည်းတယ်လို့ ကျွန်မထင်တယ်။Nge Nainghttps://www.blogger.com/profile/16228085635463408835noreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-75020492817819658702009-04-05T20:26:00.000+06:302009-04-05T20:26:00.000+06:30မတတ်နိုင်တာက အဓိကပါ။နောက်တစ်ခုက ကျန်းမာရေး အာမခံ က...မတတ်နိုင်တာက အဓိကပါ။
နောက်တစ်ခုက ကျန်းမာရေး အာမခံ ကုမ္ပဏီတွေက သူတို့ အရှူံးမရှိအောင် ကြည့်လွန်းတော့ တစ်ဦးချင်း အာမခံထားမယ့် သူတွေကို အလွန်ကို စိစစ်ပါတယ်။
ဥပမာ မျိုးရိုးထဲမှာ ဆီးချို ရှိတယ် ဆိုရင် အဲဒီလူကို အာမခံ မပေးတော့တာမျိုး လုပ်တတ်ပါတယ်။
အဲဒီတော့ ၀ယ်ချင်တာတောင် ၀ယ်လို့ မရဘူးဆိုတာမျိုး ဖြစ်နေပါတယ်။
ဝယ်လို့ရမယ် ဆိုရင်လဲ ဈေးနှုန်းကို မတန်တဆ မြှင့်ထားတာမျိုး ခံရပါတယ်။
အများစုက အလုပ်ရှင်တွေက ၀ယ်ပေးတဲ့ ကျန်းမာရေး အာမခံတွေက ရကြပါ။
အလုပ်ရှင်တွေကလဲ သူတို့ သက်သာအောင် ဆိုပြီး နောက်ပိုင်းမှာ လူတွေကို အချိန်ပြည့် မခန့်ဘဲ အချိန်ပိုင်းတွေ ခန့်ပြီး လူများများ ထားတာမျိုးလုပ်တော့ ဥပဒေနဲ့ လွတ်ပြီး ကျန်းမာရေး အာမခံ ၀ယ်ပေးစရာ မလိုတဲ့ အခြေအနေမျိုး ဖြစ်သွားပါတယ်။
အဲဒီလို လူတွေက အာမခံ မရကြပါဘူး။
အလုပ်မရှိ၊ အိမ်မရှိလူမျိုးတွေ ဒီမှာ အများကြီးပါ။
အဲလို လူတွေလဲ ကျန်းမာရေး အာမခံ မရပါဘူး။
အစိုးရဆီက ရမယ့် ကျန်းမာရေး အာမခံမှာလဲ စည်းမျဉ်းစည်းကမ်းတွေ တော်တော်များပါတယ်။
သတ်မှတ်ထားတဲ့ ဆင်းရဲတဲ့ အနေအထားမှာ ရောက်နေတဲ့ကလေး တစ်ဦး၊ မိဘနှစ်ယောက်လုံး ရှိနေရင် ကျန်းမာရေး အာမခံ မရနိုင်တဲ့ အခြေအနေ ဖြစ်နေလို့ လင်မယား ကွာရှင်းလိုက်ရတာမျိုးတွေလဲ ရှိပါတယ်။tunehttps://www.blogger.com/profile/16507581100170457990noreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-51266856246082190992009-04-05T16:01:00.000+06:302009-04-05T16:01:00.000+06:30သိချင်လို့ မေးပါရစေ။ အမေရိကားရဲ့ ကျန်းမာရေး အာမခံ ...သိချင်လို့ မေးပါရစေ။
အမေရိကားရဲ့ ကျန်းမာရေး အာမခံ စရိတ်က အဲဒီက တစ်ချို့လူတွေ (၄၅ . ၇ သန်း) မပေးနိုင်အောင် များနေလို့လား။ အသည်းအသန်ရောဂါ ကိုယ့်မှာ မဖြစ်နိုင်သေးဘူးထင်ပြီး တမင် အာမခံ မထားကြလို့လား။
မြန်မာပြည်မှာဆို အာမခံလုပ်ငန်း မတွင်ကျယ်တာက လူများစုက လတ်တလော စားဖို့အပြင် ငွေပိုငွေလျှံ အကုန်ခံစရာ မရှိကြလို့ မထားကြတာဆိုတော့ သူတို့ဆီက လူတိုင်းရော ဘာလို့ မထားတာလဲ သိချင်လို့ပါ။ တကယ် မတတ်နိုင်လို့လား၊ မလိုသေးဘူးထင်ပြီး ဈေးကြီးလို့ မထားတာလား။သူရnoreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-5822266687708592032009-04-05T04:56:00.000+06:302009-04-05T04:56:00.000+06:30ဖြစ်တာနဲ့ ချက်ခြင်းသိပြီး လိုအပ်တဲ့ ကုသမှုကို စနစ်တ...ဖြစ်တာနဲ့ ချက်ခြင်းသိပြီး လိုအပ်တဲ့ ကုသမှုကို စနစ်တကျ ခံယူမယ်ဆိုရင် မဖြတ်ရပါဘူး။
ဖြတ်ရတဲ့အထိ ဖြစ်တာက ဖြစ်လို့ ဖြစ်မှန်း မသိတာ၊ စနစ်တကျ မကုတာတွေကြောင့်ပါ။
ဆီးချိုရောဂါကြောင့် အာရုံကြောတွေက ထုံသွားတတ်တော့ ထိခိုက်မိတာ၊ အနာရှိတာတွေကို မသိဘဲ ပစ်ထားမိရင်းက အလွန်အမင်း အခြေအနေ ဆိုးသွားတတ်တာပါ။
လုပ်သင့်တာက နေ့တိုင်း ကိုယ့် ခြေထောက်ကို မှန်ကြည့်သလို ပုံမှန် ကြည့်ပေးနေဖို့။
တစ်နေ့ တစ်ခါ ပုံမှန်ကြည့်ပြီး အနာရှိတာ တွေ့တာနဲ့ ချက်ခြင်း ဆေးခန်းပြ၊ လိုအပ်သလို ကုသမှု ခံယူမယ်ဆိုရင် စိတ်ပူ စရာ မရှိပါဘူး။tunehttps://www.blogger.com/profile/16507581100170457990noreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-55729017773961965022009-04-05T03:10:00.000+06:302009-04-05T03:10:00.000+06:30ဆီးချိုရှိပြီး အနာဖြစ်လာရင် လက်ခြေ မဖြတ်ရအောင် ဘယ်...ဆီးချိုရှိပြီး အနာဖြစ်လာရင် လက်ခြေ မဖြတ်ရအောင် ဘယ်လို လုပ်ရပါမလဲAnonymousnoreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-59008939288629022182009-04-04T23:34:00.000+06:302009-04-04T23:34:00.000+06:30အမှန်ပါပဲရှင်---အမေရိကားကတော့အရာရာ ငွေပါပဲ--ကျန်းမ...အမှန်ပါပဲရှင်---
အမေရိကားကတော့အရာရာ ငွေပါပဲ--
ကျန်းမာရေးအာမခံ----?--တဲ့မသက်ဇင်https://www.blogger.com/profile/17366546359010762758noreply@blogger.com