tag:blogger.com,1999:blog-6573912305380013381.post5573272951537651743..comments2023-10-26T14:55:46.887+06:30Comments on Public Health in Myanmar: Anemia (အနီးမီးယား) ခေါ် သွေးအားနည်းရောဂါYe-Monhttp://www.blogger.com/profile/12750599826680445055noreply@blogger.comBlogger3125tag:blogger.com,1999:blog-6573912305380013381.post-85006710523394502172009-07-30T13:07:15.921+06:302009-07-30T13:07:15.921+06:30သွေးအားနည်းတာ နဲ့ မေ့တတ်တာ
ဦးနှောက်ထဲ အောက်ဆီဂျင်...သွေးအားနည်းတာ နဲ့ မေ့တတ်တာ
ဦးနှောက်ထဲ အောက်ဆီဂျင် အရောက်နည်းရင် မေ့တာ၊ မူးတာ၊ သတိလစ်တာတွေ ဖြစ်ပါတယ်။ အခိုက်အတန့် ဖြစ်သွားရင်တောင်မှ အဲလိုဖြစ်တယ်။ ဥပမာ ထိုင်နေရာ-အိပ်နေရာကနေ ယုတ်တရက် ထလိုက်ရင် ဖြစ်တာတို့၊ နောက်ပြီး စိတ်ကစားတယ် ပြောရမလား၊ ယုတ်တရက် မခံနိုင်တဲ့ မြင်တာ (သွေးမြင်တာ၊ လူသေအလောင်း မြင်တာ)၊ ကြားတာ (သတင်းဆိုးကြားတာ)၊ အဲလိုဖြစ်ချိန်မျိုးမှာလဲ ဦးနှောက်ထဲ အောက်ဆီဂျင် အရောက်နည်းပြီး မူးလဲသွားတတ်တယ်။ သတိ(စိတ်) မကြည်မလင်ဖြစ်သွားမယ်။ လုံးဝမေ့သွားနိုင်တယ်။

ဒါပေမဲ့ ဒီလိုဖြစ်တာမျိုးက ကြာရှည် သွေးအားနဲနေတာနဲ့ မဆိုင်ပါ။ ယုတ်တရက်ကြီး သွေးတွေကုန်ခမ်းတာ အနာ-ဒဏ်ရာ၊ အမျိုးသမီးရောဂါတွေ(ကိုယ်ဝန်မှာ အချင်းရှေ့ရောက်နေလို့ အချင်းကွာကျတာ၊ အချင်းက နေရာမှန်လျက်ကနဲ့ အထဲမှာ ကွာကျတာ၊ သားအိမ်ကွဲတာ)၊ အစာလမ်းကနေသွေးယိုတာ၊ စတာမျိုးဖြစ်ရင် စောစောက လက္ခဏာမျိုးတွေ ဖြစ်မှာပါဘဲ။

ဘယ်လိုလုပ်ရမလဲဆိုရင် သွေးအား အမြဲကောင်းနေအောင်လုပ်ရမှာပါ။ တခုရှိသေးတာက မေ့တတ်တာဟာ သွေးအားနဲတာကြောင့် ဟုတ်ရဲ့လား သေသေခြာခြာသိဘို့ လိုပါသေးတယ်။ သတိမေ့တဲ့အကြောင်း ရေးကြသေးတာပေါ့။

နို့၊ ကြက်ဥ၊ ငါးကြီးဆီနဲ့ ဖောလစ်အက်စစ်
နို့၊ ကြက်ဥ၊ ငါးကြီးဆီနဲ့ ဖောလစ်အက်စစ်တွေဟာ သွေးအားကောင်းစေတာတွေ အမှန်ပါဘဲ။ ပညာပိုင်းအရ ပြောရရင်တော့ ဒါ့ထက်စားပေးဘို့ လိုပါသေးတယ်။ အသဲ နဲ့ ပဲပုတ် မှာ သံဓါတ်အများဆုံးဖြစ်လို့ အသားမစားရင် ပဲစားရပါမယ်။ အသီးအရွက်ထဲမှာ ဟင်းနုနွယ် စားပေးသင့်တယ်။ ချက်-ပြုတ်-ကျော်-လှော်တဲ့အခါ အမဲရောင်အရည် ထွက်တဲ့ အသီးအရွက်တွေမှာ သံဓါတ်ပါတယ်လို့ မှတ်နိုင်ပါတယ်။

ဒါပေမဲ့ မပူပါနဲ့။ ဥပမာလေးတခု -
ဘီ ၂ နဲတာကို မျက်နှာလှမ်းကြည့်တာနဲ့ သိနိုင်တယ်။ ပါးစပ်နှုတ်ခမ်းဒေါင့်စွန်း တဖက်ဖြစ်ဖြစ် များသောအားဖြင့်တော့ နှစ်ဖက်လုံးက အရောင်ပြော့နေမယ်။ ခပ်ရဲရဲဖြစ်နေမယ်။ နာနေမယ်ဆိုရင် ဒါက ကျီးကန်းပါးစပ်နာဖြစ်ချင်တာ။ ဘီ ၂ နဲတာပေါ့။ ဗီတာမင် ဘီ ၂ နဲနေတာတွေ့ရင် ဒီလူမှာ ဘီ ၂ တခုထဲသက်သက် နဲတာမဟုတ်နိုင်ဘူးလို့ သိရမယ်။ သူ့မှာ ဘီ ၁ လဲ နဲနေနိုင်တယ်။ ၁ နဲလို့ ထုံတာ-ကျင်တာကို မပြောတတ်တာ၊ မပြောတာဖြစ်နိုင်တယ်။ အလားတူ စီတို့ဘာတို့လဲ နဲနိုင်ခြေရှိသွားပြီပေါ့။ (ပရိုတင်း)လဲ နဲချင်နဲနေနိုင်မယ်။

အဲလိုဘဲ နို့၊ ကြက်ဥ၊ ငါးကြီးဆီနဲ့ ဖောလစ်အက်စစ်တွေစားမဲ့လူဟာ ပြောမပြတဲ့ တခြားအစားအစာတွေပါ စားမှာဘဲလို့ သိနေတယ်လေ။ ဒါ့ကြောင့် မပူပါနဲ့၊ ပညာအရသာ ထပ်ပြောတာပါလို့ ရေးလိုက်ရတာပါ။

အနီးမီးယား နဲ့ သက်သတ်လွတ်
ဟုတ်ကဲ့ မျိုးနဲ့ရိုးနဲ့ တသက်လုံး သက်သတ်လွတ်စားတဲ့ ဟိန္ဒူဘာသာယူသူများနဲ့ အစုံစားသူများ သွေးအားနဲတာချင်း မကွာလှပါ။ သံဓါတ်အတွက် အသဲမဟုတ်ရင် ပဲ၊ (ဖေါလစ်အက်စစ်)အတွက်လဲ ပဲ နဲ့ အသီးအရွက်စိမ်းတွေ၊ ဗီတာမင် ဘီ-၁၂ အတွက် ဒိန်ချင်၊ နွားနို့၊ ဒါလဲ ရှောင်ချင်သေးသပဆိုရင် ကောက်နှံကလုပ်တဲ့ အစားစာတွေ စားရင်ရပါတယ်။ ပိုသေခြာချင်ရင် သွေးအားတိုးဆေးလို့ခေါ်ရမဲ့ သံဓါတ်၊ (ဖေါလစ်အက်စစ်)နဲ့ ဗီတာမင် ဘီ၊ စီ၊ အကုန်ပါတဲ့ဆေးကို မှီဝဲသင့်ပါတယ်။ ရေးထားသလို အားဆေးဆိုတာ ကြာကြာသောက်ရမှာမို့ ကြော်ညာကောင်း၊ စက္ကူဘူးလှလှတွေ လုပ်မနေဘဲ စိတ်ချပြီး ဈေးချိုတာကိုသာ ညွှန်းပါရစေ။ ဥပမာ (ယူနီဆက်ပ်)ကပေးတာမျိုး။

ခုတလော ခပ်ညံ့ညံ့တိုင်းပြည်က ပစ္စည်းအတု၊ ဆေးအတုတွေသတင်းထွက်လာပြန်တယ်။ ဒါတွေတော့ သတိထားပါ။ တိုင်းပြည်က ညံ့နေမှတော့ ဘာလုပ်လုပ်၊ ဘယ်ထွက်ထွက် မျက်နှာငယ်ရတယ်မဟုတ်လား။ ISO certification ပါတဲ့ လုပ်ငန်း၊ ပစ္စည်းတွေကမှ စိတ်ချရတယ်။Anonymousnoreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-31788013494945236182009-07-30T11:33:17.422+06:302009-07-30T11:33:17.422+06:30အနီးမီးယားက သက်သတ်လွတ်စားလို့ ဖြစ်မလား။ သက်သတ်လွတ်...အနီးမီးယားက သက်သတ်လွတ်စားလို့ ဖြစ်မလား။ သက်သတ်လွတ် ကြာကြာစားရင် အားနည်းလာဖူးလို့ပါ။ သတ်သက်လွတ် စားပြီး သွေးအားမနည်းတဲ့နည်း ရှိရင် သိချင်လို့။ ကျေးဇူးတင်ပါတယ်။Anonymousnoreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-86825287950517895482009-07-29T15:22:25.028+06:302009-07-29T15:22:25.028+06:30သွေးအားနည်းတာ တော်တော်ဆိုးရင် လူက မေ့တတ်လာတယ်။ ဦး...သွေးအားနည်းတာ တော်တော်ဆိုးရင် လူက မေ့တတ်လာတယ်။ ဦးနှောက်ထဲ အောက်ဆီဂျင် အရောက်နည်းလို့များလား။ ဒါဆို ဘယ်လို လုပ်ရမလဲ သိပါရစေ။

နို့နဲ့ ကြက်ဥ စားမယ်၊ ငါးကြီးဆီနဲ့ ဖောလစ်အက်ဆစ် သောက်မယ်ဆို သွေားအားနည်း ရောဂါအတွက် လုံလောက်မလားခင်ဗျာ။ ယောက်ျားတွေမှာ ဘာကြောင့် ဒီရောဂါ ဖြစ်တတ်ပါသလဲ။Aungnoreply@blogger.com