tag:blogger.com,1999:blog-6573912305380013381.post7851417609851734355..comments2023-10-26T14:55:46.887+06:30Comments on Public Health in Myanmar: Adult ADHDYe-Monhttp://www.blogger.com/profile/12750599826680445055noreply@blogger.comBlogger8125tag:blogger.com,1999:blog-6573912305380013381.post-65382854544750268322008-12-07T15:28:00.000+06:302008-12-07T15:28:00.000+06:30၀င်ရောက် ဆွေးနွေး အတွေ့အကြုံ ဝေမျှတာကို ကျေးဇူးတင်...၀င်ရောက် ဆွေးနွေး အတွေ့အကြုံ ဝေမျှတာကို ကျေးဇူးတင်ပါတယ် C.Tun ရှင့်။ ကောင်းတဲ့ ကိုယ်တွေ့ဆိုတော့ အခြားသူတွေပါ အများကြီး အကျိုးရှိတာပေါ့။
C. Tun ပြောပြထားတာတွေဟာ Cognitive Behaviour Therapy (CBT) သဘောတွေပါပဲ။ အင်မတန် ကောင်းပြီး လက်တွေ့ကျပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ ကာယကံရှင်ရဲ့ ဇွဲတော့ လိုတယ်ရှင့်။ လုပ်နိုင်တဲ့လူမှာ အကျိုးရှိတာတော့ လက်တွေ့ပဲပေါ့နော်။
CBT ဟာ စိတ်ရောဂါ တော်တော်များများမှာ အသုံးဝင် အကျိုးရှိတဲ့ ဆေးမဟုတ်သော ကုထုံး ဖြစ်ပါတယ်။ ပြဿနာ ဖြစ်နေတဲ့ အတွေးအခေါ် သို့မဟုတ် အမူအကျင့်ကို တခြား alternative နဲ့ စမ်းသပ်စိန်ခေါ် ကြည့်တာလို့ပဲ အတို၊ အလွယ်ပြောရမယ် ထင်ရဲ့။ အင်မတန် အောင်မြင်တဲ့ ကုထုံး ဖြစ်ပါတယ်။ စနစ်တကျ မှန်မှန် လုပ်ဖို့တော့ လိုလိမ့်မယ်။ အရှင်းပျောက်စေတယ်လို့ ကျွန်မ မသိပါဘူး။ သက်သာစေဖို့တော့ အလားအလာ အများကြီး ကောင်းပါတယ်။
Meditation ကိုလည်း ခုနောက်ပိုင်း အနောက်တိုင်းက အရမ်း စိတ်ဝင်စား၊ လေ့လာ၊ ယူသုံးလာကြပါတယ်။ ဘာသာရေးအတွေးအခေါ်တွေ မပါပဲ ထွက်လေ၀င်လေ ရှုတဲ့ အဆင့်မှာတင်ကို တော်တော် အကျိုးများလို့ Mindfulness Meditation ဆိုပြီး CBTရဲ့ modified form တစ်ခုအနေနဲ့ နာမည်ကျော်လာပါတယ်။ ကိုယ်တွေက မိရိုးဖလာ မျိုးရိုးအမွေအနှစ်အဖြစ် ရထားတဲ့ နည်းပဲ။ ပိုလို့တောင် သုံးသင့်သေးတယ်လို့ ထင်ပါတယ်ရှင့်။ ဗုဒ္ဓဘာသာ မဟုတ်လည်း တရားထိုင်နည်း သင်ပေးတဲ့ နေရာတွေ ရှိပါတယ်။ စုံစမ်းကြည့်ကြပါ။Nu Thwehttps://www.blogger.com/profile/13558788277783969900noreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-74388334240750810662008-12-07T15:01:00.000+06:302008-12-07T15:01:00.000+06:30ရဲ ပြောသလိုပဲ မြန်မာပြည်မှာ စနစ်တကျ စာရင်းပြုစုနို...ရဲ ပြောသလိုပဲ မြန်မာပြည်မှာ စနစ်တကျ စာရင်းပြုစုနိုင်ရင် ထွက်လာမယ့် ဝေဒနာရှင်တွေ အများကြီး ရှိနိုင်တာ ဒီရောဂါ တစ်ခုတည်း ဟုတ်မယ် မထင်ပါဘူး။ တခြား စိတ်ရောဂါ အပါအ၀င် တခြားရောဂါတွေပါ ပါပါလိမ့်မယ်။
ကြိုတင်ကာကွယ်တဲ့နည်း မရှိ(သေး)ပါဘူး။ ပြောရရင် ဒါရောဂါကို အလုံးစုံ နားမလည်သေးတာလည်း ပါတာပေါ့။ ရောဂါပိုးကြောင့် ဖြစ်တဲ့ infection လို antibiotics ဆေးသောက်လိုက်နိုင်တာမျိုး၊ အလုံးအဖုတွေလို ခွဲစိတ် ထုတ်ပစ်လိုက်နိုင်တာမျိုးလောက်တော့ မရိုးစင်းတာ အမှန်ပါပဲ။ ဦးနှောက်ထဲကို ပုံရိပ်ရှာစက်တွေနဲ့ ကြည့်လို့ အပြောင်းအလဲတွေ တွေ့ရတယ် ဆိုပေမယ့် ဒါက ရောဂါမှာ ဘယ်လောက် အဓိကကျတယ် ဆိုတာ ဘယ်သူမှ အတိအကျ မသိကြသေးပါဘူး။ ဆေးပညာ သုတေသနတွေ ထွန်းကားတိုးတက်တဲ့ ကာလကြီးမှာ စမ်းသပ်လေ့လာချက်တွေ ဆက်ဖြစ်နေဦးမှာပါ။ ရလဒ်တွေ ပြောင်းလဲဦးမှာပါ။
ပြောရရင် သွေးတိုး၊ ဆီးချိုတို့လည်း ချက်ချင်း မသေပေမယ့် အရှင်းမပျောက်တဲ့၊ တဖြည်းဖြည်း ဆိုးလာတဲ့ (ဆေးသောက် အစားရှောင် ကျန်းမာအောင် ဂရုစိုက်ရင်တော့ ဆိုးနှုန်းနှေးတာပေါ့) ရောဂါတွေပါပဲ။ ADHD က ဆေးမရှိတဲ့ ရောဂါ မဟုတ်ပါဘူး။ ခုလောလောဆယ် ရနိုင်တဲ့ဆေးက သောက်တဲ့လူတိုင်းမှာ အရှင်းပျောက်စေနိုင်တဲ့ သတ္တိ မရှိသေးတာပါ။ ဒါဟာ ရောဂါကို သိပ္ပံပညာက အလုံးစုံ နားမလည်သေးတဲ့ အချက်ကိုပဲ ပြန်ညွှန်းဆိုပါတယ်။ တခြားရောဂါတွေမှာလိုပဲ သုတေသနတွေ ပိုများလာတာနဲ့အမျှ ရောဂါအကြောင်း ပိုနားလည်လာမယ်၊ ဆေးတွေ ဆေးမဟုတ်တဲ့ ကုထုံးတွေ ပိုကောင်းလာမယ်လို့ မျှော်လင့်နိုင်ပါတယ်။
AIDS နဲ့တော့ မနှိုင်းသင့်ပါဘူး။ ကူးစက်ရောဂါမျိုး မဟုတ်လို့ပါ။ မိသားစုဝင်တွေထဲမှာ တွေ့ရတဲ့ သာဓက genetic loading တော့ ရှိပါတယ်။ ဆရာဇင်သူ့ပို့စ်ကို ပြန်ဖတ်ကြည့်ပါ။Nu Thwehttps://www.blogger.com/profile/13558788277783969900noreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-36662356359069385962008-12-07T09:31:00.000+06:302008-12-07T09:31:00.000+06:30ဒီရောဂါလက္ခဏာတွေ ကျတော်လဲ ကြုံရပါတယ်။ ကျတော် အခု ကျ...ဒီရောဂါလက္ခဏာတွေ ကျတော်လဲ ကြုံရပါတယ်။ ကျတော် အခု ကျတော့် ပရော်ဖက်ရှင်နယ်မှာ အတော်လေး အောင်မြင် နာမည်ရပြီး ခရီးရောက်နေပါပြီ (ကြွားတာ မဟုတ်ပါ။ ဒီရောဂါဟာ ကုလို့ ရတယ်ဆိုတာ ပြောချင်လို့ပါ)။
ကျတော့်ဆရာဝန်တွေက မြန်မာဗုဒ္ဓဘာသာတွေပီပီ meditation ကိုပဲ အဓိက တိုက်တွန်းတယ်။ တကယ်လဲ အကောင်းဆုံးဆေးက meditation ပါပဲ။ ဆေးစွမ်းကောင်းပြခဲ့တဲ့ ဆရာဝန်တွေကို တကယ် ကျေးဇူးတင်ပါတယ်။ အနောက်တိုင်းမှာ ကုလို့ မပျောက်ကြဘူးဆိုတာ ဒီနည်းနဲ့ စမ်းမကြည့်ကြလို့ ဖြစ်လိမ့်မယ်ထင်တယ်။ သမာဓိရအောင် တရားထိုင်တဲ့အလုပ်က ဒီရောဂါအတွက် အကောင်းဆုံး ဆေးပဲ။
ကျန်တဲ့ လုပ်သင့်တာတွေက...
၁။ အာရုံမများနဲ့။ ကျတော်ဆို ဂစ်တာတို့ တီဗွီဇာတ်လမ်းတို့ ရှောင်ထားလိုက်တယ်။ တသက်လုံး မဟုတ်တောင် သုံးလေးလဖြစ်ဖြစ်ပေါ့။ လက်ဖက်ရည်ဆိုင် ကြာကြာ မထိုင်ပါနဲ့။ စိတ်လေမယ့်အလုပ်တွေ ခဏ ဘေးဖယ်ထားပါ။
၂။ အချိန်နဲ့ အလုပ်လုပ်။ အပြင်ထွက်စရာရှိရင် မသွားခင် တစ်နာရီအလိုမှာ ကျန်တဲ့အလုပ်တွေ လက်စသတ်ပါ။ အချိန်မှန်သွားပါ။
၃။ meditation ကို နေ့စဉ် အချိန်သတ်မှတ်လုပ်ပါ။ ည ၁၁ နာ၇ီ ကစပြီး ၁ နာရီ တရားထိုင်မယ်ဆို နေ့တိုင်း အချိန်မှန် တိတိကျကျ လုပ်ပါ။ နောက်မကျစေနဲ့။ အချိန်မခိုနဲ့။
၎။ ဒီရောဂါကို ချိုးနှိမ်ဖို့ ကြိုးစားနေတုန်းမှာ အဓိက အလုပ် နှစ်ခု သုံးခုအပြင် ဗာဟီရတွေ မများစေနဲ့။ ကျောင်းသားဆို စာပဲကျက်၊ ဝန်ထမ်းဆို အလုပ်မှန်မှန်သွားဖို့နဲ့ သင်တန်းတက်ဖို့၊ စာမေးပွဲဆက်ဖြေဖို့လို အဓိက အရေးကြီးတာတွေပဲ ခေါင်းထဲထည့်။ ရှော့ပင်းစန်တာတွေ ဘာရယ်မဟုတ် လျှောက်ကြည့်တာတို့၊ စိတ်ကြိုက်ဟင်း အချိန်ပေးပြီး ချက်ပြုတ်စားတာတို့ တတ်နိုင်ရင် မလုပ်နဲ့။ ကိုယ် ဘာလုပ်လုပ် သူများထက် အချိန်ပိုကြာတာ သတိထားမိလိမ့်မယ်။ အာရုံမများအောင် စားတာနေတာ လွယ်လွယ်ရှင်းရှင်း ရောင့်ရဲပါ။ ဒီရောဂါကို ကျော်နိုင်ပြီဆိုမှ ကြိုက်တာ ပြန်လုပ်။
၅။ လူနာမှတ်တမ်း ရေးသလို တနေ့ လုပ်စရာရှိတာတွေ စာရွက်ပေါ် ချရေးထား။ ညမအိပ်ခင် ဘယ်ဟာ ပြီးတယ်၊ ဘယ်ဟာ မပြီးဘူး။ ဘယ်ဟာ စတောင် မစလိုက်ရဘူး၊ ဘယ်ဟာ အချိန်နောက်ကျသွားတယ် ဆိုတာ ထပ်ရေး။ ဒီမှတ်တမ်းကို ပုံမှန်လုပ်နေရင် ကိုယ့်ကိုယ်ကိုယ် အလိုလိုနေရင်း ပြုပြင်မိလာလိမ့်မယ်။
၆။ ကျောင်းသားဆို စာကြည့်စားပွဲမှာ အချိန်မှန်ထိုင်ပါ။ ညနေ ၆ နာရီကနေ ည ၉ နာရီထိ စာကြည့်မယ်ဆို တိတိကျကျ ထိုင်ပါ။ ဘာအကြောင်းနဲ့မှ ၉ နာရီ မထိုးမချင်း မထနဲ့။ ပထမပိုင်းမှာ ထိုင်သာထိုင်နေရတယ် စိတ်တွေ ဟိုတွေးဒီတွေးနဲ့ အကျိုးမရှိဘူး ဖြစ်နေနိုင်တယ်။ တရားထိုင်တာနဲ့ပေါင်းပြီး ကြိုးစားအကျင့်လုပ်ရင် စာကျက်နိုင်လာမယ်။
၇။ စိတ်ညစ်စရာတွေ စိတ်ရှုပ်စရာတွေ ဘာမှမတွေးဘဲ ခေါင်းရှင်းရှင်းထားပြီး အပြုသဘောဆောင်တာတွေပဲ တွေးပြီး ပျော်ပျော်နေပါ။

ဒီနည်းတွေ သုံးပြီး ဖြေရှင်းလို့ ရပါတယ်။ ကိုယ်ချင်းစာလို့ ဝင်ရေးလိုက်တာပါ။ ကျတော် မှားနေတာရှိလည်း ဆရာမနုသွဲ့ ပြင်ပေးစေလိုပါတယ်။ ကျတော့်ကော်မန့်က ပို့စ်ကို အနှောင့်အယှက်ဖြစ်ရင် ဖြုတ်လိုက်လို့ ရပါတယ်။Anonymousnoreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-54929167150289386182008-12-07T04:38:00.000+06:302008-12-07T04:38:00.000+06:30စိတ်ဝင်စားစရာ ရောဂါပါပဲ။ မြန်မာပြည်မှာ သုတေသန လုပ်...စိတ်ဝင်စားစရာ ရောဂါပါပဲ။
မြန်မာပြည်မှာ သုတေသန လုပ်ထားတာမရှိလို့ ရှိယင် ကလေးထဲမှာရော လူကြီးထဲမှာရော ဒီရောဂါရှိတာ အများကြီး ထွက်လာမယ် ထင်တယ်။
ဒါမျိုးက မဖြစ်အောင် ကြိုကာကွယ်လို့မရဖူးလား။ ဒီရောဂါရှိတဲ့ကလေးတွေ ရာနှုန်း---က အရွယ်ရောက်ယင် လက္ခဏာ ဆက်တွေ့တယ်ဆိုယင်
ကလေးဘဝထဲကကုတာ မအောင်မြင်လို့ပေါ့။
ဒါဆို နိုင်ငံခြားမှာ ဈေးကြီးတဲ့ဆေးတွေနဲ့ ဆရာဝန်တွေနဲ့ နှစ်ရှည် ကုတာတောင်မရဘူးလား။ ဆိုလိုတာက AIDSလို ချက်ချင်းမသေပေမယ့်ဆေးမရှိတဲ့ ရောဂါလား။Anonymousnoreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-67976087850856028642008-12-05T20:13:00.000+06:302008-12-05T20:13:00.000+06:30Adult ADHD ဟာ ငယ်ငယ်ကတည်းက (အသက် ခုနစ်နှစ် မတိုင်မ...Adult ADHD ဟာ ငယ်ငယ်ကတည်းက (အသက် ခုနစ်နှစ် မတိုင်မီကတည်းက) ရောဂါလက္ခဏာ ရှိခဲ့သူတွေမှာ တွေ့ရတာပါ။

ကလေးဘ၀မှာ ADHD ရောဂါအနေနဲ့ ကုခဲ့ရပြီး မပျောက်၍သော်လည်းကောင်း၊ ကလေးဘ၀က မသိလိုက်၊ မကုလိုက်ရပဲ လူကြီးဘ၀ကျမှ ဒီရောဂါမှန်း ထင်၍သော်လည်းကောင်း၊ သက်ဆိုင်ရာ စိတ်ရောဂါ အထူးကုနဲ့ ပြသစစ်ဆေးပြီးမှ Adult ADHD အဖြစ် သတ်မှတ်တာပါ။

လူကြီးဘ၀ကျမှ လုံးဝ အသစ်ပေါ်လာတဲ့ ရောဂါ မဟုတ်ပါဘူး။ လူကြီးဘ၀မှာ ဖြစ်တဲ့ acquired brain conditions/ injuries တွေနဲ့လည်း ဘာမှ မဆိုင်ပါဘူး။Nu Thwehttps://www.blogger.com/profile/13558788277783969900noreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-82852162261408157642008-12-05T19:57:00.000+06:302008-12-05T19:57:00.000+06:30မရှင်းတာ မေးချင်လို့ပါ။ Adult ADHD ဆိုတော့ အရွယ်ရေ...မရှင်းတာ မေးချင်လို့ပါ။ Adult ADHD ဆိုတော့ အရွယ်ရောက်မှ ဖြစ်တတ်တာထင်တာ။ Adult ADHD ဝေဒနာရှင် အားလုံးက ငယ်ငယ်ကတည်းက ရောဂါ ပါလာတဲ့လူတွေ ဖြစ်ပါသလား။ ကြီးမှ ဒီရောဂါပုံစံပြတဲ့လူတွေ ကုန်လုံးကို ကလေးတည်းက ရောဂါပါလာတဲ့လူလို့ သတ်မှတ်ရမလား။Anonymousnoreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-82810714674446649782008-12-05T05:31:00.000+06:302008-12-05T05:31:00.000+06:30အချိန်မမှန်တာ သက်သက်ကို ရောဂါလို့ မသတ်မှတ်နိုင်ပါ။...အချိန်မမှန်တာ သက်သက်ကို ရောဂါလို့ မသတ်မှတ်နိုင်ပါ။ ကိုယ့်ဖာသာကိုယ် ငါ ဘာကြောင့် အချိန်နဲ့ မပြီးသလဲ၊ သူများတွေနဲ့ ဘာကွာနေသလဲဆိုတာ သေသေချာချာ မကွယ်မ၀ှက် စဉ်းစားကြည့်ပါဦး။ သိရင် အဲဒါ ဟုတ်၊မဟုတ် စမ်းသပ်ကြည့်ပေါ့။ ဟုတ်ရင် အဲဒီအကျင့်ကို ဘယ်လို ပြောင်းရ၊ ဖျောက်ရမလဲ အဖြေရှာပါ။ ပြင်ပါ။
လူအားလုံးမှာ အမူအကျင့်၊ စိတ်တုံ့ပြန်မှုတွေ ရှိကြပါတယ်။ ဒါတွေဟာ ပုံမှန်ပါ။ ရောဂါ မဟုတ်ပါဘူး။ ဆေးလည်း မလိုပါဘူး။ လွဲနေတာလေးကို ကိုယ့်ဖာသာကိုယ် သတိထား ရှာဖွေ ပြုပြင်ယူကြရပါတယ်။ ပြင်မရရင်လည်း ဒါဟာ ကိုယ့်ရဲ့ လူရည်လူသွေး (personality) တစ်စိတ်တစ်ဒေသပဲလို့ လက်ခံရမှာပေါ့။ အရာအားလုံးကို ရောဂါအမည်တပ် (medicalise လုပ်) ဖို့ မလိုပါဘူး။Nu Thwehttps://www.blogger.com/profile/13558788277783969900noreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-56663755226474618562008-12-05T03:50:00.000+06:302008-12-05T03:50:00.000+06:30ကျနော်က ဘာမဆို အချိန်နဲ့ လုပ်လို့ မရဘူး။ အချိန်ကို...ကျနော်က ဘာမဆို အချိန်နဲ့ လုပ်လို့ မရဘူး။ အချိန်ကိုက် ဘာမှ မပြီးဘဲ လက်စမသတ်တာတို့၊ အချိန်နောက်ကျတာတို့ အမြဲ ဖြစ်တယ်။ ဘာမှ အာရုံမများပဲနဲ့ကို အချိန်မမှန် ဖြစ်နေတတ်တယ်။ အာရုံထွေပြားစေတဲ့ တီဗွီကြည့်တာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာကအစ မလုပ်ပဲ ရှောင်တယ်။ ဒါပေမယ့် အချိန်မှန်၊ အချိန်ကိုက် ပြီးအောင် လုပ်လို့ မရဘူး။ အဲဒါရော ရောဂါတစ်ခု ဖြစ်နိုင်မလားခင်ဗျာ။
ဖြစ်ရင် ဘယ်လို ကုရမလဲ။Anonymousnoreply@blogger.com