tag:blogger.com,1999:blog-6573912305380013381.post2960157669951105250..comments2023-10-26T14:55:46.887+06:30Comments on Public Health in Myanmar: MalnutritionYe-Monhttp://www.blogger.com/profile/12750599826680445055noreply@blogger.comBlogger6125tag:blogger.com,1999:blog-6573912305380013381.post-41312171506270260112008-09-24T10:22:00.000+06:302008-09-24T10:22:00.000+06:30ieစာလာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ အမည်မဖေါ်လို...ieစာလာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
အမည်မဖေါ်လိုသူမေးတဲ့ Alzheimer‘s ရောဂါက အသက် ၆၀ နောက်ပိုင်းမှာ အဖြစ်များပြီး ဦးနှောက် အစိတ်အပိုင်းတခုရဲ့ အလုပ်လုပ်နိုင်မှု ဆုတ်ယုတ်ကျဆင်းလာလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ငယ်ရွယ်သူတချို့မှာလည်း ဖြစ်တာတွေ့ရလို့ အသက်ကြီးလို့ ဖြစ်တဲ့ရောဂါအဖြစ် မသတ်မှတ်ထားဘူး။ ဖြစ်ရတဲ့အကြောင်းရင်းကို အတိအကျ ရှာလို့မရသေးလို့ ဒီရောဂါအတွက် ကာကွယ်ဖို့နည်းလမ်းကိုလည်း အတိအကျ မဖေါ်ပြနိုင်သေးပါဘူး။ Alzheimer‘s disease က အစားအသာက်နဲ့တော့ သိပ်မဆိုင်ပါဘူး ဒါပေမယ့် ဘယ်သူမဆို အစားအသောက်ကို အဟာရလုံလောက်မျှတစွာ ကျန်းမာရေးနှင့် ညီညွတ်အောင် စားသုံးသူတွေဟာ လူကြီးလူငယ်မရွေး ရောဂါ အတော်များများကို ကာကွယ်ပြီးသားဖြစ်ပါတယ်။

မသက်ဇင်ရေ - ဟုတ်ပါတယ် အ၀လွန်တဲ့ ရောဂါက အနောက်နိုင်ငံတွေမှာ သိပ်ကို အခြေအနေဆိုးနေပါတယ်။ အ၀လွန်တာက BMI ၂၅-၃၀ အထိဆို ကိုယ့်ဖါသာကိုယ် ကိုယ်အလေးချိန်ကျအောင် လုပ်လို့ ရပါတယ်။ BMI ၃၀ ကျော်သွားရင်တော့ အလွန်အမင်း ၀သွားပြီးမို့ ကျန်းမာရေးပညာရှင်တွေရဲ့ အကူအညီလိုအပ်ပါတယ်။
ကျွန်မတို့ ငယ်ငယ်တုန်းက အဲဒီလိုဝတဲ့လူတွေကို မတွေ့ဖူးတော့ မသိဘူး။ ကျွန်မအဖွား မနက်အစောကြီး ထထဆိုနေတဲ့ မေတ္တာပို့ဆုတောင်းထဲမှာ ပါတဲ့ သတ္တ၀ါပေါင်း မိမိတို့ခန္ဓာကိုယ်ကို ကောင်းစွာ သယ်ဆောင်နိုင်ပါစေဆိုတဲ့ တခုကို ကြားတိုင်း ကျွန်မက ဒါများ ဘာဆုတောင်းပေးနေစရာ လိုလို့လဲ ကိုယ့်ခန္ဓာကိုယ်ကိုတော့ ဘယ်သူက မသယ်နိုင်ပဲ ရှိမလဲလို့ တွေးပြီးအမြဲရီရတယ်။ အခုမှပဲ အဖွားဆုတောင်းတာကို သဘောပေါက်တော့တယ်။

ဝင်းဇော်ရေ ခရီးသွားရင်းနဲ့ စာလာဖတ်သွားတာ ၀မ်းသာပါတယ်။ အစားအသာက်ကို မှန်မှန်စားဖို့ တိုက်တွန်းပါတယ်။ နောက်ပတ်တင်မယ့်ပို့မှာ ဘယ်အစားအသာက်မှာ ဘာတွေပါပြီး ဘယ်လောက်စားသင့်တယ်ဆိုတာ တင်မှာဖြစ်လို့ ဆက်လက်လာရောက် အားပေးဖို့ ဖိတ်ခေါ်ပါတယ်။Nge Nainghttps://www.blogger.com/profile/16228085635463408835noreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-13270331231161138142008-09-24T08:01:00.000+06:302008-09-24T08:01:00.000+06:30အစ်မငယ်နိုင်အလွန်တန်ဖိုးရှိတဲ့ ပညာပေးပို့စ်ကို နှစ...အစ်မငယ်နိုင်
အလွန်တန်ဖိုးရှိတဲ့ ပညာပေးပို့စ်ကို နှစ်သက်စွာ ဖတ်သွားပါတယ်။ အစားအသောက်မမှန် တတ်တဲ့ ကျွန်တော့်အဖို့အတွက် အမှန်ကိုပဲ ကျေးဇူးကြီးလှပါတယ်။ အခုလို မျှဝေပေးတဲ့ အတွက် အတိုင်းထက်အလွန် ၀မ်းသာပါတယ်။
လေးစားလျက်
ဝင်းဇော်Welcomehttps://www.blogger.com/profile/14743483275791736808noreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-72109952400091761202008-09-23T17:48:00.000+06:302008-09-23T17:48:00.000+06:30အသက်ကြီးလို့ မှတ်ဥာဏ်နည်းလာတာကို ပြန်ကောင်းအောင်ေ...အသက်ကြီးလို့ မှတ်ဥာဏ်နည်းလာတာကို ပြန်ကောင်းအောင် သောက်ရမယ့် ဆေးနဲ့ အာဟာရ သိချင်လို့ပါ။ အယ်လ်ဇိုင်းမား မဖြစ်အောင် ဘယ်လို ဆေးတွေ အစာတွေ စားရမလဲ။Anonymousnoreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-42185275070625590222008-09-23T13:32:00.000+06:302008-09-23T13:32:00.000+06:30အလွန်တန်ဘိုးရှိသော ဆေးပညာပေးလေးပါအမေရိကားမှာလေ---အ...အလွန်တန်ဘိုးရှိသော ဆေးပညာပေးလေးပါ
အမေရိကားမှာလေ---အဝလွန်ရောဂါတွေ ကြောက်စရာကောင်းလောက်အောင် ပေါများနေတယ်---အချို့ ကရိန်းနဲ့တောင် မ ယူရတဲ့အထိ ဝ နေကြတာ---
အခုလိုဖြန့်ဝေပေးတာကျေးဇူးတင်ပါတယ်ရှင်---
ခင်မင်လျက်
မသက်ဇင်မသက်ဇင်https://www.blogger.com/profile/17366546359010762758noreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-62619938328924325702008-09-23T09:47:00.000+06:302008-09-23T09:47:00.000+06:30မေးခွန်းတွေက များလို့ ဘယ်ကစဖြေရမှန်းတောင် မသိဖြစ်သ...မေးခွန်းတွေက များလို့ ဘယ်ကစဖြေရမှန်းတောင် မသိဖြစ်သွားတယ်။
၁။ သကြား၊ လူးကို့စ်၊ ထမင်း၊ ပေါင်မုန့်၊ ပြောင်းဖူး စတဲ့ အစားအစာတွေအားလုံးဟာ ဓါတုဗေဒအခေါ် ကာဗွန်ဟိုက်ဒရိတ်တွေ ဖြစ်ကြပါတယ်။ ကာဗွန်ဟိုက်ဒရိတ်အားလုံးဟာ ကာဗွန်၊ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် မောလီကျူးတွေ ပေါင်းစပ်ထားတဲ့ ဓါတ်ပေါင်းမော်လီကျူးတွေသာ ဖြစ်တဲ့အတွက် အားလုံးဟာ အတူတူပဲ ဖြစ်ပါတယ်။ ဒီအစားအစာတွေကို စားလိုက်လို့ ခန္ဓာကိုယ်ထဲရောက်ရင် ဂလူးကို့စ် အဖြစ်ပြောင်းပေးပြီးမှ ဆဲလ်ကလပ်စည်းတွေက အသုံးပြုလို့ရပါတယ်။ ဒါကြောင့် ဂလူးကို့စ်ကို သောက်နေစရာ မလိုပါဘူး၊ သောက်လို့ရမရဆိုတာထက် သောက်လည်း အကျိုးမရှိပဲ အပျက်ကပိုများလို့ သောက်ဖို့မလိုအပ်ဘူးလို့ပဲ ဖြေပါရစေ။
၂။ Essential Protein လို့ခေါ်တဲ့ မရှိမဖြစ် လိုအပ်တဲ့ အသားဓါတ်ကို အပင်ကရတဲ့ အစားအစာထဲမှာ တမျိုးတည်းမှာ လိုအပ်တဲ့အသားဓါတ်အမျိုးအစား အကုန်လုံးမပါဝင်နိုင်ဘူး။ ဒါကြောင့်မို့ တပတ်အတွင်းမှာ ပဲတမျိုးထက်မက စုံအောင်စားရင် ပရိုတိန်းဓါတ်က လုံလောက်ပါတယ်။ အကောင်းဆုံးပဲကတော့ Soya Beans လို့ခေါ်တဲ့ ပဲပုပ်ပဲ ဖြစ်ပါတယ်။ တို့ဖူး၊ ရှမ်းပဲပုပ် စတာတွေဟာ ပဲပုပ်ပဲနဲ့ လုပ်ထားတယ်လို့ သိရပါတယ်။ အမျိုးစုံအောင်စားပေမယ့် ဆက်ပြီး ချို့တဲ့နေရင် အသားဓါတ် ချို့တဲ့တာ မဖြစ်နိုင်ဘူး။ ဗိုက်တာမင်နဲ့ သတ္တဓါတ် တခုခု ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ထုံးဓါတ်၊ သံဓါတ် နှင့် ဗိုက်တာမင် B12 က တိရိစ္ဆာန်ကပဲ ရတာများတယ်။ ဟင်းသီးဟင်းရွက်ကို အစိမ်းရောင်များများနဲ့ တခြားအရောင်စုံအောင်စားရင် သံဓါတ်ကို ရနိုင်ပြီး ပဲပုပ်ပဲနဲ့ လုပ်ထားတဲ့ ပဲနို့ကို တနေ့နှစ်ခွက်စာ သောက်ရင် ထုံးဓါတ် ရနိုင်ပါတယ်။ ဗိုက်တာမင် B12 ကတော့ တိရိစ္ဆာန်ကထွက်တဲ့ အစားအသောက်မှာသာ ရနိုင်လို့ နွားနို့သောက်တာ မွေးမြူရေးကြက်ဥ စားတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။
၃၊ ဟင်းသီးဟင်းရွက်ကို ထမင်းထက်ပိုများများ စားသင့်ပါတယ်။ အလုပ်ကြမ်းမလုပ်ပဲ ထမင်းကို များများစားသူတွေအတွက် နောက်ဆက်တွဲ အ၀လွန်တဲ့ပြဿနာ ရှိနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နှင့် အသီးနှံကို အလုံအလောက်မစားပဲ အဟာရကို ဆေးသောက်ပြီး ဖြည့်တာဟာ အစာလမ်းကြောင်းအတွက် မကောင်းလို့ အားမပေးသင့်ဘူး။
၎။ အာဖရိကန်တွေ၊ အနောက်တိုင်းသားတွေ ခန္ဓာကိုယ်ထွားတာက လူမျိုးစု၊ မျိုးရိုးဗီဇနဲ့အဓိက ပတ်သက်ပါတယ် အဟာရကြောင့် မဖြစ်နိုင်ပါဘူး။ နောက်ထပ်တင်မယ့်ပို့စ်မှာ အဟာရနဲ့ပတ်သက်ပြီး ဒီထက်ပိုအသေးစိတ်ကျတာတွေကို စောင့်ဖတ်ဖို့ ကိုသက်အောင်ကို ဖိတ်ခေါ်ပါတယ်။ အခုလို စိတ်ဝင်စားတဲ့အတွက် ကိုသက်အောင်ကို ကျေးဇူးတင်ပါတယ်။Nge Nainghttps://www.blogger.com/profile/16228085635463408835noreply@blogger.comtag:blogger.com,1999:blog-6573912305380013381.post-27807203553335483232008-09-23T06:44:00.000+06:302008-09-23T06:44:00.000+06:30ဂလူးကို့စ်က ခန္ဓာကိုယ်ရဲ့ အဓိက လောင်စာဆိုရင် ဆိုင်ေ...ဂလူးကို့စ်က ခန္ဓာကိုယ်ရဲ့ အဓိက လောင်စာဆိုရင် ဆိုင်တွေမှာ ရောင်းတဲ့ ဂလူးကို့စ် သောက်လို့ ရမလား။ ရိုးရိုးသကြားနဲ့ ဂလူးကို့စ်သကြား ဘာကွာလဲခင်ဗျ။

သတ်သက်လွတ် ကြာကြာစားမိရင် လူက အားနည်းနည်းလာလို့ ဘယ်လိုလုပ်ရလဲ သိပါရစေ။ ပဲက ပရိုတိန်းဆိုလို့ ပဲစားလဲ အားနည်းတာပဲ။ လူတယောက်နဲ့တယောက် သဘာဝ မတူလို့လား ပဲက အသားလောက် အားဖြည့်မပေးနိုင်လို့လားခင်ဗျ။

ထမင်းအ၀စားပြီး ဟင်းနည်းနည်းပဲ မြန်မာစား စားတာက အာဟာရ မပြည့်ဘူးဆို အားဆေးသောက်လို့ ရမလား။ ဆောင်းပါးထဲမှာပါတဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေက ပြည့်ဝအောင် နေ့စဉ် စားနေဖို့ဆိုတာ မလွယ်လို့ပါ။

နိုင်ငံခြားသားတွေက ယောက်ျားရော မိန်းမတွေရော ကျွန်တော်တို့ထက် လူကောင်တွေ ထွားကြတယ်။ သူတို့စားတဲ့ ပေါင်မုန့်က မြန်မာတွေစားတဲ့ ထမင်းထက် အာဟာရပြည့်လို့လား။ အသားတွေ ငါးတွေ ကျွန်တော်တို့ထက် ပိုစားနိုင်လို့လားခင်ဗျ။ မြန်မာတွေကျတော့ ပင်လယ်နား ချောင်းနားနေပြီး ငါး၀၀ စားရတဲ့ ရေလုပ်သားတွေကအစ သူတို့လောက် မထွားကြတာ ဘာဖြစ်လို့လဲ။Anonymousnoreply@blogger.com